Posts

Showing posts from May, 2009

မိုးဦးလေပြည်

Image
လင်းဦး(စိတ်ပညာ) ၊ ကျော်ညိုသွေး (Mr.Guiter) လင်းရမ္မာ ၊ သူရဿဝါ ၊ သားဖြိုး၊ မိုးခါး ။ Click here to download.

စကားဝှက်

အိုင်တီမှာ လက်ဖက်ရည်သွားသောက်ရအောင် ဦးထွန်းလင်းခြံလမ်းထိပ်မှာစောင့်နေမယ်။ ပိန်ပိန်ရှည်ရှည်လူတစ်ယောက်ရောက်လာမှာလေ ကဗျာအကြောင်းစာအကြောင်းမှမဟုတ်ပါဘူး ဘာအကြောင်း ညာအကြောင်းပဲဖြစ်ဖြစ် သာကြောင်းမာကြောင်းလည်း ပါချင်ပါမယ်။ အိုင်တီမှာလက်ဖက်ရည်သွားသောက်ရအောင်လေ... ပိန်ပိန်ရှည်ရှည်လူတစ်ယောက်ရောက်လာတော့မယ် သူ့ကဗျာထဲမှာ... ငါလိုချင်တဲ့ ချစ်သူမျိုးရှာကြည့်မလို့ ဇောများများ သူနဲ့လက်ဖက်ရည်ခွက်ရှေ့ချမိလိုက်ရင် ချစ်သူတွေ လက်ဖက်ရည်ခွက်ထဲမျောသွားမလား။ လက်ဖက်ရည်တစ်ခွက်တည်း သောက်ပြီး ကဗျာတွေအများကြီး ဖိုထိုးမယ်။ ဦးထွန်းလင်းခြံလမ်းထိပ်မှာ စောင့်နေတယ်ဗျာ.. World without Stranger ဆိုတဲ့ GIORDENO SIGN BOARD အောက်နားမှာပေါ့။ အိုင်တီမှာ လက်ဖက်ရည်သွားသောက်ကြရအောင် ဗျာ... လာ။ ကျော်ညိုသွေး

အချစ်ရေး

Image
  အချစ်ရေး   အလွမ်းဆိုလည်း တစ်ခန်းချင်းစီ နွေတို့တောက်တယ်။ အနမ်းဆိုလည်း ပန်းနှင်းဆီ ဝေလို့မလောက်တယ်။ ဖြေလို့မလောက်တဲ့ ဒါဏ်ရာနဲ့ ဝေလို့မောက်တဲ့ ဂန္ဓမာနဲ့ အပြန်တရာမက ပြန်လာကြသား ကံကြမ္မာက ဖန်လာကြထား ကြံရာမရ တံခါးပိတ်တာနဲ့ ရန်အဖြာက တစ်အားကြိတ်တာနဲ့ ခါး အဆိပ်တက်တာလည်းကြုံ နှစ်ပါးချိတ် မက်စရာလည်းစုံ မျက်နှာလည်း မှုန်လို့ ကောက်တာနဲ့ မျက်လွှာလည်း အစုံတို့တောက်တာနဲ့ ကြုံလို့တောက်လာခဲ့တဲ့ အပျော်နဲ့ နုံလို့ ပျောက်ကာလွဲတဲ့ အချော်နဲ့ အပျော်နဲ့လည်း တစ်ခါ ခနော်ခနဲ့လည်း ပါ မခွဲခွာ ကြင်ဖို့အရေးမှာ အမြဲသာ ရင်တို့လေးစရာလည်းပါ။ ကျော်ညိုသွေး

ဆိုက်ဘာ ကဖေးမှာ

Image
တစ်နေ့တစ်နေ့ အဆင်မပြေ အချိုးမပြေတာတွေထိုင်ပြောနေရရင် ပြီးတော့မှာလည်းမဟုတ်ဘူး။ လူတွေအကြောင်းကို ထိုင်ပြောနေရင်လည်း တစ်နေ့တစ်နေ့ထမင်းစားချိန်နဲ့ အိမ်သာတက်ချိန်တောင်ရှိမှာမဟုတ်ဘူး။ ကိုယ့်စိတ်နဲ့မကိုက်တာတွေကလည်း အများသား။ လူတွေရဲ့စပ်စုချင်စိတ်နဲ့ အလိုက်မသိတတ်မှု့တွေ၊ ကိုယ်ချင်းမစာတတ်မှု့တွေကလည်းပြောရင်ကုန်နိုင်မှာမဟုတ်ဘူး။ အဲ့ဒိထဲကမှ အင်တာနက်ဆိုင်မှာ ဖြစ်ရတဲ့ ပေါက်ကရလေးဆယ်သော အချိုးမပြေတဲ့ဟာတွေကလည်းရှိသေးတယ်။ တစ်နေ့တစ်နေ့ အင်တာနက်ကိုမသုံးမဖြစ်လို့ သုံးနေရပြီဆို အင်တာနက်ဆိုင်မှာ မြင်ရ ကြားရ တွေ့ရတဲ့အဖြစ်တွေက တော်တော်ကို စိတ်ညစ်စရာကောင်းလှတယ်။ ရန်ကုန်မှာ 2002 လောက်ကတည်းက အင်တာနက်ဆိုင်တွေက ဟိုတစ်စဒီတစ်စကနေ ဖြစ်ထွန်းလာလိုက်ကြတာ။ အခုဆို လူငယ်အတော်များများက လက်ဖက်ရည်ဆိုင်ထိုင်တဲ့သူတွေထဲက တစ်ချို့ တစ်ဝက်က အင်တာနက်ဆိုင်မှာထိုင်တတ်လာကြတယ်။ အများစုကတော့ pop ပါပဲ။ chatting နဲ့ social network site တွေထဲမှာပဲအရှိန်တက်နေကြတာပေါ့ ။ ထားပါတော့ ။ အဲ့ဒါတွေရဲ့အကျိုးအပြစ်လည်း မပြောတော့ပါဘူး။ ဘာလို့လဲဆိုတော့ ဘလောဂ့်အတော်များများနဲ့ ဖိုရမ်တွေမှာ ရေးသားဆွေးနွေးတာတွေရှိခဲ့တော့ ပြောရတာသိပ်ရိုးသလိုတောင် ဖြစ်နေပြီ။ မေ

ၾကင္စဦး

Image
Image by millzero.com via Flickr မြင်မြင်သမျှ အဖူးတွေက ပွင့်တော့မလိုလို ရင်ခွင်က အမြူးတွေက ၀င့်ပေါ့ အလိုလို မလင့်ပေါ့ပျို အကြိုက်အတိုင်း ဆောင် အကျင့်တော့ မခို အို…အခိုက်အတိုင်း အောင်စေဖို့ အမှိုက်မှိုင်း အမှောင်တွေစွန့်လို့ အမိုက်တံတိုင်း အယောင်အဆင်လည်း ရိုက်ပိုင်းလို့ချိုး တိုက်တိုင်းအောင်မြင်တဲ့ စစ်သူကြီးလို။ အကြိုက်ခိုင်း မရှောင်ချင်ခဲ့ ဒါ…ချစ်အပူမီးဆိုလည်း မငိုက်မထိုင်း မောင်မမြင်ခဲ့ပါ လှစ်ကျူအညည်းလိုလည်း အသစ်အတူခရီးကိုလည်း ပစ်မယူ ထီးမလိုပဲ ခြစ်အပူမီးလို ကြဲလန်ကာကျစေဦး ချစ်သူအနီးမို့လည်း ကန္တာရတွေ အဆုံးထိပတ်ဖို့ ကျန် ပကာသနတွေလည်း တုံးတိဖြတ်ခဲ့တယ်။ ကျော်ညိုသွေး

ဒီလို ဒီလို ဟေ့ ဒီလို ဒီလိုဟ

လက်ခုပ်တီးမယ့်သူလည်းပေါတယ် Yo လက်ဝါးရိုက်မယ့်သူလည်းပေါတယ် Yo အချွန်နဲ့မမယ်၊ လှော်မယ်၊ ညှော်မယ်၊ ပျော်တယ်ဟေ့ကွယ် ရော်….ဟယ် ဓလေ့လည်းထွန်းနေ ယွန်းနေ တွန်းနေ ခဲ့လေ အစွန်းတွေ အထင်းတွေ အတင်းတွေ ဗျင်းနေ ခပ်နာနာပဲ ညှင်းလေ ၊ အစင်းတွေ ထင်းနေရင်းလေ ဝေ…။ ဟ… ရိုးရိုးသားသားရေးတဲ့ ကဗျာလည်း အဓိပ္ပါယ်အရင်းတွေ ရေထဲမျောနေ ပြောနေ၊ ဖောနေ၊ သဘောတွေကလည်းရေထဲမျောနေ မနောတွေ မချောပေ အသောတွေ အထေ့တွေ မြေ့နေတော့လည်း နေ့တွေညတွေ လေထဲမျော ဟေ…။ မသွေပဲ အလေလည်း မကြွေပဲ မေလည်းမကြေတဲ့ သဘောကိုရောက် ချေလည်းမကြေပဲ လေကွယ် ဝေတယ် အရှည်ပဲ သဘောကိုမပေါက် အပြောကို ပေါက်တာ မချော ဟော…ဂုဏ်မောက်တာ အထင်တွေယိမ်းလို့ အမြင်တွေ ပိန်းလိုက်တာလည်း တောအကုန်ရောက်။ နောက်တစ်ခါလည်းမရေးနဲ့ မနောက်ပါနဲ့ကလေးရဲ့ ကြောက်ပါသေးရဲ့ ခေါက်ကာ ကွေးမယ့် “အနောက်” ကဗျာလေးရဲ့ သခင်။ ပျက်ကာဆွေးမယ်ခက်ပါတယ်ဟယ် အနက် ရှာမတွေးပဲ ရှက်စရာကွယ် မနက်မှာ ရေးတဲ့ Rap ကဗျာရယ်။ ကျော်ညိုသွေး

သရက် နှင့် တမာ

ကျွန်တော် မနက် အိပ်ရာထ၊ မျက်နှာသစ်သောအခါသူ့အသံကိုကြားရသည်။ အသံအောင်အောင်ဖြင့် ရပ်ကွက်အတွင်းရှိ နှစ်လမ်း အကျော်လောက်ထိ ကြားရအောင် အော်တတ်သည်။ ဤသည်မှာ နေစဉ်နေ့တိုင်း။ သူလာလျှင် ဟိုအိမ်၊ သည်အိမ်မှ အသီးသီးထွက်လာကြပြီး အလုအယက်ပင် သူ့ကိုခေါ်တတ်သည်။ တစ်ခါတစ်လေလည်း သူလာတာနောက်ကျလျှင် ထွက်၍ မျှော်ရသည်။လည်းရှိသည်။ လာပြီဆို အလုအယက်။ သူအရင်ခေါ်တာ၊ ငါအရင်ခေါ်တာ စသဖြင့် ဟိုအိမ်၊ သည်အိမ်မှ အငြင်းအခုန်လည်းဖြစ်ကြသည်။ သို့သော် အားလုံး အဆင်ပြေပါသည်။ သူဖန်တီး ဖြည့်ဆည်းပေးလိုက်သည်နှင့် အေးအေးချမ်းချမ်း ဖြစ်သွားကြသည်။ ကျွန်တော်တို့အိမ်နှင့် မလှမ်းမကမ်းတွင် လမ်းထောင့်ကျယ်ကျယ်ကွက်လပ်တစ်ခု ရှိသဖြင့် မနက်အစောပိုင်းနှင့် ညနေပိုင်းများတွင် ကာလသားများ ခြင်းခတ်ခြင်း၊ ဘောလုံးကန်ခြင်း များရှိတတ်သည်။ ဤသို့ ကာလသားများ ၏ကစားဝိုင်းများရှိပြီဆိုလျှင်တော့ ကစားသူများအတွက် ကိုယ်တာကို သူက ချန်ထားပေးရသည်။ သို့မဟုတ်လျှင် ကစားသူများအနီးရောက်လာပြီး သူတို့အတွက်မပါလျှင်တော့ ကစားသူများက ၀ိုင်းဝန်းဆူပူကာ အော်ဟစ်ပေတော့မည်။ ထိုသို့သောအခါမျိုးတွင် သူသည် ပြုံးဖြီးဖြီးကြီးဖြင့် အားလုံးကို ချော့မော့ကာပြောရသည်။ "ဟိုဘက်က အတင်းယူသွားလို့ပါက

Underground ကဗျာ

Image
Underground ကဗျာ ဒါဏ်ရာအဟောင်းတွေကြောင့် Underground ဖြစ်ခဲ့ပြီလား နှစ်နဲ့ချီထားတဲ့ အဆွေးတွေက ကျောက်ဖြစ် နောက်နှစ်ပေါင်းများစွာမှာ တည်မယ့်ကမ်း နဒီရဲ့နှုတ်ခမ်းကို ခပ်ကြမ်းကြမ်း နမ်းချင်နေတဲ့ ကဗျာ စခန်းမဲ့ အ၀ါတွေနဲ့မို့ အလွမ်းနဲ့ ကဗျာတွေကြားထဲ အသွားလည်း တမြည့်မြည့်ရှမယ် ကြည့်မရ အမြင်စောင်းစေမယ့်ကဗျာ အ၀င်မကောင်း ခါးတဲ့ဆေးလို့ ကျဉ်အပေါင်းအများရဲ့ဘေးကိုရောက် ရင်ခေါင်းကို ပုဆိုးတက်ပြီး အငြိုးလက်သီးပြတဲ့ကဗျာလား ဒါထားကွယ်……. ငါကြားတယ်……. မဟာ့ မဟာ အမှားတွေနဲ့ ကဗျာ့ ကဗျာ ကဗျားတွေလည်း ဖြစ်ကုန်ပြီတဲ့ လှစ်-တုန်ရီတဲ့အသံနဲ့ ပြောတယ် မာန်လည်း လျှော့သင့်ပါပြီတဲ့ ငါရယ်ခဲ့ အတန်တန်သာ။ ရန်အဖြာဖြာ မပြတ်သ၍တော့ အပြန်အလှန် ငါ စပ်နေဦးမယ် မခံသာတဲ့ ဓာတ်တွေနဲ့ အမှန်သာ သေနတ်ပစ်နေဦးမယ့် ကဗျာ။ ကျော်ညိုသွေး

စံပါယ် အစွဲ

“ဟင့်အင်း..ဟင့်အင်း ခေါင်းကြီးမစားချင်ဘူး မီးမီးမှမကြိုက်တာ” “အော် မီးလေးရယ် စားလို့ကောင်းပါတယ်ကွ” သမီးငယ်က မဲ့မဲ့ပြီးပြောတော့ သူစိတ်ဆင်းရဲသွားသည်။ ကလေးက ဒီလိုကြက်ခေါင်းကို ဘယ်လိုစားချင်မတုန်း။ သူသိပါသည်။ ဒါပေမယ့်မတတ်နိုင် ရှိစုမဲ့စုလေးနှင့် မကောင်းကောင်းအောင် ချက်တတ်သော ဇနီးသည်ကိုလှမ်းကြည့်တော့ မျက်ရည်ဝိုင်းနေသည် မို့ သူပို၍စိတ်မကောင်း။ သူ့တွင်တာဝန်ရှိပါသည်။ အိမ်ထောင်ဦးစီးအနေဖြင့် မိသားစုအတွက် အကောင်းဆုံးဖန်တီးပေးချင်မိသည်။ လောလောဆယ်တော့ သူလုံးဝမတတ်နိုင်သည်မို့အောင်အည်းသည်းခံက ရှိသမျှငွေအင်အားလေးနှင့် အကောင်းဆုံးဖန်တီးပေးသော ကြင်နာသူ ဇနီးသည်ကိုလည်းကိုယ်ချင်းစာသနားမိသည်။ မျက်ရည်ဝိုင်းနေသည့်ကြားမှ သမီးငယ်ကိုတစ်လှည့်၊ သူ့ကိုတစ်လှည့် ကြည့်ရင်း မျက်နှာလွှဲသွားသော ဇနီးသည်မျက်ဝန်းတွင် သူ့ကိုပြစ်တင်လိုသည့် အကြည့်မပါ။ သူ့အခက်အခဲနှင့် သမီးငယ်ဧ။် အခက်အခဲ လွန်ဆွဲနေသောအဖြစ်ကို သူမကြည့်ရက်နိုင်သဖြင့် မျက်နှာလွှဲလိုက်ခြင်းကို သူကောင်းကောင်းသိပါဧ။်။ ငယ်ငယ်ကတည်းက သမီးငယ်ကို ပုံတိုပတ်စများဖြင့် ချော့မော့လာခဲ့သည်မို့ အခုလည်း ဒီလိုပဲကြံရသည်။ ထမင်းပန်းကန်ကို ကိုင်ရင်း သူ့ကိုငေးမောကြ

Traditional Men's Dance

Image
ကျော်ညိုသွေး

မိုး

Image
မိုး လက်ဆေးမိုးပဲဖြစ်ဖြစ် တစ်ချက်ကလေးညို့လိုက်စမ်းပါမိုး တို့အကြိုက်လန်းလာဖို့ ပျို့အထိုက် တို့စိုက်ထားတဲ့ပန်းတွေ ပွင့်လာရအောင်လို့ ယောင်လို့တောင် မညည်းဘူး ကြီးမှူးခဲ့အစဉ် ရင်ခွင်မှာ တမ်းတ ပန်းရသမျှ လွမ်းညတစ်ညမှာ ပူလောင်အက်ရှ အသက်မက တမ်းတတဲ့မိုး။ အကြမ်းဘ၀ လှမ်းသမျှ လမ်းမမှာ ပန်းအလှတွေ နွေမှာညှိုး မဖြေသာသမို့ ကြေညာလို့ နွေအခါတို့ တမ်းတတဲ့မိုး။ နွေတန်ခူးအလွန်မှာ မမေ့ဘူး အလွန်တရာ မစွံပါ တွန်လာတဲ့ ဥသြလည်း ထုတ်မပြောလည်းသိမယ် အဟုတ်သဘောထဲ ငြိတွယ်နေ။ ပိတိရယ်ဝေမွန်ဖို့၊ MAY လွန်တဲ့အခါ နွေအစွန်မှာ ရေသွန်သလိုရွာလိုက်ပါမိုး။ ကျော်ညိုသွေး