Posts

Showing posts from August, 2008

လူမှု့တန်ဖိုး ပြန်ရချက်အတိုင်းအတာနှင့် စွန့်ဦးစွမ်းဆောင်ရှင်

အစဉ်အလာ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ စွန့်ဦးစွမ်းဆောင်ရှင် (သို့) စွန့်ဦးတီထွင်လုပ်ငန်းရှင်(Entrepreneur) ဆိုသည်မှာ စီးပွားရေး လုပ်ငန်းအသစ်များကို တီထွင်ဖွဲ့စည်းကာ စွန့်စားလုပ်ကိုင်သူများပင်ဖြစ်ပါသည်။ Entrepreneur များဟာ ကုန်စည် အသစ်နဲ့ဝန်ဆောင်မှု့လုပ်ငန်းအသစ်များကို မိတ်ဆက်ကမ်းလှမ်းခြင်းများကို ပြုလုပ်ရပါမယ်။ ဒါမှမဟုတ် စီးပွားရေး လုပ်ငန်းများအတွက် အတွေးအခေါ်သစ်လမ်းကြောင်းတွေဖောက်ထွင်းရပါလိမ့်မယ်။ ဒါပေမယ့် စွန့်ဦးတီထွင် စိတ်ဓါတ်အတွေးအခေါ် (Entrepreneurial Sprit) ဟာစီးပွားရေးလုပ်ငန်းများထဲမှာပဲ ကန့်သတ်ပိတ်ဆို့မနေစေရပါဘူး။ အခုနောက်ပိုင်းမှာ လူမှု့စွန့်ဦး စွမ်ဆောင်ရှင် (Social Entrepreneurs) များရဲ့အကြောင်းကို ပိုပိုပြီး ကြားလာခဲ့ရပါတယ်။ သူတို့ဆောင်ရွက်တာတွေက စီးပွားရေး စွန့်ဦးစွမ်းဆောင်ရှင်တွေအဖြစ် စွမ်းဆောင်ခဲ့ကြတယ်။ ပြီးတော့သူတို့ဟာ လုပ်ငန်းတွေမှာ အရင်းအနှီးမြုပ်နှံခြင်း သို့မဟုတ် အခြားသူများရဲ့ စီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးမြုပ်နှံဖို့ ငွေအရင်းအနှီးရရှိစေဖို့အတွက်ထောက်ပံ့မှု့တွေ ပြုလုပ်နိုင်ခဲ့ကြတယ်။ သို့သော် Social Entrepreneur တွေရဲ့ ပြောကြားချက်အရ သူတို့ဟာ အမြတ်ရဖို

အကြောက်အကန်

. စိတ်တော့မဆိုးလိုက်ပါနဲ့ ကြောက်လွန်းလို့ ကန်လိုက်မိတာပါ။ တစ်ကယ်ဆိုနင့်ကိုငါ ကြောက်လွန်းလို့ပါ။ သိပ်ချစ်ခဲ့သလို သိပ်ကြောက်ခဲ့တယ် ငါ့နှလုံးသားကင်းဗတ်ကို မျဉ်းဖြတ်တွေ အရောင်စုံအောင်ချယ် တစ်ကယ်တမ်းတော့ အလွမ်းတွေတစ်ဖျပ်ဖျပ်နဲ့ ငါ့အသက်ဓါတ်နဲ့ ရေးဆွဲခဲ့တဲ့ပန်းချီကားထဲ အဖျားလည်းဝင်ခဲ့တယ်။ နင့်ကိုငါအသက်လောက် မြှောက်စားလည်း မရှက်မကြောက်ပြောရရင် ဖက်လောက်တောင် တန်ဖိုးမထားလို့ နင်နဲ့တွေ့ရမှာကြောက်ပါတယ်။ Forward မေးလ်တွေပဲ ရောက်ရောက် အွန်လိုင်းမှာပဲ မီးစိမ်းလေးတောက်တောက် အတိတ်ကိုသတိရ မျက်ဝန်းကမိုးရွာမှာကြောက်သေးလို့ ငါထွက်ပြေးနေမယ်။ ရက်ကလေးတွေကျော်ပေမယ့် ငါ့ရင်ထဲကအနာတွေကလည်း မခြောက်ပဲ ပန်းကန်ကွဲဆိုတာ ပြန်ဆက်ဖို့ ခက်ပါတယ်။ ရှက်ပါတယ် အချစ်တွေပြမိတာ ငါအသိမှာနင်သာ နောက်ဆုံးလိုထင်မှတ် ငါ့အချစ်တွေကတော့ နင့်အတွက်အမြင်ကပ်စရာပေါ့ ငါတော့သွားပြီ..... ငါ့အနားမှာရိုးသားမှု့တွေရှိနေလည်း နင်မသိလေပဲ အမုန်းတွေအောက် ငါဒူးထောက်လို့ ငိုခဲ့ပြီ။ မလိုခဲ့တဲ့ ငါ့အချစ်ကိုငါဟာငါဖျက်စီး နောက်တစ်ခါ အချစ်မီးတွေ ထတောက်မှာလည်းကြောက်ပါတယ်။ အိမ်အပြန် လမ်းတစ်လျှောက် ငါအသိစိတ်တွေနောက်လို့ မင်းကိုငါသတိရမှာလည်းကြောက်ပါတယ်။ နောက်မှာကွယ်

သူမ

Image
သူမ သည် ကျွန်တော်၏ အခင်ဆုံးသူငယ်ချင်းဆိုသော နေရာကိုပိုင်ဆိုင်ထားသည်။ သူမသည် ကျွန်တော့်ချစ်သူ၏ အခင်ဆုံးသူငယ်ချင်းဆိုသော နေရာကို ပိုင်ဆိုင်ထားသည်။ သူမသည် လူတစ်ယောက်၏ ချစ်သူဟူသောနေရာကို ပိုင်ဆိုင်ထားသည်။ သူမသည် ဤလူသားသုံးယောက်၏ လေးစားအားကျခြင်း နှင့် အထင်ကြီးမြတ်နိုးခြင်းတို့ကိုလည်း ပိုင်ဆိုင်ထားသည်။ သို့သော် … သူမသည် သူမ၏ အတ္တတွေကိုသာ သူမပိုင်သည်ဟု အတ္တဆန်စွာပြောဆိုလေ့ရှိသော နူးညံ့သည့် မိန်းမတစ်ယောက်ဖြစ်သည်။ သူမသည် လောကကြီး၏ တစ်ကောင်ကြွက်ဆိုသော အမည်သညာကိုလည်း ပိုင်ဆိုင်ထားပြန်သည်။ တစ်ချိန်က ကျွန်တော့်ချစ်သူ၏ မိတ်ဆက်ပေးမှုကြောင့် သူမနှင့်ကျွန်တော် သိခွင့်ရခဲ့သည်။ ကျွန်တော့်ချစ်သူ၏ စကားလုံးတော်တော်များများတွင် သူမ၏အမည် လွှမ်းမိုးပါဝင်ခဲ့သည်။ ကျွန်တော့်ချစ်သူပြောလေ့ရှိသည့် ပုံပြင်ဆန်ဆန်ဖြစ်ရပ်မှန် တော်တော်များများသည် သူမနှင့်သာ သက်ဆိုင်နေခဲ့သည်။ ကျွန်တော့်ထံသို့ရောက်ရှိမလာခဲ့ဖူးသော ကျွန်တော့်ချစ်သူ၏ အထင်ကြီးလေးစားမှု တော်တော်များများကို သူမထံ၌တွေ့ရသောအခါ သူမသည် ကျွန်တော်၏ အကြီးအကျယ်မနာလိုစရာ လူတစ်ယောက်ဖြစ်လာခဲ့သည်။ သူမကိုတွေ့သောအခါ ပကတိအေးဆေးတည်ကြည်ခြင်းတစ်ဝက် နှင့် နူးညံ့ခြင်းတစ်ဝက်တို့ေ

အိပ်မက်

Image
အရောင်တွေမပါပါ... ဓါတ်ပုံတွေက တစ်ပုံနဲ့တစ်ပုံ နည်းနည်းချင်းစီကွဲပြီး နောက်ဆုံးကျတော့ ၀မ်းနည်းစရာ/ပျော်စရာတစ်ခုခု။ အားတင်းပြီးထဖို့ကြိုးစားလိုက်ရင်... အနှောက်အယှက်တစ်ခုခုက သေချာပေါက်ကြုံပြီ အဲ့ဒါက ဖော်မြူလာတစ်ခုလို...။ ကျွန်တော့်ကို တစ်ယောက်ယောက်က မရပ်မနားခေါ်နေ ဘာလို့ဒီလောက်တောင် အော်နေရသလဲ မခံနိုင်လို့လူးလဲထလိုက်တော့ “အလုပ်သွားဖို့ နောက်ကျနေပြီလို့” အမေက ပြောတယ်။ ။

ချစ်သူသို့ပေးစာ

Image
လွမ်းလို့မသေလောက်ပေမဲ့ ..သေလောက်အောင်လွမ်းရပါတယ်…ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့စာသားလေးကို သတိရမိတယ်…နှလုံးသားက သင်ကြားရတဲ့ ဒါဏ်ရာသင်ခန်းစာတွေက များလွန်းတော့ ကျောင်းခန်းထဲက ထွက်ပြေးချင်တဲ့ ကျောင်းသားတစ်ယောက်လို တင်းကျပ်လှိုက်မော…။ ဆုံတွေ့ခဲ့ကြတာကနည်းပညာတစ်ပိုင်းတစ်စရဲ့ လမ်းကြောင်းတစ်ခုပေါ်မှာမထင်မှတ်ပဲလက်ချောင်းကလေးတွေရဲ့ ထိပ်ဖူးချင်းအတွေ့မှာ…။ ဘ၀တွေကိုယ်စီနဲ့ အိပ်မက်တွေကိုယ်စီမှာ ကိုယ်တို့ချင်း အမြင်တွေမတူလည်း လူထဲကလူနှစ်ယောက်ရဲ့အချစ်တွေ ဘယ်လိုအကြောင်းကြောင့်များ မဆုံဆည်းနိုင်ခဲ့သလဲ။ ယောင်္ကျားလေးတစ်ယောက်ရဲ့ သိက္ခာတွေ၊ မာနတွေနဲ့ လဲပြီး တည်ဆောက်ခဲ့တဲ့အချစ်တစ်ခုက ရနံ့မဲ့တဲ့ ပေါက်ပန်းတစ်ပွင့်ကို ယှဉ်နိုင်ဖို့ရာ အားမရှိခဲ့ဘူးလား။ တစ်ကယ်တမ်းတော့ ကိုယ်ကိုယ်တိုင်ရူးသွားတာတွေက ဖူးစာရေးအတွက် အလှမ်းကျယ်အလယ်လပ်ခဲ့တာလား။ ကမ္ဘာခြားနေလို့မတွေ့နိုင်ရင်တောင် အောင်မြင်တဲ့တစ်နေ့ မမေ့တဲ့ခြေလှမ်းတွေနဲ့ အနမ်းတွေကို ဆွတ်ခူးဖို့ ဘယ်လောက်ကြမ်းပါစေ ကိုယ်လာခဲ့ဖို့စိတ်ကူးနေမိတာ။ ချစ်တယ် ဟုတ်ပါတယ်။ သေချာပါတယ်…။ မင်းကိုမြတ်နိုးလွန်းလို့ နူးညံ့တဲ့ပန်းတွေအဖြစ်ပွင့်လာတာလည်း “ချစ်တယ်”။ ကိုယ်တို့ချင်း မတူညီလို့ အမြင်တွေစောင်း

နှုတ်ဆက်ခဲ့တယ်

. အားလုံးရဲ့မျက်လုံးဝိုင်းဝိုင်းတွေအောက်မှာ မင်းတစ်ယောက်သိပ်ပျော်နိုင်ပါစေ... ထာဝရမဟုတ်တဲ့ တစ်ခဏမှာ တစ်ဘ၀လုံးအတွက်ပွင့်တဲ့ပန်း လန်းဆန်းပါစေကွယ်...။ စမ်းချောင်းကလေးတွေလည်းစီးလို့ ပန်းအဟောင်းလေးတွေလည်း ညည်းလို့ကြွေ အနမ်းခေါင်လောင်းမထိုးပဲ နှုတ်ဆက်ခဲ့တယ်။ ပန်းပေါင်းအစုံတွေ့လား အလွမ်းချောင်းအစုန်မျောတော့မယ် မင်းမလိုက်နဲ့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ မနက်ဖြန်အတွက် ဒီနေ့ပဲငိုလိုက်ပါ့မယ် ရွာလိုက်တဲ့ မိုးတွေသည်းသည်း။ ဘယ်လိုအစီအစဉ်တွေနဲ့ ဘယ်လိုကျင်လည်မလဲ ရင်ထဲမှာတယောထိုးနေပေမယ့် ပြောဖို့မလိုတော့ပြီ။ အချိုပေါ့တဲ့လမ်းတွေရှေ့ဆက်နေရင်း မနေ့ကပန်းတွေ နှုတ်ဆက်ခဲ့တယ်။ ။
Image
My Self လူတွေကပြောတော့ငါက ရည်းစားများသူတဲ့ ဟုတ်ပါတယ် မှန်ပါရဲ့ ငါချစ်တဲ့ ငါ့ရည်းစားတွေ ပြောမကုန်ဘူး ငါရူးတဲ့ ငါ့ချစ်သူတွေ ဘယ်သူမှမသိကြဘူး အတိအကျပါကွာ ခဏတာ ဝေးရင် ကမ္ဘာ့အမ္ဘာ အဆွေးတွေပါ ဂစ်တာ ကိုငါပိုက် အကြိုက်ဆုံးသီချင်းတွေဆိုမယ် ငိုမယ်ကွာ ကွန်ပြူတာရှေ့မှာထိုင်နေလည်း စိတ်ဓါတ်တွေယိုင်နေစရာမရှိ ကဗျာတွေအတိနဲ့ ငါ့ရင်မှာ ပြချင်တာတွေသိပ်များ တော့ ကင်းဗတ်စပေါ်က စိတ္တဇတွေသိပ်လှနေမလားကွယ်။ ချိတ်မရတဲ့ connection နဲ့ net ထဲမှ chat ထဲကသူငယ်ချင်းလည်းလွမ်းတယ် အရမ်းကျယ်-အရယ်ကြမ်းတဲ့ ပန်းသည်မလေး အစန်းနဲ့ လမ်းမှာတွေ့လည်း ပန်းဝယ် လန်းတယ် မနေ့ကအလွမ်းတွေ ချန်ထားခဲ့ပြီး လမ်းတွေလျှောက် စမ်းရေသောက်ရသလို သူ့ရယ်သံလေး အဝေးရယ်က တမ်းတတယ်။ လွမ်းရတယ် ကလေးငယ်မတွေနဲ့တွေ့ရင် မမေ့ချင်ပါ တွေ့ချင်လာ ရတက်မအေးမနှေးပဲ ၁၄ ဈေးလည်းရောက်ခဲ့တယ် ကြောက်ခဲ့တယ် သူစိတ်မှာငါသာအရှုပ်လို့ ဘာလာလုပ်မလို့လဲ မေးမှာလည်းကြောက်တယ်။ What is in the future is usually unforeseen. အမှန်ဆိုအတင်းလုပ်ယူလို့မရတဲ့ကံကြမ္မာက ဘယ်သူမှကြိုတင်မမြင်နိုင်ဘူး မထင်နိုင်ဘူး နောက်မယ် ခြောက်ဆယ်ပြည်ပြီဆို အဖေကအနားယူ ၀ါသနာပါရာတွေကို သူလုပ်မယ် တစ်ခြားလူမရှိပါ ငါသာ အမေ့အနားအ
Image
တစ်အုံ့နွေးနွေး အချစ်နဲ့ဘ၀ သီချင်းနားထောင်ရင်းနဲ့ကို မင်းအကြောင်းတွေ စဉ်းစားရင်း ၀မ်းနည်းပြီးငို ငါဘယ်လိုလုပ်ရမလဲ ကလေးရယ်။ အတွေးတွေ အဆွေးတွေ ပေးနေ လျှက်နဲ့ မင်းလက်တွေ ဆုပ်ထားသလား အဟုတ်ဖျားသွားခဲ့ တယ် မင်းအပြုံးတွေ လွင့်လာတုန်းကပေါ့ကွယ်။ ဒီအတိုင်းလေးပဲကောင်းပါတယ်။ ပြတ်ပြတ်သားသားမပြောနဲ့ ရပါတယ်။ ရေပြင်အလယ်မှာမျော….နေရတာလေးပဲကျေနပ်တယ် ကမ်းကပ်မှ အလွမ်းဇတ်တွေနဲ့ မမောချင်ဘူး။ အစိမ်းသက်သက်ရည်းစားစာပေးခဲ့တယ် မင်းကိုငါမခင်ဘူး မင်းနဲ့ငါ သူငယ်ချင်းလည်းမဖြစ်ချင်ဘူး မင်းကိုငါ ညီမလေးလို့ ခေါ်တယ် မင်းက ငါ့ညီမလေး မဟုတ်ဘူး သိမ်းထုပ်ထားတဲ့ အိပ်မက်တွေနဲ့ ငါတစ်ယောက်တည်း မဖေါက်မလွဲတဲ့ စိတ်နဲ့ သိပ်ချစ်နေမယ် အဆိပ်ဖြစ်နေလည်း မော့သောက်လိုက်ချင်တယ်အတင်းပဲ မင်းကိုချစ်တဲ့စိတ်နဲ့ အတိတ်ကိုသော့ခတ် ဘ၀ကိုပုံအပ်လို့ ငါ့အသက်ဓါတ်တွေက တစ်လျှပ်လျှပ် ဖြတ်မရတဲ့ကြိုးတွေက အထပ်ထပ် ရပ်တန့်လို့ မရနိုင်ဘူး ဆူးတတ်တဲ့ဆူးကို အရူးလိုဖက်တွယ်မိပြီး ငရဲမီး ကိုမှမော့သောက်ချင်နေတာ။ ။ (ကိုယ်ပိုင်ခံစားချက်)

23

Image
တစ်နှစ်တစ်ခါတော့ သြဂုတ်လက ပြန်ရောက်လာစမြဲ၊ တစ်နှစ်တစ်ခါတော့ လွမ်းလွမ်းဆွေးဆွေးနဲ့ ဒီလိုမိုးအေးအေးနဲ့ကြုံရစမြဲပေါ့။ ကျနော့်ကို ဒီလိုသြဂုတ်လ ရဲ့ မိုးသည်းတဲ့ည ၇ နာရီခွဲမှာ မွေးဖွားခဲ့တာတဲ့။ ကြာသာပတေးသား၊ မရဏဖွား၊ငါးဂဏန်းသမား ငါးဂဏန်းကျအောင် အဖေက သေချာတွက်ပြီး ကိုင်ရိုနည်းအရ ကျနော့်ကို အဲ့ဒီညမှာပဲ နာမည်ပေးခဲ့တယ်။1984 ခုနှစ်က 23 ရက်ကိုပြန်မရောက်နိုင်တော့ပေမဲ့ အခု2008 ခုနှစ် သြဂုတ် 23 ရက်နေ့ကိုပြန်ရောက်တဲ့အခါကျရင်တော့ ကျနော် အသက်က 24 ရှိပြီ။ ပြီးခဲ့တဲ့ နှစ်တွေမှာ ကျနော် ဖြတ်ကျော်ခဲ့တာတွေကိုပြန်တွေးတိုင်း မနေ့တစ်နေ့ကလိုပြန်ခံစားရဆဲပါပဲ။ 23 နဲ့ပတ်သက်တဲ့ စကားလေးတစ်ခုတောင် ၀န်ထမ်းလောကမှာရှိသဗျ။ ဘာတဲ့…. ပြတ်တုန်း လပ်တုန်း နှစ်ဆယ့်သုံး တဲ့။ သူများတွေ ပြတ်လပ်နေတဲ့ အချိန်မှာ ကျနော်က မွေးခဲ့တာလေ။ အဲ့ဒီ့တော့ ကျနော်ကလည်း မကြာမကြာ ပြတ်လေ့ ရှိတယ် ဗျ။ ဒိုးပြားတွေလေ…။ နွေတွေ၊မိုးတွေ၊ဆောင်းတွေ နဲ့ ပြက္ခဒိန်တွေ ရင်ကွဲပြီးရင်းကွဲခဲ့တဲ့ ကျနော့်ရဲ့မနက်တွေ….နောက်ပြီးတော့ လည်ပင်းတွေဆို့နေတဲ့ ညနေ…အားလုံးကိုလည်း ကျွန်တော်ကျေးဇူးတင်ပါတယ်။ စိတ်ရောကိုယ်ပါ မရွှင်လန်းမချမ်းမြေ့စေနိုင်တဲ့ အတိတ်တွေက အိပ်မက်ကဗျာလေးတွေကလည်း အ

အမှတ်တရ 2002-2004

. Remembrance you Junction 8, Dagon Centre, Blazon, အင်းယားကန်ဘောင်၊ န၀ဒေးရုပ်ရှင်ရုံ၊ ပြည်သူ့ဥယျာဉ်၊ရွှေတိဂုံစေတီတော်။ ကန်တော်ကြီး၊တိရိစ္ဆာန်ဥယျာဉ်၊ ကျိုက်ဝိုင်းဘုရား၊သမိုင်းလမ်းဆုံ၊မြေနီကုန်း၊စမ်းချောင်း၊လှည်းတန်း၊ မမှတ်မိတော့သောနေရာများ… အခုတော့ အရောင်လွင့်နေသော နဂ္ဂတစ်များ။ ရဲလေး ရဲ့”ပျဉ်းမနာသို့”သီချင်း ငါသိပ်ကြိုက်ခဲ့တာ… ငါဂစ်တာတီးတတ်စက တီးမ၀တဲ့ ၀ိုင်ဝိုင်းရဲ့”လွမ်းနေဦးမယ်”သီချင်းက ငါအတွက် တစ်ကယ်ဖြစ်ခဲ့တာ….အသေအချာပါ။ All of my hopes related with you were in the air. မင်းနဲ့ချစ်ခဲ့တာ ကျမ်းစာအုပ်လိုထူတဲ့ ဒါဏ်ရာတွေ… အတွေ့အကြုံတွေ… အခုတော့ငါလည်း… The Fruit which is rippen. တစ်ကယ်တမ်းတော့…ျWhat is in the future is usually unforeseen. ငါတစ်ကယ်ကြိုက်ခဲ့တဲ့သီချင်းက “အမဲလိုက်အက”။ ။

အရသာ တစ်မျိုးမျိုးတော့ရနိုင်ကောင်းပါရဲ့။

Image
ကျွန်တော်လှဲအိပ်နေတဲ့နေရာ ဘာပဲဖြစ်ဖြစ် ခေတ်ကိုတော့လက်ခံရမှာပဲ ငါရေးတဲ့ကဗျာမှာ.. ပုဂ္ဂလိက ဖြစ်တည်မှု့ပါတယ်.. ပေါ့ပ်ယဉ်ကျေးမှု့ပါတယ်... ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းပါတယ်... လူငယ်တွေရဲ့တန်ဖိုးနဲ့ သဘောထားပါတယ်... အနာဂတ်တူရူချက်ပါတယ်... စက်ရုပ်ဆန်တဲ့ဘ၀ပါတယ်... မျှော်လင့်ချက်နဲ့ အိပ်မက်တွေကြားထဲမှာ နောက်ထပ်ကဗျာတွေရှိနေပါတယ်။ အကြောင်းအရာတွေက မြင်ကွင်းကျယ်ပါ။ တစ်ချို့က ဖိုးကပ်စ်လုပ်ထားတာ။ ကျမ်းစာအုပ်လိုမထူပါ၊ တစ်ရုတ်စက္ကူလိုပါးပါးလေးပါ။ တစ်ချို့အကြောင်းအရာတွေမှာ ဗဟိုချက်ရှိတယ်။ တစ်ချို့အကြောင်းအရာတွေမှာ ဗဟိုချက်မဲ့တယ်။ စုစည်းညီညွတ်မှု့ရှိပါတယ်။စုစည်းညီညွတ်မှု့မရှိပါ။ အကြောင်းအရာအများကြီးရော၊အကြောင်းအရာနည်းနည်းလေးပါ။ အကြောင်းအရာဟာ လူတစ်ဦးချင်းစီကလာတယ်... အကြောင်းအရာဟာ လူအများကြီးဆီကလာတယ်... ပုဂ္ဂလိက အာရုံခံစားမှု့ဆီကလာတယ်... လူမှု့ဝန်းကျင်ဘ၀အဖြစ်အပျက်တွေဆီကလာတယ်... ရုပ်ရှင်ရုံကလာတယ်... နိုက်ကလပ်ကလာတယ်... ပလက်ဖောင်းပေါ်ကလာတယ်... အဲယားကွန်းတပ်ထားတဲ့ ကုမ္ပဏီရုံးခန်းကလာတယ်... အကြောင်းအရာဟာ ဘ၀သရုပ်မှန်ရော မမှန်တာတွေရော.. တစ်ချို့ကသင်္ကေတတွေ... အခုရေးတဲ့ကဗျာကတော့ ရီဟာဇယ်ပါ။ (ကိုယ်တိုင်ရေးကဗျာ)

ဝေဒနာ တစ်ပိုင်းတစ်စ ပါ...ရိုင်းလှတဲ့ ဒါဏ်ရာတွေက ထွက်ကျလာတဲ့ ကဗျာ...

Image
ကြယ်ကြွေသံ မှင်တံအပြာ၊ငွေလွှာစာရွက် ဖွေအက္ခရာ၊ဝေဒနာစကား ကြာရှည်လျှားစွာ၊မဖြေသာပေ မေရေစိတ်ထဲ၊ဝေ့၀ဲဝဲလည် စိတ်အားငယ်မိ၊နေမချိဘူး ရူးချင်တဲ့စိတ်၊အတိတ်မှာပဲ တစ်ဝဲ၀ဲကွယ်၊ဆောင်းလယ်ညပေါ့ တစ်သသတွေး၊အဆွေးတွေလေ မျက်ရည်ဖွေးဖွေး၊နှင်းအေးအေးမှာ ငိုချင်းတစ်ပုဒ်၊သီချင်းလုပ်ဆို ထိုမျှမက၊တမ်းတတဲ့စိတ် ကြိတ်မှိတ်ကာဆီး၊လွမ်းမီးရဲရဲ အသည်းထဲတွင်၊၀င်ကမွှေနှောက် စိတ်မှာနောက်ကျိ၊သောကဧ။်ဒါဏ် ဖန်ဖန်များများ၊လွမ်းစကားတွေ ကြားလေမလား၊အထင်မှားဖြင့် တီးတိုးညည်းတွား၊မီးများကျွမ်းလောင် သန်းခေါင်စခန်း၊ယောင်ယမ်းထငို အလွမ်းပိုတိုး၊လွှမ်းမိုးသည့်ဒါဏ် ကြံဖန်မရ၊တစ်လျလျတိုး ဘ၀ဆိုးပြီ။ ခဏတစ်မျိုး၊အတိုးဝင်ကာ နှလုံးမှာလည်း၊ဝေခွဲမရ တစ်ညလုံးသာ၊စိတ်ထဲမှာလည်း မခွဲချင်ဘူး၊အချစ်ဦးရေ မူးဝေနောက်လျှံ၊မြောက်ပြန်လေတိုး မြူခိုးဝေရင်၊ပြန်မြင်စိတ်က မင်းအလှမှာ၊တစ်ခါနစ်မျော အမောတွေလား၊ဇောတွေလားဟင် နှင်လို့မပြေး၊အဝေးမရောက် လွမ်းသွေးနှောက်ယှက်၊အအိပ်ခက်ဆဲ အိပ်မက်လည်းကြွေ၊အသည်းတွေအက် အိပ်ပျက်ညပေါင်း၊ထောင်းထောင်းကိုယ်ကြေ ကမ္ဘာမြေကြီး၊လွမ်းမီးတောက်ကား ချောက်ချားစရာ၊ဝေနေရှာပေါ့။ ။ (ကိုယ်တိုင်ရေးကဗျာ) ဒဂုံတက္ကသိုလ်မှာ ပထမနှစ် ဒုတိယအကြိမ်တက်တုန်းက ခင်ရတ

အဖေများအားလုံးအတွက်ပါ။

Image
အဖေ အဖေက ဘုရင်ကြီးဆို သားကအိမ်ရှေ့မင်းသား အဖေက သူတောင်းစားဆို သားက ခွက်ကိုင်... စိတ်ဓါတ်တွေ မယိုင်လဲခဲ့ပါအဖေ။ နွေရာသီတွေဘယ်လောက် ခေါင်ခေါင် ယောင်လို့တောင် မညည်းခဲ့တဲ့ အဖေ့ရဲ့ချွေးစက်တွေအောက် သားတို့မြောက်ကြွားနိုင်ခဲ့တာ ရင်ထဲက ပျောက်ဆုံးမသွားတဲ့ မှတ်တိုင်တွေပါပဲ အဖေ...။ ဆောင်း- အေးစက်တဲ့မနက်တွေထဲ အဖေပဲ ထကြွနေခဲ့တာ နွေ-ခေါင်ခေါင်ပူအိုက်ည အိပ်မရသန်းခေါင်ကျော် ပျော်အောင်နေသားကျခဲ့တာ မိုစက်တွေ ဖွေးတော့လည်းအပြေးအလွှား ၀မ်းတခါးအတွက် အဖေ့အားတွေ နားရက်မယူခဲ့ပါဘူး။ အဖေ့အားရက်တွေလည်း မိသားစုအရေးအတွက်ပေးဆပ်မှု့တွေနဲ့ ကျော်ဖြတ်ခဲ့ ပျော်တတ်တဲ့ ငါ့အဖေ သားသမီးတွေအလိုကျ ငိုပြဆိုငိုပြ၊ ငယ်ငယ်က မှတ်မိတယ်...။ အရွယ်ရောက်တော့.... သားကရယ် သမီးကရယ် ဟိုဟာလိုတယ် ဒီဟာလိုတယ်.. ပိုပိုလိုလို ဘာကိုမှ ဆိုစရာမလို အလိုလိုရစေတယ်။ အဖေရယ်... မိသားစုအတွက် တံတိုင်း င၀ိုင်းဆိုတဲ့ တံတိုင်း င၀ိုင်းဆိုတဲ့ အသပြာ တံတိုင်းကိုလည်း အမြဲဖွေရှာရ အဖေ့ရဲ့အတ္တအားက သားတို့အတွက် တံတားဖြစ်ခဲ့တယ်။ ။ (ကိုယ်တိုင်ရေးကဗျာ)

အကြောင်းကြောင်းကြောင့် ဘယ်ကိုမှမပို့ဖြစ်သော.....စိတ္တဇများ..

Image
..........သို့" အိပ်မက်ရုံလွှာလေး... နှင်းတောတွေထဲမှာ လမ်းပျောက်ခဲ့တာလည်း အခုတော့ဝါကျင်နေတဲ့ သစ်ရွက်တွေပါ။ အညိုရောင်လမ်း... အပြန်လမ်းမှာ မိုးတွေရွာ ပိုးစုန်းကြူးတွေလင်းတဲ့ည။ မင်းနာမည်က "လင်းလင်း" ဆိုလား ဘာလား တိတိကျကျ ဘာမှန်းမသိ ငါ့ခံတပ်ပြိုကျသွားတဲ့ အင်္ကျီအ၀ါလေးနဲ့ စကပ်အတိုလေးကိုပဲ လွမ်းတယ်။ ငါ့ကဗျာကို နင့်ဓါတ်ပုံနဲ့ သရုပ်ဖော်ခွင့်ပေးပါ။ ငါ့သီချင်းကို နင့်အကြောင်းတွေ ရေးဖွဲ့ခွင့်ပေးပါ။ မင်းကြိုက်တဲ့ သရုပ်ဆောင်တွေထဲ ငါ..ပါ ပါရစေ...။ ။ (အငှားခံစားချက်ဖြင့်ရေးဖွဲ့ထားပါသည်။) မြို့ပတ်ရထား ဒီနွေမှာစခဲ့တဲ့ ဇတ်လမ်း တို့တစ်တွေရဲ့အဖြစ်က မြို့ပတ်ရထားစီးသလိုပဲပေါ့။ ဘ၀မှာ အရေးမပါတာ ဘာမှမရှိပါဘူး အစိတ်အပိုင်းတွေများစွာကြားမှာ မင်းနဲ့ခဏတာ အရေးပါဖူးခဲ့။ အင်းစိတ်ဘူတာက အစ အင်းစိန်ဘူတာမှာ ဆုံးတဲ့ တို့ရဲ့တစ်နေ့တာ အိမ်ပြန်ချိန်ဟာ ထာဝရခွဲရချိန်လို့ မထင်ခဲ့မိဘူး။ ။ (ကိုယ်ပိုင်ခံစားချက်) ကိုယ့်အဖေါ် နေ့ခင်းဘက်ဆို ရင်းနှီးပေါင်းဖက် ဘော်ဒါတွေအတွက် နာကျင်စရာကို ကြိတ်မှိတ် အပြုံးနဲ့ ချွေးသိပ်ခဲ့ရတယ်။ ညဘက်တွေလည်း နှစ်ဖြာမိဘ မောင်နှမရဲ့ကြား မမဲ့အား မညိုးနိုင် အနိုင်နိုင်

ဒါလေးလည်းခံစားပေးပါဦး။

Image
အသံထက်မြန်တဲ့ပန်း တစ်ကယ်တမ်းပြောရရင်.. မိုးရွာတဲ့နေ့တွေကို ကျေးဇူးတင်တယ်....။ လျှပ်စီးလက်ပြီးမှမိုးခြိမ်းသံက ကြားရတာပါကွယ်။ သမားရိုးကျတော့မမှတ်လိုက်ပါနဲ့ ကိုယ့်ထီးကလေးအောက်က ရွာနေတဲ့မိုးတွေလည်း ကိုယ့်ရဲ့အပင်ကိုဆက်လက် ရှင်သန်စေတယ်။

ကိုဂစ်တာအကြောင်း ဘာဘာညာညာ

. ကျနော်ငယ်ငယ်က အကြောင်းအဖေက ပြောပြတာလေးတစ်ခုကို မှတ်မိတယ်…။ အဲ့တုန်းက အဖေက ခင်မောင်ထူးသီချင်းတစ်ပုဒ်ကို အမြဲဆိုပြတတ်တယ်။ ကလေးဆိုတော့ အဲ့ဒိသီချင်းကို ကျွန်တော့်အဖေဆိုတာပဲ ထင်တာပေါ့ဗျာ။ တစ်နေ့လည်းကျရော အဖေက အနက်ရောင် Sharp ရေဒီယိုတစ်လုံးဝယ်လာတယ်။ ပြီတော့ ကက်ဆက်ခွေထည့်ပြီး ခင်မောင်ထူးသီချင်းကို ကျွန်တော့်ကိုဖွင့်ပြတယ်။ အဲ့ဒီ့တော့ကျွန်တော် ဘာပြောတယ်မှတ်လဲ။ “ဟာ.. ဖေကြီး သီချင်းကိုဒီကောင်ဆိုတယ်”လို့ပြောပါသတဲ့ဗျာ။ အဲ့ဒီ့ကတည်းက.. ကျွန်တော့်ရဲ့အနုပညာပိုးက ပါခဲ့တယ်လို့ဆိုရမယ်။ ကျွန်တော့်အမေပြောတာမှတ်မိတယ်။ ကျနော်ငယ်ငယ်က အိမ်အဆင်းအတက်လှေကားပေါ်ထိုင်ပြီး အသံပေါင်းစုံကိုအော်နေတတ်တယ်တဲ့။ အဲ့ဒါကြောင့် အဲ့ဒီတုန်းက ကျွန်တော့်ကို ကိုသံစုံ လို့တောင်အမေက pet name ပေးခဲ့သေးသတဲ့ဗျ။ အဲ့ဒီ့တုန်းကတော့ ကျွန်တော်က နယ်မှာဗျ ကျွန်တော့်အသက် ၁ နှစ်ကနေ ၅ နှစ်သားအထိ အရွယ်တွေက ရွေကျီးမုန့်ကြွပ် ထွက်တဲ့ မန္တလေးတိုင်းက ပျော်ဘွယ်မြို့လေးမှာပဲပေါ့…..အကြောင်းကိစ္စတစ်ခုကြောင့် ကျွန်တော်တို့မိသားစု ရန်ကုန်ကိုပြောင်းလာခဲ့တယ်။ လှိုင်သာယာဆိုတဲ့ မြို့သစ်ကလေးတစ်ခုရဲ့ ရပ်ကွက်ကလေးတစ်ခုကိုရောက်ခဲ့တယ်။ လှိုင်သာယာမှာပဲ ပထမတန်းကိုအောင်ခဲ့တ

ပြန်လိုချင်တယ်

Image
ဟိုးတစ်နေ့က ကျနော်နဲ့ ညီမလေး သွန်းသွန်း(missthonnthonn) တို့ တွေ့ကြတယ်။ ကျနော်လည်း ပျင်းပျင်းရှိတာနဲ့သူ့ကိုစ နေရာကနေ ဘာဖြစ်တယ်မသိဘူး။ ကဗျာရေးချင်တာနဲ့သူ့ကိုပြောတယ်.. နင်တစ်ပိုဒ် ငါတစ်ပိုဒ်ရေးကြရအောင်လေ.. လို့ သူကလည်း လုပ်လိုက်လေတဲ့ အဲ့ဒါနဲ့ပဲ သူမွှေလိုက် ကျနော်မွှေလိုက် နဲ့ ကဗျာလေးတစ်ပုဒ်ဖြစ်လာပါရော… သူနဲ့ကျနော် ခင်မင်မှု့အမှတ်တရပေါ့….ကဗျာလေးက ဒီလိုပါ ပြန်လိုချင်တယ် ဟိုတုန်းကတော့သစ်ရွက်တွေကို ကြည့်ပြီးသနာတယ် အခုတော့ ကိုယ့်ကိုယ်ကို ကြည့်ပြီး သနားတယ် လူဆိုတာ… အစားအစာကို လွယ်လွယ်ရတုန်းကမစားချင်ခဲ့ အရွယ်ရောက်မှ… အမေ့ကိုအားနာမိတယ်။ ကလေးတုန်းက အမေ့ကိုကြည့်ပြီးသနားတယ် အခုချစ်သူလေးကိုသနားတယ်..။ ငါဟာ… ချစ်ခင်မှု့ကိုလွယ်လွယ်ရတုန်းက နားမလည်ခဲ့ အခုမှ.. အချစ်ခံချင်မိနေရဲ့။ ငယ်ငယ်တုန်းက လူကြီးတွေကိုအားကျလို့ ဆေးတံကိုခိုးပြီး ခဲ…တယ်။ အခု တူမလေးဖွက်ထားတဲ့သကြားလုံးကို ခိုးမြုံ့တယ်.. ငါတစ်ကယ်မရင့်ကျက်သေးဘူးလား။ ငါတို့တွေရဲ့မျှော်လင့်ချက်တွေက တစ်ခါတစ်လေ မိုးတိမ် တစ်ခါတစ်လေ မြေကြီး ပင်လယ်၊ ကွင်းပြင်၊ မြက်ခင်းစိမ်းစိမ်း စုံလို့ပေါ့…. အခုအချိန်မှာတော့ ကင်းဗတ်စပေါ်က အရာင်စုံတွေကိုငေးရင်း ငါ့မူလအရောင်လေးကိုရှာတွေ့