Posts

Showing posts from March, 2010

The Manager Of The Poem

Here You Go ! " A Poem" produced by someone. He gave up the poem to produce another Poem. He is gonna be Given up the current poem to catch next. There is no Poem together with Poet. Kyaw Nyo Thway

ဧပရယ် အရူး

တစ်ကယ်ဆို မင်းမသိလည်း ကိုယ့်တစ်ယောက်တည်းပဲပေါ့ မုန့်တီဆိုင်တွေ တစ်ယောက်တည်းထိုင်တယ် ရေခဲမုန့်ဆိုင်တွေတစ်ယောက်တည်းထိုင်တယ် ကော်ဖီဆိုင်တွေလည်းတစ်ယောက်တည်းထိုင်တယ် သူငယ်ချင်းတွေ လှောင်စရာပြောင်စရာ ငါအရူး။ ဧပရယ်နေပူပူထဲ တစ်ယောက်တည်းလျှောက်သွားတယ် ကားဂိတ်တွေမှာ လူတွေ လူးလာဆန်ခတ် ငါတစ်ယောက်တည်းမှာ မတ်တပ်ရပ် နေတံလျှပ်တွေကြား ရေငတ်တာလည်းမေ့နေခဲ့တယ်။ တံဆိပ်မရှိတဲ့ အင်္ကျီလေးတွေ လမ်းဘေးမှာရောင်းတော့ အထင်သေးတဲ့ မျက်စိနဲ့ ကြည့်မိ၊ တန်ပေမယ့်လည်းမ၀ယ် ၀ဋ်လည်တယ်ဆိုတာဒါပါပဲ။ မုန့်တီဆိုတာ တစ်ယောက်တည်းမသောက်ကောင်းဘူး သီးအောင်သောက်ရအောင် ဘာတွေတွေးနေလဲလို့ ဆိုင်ရှင် အဒေါ်ကြီးက မေးတယ်။ ရှက်တော့ရှက်တာပေါ့ ပါးပါးလေးပါပဲ။ ရုပ်ရှင်ပြီးပါပြီ။ လေးဆယ့်ငါးကားစီးလို့ လှိုင်သာယာကိုပြန်ခဲ့တယ်။ ကျော်ညိုသွေး

Thu Ratha Wah @ Fundaraising Fair For My Suboo Fun Club

Image
ThuRathaWah - Blogger, Joke Maker , Opera Staring, Narrator , Vocalist , Poet  My Creation   Don't Allow Copy !

Surprise !

Image
Hello, I dreamed of you, name of Kyaw Nyo Thaway, last night . I have never been to your blog or never heard of your name ( your name from blog ). When I wake up, I google your name and found you. What a coincidence !!! In my dream, you had girl friend , name of Thandar, a lady whom I know her, but you guys broke up ha ha ha ha But you guys are still friends .... kind of ... long story In dream, I was with her ( even though I don't have contact with her in real world ) and listen what she says about yours story.... . . . Anyway ... I saw your email and just sending mail about the dream ... She

အသိတရား (သို့) ကိုယ့်ယုံကြည်ချက် ၊ ကိုယ့်ဒိုင်ယာရီ

ကဲ..ဘလောဂ့်ဂါ မောင်မိုးက တက်ပြန်ပါပြီ။ ဒီတက်ပိုစ့်စီကြောင်းက ဘယ်သူ့ဆီက မြစ်ဖျားခံသလဲဆိုတော့ ဘလောဂ့်ဂါ စည်ဘီယာ အဲ့လေ…(  သောက်ချင်တာ :P ) ဘလောဂ့်ဂါ စည်သူဆီက နေ တောက်လျှောက်စီးလာတယ်လို့သိရတယ်ဗျ။ ဟုတ်ပါပြီ။ ဒီလိုဆိုတော့လည်း သောက်ရတာပေါ့ကွာ အဲ့..မှားလို့( Calsum ကွေကာ ကြော်ငြာနဲ့မှားသွားတာ :D ) ဒီလိုဆိုတော့လည်းရေးရတာပေါ့။ ကျွန်တော့်အနေနဲ့ ကတော့ ဘယ်နေရာ ရောက်ရောက် အသိတရားကတော့ ဖြည်းဖြည်းတိုးတိုးလာတာပဲ။ ဇရာရင့်လာတာနဲ့ အထာလည်း တင့်လာတာပေပဲကိုး။ အလုပ်ကြမ်းလုပ်တုန်းကလည်း အလုပ်ကြမ်းအလုပ်မို့ ၊ အလုပ်ချောလုပ်တုန်းကလည်း အလုပ်ချောအလုပ်မို့။ ကွန်ပြူတာသုံးတော့လည်း ကွန်ပြူတာသုံးလို့ နောက်ပြီး အလုပ်တစ်ခုပြီး တစ်ခုပြောင်းလို့၊ ရည်းစားတွေ ထားခဲ့လို့၊ အပေါင်းအသင်းများလာလို့ နောက်ဆုံး ဘလောဂ့်ရေးပါများလာလို့၊ Online မှာလေလွင့်တာ များလာလို့ စသည်ဖြင့်ပေါ့လေ။             အရင်က တစ်ယောက်တည်းအေးအေးနေတဲ့တဲ့ ကျွန်တော် Online သုံးတတ်လာတော့ စကားက တစ်အားများလာတယ်။ အပေါင်းအသင်းလည်း များလာတယ်။ အရင်က ကျွန်တော့်ဆီကို ဧည့်သည်သူငယ်ချင်းတွေ လာမလည်ဖူးပေမယ့် Online နဲ့ပတ်သက်လာပြီးနောက်ပိုင်းမှာ သူငယ်ချင်းတွေလာလည်တာတွေရှိတာ

အုံ့ပုန်း

ကိုယ်မက်ခဲ့သော အိမ်မက်တွေလည်းအဆိပ်ခွက်တွေထဲမျောလို့ ၊ တစ်ခန်းရပ်အလွမ်းဇာတ်မို့ ကမ်းစပ်မှာ ရပ်နေတဲ့ကိုယ် အရောင်စုံ လှေကလေးတွေ  ကိုယ်ရှိရာ ကမ်းကပ်ဆိုက်စဉ် လိုက်မယ်တကဲကဲလည်း မထိုက်ရယ်လွဲသမို့ လိုက်ချင်လည်းလိုက်မရ နောက်ကျလို့ ကျောက်ချလို့ပဲ ကမ်းစပ်မှာရပ်မိတယ်။ အလွမ်းဇာတ်ပါ အတတ်သိလည်း မပြတ်အသိမှာ အရင်ထက်ပိုအမှတ်မရှိပါ ကပ်ငြိလို့ ထပ်ထိလို့အခါခါလည်း မနာပါပဲအခါခါကို ငါသာငိုချင်တဲ့ မင်းသားပါပဲ မင်းအနားမှာ ငါခိုနေရင်း မချိလေ အတင်းဖြစ်တဲ့ဝေဒနာ အကြည့်တွေအရင်းစစ်တဲ့နွေအခါ အနေကြာရင်ဝေဆာတာ အသေအချာပဲ ကြေညာမိတော့မယ်။ နဘေကဗျာ ကြည့်လို့ နင်သိလည်း မြင်မကြည့်ပဲ အမြင်အသိနဲ့တင် ရင်ဖိလို့ ရယ်နေမယ်ထင် တကယ်ဘ၀င်စိတ်နှလုံးက အတိတ်တုန်းက  ပိတ်ဖုံးနေတဲ့ ဆိတ်သုဉ်းခဲ့အကြောင်းတွေ ပယ်ရှား တစ်ကယ်များ တောင်းဆုတွေ ရေစက်နီးရင် ပြောင်းပြုမသွေ တစ်သက် ညည်းလင်အဖြစ်နဲ့ဆက်လို့ အသစ်…တို့ရဲ့ရက်တွေ ချစ်လျှက်၊ အသက်တို့လေ ဆွေးတဲ့အထိ မက်မပြေအကြည့်နွေးနဲ့ ဆက်နေမယ် အထိတွေးထားလေရဲ့။ ကျော်ညိုသွေး

Sketch Of Manawkary

Image
My Creation! Hand drawing and retouched by using Adobe Photoshop CS3.