Posts

Showing posts from March, 2009

ပင်လယ်ရေ

အရိယာတွေမဖြစ်တော့လည်း ကိလေသာအချစ်ကိုတောင့်တမိတာပဲ အသိတွေမှာ မစစ်လို အချစ်ကို တဏှာလား အနှစ်လား ဒါကအပြစ်လား တဏှာအချစ်ကို တစ်ကယ်မယူပဲ ဘယ်သူလဲ လွန်ဆန်ရဲတာ အလွန်မှန်အမြဲသာ အသည်းက လိုရင်းရှာကြည့်တော့ ကိုယ်ချင်းစာ အသိတွေလည်းပျောက်။ ရဲရဲတောက် တဏှာတွေနဲ့ ငါလေငဲ့ချစ်ဦးမယ်။ အပြစ်ဖုံးနေလည်း အချစ်ဆုံးသူ့ကို ပစ်မမုန်းဘူး ချစ်တယ် အပြစ်ကြွယ်နေတဲ့ တဏှာအချစ်နဲ့ ကဲ…ဘာဖြစ်သလဲ။ ကျော်ညိုသွေး

တမ်းတတဲ့ မိုး

ဧပရယ် နွေအလယ်မို့၊။ တစ်ကယ်တို့နွမ်းစဉ်၊ အလွမ်းရင် ကျွမ်းသမျှ၊ လန်းရဖို့ ... တမ်းတလို့မျှော်ရတယ်မိုး...။ ကျော်ညိုသွေး

လိပ်စာမဲ့ စာလေးတစ်စောင်

အမ ဘ၀ကဆိုးလိုက်တာ ခဏတာအတွေးနဲ့ ဘ၀တာအရေးတွေးလို့ ကျမရွာကပြေးထွက်လာမိတာ မှားလိုက်တာ အစချီလို့ရယ်... မြို့နယ်စာပို့တိုက် က တို့လိုက်ပို့စရာ လိပ်စာမဲ့စာလေးတစ်စောင်ကို တွေ့မိတယ်။ မြေ့မချိစရာ တွေ့အသိမှာ နွမ်းရသမို့ကွယ် တမ်းတလို့ရယ် အမကို ဖြေရှာတဲ့ ပန်းကလေး လမ်းအဝေးက ခဏတောင်မသိနိုင်ရှာတဲ့ အမ တသမျှ ရမယ်လည်းမဟုတ်ပေတယ် အဟုတ်လေ သူလေပန်းပါသတဲ့ လူတွေကိုအမှန်းနဲ့ ထင်လို့မရပါသတဲ့ အမရယ်တဲ့ လကွယ်ညလို မမှောင်ပေမယ့် မလှတယ် စိတ်နှလုံးတွေက ပိတ်ဖုံးနေတဲ့ မာန်မာနတွေနဲ့ မဟန်ပါဟ အကျင့်က အဆင့်တွေခွဲသတဲ့လေ။ မြဲခဲ့တဲ့ ကျင့်သိက္ခာတွေလည်း ဟင့်... မနိပ်ပါဘူး အမရယ်...။ ခဏရယ် ရေချိုးခန်းဝင်မိပါလေတယ် ငွေဝယ်ကျွန်သဘောက်ထက်ပဲ ဆိုးအောင်ပြော ကိုယ်တော်ချော သူဌေးသား အပြေးအလွှားမေ့ထားခဲ့တဲ့ လက်စွပ်ပျောက်တော့ တစ်ချက်မလွှတ်အောင် သွားသွားလာလာ အနားမှာ အရိပ်တစ်ကြည့်ကြည့် မသိတသိ ပေစောင်းစောင်း အချောင်းခံရတယ်။ အမှန်ကကွယ် သူ့သားမကောင်း ပလီပလာက ဘောင်းဘီမှာထည့်သမို့ ကိုယ့်ကိုယ်ကိုမေ့ပေမယ့် တို့ကိုပဲ မြေ့အောင် ဇွတ်အမည်းသည်း စွပ်ဆွဲလည်း စွပ်ဆွဲတယ် ချွတ်လည်းပဲ ချွတ်လဲလို့ရှာခိုင်းတယ်။ ဒါရိုင်းတာပေါ့ အစ်မရယ်။ ငါမဆိုင်းပဲပြေးထွက်လာချင်မိတယ် ဘ၀အ

ကျွန်တော်စည်းကမ်းမရှိပါ။

ကျွန်တော်သည် စည်းကမ်းမရှိသော လူငယ်တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်ငယ်စဉ်ကပင် စည်းကမ်းဟူသည်ကိုအလွန်သဘောမကျပါ။ စည်းကမ်းဆိုသည်မှာ တစ်ချို့နေရာများတွင် အလွန့်အလွန်ကို စိတ်ညစ်စရာကောင်းလွန်းပြီး။ တစ်ခါတစ်ရံတွင် လုပ်စရာရှိသည်များကိုနှေးကွေးစေနိုင်သောကြောင့် ကျွန်တော် သဘောမကျပါ။ ငယ်စဉ်ကလေးဘ၀ ကျောင်းတက်စဉ်အရွယ်က ကျောင်းစာမေးပွဲများတွင် စည်းကမ်းနှင့်ပတ်သက်ပြီး စာစီစာကုံးများပါလာလျှင် ကျွန်တော် ထိုခေါင်းစဉ်အစား တစ်ခြားခေါင်းစဉ်ကိုသာ ရွေးချယ်ဖြေဆိုလေ့ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည်အမှန်တစ်ကယ် စည်းကမ်းမရှိပဲ စည်းကမ်းရှိခြင်းသည် မည်မျှတန်ဖိုးရှိကြောင်း၊ မည်မျှကောင်းမွန်ကြောင်း လိမ်ညာ၍ဖြေဆိုရမည်ကို အလွန်မုန်းမိသောကြောင့်ပင်။ တစ်ကယ့်တစ်ကယ်တမ်း အပြင်လောကတွင် တစ်ချို့သောလူများသည်။ စည်းကမ်းအကြောင်းကို တစ်ဖွဖွပြောဆိုကြသည်။ စည်းကမ်းမရှိသူများကို စည်းကမ်းမရှိဘူးဟု ပြစ်တင်ဝေဖန်၊ ရှုတ်ချကြသည်။ ထိုသို့သောသူများသည်လည်း အမှန်တစ်ကယ်တွင် စည်းကမ်းပြည်ဝပြီး အရာရာကို စည်းကမ်းဘောင်အတွင်း၌နေထိုင်လုပ်ကိုင်ကြသည် မဟုတ်ပဲ လစ်ရင်လစ်သလို စည်းကမ်းကိုချိုးဖောက်ကြသူများဖြစ်သည်ကို ကျွန်တော့်အသက်အရွယ်နှင့် အတွေ့အကြုံအရ တစ်စ