Posts

Showing posts from August, 2012

ငေးသူ

ငေးသူ ညီမလေး ဘာအတွက် ညစ်နေမလဲ ဒီညထဲ ကောင်းကောင်း အိပ်စက်လေ။ ကိုယ်တစ်ခါမှ မမ်မိုရီစတစ် ၀ယ်မသုံးဖူး ကိုယ်တစ်ခါမှ ရှုးဖိနပ်မ၀ယ်ဖူး ကိုယ်တစ်ခါမှလည်း စတိတ်ရှိုးမကြည့်ဖူး ဘူး ကွယ်။ ညီမဘေး ဘာအတွက် စိတ်ညစ်နေမလဲ။ မင်းဖုန်းထဲက ဆိုရှယ်နက်ဝဒ်မှာ ကိုယ်ရှိတယ်။ မင်းပိုင်တဲ့ ဂျင်းဂျက်ကက်ထဲ.. မင်းမုန့်ဖိုး ရှိသလောက်ထည့် အိမ်ရှေ့  ထွက် မတ်တပ်ရပ် သက်ရှုလှည့်။ ဘာအတွက် စိတ်ညစ်နေမလဲ။ ကိုယ်တစ်ခါမှ မြူးဇစ် အယ်လ်ဘမ် မာစတာ မရှိဖူး။ ကိုယ်တစ်ခါမှ အီလက်ထရစ် ဂစ်တာ မစမ်းဖူး။ ကိုယ်တစ်ခါမှ နုတ်စ်တွေ မသင်ဖူး။ မင်း အိုင်ပေါ့ထဲက နေရာတစ်ခုမှာ ကိုယ့်သီချင်းရှိတယ်။ နံရံဆီ ကြက်ဥတွေ ပစ်ပေါက်လိုက်ပါ သောက်လက်စ ကော်ဖီတွေ ကင်းဗတ်ပေါ် ပက် ပစ်လိုက်ပါ။ တည်ငြိမ်တဲ့ မျက်လုံးနဲ့ကြည့် အဲဒီမှာ စကားလုံးတွေ ရှိတယ်။ အနက်ရောင်ဆံပင် နဲ့ အဖြူရောင်သွား နို့နှစ်ရောင် အသား နဲ့ လေးထောင့် မျက်နှာထား ညီမလေး ဘာအတွက်ကြောင့် အားငယ်နေမလဲ။ ကျော်ညိုသွေး

ဗီလိန်

ဗီလိန် မင်းလျှောလျှောရှုရှု ဖြစ်နေခဲ့မလား... အဲဒီ ကျူပင် မြက်ရိုင်းတောကလေး ငါတိုးခဲ့ဖူးတယ်။ အေးဆေးသာ အိပ်ပါ သူငယ်ချင်း ငါက လမ်းပေါ်ရောက်နေပြီ။ ငါကတော့ ငှက်ပျောသီး စားချင်လို့ ငှက်ပျောပင် ခုတ်ပစ်ခဲ့တယ်။ မြက်ယားတွေထဲ မင်းလက်ခတ်နဲ့ သီချင်းတွေ လွင်ပါစေ။ စတော်ဘယ်ရီ ခင်းတွေထဲ ဘယ်တော့မှ မတုံးတဲ့ စတော်ဘယ်ရီ သီးတွေ ပေါမှပေါ။ မင်းလည်း စိတ်အလိုမလိုက်ရင် ပျော်ရမှာ။ မင်းရောက်နေတဲ့ တောအုပ်ကလေးက ထူးဆန်းတဲ့ မှော်ဝင်ကြိုးတွေနဲ့ ရစ်ပတ်ထားပေါ့။ ငါတောင် လွမ်းမိတာ ပ ။ ကျော်ညိုသွေး