Posts

Showing posts from May, 2013

ဘာကားလဲ - ဘတ်စ်ကား

ဘာကားလဲ - ဘတ်စ်ကား ခင်ဗျားတို့ ဘတ်စ်ကား ခိုးစီးဖူးလား။ ခိုးမစီးဖူးရင် ခိုးစီးကြပါ။ ဘတ်စ်ကားခိုးစီး ရတာဟာ ဘယ်အရသာနဲ့မှမတူ ကျောင်း စာမေးပွဲခန်းမှာ ထက်ပို စိတ်လှုပ်ရှားစရာကောင်းတယ်။ အဲဒီ ရသဟာ ပြောင်မြောက်လွန်းတော့ သိပ်ရင်ခုန်ဖို့ကောင်းတယ် ဆိုတာ သိမှာ ဘ၀မှာ တစ်ခါတော့ ဘတ်စ်ကား ခိုးစီးဖူးခဲ့သင့်တာပဲ။ ခိုးစီး ကြပါ ဘတ်စ်ကား။ အဆင်ပြေရင် ငါးဆယ် ၊ တစ်ရာလောက် ပြန်အမ်းဖို့ပြောပါ။ ခင်ဗျား သိပ်ပျော်နေမှာ။ ခိုးစီးဖို့ အဆင်ပြေဆုံးဟာ ဘတ်စ်ကား ဖြစ်လေတော့ ခင်ဗျားတို့ ကျုပ်တို့ ခိုးစီးကြရမယ်။ ကောင်းကောင်းကြီး ခိုးစီး ကြရမယ်။ ငါးရာတန် တစ်ထောင်တန် ကိုင်လို့ ဘတ်စ်ကား ခိုးစီး ကြတဲ့အခါ။ ဘတ်စ်ကား ခိုးစီး ပြီးတဲ့ အခါ။ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေ စွန့်ထုတ်လိုက်သလို ပေါ့ပါးသွား။ ဘယ်သူတွေ ဘာတွေ တွေး ဘယ်သူတွေ ဘာတွေ အတန်းရှင်းန်း ပေး မနက်ခင်းမှာ အနုပညာတစ်ရပ်ပါ။ မနက်ခင်းမှာ ဘတ်စ်ကား ခိုးစီး ကြပါ။ နေမြင့်လေ အပူချိန်က မြင့်လေ ဘတ်စ်ကား ခိုးစီးတာဟာ UV လောက် အန္တရာယ်မများ ဟောလီးဝုဒ် ဇာတ်ကားရိုက်ကွင်းတွေလောက် မစွန့်စားရဘူး ဘာဂါလေး တစ်ကိုက် ကိုက်လို့ ဘတ်စ်ကား ခိုးစီး ဖူးတဲ့ အကြောင်း သင့်ကိုယ်သင် တွေး အပျိုလေးက သူ့အလှ ခိုင်ပန်းစံ

မျက်လုံးပြူး မျက်ဆံပြူး

မျက်လုံးပြူး မျက်ဆံပြူး အဲဒါပေါ့ မျက်လုံးပြူး မျက်ဆံပြူး ဆိုတာ။ မျက်လုံးလည်း ပြူးတယ်။ ပျက်ဆံ လည်း ပြူးတယ်။ ဘယ်လောက်ကဗျာဆန်လိုက်သလဲ။ မျက်လုံး နဲ့ မျက်ဆံ တစ်ခါတည်း ပြူးနိုင်ဖို့ လွယ်မယ်လို့ ဘယ်သူထင်သလဲ။ မျက်လုံးပြူးတဲ့ အခါ မျက်ဆံ မပြူး၊ မျက်ဆန်ြ့ပူးတဲ့ အခါ မျက်လုံး မပြူး။ မျက်လုံး နဲ့ မျက်ဆံ တစ်ခါတည် ပြူးနိုင်တဲ့ အခါ အဲဒီ ရသ ကို ရသကိုးပါးထဲမှာ ဘယ်နေရာမှာ ကိုယ်စားပြုခိုင်းမလဲ။ မျက်လုံး နဲ့ မျက်ဆံ တစ်ခါတည်း ပြူးတဲ့အခါ အမြင်ကျယ်လာမလား ကမ္ဘာကြီးကို ပိုပြီး ကျယ်ကျယ် မြင်ရမလား ကျွန်တော် တို့ ပြူးဖူး တဲ့ မျက်လုံး နဲ့ မျက်ဆံ ကမ္ဘာကြီး နဲ့ မဆန့်တော့ ။           ။ ကျော်ညိုသွေး

၂ ရက်နဲ့ တစ်ပိုင်း ရှောင်လင် သိုင်းကျမ်း အထူးထုတ်

၂ ရက်နဲ့ တစ်ပိုင်း ရှောင်လင် သိုင်းကျမ်း အထူးထုတ် အင်တာနက် ကိုကျွမ်းကျင်စွာအသုံးပြုတတ်ပြီး အင်တာနက်မှ တဆင့် စိတ်ဝင်စားတဲ့ လူငယ်တွေနဲ တိုက်ရိုက် သယ်ယူ အားသာချက်တွေကတော့ ဆိုင်ခန်း ငှားရမ်းဖို့မလို။ ကိုယ့် အိမ်မှာနေပြီး တိုက်ရိုက်ဆက်သွယ် အမျိုးသမီးငယ်တစ်ဦးက Shopping ထွက်ရင် အချိန် ပေးရတယ်။ ပရိသတ်နဲ့မိတ်ဆက်ပေးဖို့စာမျက်နှာတစ်ခု အရင်ဖန်တီးရပါမယ်။အဲဒီလိုဖန်တီးတဲ့နေရာမှာ  ဖေ့စ်ဘုတ်စာမျက်နှာကိုအသုံးပြုသူ များပါတယ်။ Blogger Page မှာတင်ခဲ့တယ်။ ဒါပေမဲ့ လူ စိတ်ဝင်စားမှု နည်းလို့Facebookကိုရွှေ့ခဲ့တယ်။ ပြီးတော့သိတဲ့သူတွေရော၊ မသိတဲ့သူတွေကိုပါ Inviteလုပ်ခဲ့တယ်။ ဓာတ်ပုံရိုက်ပြီးတင်ရပါမယ်။ အရောင်အသွေး တိတိကျကျ စိတ်ဝင်စားမှုကို ရယူနိုင်ပါတယ်။  Latest Trend ကို နားလည်ရပါမယ်။ စီမံခန့်ခွဲမှုဆိုင်ရာတွေ  နောက်တစ်ခုက ဆုံးရှုံး နစ်နာနိုင်ခြေ ကိုလည်း စီမံခန့်ခွဲနိုင်ရမှာပါ။ ကိုယ်နဲ့မသိ၊ မမြင်ဖူးတဲ့ သူတွေ ဖြစ်တဲ့အတွက် သူ့နဲ့ယုံကြည်မှု တည်ဆောက်ဖို့လိုအပ်ပါတယ်။ဝန်ဆောင်မှုပေးမယ်။ စိတ်ဝင်တစားဝင်ရောက်ကြည့်ရှုဖို့၊ အဲဒီလူတွေကတစ်ဆင့် မိတ်သစ်တွေရလာ ဖို့ အရေးကြီးပါတယ်။ ကိုယ့်ပေ့ခ်ျကို Like လုပ်တဲ

ဖြိုးဖြိုးခိုင်ကဖေး ညနေများ။

ဖြိုးဖြိုးခိုင်ကဖေး ညနေများ။ တစ်ကြောင်း ကဗျာလေးတွေ ရေးမယ် အောက်မှာက တစ်ကြောင်း ကွန်မန့်လေးတွေ ရေးပါ။ ဘ၀ဟာ ကွေ့ကောက်တယ် ဆိုပေမယ့်လည်း တစ်ခုတည်း ၊ မျဉ်းတစ်ကြောင်းတည်း ဘယ်လောက် တောင့်တနေ တစ်ခွက်တည်း သော ချိုပေါ့ကျ ဘယ်လောက် မွှေးမွှေး ဖက်ကြမ်း တစ်လိပ်ချင်း။ တစ်လှမ်းချင်းလှမ်း လာခဲ့ပါ။ သီချင်းတွေ တစ်ပုဒ် ပြီး တစ်ပုဒ် လက်ဖက်ရည် အိုးတွေ တစ်အိုးပြီး တစ်အိုး ငါ့ကြယ်သီး မင်းတပ်ပေးတော့ ၊ မင့် ကြယ်သီး ငါတပ်ပေး။ ညနေခင်းဟာ စီစဉ် တင်ဆက်ပုံကောင်းကောင်းနဲ့ ဖြန့်ရန့်ထားတယ်။ ပုဇွန်ဆီရောင်တွေ နဲ့ ထုပ်ပိုးထားတဲ့ အိပ်တန်းပြန်ငှက်တွေ ရဲ့ စင်မြင့်ဟာ သင်္ခတုပတ္တိဥာဏ် ရင့်သန်စွာနဲ့ပေါ့။ နံရံတစ်ဘက်မှာ အလတ်ဆတ်ဆုံး သစ်သီးလေးရှိတယ်ဆိုတာသိတယ်။ အလတ်ဆတ်ဆုံး သစ်သီးလေးက နံရံတစ်ဘက်မှာ ဘယ်လိုမျက်လုံးမျိုး တောက်ပနေမယ် ဆိုတာ မသိဘူး။ ကျော်ညိုသွေး

ဆန်ဖရန်စစ္စကိုမှာ

ဆန်ဖရန်စစ္စကိုမှာ ဆန်ဖရန်စစ္စကိုမှာ မိုးတွေရွာနေပြီ မို့ ကိုယ့်တို့ သရက်သီးတွေ ကို ထုတ်ရောင်းလိုက်ကြရအောင်လား မင်း ပီဇာ ကြိုက်တယ်ဆိုရင် ငါ့ပခုံးတွေ အနာခံပါမယ်။ နောက်ဆုံးထွက်တဲ့ ဂျာဗားဖုန်းလေး နဲ့ တုန်းက မင်း က သိပ်လှတာပဲ။ အခုတော့ ရေကန်ထဲမှာ ရေညှိတွေ အများသားကွယ် စိုက်ပျိုးထားတဲ့ ကျောက်ကျောပန်းတွေတောင် မှိုင်တွေလို့။ ကိုယ့်ကိုယ်ကို ကြမ်းပြင်လို ခံယူနေကြပေါ့။ နှစ်ကူးချိန်မှာ စပျစ်သီးတွေ ကို အရက်တွေ နဲ့ မပက်လိုက်ပါနဲ့ ဒီထက်ပို ချိုမှာ လည်း စိုးတယ်။ အန်ပုံ အန်နည်း တတ်ပါတယ် မင်းက ထိုင်ခုံ လက်တန်းတွေပေါ်မှာ ပဲ ကိုယ့်ကဗျာ ကို မင်းက တက်ဖိပြန်ပြီ ပြန်ထကွယ် ပြန်ထကွယ် ပြန်ထကွယ် ပြန်ထ ကွယ် ဟာ မြန်မြန် မြန်မြန် ထ ကဲ...ကြည့် ဂစ်တာ ကို ဘာနဲ့ ၀င်ဆောင့်မိတာမှ မကြိုက်ပါဘူးဆို ဒီမှာ ရင်နာရတယ်။ ဘာမှ မဖြစ်တာတောင် ပွတ်သပ် ပြန်လည်ယုယပေးလို့။ ကိုအောင်ခိုင်မြတ်ကို ပြောလိုက်ပါ အပျော်တောင် အကြံမခံရ ဆိုလားဘာဆိုလား အဲဒီကဗျာကို စီးပြီး အတိတ်ကို ခဏလောက် သွားမလို့ လမ်းကြုံရင် ပြောလိုက်ပါလေ။ ဒီနေ့တော့ ဒီလောက်ပါပဲ မို့ရေ...။ ငါ့ကို ကဗျာတစ်ပုဒ်လောက်တောင် ဂရုမစိုက်ကြသူတွေကို ရန်တွေ့မလို့ ဆန်ဖရန်စစ္စကိုမှာလေ။ ကျော်ညိုေ

အချဉ်ဖမ်း ချင်ရင်

အချဉ်ဖမ်း ချင်ရင် ဘာလုပ်ဖို့ သေသပ်ဖို့လိုတယ် ပေါ့။ သကြားလုံး ခိုးစားမယ်ဆိုရင် သကြားလုံး ပုလင်းကို ဘယ်လိုထားသလဲ ဆိုတာကနေ ပုလင်း အဖုံး အရစ်ကို ဘယ်နှစ်ပတ် လှည့်ဖွင့် ရင် ရသလဲ ဆိုတာကိုပါ သကြားလုံး လက်ထဲ မရောက်ခင်မှာ လေ့လာသင့်တယ်။ ကဗျာဆရာ လုပ်မယ်ဆိုရင် အဲဒါလေးတွေ အရင် လေ့လာပါကွာ။ ခေတ်ပြိုင်ကဗျာဆရာ လုပ်မယ်ဆိုရင် သကြားလုံး ခိုးစားနည်း လေ့လာပြီးမှ လုပ်ပါ။ ဘာလို့ဆို သကြားလုံးက ချိုတယ်လေ။ အဲဒါကြောင့် သကြားလုံး များများစားရင် အချိုဓါတ်ပြည့်ဝပြီး တစ်ခုခုက အချဉ်ဆိုရင် တန်းခနဲ သိမယ် မဟုတ်လား။ တကယ်တော့ ခေတ်ပြိုင် ကဗျာဆရာ ဆိုတာ အချဉ်များများ ဖမ်းတတ်ဖို့လိုတယ်။ ခေတ်ကြီးထဲက အချဉ်တွေ ကို ပုံရိပ်ဖမ်းဖမ်းပြီး မှ ကဗျာဆိုတာ ဖြစ်ဖြစ်လာတာမဟုတ်လား။ အဲဒီတော့ အချဉ်ကို အာရုံခံ ကောင်းအောင် အချိုများများ စားသင့်တယ်။ သကြားလုံးပေါ့။ သကြားလုံးကိုလည်း ၀ါရင့်သမ္ဘာရင့် ဖြစ်အောင် စားဖို့က ခိုးစားဖို့လိုတယ်။ အင်း အတိုချုံးလို့ ပြောရမယ် ဆိုရင်တော့ ခေတ်ပြိုင်ကဗျာဆရာ ဖြစ်ဖို့ သကြားလုံး များများ ခိုးစားဖို့လိုတယ်။ လူဘ၀ ရဲ့ အဓိပ္ပါယ်ရှိအောင်လည်း သကြားလုံး များများ ခိုးစားဖို့လိုတယ်။ အချဉ်တွေ ကို အာရုံခံနိုင်မယ့် ဆန

ကျနော်ကတော့ မော်တင်မှာပဲ နေခဲ့တော့မယ်။

ကျနော်ကတော့ မော်တင်မှာပဲ နေခဲ့တော့မယ်။ အေးအေးလူလူပေါ့ ကျနော် ကတော့ မော်တင်မှာပဲ နေခဲ့တော့မယ်။ သူတပါးတွေ ပြောတဲ့ လုပ်သင့်တဲ့အရာ ၊ လုပ်ရမယ့်အရာ လှုပ်ရှားရတော့မယ့် အခြေအနေတွေ ထဲ ဖိနပ် ကို စုံလုံးကန်ချွတ် ဇွတ်မှိတ်လို့သာ။ ကျနော့် ကို မော်တင်မှာ ထားခဲ့ကြပါ။ ကျနော် ဒီထက် ဝေးဝေးရောက်ဖို့ရာ မစွမ်းတဲ့အခါ။ ကျနော့်မှာ ဒီထက်ပို ဝေးဝေးရောက်ဖို့ရာ သင်ကြားရဦးမှာ။ အခုတော့ မော်တင်မှာ...။ သူများတကာတွေ ဒီနေရာက နေ ဝေးဝေး သွားနေတုန်း ကျနော့် ကို မော်တင် ရဲ့ လမ်းဘေး တစ်နေရာမှာ ထားခဲ့ကြပါ။ ကျော်ညိုသွေး

စိတ်မကောင်းခြင်းများ

စိတ်မကောင်းခြင်းများ ပြတ်သွားတဲ့ ဖိနပ်လေး သံယောဇဉ်ရှိနေလည်းကျွန်တော် လွှင့်ပစ်ခဲ့မယ်။ နွေရာသီ မကြိုက်လို့လည်းစိန်ပန်းတွေကိုလည်း ကျွန်တော် မမုန်းဖူးခဲ့။ အာရုံကြောတွေ အားနည်းနေပြီဆိုလေယာဉ်ပျံ သံတွေ ခဏခဏ ကြားရတယ်။ အခုဖြစ်နေတဲ့ ပြဿနာက ဘာလဲ။ ကျွန်တော်တို့ က ဘာလဲ။ လူတွေ က ဘာလဲ။ ဟုတ်တယ် သီချင်းတစ်ပုဒ် လိုပဲမို့အချိန်မရွေး ပြောင်းလဲပစ်နိုင်တယ်။ ယူပါ ၊ ရွေးပါ ၊ ကိုယ့် ပေတံဟာဘယ်လောက်အထိ ရှည်သလဲ။ ကျွန်တော့် သစ်ပင် ဟာ တော့စံနှုန်း သတ်မှတ်ချက်တွေ နဲ့ ပေါက်ရောက်ခဲ့တာ မဟုတ်တော့လည်း။ ခရေတွေကို အကြွေပန်း မို့နှစ်သက်ခဲ့ပြန်တာလည်း မဟုတ်ဘူး။ အညိုရောင် ကို ဖြူစေချင်လို့အဖြူလို့ ကျွန်တော့် ညထဲမှာ "အဖြူ" လို့ နာမည်ပေးလိုက်ပါတယ်။ ဟိုတုန်းက ရှပ်အင်္ကျီ ပွပွတွေကို မမ်မိုရီ ရီကော လုပ်ကြည့်တော့ လှပါရဲ့ သွေးနဲ့ကိုယ် သား နဲ့ ကိုယ်မို့ ကျပ်တဲ့ အင်္ကျီတွေ ဆိုမ၀တ်ဘူး ကျွန်တော်တို့ဟာ စတိုးဆိုင်ရှေ့က ပလပ်စတစ် အရုပ်တွေလည်း မဟုတ်ကြဘူး။ နွေမှာ သစ်ရွက်တွေ ကြွေတိုင်းကျွန်တော်တို့ ကြွေမသွားဖို့ပဲလိုတယ်။ ကမ်းနားသစ်ပင်တွေ လို မပြိုလဲချင်လို့ခပ်ဝေးဝေးမှာပဲ နေပါတယ်။ ရှိစေတော့…. ပလာစတာတွေ ကွာ ချိန်ဟာ ရာ

စိတ်မကောင်းခြင်းများ

စိတ်မကောင်းခြင်းများ ပြတ်သွားတဲ့ ဖိနပ်လေး သံယောဇဉ်ရှိနေလည်းကျွန်တော် လွှင့်ပစ်ခဲ့မယ်။ နွေရာသီ မကြိုက်လို့လည်းစိန်ပန်းတွေကိုလည်း ကျွန်တော် မမုန်းဖူးခဲ့။ အာရုံကြောတွေ အားနည်းနေပြီဆိုလေယာဉ်ပျံ သံတွေ ခဏခဏ ကြားရတယ်။ အခုဖြစ်နေတဲ့ ပြဿနာက ဘာလဲ။ ကျွန်တော်တို့ က ဘာလဲ။ လူတွေ က ဘာလဲ။ ဟုတ်တယ် သီချင်းတစ်ပုဒ် လိုပဲမို့အချိန်မရွေး ပြောင်းလဲပစ်နိုင်တယ်။ ယူပါ ၊ ရွေးပါ ၊ ကိုယ့် ပေတံဟာဘယ်လောက်အထိ ရှည်သလဲ။ ကျွန်တော့် သစ်ပင် ဟာ တော့စံနှုန်း သတ်မှတ်ချက်တွေ နဲ့ ပေါက်ရောက်ခဲ့တာ မဟုတ်တော့လည်း။ ခရေတွေကို အကြွေပန်း မို့နှစ်သက်ခဲ့ပြန်တာလည်း မဟုတ်ဘူး။ အညိုရောင် ကို ဖြူစေချင်လို့အဖြူလို့ ကျွန်တော့် ညထဲမှာ "အဖြူ" လို့ နာမည်ပေးလိုက်ပါတယ်။ ဟိုတုန်းက ရှပ်အင်္ကျီ ပွပွတွေကို မမ်မိုရီ ရီကော လုပ်ကြည့်တော့ လှပါရဲ့ သွေးနဲ့ကိုယ် သား နဲ့ ကိုယ်မို့ ကျပ်တဲ့ အင်္ကျီတွေ ဆိုမ၀တ်ဘူး ကျွန်တော်တို့ဟာ စတိုးဆိုင်ရှေ့က ပလပ်စတစ် အရုပ်တွေလည်း မဟုတ်ကြဘူး။ နွေမှာ သစ်ရွက်တွေ ကြွေတိုင်းကျွန်တော်တို့ ကြွေမသွားဖို့ပဲလိုတယ်။ ကမ်းနားသစ်ပင်တွေ လို မပြိုလဲချင်လို့ခပ်ဝေးဝေးမှာပဲ နေပါတယ်။ ရှိစေတော့…. ပလာစတာတွေ ကွာ ချိန်ဟာ ရာ

နှုတ်ခမ်းလေး

နှုတ်ခမ်းလေး စိန်ပန်း နဲ့ နှင်းဆီနီများ စိုနေသော နှုတ်ခမ်းလေး ရယ်ပါ။ ၀ိုင် များ လို ကိုယ်တကယ်ကြိုက်သော အိုဟို နှုတ်ခမ်းနီလေးပါ။ ဘယ် ကော်လာ လေးကို သူနမ်း ငါ တော့ မပိုင်ဘူးကွာ။ နေသာတုန်းတွေ့မြင်ရသော နှင်းတွေလိုပဲ အရည်ပျော်သွားမှာ။ နှုတ်ခမ်းလေး နှုတ်ခမ်းလေး သူ နှုတ်ခမ်းလေးမှာ... အာရုံခံ ဂလင်းများ လင်းနေတာ အဟုတ်ပါ။ နှုတ်ခမ်းလေး နှုတ်ခမ်းလေး ငါ ချော်လဲလို့သွားတာ။ နှုတ်ခမ်းရာလေး နှုတ်ခမ်းရာလေး နံရံပေါ်မှာ နံရံပေါ်မှာ။ ကျော်ညိုသွေး

အချစ်ကဗျာ

အချစ်ကဗျာ အရင်တုန်းက ကျွန်တော့် မာနတွေဟာ မုန့်လုပ် ထန်းလျှက်ခဲ လို ကြီးခဲ့တယ်။ အခုတော့... ခွေးလျှက်လို့ လုံးပါး ပါးခဲ့ပေါ့ မြေကြီးပေါ်။ ကျော်ညိုသွေး

မိုးယံ နင့်ကို ငါ ချစ်တယ် ဖွင့်မပြောလိုက်ရဘူး။

မိုးယံ နင့်ကို ငါ ချစ်တယ် ဖွင့်မပြောလိုက်ရဘူး။ အခုတော့ နင့်အကြောင်း သတင်းတွေ လိုက်နေ နေပူကျဲတဲမှာ နင့်ထီးကလေး ငါ့ကိုယ်ပေါ်တစ်စွန်းတစ်စ အဲဒါက ဘားလမ်း နင့်မျက်ဝန်းလေး ငါ့ဘက်ကို တစ်စွန်းတစ်စ အဲဒါ ငါ့ သီချင်း ဂစ်တာ ကော့ဒ့်တွေ အသက်ဝင်လာ အဲဒါ ငါ့သတင်း နင်ဟာ ရင်ဖုံးနဲ့လား ငါဟာ တီရှပ်နဲ့လား ကော်ဖီ ချိုချိုတွေ အောက်မှာ ငါခဏခဏ အိပ်ပျော် ဂျင်းအကျပ်တွေ အောက်မှာ ခဏခဏ အိပ်ပျော် မော်လမြိုင်သူတွေ စကားသံထဲမှာ ခဏခဏ အိပ်ပျော် မြေနီကုန်းမှာ ခဏခဏ အိပ်ပျော် ကတ်ကြေးကိုက်တွေ ထဲမှာ ခဏခဏ အိပ်ပျော် ဒီညလည်း အိပ်မြှောင်သံတွေကြားမှာ ပိုးဟပ်ဖြူလေးတွေ ထိတ်လန့်နေရှာပေါ့။ ခင်မောင်တိုး သီချင်းချည်းပဲ ဖွင့်နေတော့ ရန်ကုန်ဟာ ငါ့ကိုပျင်းလာတယ်။ အတိတ်တွေကို ငါ စုစုထား ပါတယ်။ သီချင်းတွေကို ငါ စုစုထား ပါတယ်။ ငွေအကြွေတွေကိုလည်း ငါ စုစုထား ပါတယ်။ ဟိုတုန်းက ပျော်ရွှင်မှုတွေကိုလည်း ငါ စုစုထား ပါတယ်။ ပိုက်ဆံချေးခဲ့ရတဲ့ အချိန်တွေကိုလည်း ငါ စုစုထား ပါတယ်။ သြော်.. ရန်ကုန်လာရင် ငါ့ကို မတွေ့အောင်ရှောင်နေပါ။ ငါကလည်း ဆံပင်အရှည်တွေ ထားပြီး နင့်ကို ပုန်းနေမှာ။ ကျော်ညိုသွေး

ချန်နယ် ပီတီဇက်

ချန်နယ် ပီတီဇက် ပွေးတွေ ပျောက်ကင်းသွားလည်းပဲ နင့်ကိုချစ်မယ်။ ပွေးကုတ်ရတဲ့ အရသာဟာ နင့်ကိုငါ ချစ်ရသလို။ အားပါးပါး အားပါးပါး ကောင်းလိုက်တာကွယ်။ အနာဖေးလေးတွေ လန်သွားရင် အသာပြန်သိပ် နောက်တစ်နေ့အတွက် ငါ ဥ ထားမယ်။ ငါဟာ ပွေးတွေ အပျဉ်လိုက်ကြီး အသက်အရွယ်လမ်းခုလတ်မှာ ပိုင်ဆိုင်ခဲ့။ ဆောင်းတွင်း ရက်တွေမှာကွယ်။ ပွေးမပေါက်ဖူးတဲ့ သူ ဒီကမ္ဘာမှာရှိမလားကွယ့်။ ဖန်ဂီဒန် ကို ဘယ်နိုင်ငံက ထုတ်တယ်။ အဟုတ်ကွဲ့ တောသားကြီးဝဲဆေးဟာ ကိုယ်တို့မြို့သစ်မှာ Hit ဖြစ်ဖူးခဲ့။ ဖို၊ မ ဆင်းရဲ ၊ချမ်းသာ လှပ ၊ ရုပ်ဆိုး အသားဖြူမည်း လူမျိုးမရွေး ဘာသာမရွေး ပွေးပေါက်နိုင်တယ်။ လူလာဖြစ်ရတာ ကံထူးသမို့ပဲ။ နင်နဲ့ငါ ဒီမြေဒီလေမှာ တွေ့ကြတယ်။ ကိုယ်တို့ဘ၀ အောင်မြေဟာ တစ်ချိန်က မြေနိမ့်ရာ လှံစိုက်ခံခဲ့ရတဲ့ နေရာ။ ပွေးပေါက်ဖူးတဲ့ နေရာဟာ အမွှေးတွေ သန်လာတာ ဆန်းသလားကွယ်။ ကြောင်ကလေးတွေ မှာ ပွေးမပေါက်ဘူးကွယ်။ သူတို့က အမွှေးများတယ်။ လူတွေဟာ အရင်က အမွှေးစရပျစ်နဲ့တဲ့ကွယ်။ အခုတော့လည်း ဒါတွေက ကြာခဲ့ပါပြီ။ ပွေး တွေဟာ မှိုကြောင့် ဖြစ်တာတဲ့ အဲဒါကြောင့် ချောကလက်တွေ မှိုမတက်စေနဲ့ ပေါင်မ