Posts

Showing posts from December, 2008

အဲ့ဒီ့မြို့လေးမှာ

အဲဒီမြို့လေးမှာ ကျွန်မချစ်သူရှိနေတယ် ဆောင်းရာသီမှာ ရေခဲမတတ်အေးပြီး နွေရာသီမှာတော့ အလွန်တရာ အပန်းဖြေလို့ကောင်းတဲ့ မြို့လေးပါ မြို့လေးကို ရောက်ဖို့ရာ မြွေလိမ်မြွေကောက် လမ်းလေးကို ဖြတ်သန်းလာရတယ်ချယ်ရီပန်းတွေအဆုပ်လိုက်ပွင့်တတ်တယ်။ တခါတလေ ကုန်တင်ကားကြီးတွေ ဖြတ်သွားချိန်ကလွဲလို့ မြို့ငယ်လေးက အေးဆေးငြိမ်သက် နေတတ်တယ် မြို့အနှံ့အပြားနွားနို့ဆိုင်လေးတွေ ရှိတတ်တယ်။ ရှမ်းထမင်း ရှမ်းဟင်း ပူပူနွေးနွေး ရောင်းတတ်တဲ့ ဆိုင်သေးသေးလေးတွေ လည်းအများကြီးရှိတယ်။ မြို့ကိုဝင်ဝင်ချင်း တောင်ပေါ်လေးမှာ ဘုရားတစူရှိပြီး မြို့ကို အပေါ်စီးကနေ မြင်ရတယ် တချိန်က စက်ဘီးနဲ့ သွားလာတတ်ပေမယ့် ခုချိန်မှာတော့ ဆိုင်ကယ်သံတ၀ီဝီနဲ့ မြို့လေးက အသက်ဝင်နေတယ်။ ချစ်သူနဲ့ အတူတူ လက်တွဲလျှောက်ခဲ့ဖူးတဲ့ လမ်းလေးမှာ ချစ်ရနံ့တွေသင်းပျံနေတယ် ဟိုးအဝေးကို မျှော်ကြည့်လိုက်ရင် မြုမှုန်ဆန်ဆန်နှင်းတွေ ပိတ်ဆို့နေပေမယ့် နှင်းထုနောက်မှာတော့ သာယာတဲ့ ချစ်သူနှစ်ယောက်ရဲ့အနာဂတ်ရှိနေတယ် ပြာလွင်နေတဲ့ ကောင်းကင်ကြီးအောက်မှာ အတူတူရှိခဲ့ဖူးသလို မိုးမှောင်ကျနေတဲ့ ညနေစောင်းတွေမှာလည်း တယောက်လက်တယောက် မဖြုတ်ခဲ့ကြဘူး။ ကယ်ရီယာ မပါတဲ့စက်ဘီးလေးမှာ ဘားတန်းမှာထိုင်ပြီး လေအေးတေ

ပုံပြောမကောင်းတဲ့သူ

သူ နှင့်ကိုယ် ချစ်သူတွေဖြစ်ခဲ့ကြသည်မှာ ကိုယ်အတွက် ပျော်ရွှင်မှု့များ ပေးစွမ်းနိုင်ခဲ့သည် ဟု ကိုယ်တိုင် ယုံကြည်ခဲ့ရသည်။ သူ့ဂရုစိုက်မှု့တွေနှင့် ကိုယ်ပျော်ရွှင်ခဲ့ရသလိုသူသ၀န်တိုမှု လေးများ ကြောင့်လည်း ကိုယ်ကြည်နူးခဲ့ရသည် မှာ ကျိန်တွယ်၍ ပြောစရာမလို သူရယ် ကိုယ်ရယ် ကို သိပ်ချစ်ရသူတွေဟု အများကလည်း လက်ခံ ယုံကြည်နေကြသော အခါ ကိုယ်တို့နှစ်ယောက်ဧ။် အနာဂတ်သည် လှပနေပြီး တစ်နေ့သောအခါ နှစ်ဦးသားအနေဖြင့် ပန်းတိုင်သို့ ရောက်ရှိချိန်တွင် သူ့အတွက် ကိုယ်ကပန်းပွင့်လေး ဖြစ်သောအခါ သူက ပျားပိးတုန်းလေး ၊ သူကမ်းစပ်လေး ဖြစ်သောအခါ ကိုယ်ကရေလှိုင်းလေး ၊ သူကထက်မြက်သော ဓားတစ်စင်းအဖြစ် ခံငြားသော အခါ သူ့ကို ငုံထားမည့် ဓားအိမ်ကလေး ဖြစ်လိမ့်မည်ဟု တဖက်သက် အတွေးဖြင့် အိပ်မက်ကလေးတွေ နူးညံ့ခဲ့ဖူးသည်။ ကိုယ်မတွက်တတ်သည့် ပုစ္ဆာတွေ သူပေးခဲ့ လိမ့်မည်ဟု ကိုယ်မထင်ခဲ့သည့် ကြားမှ ခါးသက်သည့် ၀ိုင်တစ်ခွက်ကို သူဖန်ဆင်းခဲ့သည်။ လေပြင်းများခြွေပြီး တိမ်ညိုများ အရည်ပျော်စေခဲ့ သည်။ အိမ်ထဲတွင် ရွာသောမိုးတို့ သည်းစေခဲ့သည်။ ကိုယ်သည် လက်ကိုင်ကိုင်း ကျိုးနေသော ကော်ဖီခွက်ကလေး ပမာ တင့်တယ်မှုတို့ ပျက်သုဉ်းခဲ့ပေပြီ။ မကြာမီ ထိုမိုးများ တိတ

စာရေး၊စာဖတ် နှင့် ဘာဘာညာညာများ

Image
အလုပ်ထဲမှာ စာရေးရင်လည်း computer နဲ့ရေးလိုက်တာပဲ။ မှတ်စရာရှိရင်လည်း ဒီလိုပဲ Drive တစ်ခုခုထဲမှာ ထည့် သိမ်းထားလိုက်တာပဲ ပေါ့။ လိုအပ်မှPrint ထုတ်စရာတွေကို ထုတ်ရသလို စာအုပ်တွေ၊ွမှင်တံတွေနဲ့ဝေး ခဲ့ရတာကြာပေါ့၊ အလုပ်ထဲမှာကျတော့ စာဖတ်ချိန်လည်းမရှိဘူး စားရေးဖို့ကျတော့လည်း လူတွေကြားထဲမှာမို့လွတ်လွတ်လပ်လပ် မတွေးနိုင်မရေးနိုင်၊ စာလေးဖတ်ဖို့ ပိုက်ဆံမကုန်သော်လည်း အလကားမရတရဖြစ်နေတဲ့ အင်တာနက်က အစ်ကိုအစ်မတွေရဲ့ စာတွေဖတ်ဖို့ စိတ်အေးလက်အေး မဖြစ်ပြန်ဆိုတော့ အခက်သား၊ ဘလော့ဂ်တစ်ခုက စာတစ်ပုဒ်ကို နောက်ဆံမတင်းဘဲနဲ့ဖတ်ဖို့သီးခြား အင်တာနက်ကဖေး တစ်ခုကိုသွားဖို့ပဲ ရှိတယ်၊ စာဖတ်ပြီဆိုမှတော့ တစ်နာရီလည်း ကြာချင်ကြာမယ် နှစ်နာရီလည်း ကြာချင်ကြာမယ် စိတ်သွားတိုင်း င၀ိုင်းက မပါဆိုသလိုပေါ့ အကောင်းဆုံးကတော့ ဖတ်ချင်တာ၊ ဖတ်ချင်စရာတွေကို Print ထုတ်ပြီး အိမ်မှာ အေးအေးဆေးဆေး ဖတ်ဖို့ပဲစိတ်ကူးမိတယ်။ တစ်ချို့ဘလော့ဂ်က ဖတ်ချင်တာတွေ ဖတ်ချင်စရာတွေ ရမ်းသရူးဖတ်ရတာလည်း အားမလိုအားမရ ဖြစ်မိတယ်။ ဒါပေမဲ့လည်း တစ်နည်းနည်းနဲ့ ဖြေရတာပေါ့။ အင်တာနက်မှာဆို စာအုပ်ဆိုင်လိုတော့ပင်းပန်းစရာ မ လို ကိုယ်ဖတ်ချင်စရာရှိတဲ့ဘလောဂ့်ကို Book mark လုပ်ထားပြီး

Centuries

Image

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

အချိန်က ညနေစောင်း၊ ၁၂၄ ကားကိုစီးရင်း ကျွန်တော်မျက်ရည်ဝဲနေမိသည်။ ဖြစ်ရလေဟု ကိုယ့်ကိုယ်ကို ယူကြုံးမရ ။ ကြိုစားထားတာတွေ၊ ချွေးပြန်ခဲ့တာတွေ၊ လေထဲလွင့်မျောတော့မှာလား။ စိုးရိမ်စိတ်တွေနဲ့အတူ ချစ်သော၊ ခင်သော မောင်နှမရင်းချာများကဲ့သို့ ကျွန်တော့်အပေါ် နွေးထွေးခဲ့သော သူငယ်ချင်းများနှင့် ဝေးရမည်ကို တွေးမိပြီး မျက်ဝန်းအိမ်မှ မျက်ရည်များ လျှံတက် နေမိသည်။ ……………………………………………………………………………………………………………………………………. လွန်ခဲ့သောတစ်လလောက်က စ၍ သူငယ်ချင်းခုနှစ်ယောက် တိုင်ပင်၍ အားနည်းသော ဘာသာရပ်အတွက် ကျူရှင်တက်နေလျှက် စာအသင်အပြကောင်းသော ဆရာမ အရင်းတစ်ယောက်ကိုဂျီကျကာ ထိုဘာသာရပ်အတွက် သူငယ်ချင်းတစ်ယောက်အိမ်တွင် ၀ိုင်းသင်ပေးဖို့ပြောခဲ့သည်။အရင်နှစ်တွေက တစ်ပည့်ဟောင်းများဖြစ်သည်က တစ်ကြောင်း၊ ကျွန်တော်တို့ဧ။် အခက်အခဲများကိုသိမြင်ကာ ကိုယ်ချင်းစာနာ၍ ဆရာမက စေတနာထားသည်က တစ်ကြောင်းကြောင့် သူငယ်ချင်းဧ။် အိမ်တွင် ကျွန်တော်တို့ဝိုင်းသင်ဖြစ်ခဲ့သည်။ အထူးပြုဘာသာရပ်တွင် ကျွမ်းကျင်သော ဆရာမဧ။် သင်ကြားပြသပေးမှု့များသည် စာသင်ကြားမှု့ကိုရသမြောက်စေခဲ့သည်သာမက ကျွန်တော်တို့ကို ထိုဘာသာရပ်အတွက် ယုံကြည်မှု့များရလာအောင် ဖြစ်စေခဲ့ရသည်။ စာမေးပွဲကြီးစလြေ

Gtalk အရှုပ်များ

ခုတစ်လော အနီးနားတစ်ဝိုက်(ကျွန်တော်ထိတွေ့ပတ်သက် ဆက်ဆံရတဲ့ပတ်ဝန်းကျင်) မှာ ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေ ပေမဲ့ မြင်ပြင်းကပ်စရာ ဖြစ်လာတာလေးတွေ သိနေကြားနေရတယ်။ တစ်ခြားတော့မဟုတ်ဘူးဗျ။ Gmail , Gtalk နဲ့ပတ်သက်တာတွေပါပဲ။ ဒီမှာကလည်း ဒီကိစ္စပဲ ဖြစ်စရာရှိနေလားမသိဘူး။ ခဏခဏဆိုသလိုတော့ ကြားနေရတာပါပဲ။ အများစုက မနက်မိုးလင်းတာနဲ့ Google ကိုအားပေးကြရတာဆိုတော့ အချင်းချင်း တွေ့လို့ နှုတ်ဆက်ရင်တောင် Google Morning, Google afternoon, Google evening ဆိုပြီးတော့တောင် နှုတ်ခွန်းဆက်ရမယ့် ပုံပဲ။ ထားတော့။ ပြောချင်တာက အဲ့ဒါမဟုတ် User တွေအကြောင်းပဲ။ အများစုက လူငယ်တွေကြားမှာ ကြားရတာ။ ၁၇၊ ၁၈ ကနေ ၂၀ကျော်တွေထိ ဒါမျိုးတွေက တစ်ချို့တစ်လေမှာ ဖြစ်နေကြ။ ဘာတွေအရူးထကြမှန်းမသိ မလိုအပ်ပဲ သမီးရည်းစားအချင်းချင်း Gmail Password အပြန်အလှန်ပေးတဲ့ ကိစ္စပါပဲ။ တစ်ချို့ ကြတော့လည်း ကောင်းလေးတွေက ချစ်ချစ်လေးတွေကို မျက်နှာသာရအောင် password ပေးထားကြတတ်သေးတယ်။ ကောင်လေးတွေတင်ပဲမထင်နဲ့နော်။ တစ်ချို့ကောင်မလေးတွေ ကလည်း အဲ့ဒီ့လိုမျိုး လုပ်တတ်သေးရဲ့။ ရိုးသားတယ်ပေါ့။ မဟုတ်တာဘာမှ မလုပ်ဘူးပေါ့။ မင်းမှမင်းပဲပေါ့၊ မင်းတစ်ယောက်သာပေါ့ ( သီချင်းခေါင်းစဉ်ရွတ်ပြတာ မဟ

နှင်းကဗျာ

. နှင်းတွေဝေလွှမ်း၊ နှင်းလမ်းမမှာ နှင်းပန်းပွင့်ခိုက်၊ နှင်းလှိုက်မောဖွယ် နှင်းတောလျှောက်စဉ်၊ နှင်းချင်ဘ၀ နှင်းလ၀ယ်ဖွား၊ နှင်းကညာအား နှင်းကဗျာငယ်၊ နှင်းချင်သော်ငြား နှင်းပြင်ကြားမှာ၊ နှင်းသာတိုးဝေ နှင်းလေတိုးတိုက်၊ နှင်းများခိုက်ကာ နှင်းခိုက်တုန်ချမ်း၊ နှင်းလမ်းကလည်း နှင်းထဲလွမ်းဖို့၊ နှင်းကြမ်းခဲ့သည် နှင်းလွမ်းပန်းချီ၊ နှင်းပန်ချီတည့်။ ။ ကိုဂစ်တာ

အကြည်ဓါတ်လေး

. အဆိုတော် ထူးအိမ်သင် ရှိတုန်းက သူ့အင်တာဗျူးတစ်ခုမှာ ပြောတာလေး တစ်ခုကို ပြန်လည် အမှတ်ရနေမိပါတယ်။ သူပြောတာလေးက တစ်ကယ်လက်တွေ့ ဖြစ်မှ ပိုမိုမှန်နေတာကို သတိပြုမိပါတယ်။ “သီချင်းပဲရေးရေး ကဗျာပဲရေးရေး အကြည်ဓါတ်လေး တစ်ခုရှိနေမှ ” တဲ့လေ။ သူဆိုလိုချင်တာကို အဲ့ဒိတုန်းကတော့ ယောင်ယောင်လေးပဲ သိလိုက်တာ။ သူပြောတာက တစ်ကယ် ဟုတ်မှန်း ခုတစ်လောမှာ မှ တစ်ကယ် သဘောပေါက်တော့တယ်။ အဲ့ဒီ့ အကြည်ဓါတ်ဆိုတာကိုလည်း ဘာကိုဆိုလိုချင်မှန်း တိတိပပ သိရတော့တယ်။ ခုတစ်လော ညဘက်တွေ ဆိုရင် အေးအေးချမ်းချမ်းနဲ့ စာရေးမယ့် သူတွေအတွက်တော့ တစ်ကယ့်ကို အချိန်ကောင်းပဲ ဒီဇင်ဘာ ရောက်ပြီဆိုပေမယ့် သိပ်လည်းခိုက်ခိုက်တုန်အောင် ချမ်းနေတာမျိုးမရှိဘူး။ တစ်ကယ့် နေထိုင်ကောင်းတဲ့ ရာသီဥတုပဲ။ စိတ်ထဲမှာ တွေးမိတာလေးတွေ ၊ ရေးချင်တာလေးတွေ ရှိနေပေမယ့်လည်း တစ်ကယ်တမ်း ချရေးမိတော့ ပထမ တစ်ပိုဒ် နှစ်ပိုဒ် မှာတင်ပဲ ဖီလင် က အောက်သွားတယ်။ ဆက်မရေးချင်တော့ဘူး။ ဆက်ရေးချင် လောက်အောင်ကို စိတ်က မသွားတော့ဘူး ဖြစ်ဖြစ်နေမိတာပေါ့။ အရင်တုန်းက စာအုပ်တွေထဲမှာ ဆရာ့ဆရာတွေ ပြောစကား အရ စာရေး တတ်ချင်ရင် စာရေးနေမှဖြစ်မယ်။ ဘာပဲဖြစ်ဖြစ်၊ ဘယ်အကြောင်းအရာပဲဖြစ်ဖြစ်

ဆင်ခြင်ပါ။

. စိတ်ဓါတ်က ချိတ်အပ်လောက်နဲ့ အိတ်ကပ်ထဲ မာနပြည့်လျှံ ပကာသနအထိပ် မာန်တက်လို့ လန်ထွက်နေပြန်။ ရန်ဖက်တွေ နှံသမို့လည်း ဟန်မပျက် လေထန်ဆဲပေါ့ ဟေ… အကြံရဲလှတယ်… အဖေပြန်လည်း တိုင်မတဲ့ဟ…။ မသွေအမှန်ပဲ မချေမငံနဲ့ ဝေ… အသံလည်း အန်ထွက်စရာတွန်တယ်။ ရွံတယ်လေ့ ကွယ်…..။ ဟင်…မစွံတယ် ဟေ့ နင်ဓလေ့ မလည်သေးရင်လည်း သွန်သင်မယ် ဟေ့ လာခဲ့ပါကွယ်…။ တွေ့လာတဲ့ တစ်လျှောက်လုံးလည်း ခလောက်ထုံးနဲ့ မူယာကြွယ်… လူတစ်ကာရယ် မနှေးတွန့်တယ် ခလေး…ဟွန့် …ဆိုးတယ် ဘလက်ဒီဖူးလ်း။ ဆက်ဆီ ရူးနေလိုက်တာကွယ်… မသတီဘူး ဟေ့ အမိုက်နှာ ထပါဘိ လိုက်နာကြည့် အသိမှာ တစ်ခါပြောမယ်… မြန်မာရော ဟုတ်ပါရဲ့လား။ ငါသဘော ပြောမယ် အဟုတ်နာကွယ့် ကြား မရှုပ်ပါနဲ့ အလုပ်မှာလည်း လှပါစေ.. ထုတ်ကာတဲ့ မာနလည်းပြရင် ဟာ…ခဏပဲတရအောင်သာ ဟာသ ပဲ လှောင်ရအောင်ပေါ့။ မောင်က ပျော့မယ် ကြံပေမယ့် ရှောင်မရတော့ လှန်မိတာပေါ့ အကြံမပိရိရင် ဒါဏ်အပြည့် ငြိမယ် သံမဏိရိုးသားမှု့ ဆက်လှမ်းပါကွယ်။ အခက်ကြမ်းကြမ်း အတတ်တွေနဲ့ ရှက်ရမ်း ရမ်းတာ ပဲခက်တယ် အဟက်… အရမ်းလည်း အပြတ်သာ မနပ်သေးပဲ ဗြူး။ အဲ…မနူးမနပ်နဲ့ ဘီလူးဇာတ် ခင်းချင်သပ ဆိုလည်း ဗြူးဗျတ်နဲ့ မရ။ အရူးမှတ်ရင်တော့ နဖူးတော့ ပလာစတာအသစ် ရောက်မယ် Do not proud. Lit

ဂျနီဖာအက်နက်စတန် ဂွီလာမိုးမြင့်သူ သို့...ပေးစာ

ဒီးရားဖရန့်စ် ဂျနီဖာအက်နက်စတန် ဂွီလာမိုးမြင့်သူ အိုင် သတိတရနဲ့စာရေးလိုက်ပါတယ်နော်။ ဒီလို ဒက်ဇန်ဘာ မနက်ခင်းမှာ ဟိုးအတိတ်က မင်းနဲ့အတူ မနက်ခင်းတွေ လမ်းလျှောက်ရင်း ပျော်ခဲ့ကြတာတွေကို သတိရမိတယ်။ အိုင်ခန်နဲဗား ဖော်ဂတ်ယူ ဂျနီဖာာ ….။ မင်းဆီငါစာရေးသာရေးရတာ အိုင်ဒုန်းနိုး ၀ှတ်ထူထဲလ်ယူ ပါပဲ။ နာ့ဒ်သင်းစပါ့ရှာယ် ထူဆေးယူ ပါကွာ။ ငါ့အကြောင်းနည်းနည်းပါးပါပဲ ပြောတော့မယ်။ တူဒေးမောနင်း မှာ ဘရိက်ဖတ်စ် အတွက် မြန်မာထရိတ်ဒီရှင်နော်ယ်ဖုဒ်ထ် ဖြစ်တဲ့ မုန့်ပျားသလက်နဲ့ မုန့်စိမ်းပေါင်း စားဖို့ အိုင် တို့ ဖန်မလေီ က ဒရောအတန်းရှင်းန် လုပ်ထားတာပေါ့။ ဘတ်တ် ဒါပေမယ့်လေ… အန်ဖော်ကျူနိတ်တလီး ပါပဲ။ တူဒေးမောနင်း ကျမှ မုန့်စိမ်းပေါင်းသယ်ရော။ မုန့်ပျားသလက်သယ်ရောက မထွက်ဘူး။ အဲ့ဒါနဲ့ပဲ ဘရိက်ဖတ်စ် အတွက် ဘာစားကြမလဲ စဉ်းစားကြရင်းက မစားတာ အတော်လေးကြာပြီဖြစ်တဲ့။ နူဒယ်ဆာလက် ကို စားကြဖို့ဆုံးဖြတ်လိုက်တယ်လေ။ ဒါနဲ့ အိမ်နားက ဈေးမှာရောင်းတဲ့ မစ်(စ်)မူမူ ရဲ့ ဆိုင်ကနေပဲ ၀ယ်ပြီးတော့ တစ်အိမ်လုံးစားဖြစ်တယ်။ သူ့လက်ရာကတော့ တစ်ကယ့်ကို အိတ်ဆဲလဲန့် ပဲ။ အရောင်းအာဝါ၀