Posts

Showing posts from January, 2013

ယဉ် ကျေးမေ

ယဉ် ကျေးမေ အချိန်တန်လာတော့ သဘာဝတရားကြီး ရဲ့အောက် မင်းလည်း တောင်ကုန်း ၊ ချိမ့်ဝှမ်းတွေ အသွယ်သွယ် မိန်းကလေး။ ဒီလို သိပ္ပံလွန် ကမ္ဘာက ပါးသည်ထက် ပါးလာတယ်။ အိုဇုန်းလွှာကြီး က ပါးသည်ထက် ပါးလာတယ်။ ယဉ်ကျေးမှု က ပါးသည်ထက် ပါးလာတယ်။ မြို့ပြရဲ့ ငှက်တွေက ပိုမို ရဲတင်းခဲ့ ကလေး။ ပန်းတွေက ဆိုးဆေးနဲ့ လမ်းတွေက ချိုးကွေ့ သည်ထက် ချိုးကွေ့ မိုးနေ့မှာ မင်းဆောင်းတဲ့ ထီးကလေးလည်း အကြည်ရောင် ရေစိုနေတဲ့ ဒီတောင်တန်းတွေ ပြောင်မြောက်စွာ ယိမ်းခါတယ် မင်း ရဲ့ ငလျင်တွေကို တောအုပ်ဆိုင်းဆိုင်း နဲ့ ထိန်းပါကွယ်။ အိုဇုန်းလွှာကြီးကိုလည်း အတုမခိုးနဲ့ ကလေး အခုတစ်မျိုး ၊ တော်ကြာ တစ်မျိုး လေလို ၊ တိမ်လို အရောင်စုံတွေ နဲ့ ခဏတာ အမှန်တရားတွေထဲ မင်း မြေဆီလွှာတွေ အတိုက်စား မခံနဲ့လေ။ အခေါက် ကွာ နေလည်း ပိတောက် အ၀ါတွေ ပြယ်မလွင့်ဘူး။ မင့် တောင် စဉ် တောင်တန်း လျှိုမြှောင် ချိုင့်ဝှမ်း ၊ အဆန်း အပြား တွေနဲ့ မင်းရဲ့ လွင်ပြင်ကျယ် အစွန်းက နှင်းဆီ ယဉ်ကျေးတဲ့ ကဗျာတွေ ဖွဲ့သီလို့ ချိုကြည်တဲ့ မွှေးရနံ့ အဖြာဖြာ နဲ့ မင်းဟာ … စိမ်းပြာရေညှိတွင်းကလေး ကို ပိုင်ဆိုင်သူ။ ဂျင်းန် အပြာ ၊ အစိမ်း တွေ ထဲ

မျက်နှာများ တဲ့ စာအုပ် ၂

မျက်နှာများ တဲ့ စာအုပ် ၂ ခေတ်ပြိုင်ကဗျာ မှာ စာလုံးပေါင်း မှန်ဖို့ မလိုဘူး။ စာလုံးပေါင်းမှန်ရင် ခေတ်ပြိုင်ကဗျာကို မဟုတ်ဘူး။ ခေတ်ပြိုင် ကဗျာဆရာ/ဆရာမ ဆိုရင်.. စာလုံးပေါင်း မှန်အောင် မရေးဘူး။ စာလုံးပေါင်း မှန်အောင် ရေးတာဟာ ခေတ်ပြိုင် လမ်းကြောင်းထဲကနေ သွေဖည်သမှု ပြုလုပ်တာပဲ ဖြစ်တယ်။ စာလုံးပေါင်း မမှန်ခြင်းဟာ ဖောက်လွှဲဖောက်ပြန် ဖြစ်နေတဲ့ စိတ္တဇ ဖေါ်ညွှန်းချက်တွေ ကို တန်ဆာဆင်တာ ဖြစ်တယ်။ ဒါကြောင့် စာလုံးပေါင်း မှန်ဖို့ မလိုဘူး။ စာလုံးပေါင်း မှန်ခြင်းကြောင့် လှနေတယ်။ အလှတရားဟာ လှပခြင်း ထဲမှာ ပျောက်ကွယ် မလှပခြင်း တွေ မှာ အလှအပတွေ ကို ရှာဖွေ ခြင်းခံရတယ်။ ဆိုရှယ်နက်ဝဒ် ထဲက ဗလောင်ဆူနေတဲ့ စတေးတပ်စ်တွေ... ကွန်းဖစ်ဖြစ်စေတဲ့ အစိုင်အခဲတွေ ဆွံ့ အ နေတဲ့ မျက်ခုံးရိုးတွေ နဲ့ အာမေဋိတ်တွေ ရဲ့ တဖျပ်ဖျပ်ခတ်နေတဲ့ အဓိပ္ပာယ် ဟာ စာလုံးပေါင်း မမှန်ခြင်း ပဲ ဖြစ်တယ်။ စာလုံးပေါင်း မှန်ခြင်းဟာ ခေတ်ပြိုင်ကဗျာရဲ့ ရသ အဆီအနှစ်ထဲ မစင် တစ်စက် ထည့်သွင်းခံရသလို မနှစ်မြို့ ဖွယ်တောင် ဖြစ်သေးတယ်။ .... ... ... အဲဒီလို ပြောပြီး... ခေတ်ပြိုင် ကဗျာဆရာဟာ အပျိုစင်မ လေး ရဲ့ ဝ

နံရံဆေးရေးပန်းချီတွေထဲက ဆံနွယ်များ

နံရံဆေးရေးပန်းချီတွေထဲက ဆံနွယ်များ ခေတ်ပြိုင်ကဗျာဆိုတာ ဘာပါလိမ့်ကွယ်။          ။ ကျော်ညိုသွေး

ကြောင်သေးပန်းသွား တဲ့ နံရံ

ကြောင်သေးပန်းသွား တဲ့ နံရံ ဖြစ်တဲ့ အပွင့်တွေက ပို ကျူးရင့် ကြတယ်။ ဂျိုကာ ရေ မင်း ဆို တဲ့ အလွမ်း သီချင်းက ဟောဒီ ပန်းခင်းထဲမှာ တော့ တစ်ခန်းရပ်ဟာသ အရောင်တွေ တောင် ကျ ကုန်ပြီ။ သိပ်တော့ အရောင် မရင့်လိုက်လေနဲ့ ကနွဲ့ ကလျ ၊ ပဲ့ ကျအောင် ဖွဲ့ နွဲ့ ပြီးတော့ ခပ်ရဲ့  ရဲ့   အပြုံး တစ်ချပ်အောက်မှာ ဇွန်၊ ဇူလိုင် လို စိုရွှဲ မင်းမျက်လုံးထဲက တိမ်တွေ ရွဲ သွားရော့မယ်။ နော့..လေ နော့ လေ နော့။ အရွယ်ရောက်ပြီဆိုတော့ ကိုယ့်ပိုင်နက် ကိုယ်ပြင်ဆင် ပွတ်သပ် ရှိသမျှ ဂလင်းတွေထဲ က အငွေ့အသက်နဲ့ အမေ့ခက်မယ့် ကဗျာတွေ ရေးနေတော့လေ... ဆန်းဆန်းပြားပြား လွမ်းတတ်ရင် လေယာဉ်ပျံတွေ တောင် ငှက်ဖြစ်တယ်။ "အသန်း" ရေ... ငါပေးမယ့် ဂျင်းဘောင်းဘီ တစ်ထည်နဲ့ မင်းနွေးပါစေ... မင်းဟာ ရူးတဲ့ ဘီလျံနာ မငိုပါနဲ့ ဆိုလည်း မရ မျောက်တွေ ကို ကိုယ်သတိရတယ်။ သြော်... မျောက်တွေ ကို ကိုယ်သတိရနေပါပေါ့လား။ ကျော်ညိုသွေး

မေး ၂ ခွ

မေး ၂ ခွ ကိုယ့် ကိုယ်ကို မေးမိတယ် နှစ်ခွ အဓိပ္ပါယ်တွေနဲ့ ကိုယ် ကိုယ်တိုင် ရူးမိတယ် နှစ်ခွ သော ရူးပုံနဲ့ ကိုယ့် ကိုယ်ကိုယ် ပြန်မြင်နေရ လမ်းနှစ်ခွ မှာ ကိုယ် နှစ်ယောက်ရယ်။ ကိုယ်ကိုယ်တိုင် ဆင်ခြင်မိ နှစ်ခွ သော ခံစားမှု။ အဲဒီ မြောင်းလေးအတိုင်း ဆင်းသက်မိစဉ် ရေတံခွန်တစ်ခု... တောင်ကုန်း တောင်တန်း ရေပန်းဥယျာဉ်.. ဆင်တွေ ခုန်ဆင်းသွား ချောက်ကမ်းပါး မျက်ဝန်းလို စမ်းရေအိုင် လေးမှာပဲ ကိုယ်ရပ်တန့်တာ ရပ်တန့် မရအောင် ကို။ ဆန်းဆန်းပြားပြား ကိုယ်မဖွင့်နိုင်တဲ့ ရွှေတံခါး စွယ်တော် ရွက်တွေ လိပ်ပြာတွေ လို ကြွေတဲ့ နွေပန်းချီများ ဆောင်းလယ်နှင်းတွေ ထဲမှာ အဖြူ အစိမ်း တွေ မြင်ကွင်းထဲ တိမ်လိုရွေ့  နေ... ခရေတွေရယ်... ပန်းခင်းလမ်းရယ်... စိမ်းမြမြ ဖက်ဖူးတွေရယ်... နေရောင်ခြည် ချိုချိုရယ်... ကိုယ် ကိုယ်တိုင် ရူးမိပါသော နှစ်ခွ သော ရူးပုံရယ်...။ံHead & Shoulder လှိုင်းအလျားတွေရယ်... ရွှေပြည်နန်းရယ်... အစိုင်းရယ်... ဈေးသည် နှစ်ယောက် ပလက်ဖောင်းပေါ် နေရာလုပုံရယ်.. ဒေါက်ထည့်ထားတဲ့ မာစရိုက် ပလက်ဖောင်းလေးရယ်။ တကြော်ကြော် အော်ရောင်းတဲ့ စပါယ်ပန်းကုံးကလေးရယ်။ ဖုန်ထူထူလမ်းက

My Moon - 200 Pound

My Moon - 200 Pound အဆင်မပြေပါဘူး အချစ်ရယ်။ ၀ါးလုံးခေါင်းလောက်ပဲ ရှိတဲ့ ရေတွင်းပေါက်ထဲ။ ကိုယ့် ဂါလံပုံးကလေးနဲ့ ဘယ်လိုရေခပ်မလဲ။ ဗျိုင်း ငှက် ကို မြေခွေးက ၀ါးပိုးဝါးထဲ ထည့်တိုက်တဲ့ ရေ တစ်ဝက်လို ရယ်။ အိပ်မက်ထဲ မှာ ပုလင်းထဲ ထည့်လှုပ်တဲ့ ငါးကလေးတွေ လူးလွန့်ပျံသန်းနေ။ ကျော်ညိုသွေး

ဈေးကွက်ဝင် အပြုံး

ဈေးကွက်ဝင် အပြုံး ဒီမိုကရေစီ ခေတ်ကြီးမှာ ဇာတ်လမ်းတွေ သိပ်မရှားတော့ဘူး သက်သက်ခိုင်။ နွေသစ်ရွက်တွေ ကြွေလို့ ရာဘာပင်လမ်းကလေး အ၀ါရောင်သမ်းတဲ့ သီချင်းတွေလည်း ချောကလက်တွေ အရည်ပျော်သလို "လေ" သွားပြီ။ ခေတ်သစ် မောဟ တွေက ရွှေပြည်အေး တရားလောက်နဲ့ မလုံလောက်တော့ဘူး။ ခေတ်နောက်ပြန်ဆွဲတိုင်း နီယိုကွန် လို့ ယူဆမယ်ဆိုရင် နင့်ကိုငါ နာနာလေး ဆွဲ...ဆိတ်ချင်ရဲ့။ နင်အိပ်မက်က နိုးပါလေစ ကွယ်။ အခုတလော နင့် အထစ်အငေါ့စကားလေးတွေ ထဲ ငါ ပျော်မောခဲ့ရတာ ကော်ဖီ ယင်းထသလို ထတယ်။ ဘေးတိုက်သွားတိုင်း ဂဏန်းမဟုတ်ရပါဘူး အသက်ရေ...။ ၀ါးတံတားကို ကူးရင်လည်း ဘေးတိုက်သွားရတာပဲ။ ကျော်ညိုသွေး

မျက်နှာဖုံးပန်းချီ

မျက်နှာဖုံးပန်းချီ နွေပန်းချီတစ်ချပ်ထဲက စိန်ပန်းနီတွေလို ဘုတ်ဘုတ် ဟာ ရဲတွတ်ခဲ့ဖူးတာပေါ့။ အခုတော့… ဘုတ်ဘုတ်ဟာ စပါးခွံတွေနဲ့ ရေခဲကို ရေဆေးနေတာ ပြောင်ကို မပြောင်နိုင်ဘူး။ သူ့ရဲ့ ညိုညစ်ညစ်နှုတ်ခမ်းသား ဘေးက ချောကလက်ရောင် အသားအရည် ကတော့ အိုးဘရန်ဒီ တစ်ခွက်လို။ မြင်ရတဲ့ မြင်ကွင်းဟာ ချောကလက်တွင်းထဲ မြေပဲတွေ ပြုတ်ကျနေသလိုမျိုး နို့တွေဟာ မလိုင်အပြည့်နဲ့ မိုးပြဲဒယ်ထဲမှာ ဆူပွက်နေသလိုမျိုး လက်ဖက်ရည် ငတ်နေတဲ့ နေ့စားအလုပ်သမားဟာ စားပွဲထိုးလေး လက်ထဲက လက်ဖက်ရည်ခွက်ကို ဝေးရာကနေနီးလာလို့ တမ်းတမ်းတတ လှမ်းယူလိုက်တဲ့အခါ လက်ဖက်ရည်ညိုညိုတွေ ဘောင်ဘင်ခတ်နေသလိုမျိုး။ မှည့်နေတဲ့ စပျစ်သီး ကို ချဉ်တယ်လို့ ပြောရင်လည်း စပျစ်သီးက သူရဲ့ တင်းရင်းမှု နဲ့ ရသကို ရွဲလို့ ပဲ့ ကျနေတဲ့ အထိ လားရာဆီ စုန်ဆင်းလို့ ဒီလိုနဲ့… နွေပန်းချီတစ်ချပ်ထဲက စိန်ပန်းနီတွေလို ဘုတ်ဘုတ် ဟာ ရဲတွတ်ခဲ့ဖူးတာပေါ့။ စပါယ်ရာဟာ… ၀ါးလက်စ နိုင်တီတူး တံတွေးကို လမ်းမပေါ် “ပျစ်” ခနဲ ရှေ့သွာနှစ်ဘက် စေ့လို့ သပ်သပ်ရပ်ရပ် ထွေးချလိုက်တယ်။ ရဲခနဲပဲ။ အလိုက်ကမ်းဆိုးမသိ ခွေးမ ခါးပေါ် လက်နှစ်ဘက် နဲ့ ရုတ်တရ

တေး သရုပ်ဖော်

တေး သရုပ်ဖော် အခုထိ စကားလုံး အငွေ့  လေးတွေ ကြားထဲမှာပဲ ပျော်နေတတ်တုန်း။ မေတ္တာအရေးမှာ ဗီဒိုလှလှ ထဲမှာ ထည့်သိမ်းထားတတ်တဲ့ တန်ဖိုးကြီးဝိုင် ကို ငေး ရီရီဝေ တတ်တဲ့… သစ္စာ။ တိမ်တွေ… လွယ်လွယ် ကပြပုံ အတင်အဆက် မရိုးမဆန်းလွမ်းမောဖွယ်ရာ။ ကျော်ညိုသွေး

လူပြောသူပြော များတဲ့ သတင်း

လူပြောသူပြော များတဲ့ သတင်း မင်းကို ငါ့မိန်းမ ဖြစ်စမ်းစေချင်ပ ကွယ် လို့ ရှေးတုန်းက ယင်းသို့ကို လူပျိုစကား ပြောကြ ဟူလို။ မင်းအတွက် ပ ကွယ် ဆင်မြီး လက်စွပ်တစ်ကွင်းလေ။ မင်းကို မြင်တိုင်း ပ ကွယ်။ စိတ်ကူးထဲမှာ ငါ နှုတ်ခမ်းနီတောင့်လေးကို ထုတ်လိုက်သွင်းလိုက် လုပ်နေမိ သူ ရယ်လေ။ မုန့်ကြက်တိုက် ၊ ကြာဇံဟင်းခါး ၊ မုန့်ဗိုင်းတောင့်နဲ့ မုန့်ကျွဲသည်း ၊ မုန့်စိမ်းပေါင်း ၊ အညာမုန့်လေပွေ အငန်၊ ပြီးတော့ ပလို့ဝ် ပြောင်း စေးစေးလေး ၊ ပြည်က မလိုင်လုံး ၊ ပုသိမ်ဟာလ၀ါ နဲ့ ဟီလာရီ ကလင်တန်ကို ဒေါ်အောင်ဆန်းစုကြည်က ဧည့်ခံတဲ့ မုန့်လိပ်ပြာ၊ ကောက်လှိုင်းကျီ မုန့် ၊ ထန်းသီးမုန့် ၊ရေညှိထမင်းလိပ် နဲ့ ကန်စွန်းရွက်သုပ် ၊ မုန့်လင်မယား နဲ့ ငရုတ်သီးစပ်တဲ့ မန်ကျည်းအချဉ်ရည် ၊ ၀က်သားတုတ်ထိုး ၊ ထန်းရည်ချိုချိုလေး နဲ့ ပဲကြီးလှော် အ၀ါ ၊ စပိုင်အပြာ နဲ့ အာတာပူစီ ။ အဲဒါတွေထက် ပို... မင်းဟာ ကိုယ့်ရဲ့  ရေစိမ် ခေါက်ဆွဲလေးကွယ့်။ မင်းဟာ ဦးထွန်းလွင် တောင် ခန့်မှန်းလို့မရတဲ့ ကိုယ့်ရင်ထဲက လာနီညာ လေး ရယ်လေ။ နွေဦးလေပြေတွေထဲ ဝေ့၀ဲ နေတဲ့ သစ်ရွက် ကြက်ပေါင်စေး တွေရဲ့ အသက်ဓါတ် ရွှေဖီချိ

မပြီးသေးတဲ့ ကဗျာ

မပြီးသေးတဲ့ ကဗျာ ကွမ်းရာရောင်းတဲ့ သူက ကွမ်းရာရောင်း ၊ ဆန္ဒပြတဲ့ သူက ဆန္ဒပြ ၊ သတင်းရေးတဲ့ သူက သတင်းရေး ၊ဝေဖန်ချက်ထုတ်တဲ့ သူက ဝေဖန်ချက်ထုတ် ၊ ရှိုးပွဲသွားတဲ့ သူက ရှိုးပွဲသွား ၊ Date လုပ်တဲ့ သူက လုပ် ၊ အဖြေတောင်း တဲ့ သူက တောင်း။ ထမင်းငတ်တဲ့ သူက ငတ် ၊ ဟင်းငတ်တဲ့ သူက ငတ်။ Air Force One မ၀ယ်နိုင်လို့ စိတ်ဓါတ်ကျသူက ကျ ၊ ပန်းပွင့်လေး ကြွေသွားလို့ ၀မ်းနည်းသူက ၀မ်းနည်း ၊ စိန်ရတုပွဲ ကျင်းပနေသူတွေက ကျင်းပ ၊ မျှော်လင့်ခြင်းကွင်းပြင်မှာ ကြယ်ကြွေ ဆုတောင်းကို ရွတ်သူက ရွတ်၊ အညိုရောင် လက်ဖက်ရည်ဆိုင်မှာ ရဲရဲတောက် ကဗျာတွေ ရွတ်သူတွေ က ရွတ်၊ ပန်းတစ်ပွင့်ရဲ့ ကမ်မီကယ်လ်မှာ အဆိပ်သင့်သူတွေ က သင့်။ လကုန်ရက် အလွန်မှာ မုဒိတာစက္ကူ တွေ စွန့်ကြဲသူက စွန့်ကြဲ၊ သုံးသပ်တဲ့ သူက သုံးသပ် ၊ ကွမ်းစားဆေး ထဲ ဗာဒံရွက်ခြောက်ထည့်သူက ထည့်။ ဒံပေါက်နဲ့ ထမင်းကြမ်း ရော ပြီး လွေးသူကလွေး၊ တစ်ယောက် သုံးလေးသောင်းနဲ့ ဘူဖေး သူတွေ က ဖေး။ တစ်စုံတစ်ယောက်အတွက် ကျောက်ကပ်ကို အလှူပေးသူက ပေး။ သီချင်းရေးတဲ့ သူက သီချင်းရေး ၊ ကား ကျပ်ကျပ် ထဲမှာ စိတ်အလျှင်နဲ့ အိမ်ပြန်သူတွေ က ပြန် ၊ အောနိုက် စက်တန်း ထဲက နေ တိုးထွက်လို့ မနက

Business Hour (ရုံးချိန်)

Business Hour (ရုံးချိန်) ၀င်းဝင်း ဆိုတာရုံးက ကောင်မလေး သူကအထက်လူကြီးတွေအားကိုးရတဲ့သူဆိုတော့ အထက်လူကြီးတွေအတွက် Win ကျွန်တော်တို့ကိုချိုချိုသာသာဆက်ဆံတဲ့တဲ့ပါးချိုင့်လေးနဲ့မို့ ကျွန်တော်တို့အတွက်ခင်မင်စရာ Win ထို့ကြောင့်သူ့နာမည်ဝင်းဝင်း။ အမွှေးတိုင်ဖယောင်းတိုင်မထွန်းပဲ ဆုတောင်းမိတယ်... "အခုတလော ဒေါက်ဖိနပ်သံတွေခဏခဏ ကြားရပါစေသား" ကျော်ညိုသွေး

မျင့်မောင် နဲ့ တွေ့စ က အကြောင်း

မျင့်မောင် နဲ့ တွေ့စ က အကြောင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့တော့ အလုပ်က ရပ်တည်မှု တစ်ခု လို ပြော လူမှုရေး စတေးတပ်စ်မှာတော့ အလုပ်က ၀ါသနာ ၊ အနစ်နာ ၊ ကိုယ့် နှစ်မြုပ်မှု လိုလို နာမည် ၊ အလုပ်အကိုင်နဲ့ စိတ်ဧ။် စေရာ များများ သတင်းလိုလို ၊ သီချင်းလိုလို အရှေ့အနောက် တောင် မြောက် တိုင်းမှာ ကြားနေရတဲ့ ခြေသံများ နဲ့ ကခုန်နေခြင်း။ သစ်တစ်ပင်က ဟိုက်ဒရိုဂျင်လို သက်ပြင်းတွေ မှုတ်ထုတ်လိုက်တယ်… အောက်စီဂျင်လို ခက်ခဲ ခဲ့တဲ့ စိမ်းလန်းခြင်းတွေထဲ ပိုက်ဆံ ၊ ငွေကြေး က လောင်ကျွမ်းလွယ်တယ်… ကွမ်းတရာ ညက်ခန့် ကြာတဲ့ အခါ ရှောင်ထား ရှားထားရတဲ့ စကားလုံးတွေ ၊ အဓိပ္ပါယ်တွေ စာကြောင်းတွေ ၊ မင်းနဲ့ငါ နဲ့ သူငယ်ချင်း ဖြစ်ကြောင်းကုန်စင် ခံစားမှုတွေ ၊ ငယ်ဘ၀ တမ်းတတဲ့ သီချင်းတွေ အချစ်ရေ….လို့ အော်ချင်တဲ့ အရက်နာကျသံတွေ အခုတော့ ခေတ်ပြိုင်ကဗျာ လမ်းကြောင်းပေါ် တက်မရမှာ စိုးစိတ်နဲ့ သံဖိနပ်ကြီးစီးနေမိပေါ့။ အဆင်မပြေလည်း ပျော်အောင်နေပါ တင်မောင်မျင့် ယရစ်ကို ယပင့် ပြောင်းလိုက်တိုင်း မင်းကျေနပ်တယ်ဆို လုပ်ပါ သူငယ်ချင်း ပျော်နေတယ်ဆိုလည်း စိတ်ပျက်လက်ပျက် သီချင်းကိုဆို မင်းကြိုက်တဲ့ Jazz တွေ

လေထုထဲက ရေနံများ - ၂

လေထုထဲက ရေနံများ - ၂ ရွှေစုသလို ၊ ငွေစုသလို ကိုယ်တို့ ဇီးရိုးကစ အသိတွေ စုခဲ့တော့ မာနဟာ ကိုယ့်တို့ ဒဗိုက်စ် ထဲမှာ တမ်ပိုရာရီ မောင်တိန်း။ ဒါဟာ ခေါင်းစဉ်ဖြစ်တယ်။ ဒါဟာ ဦးထုပ်ဖြစ်တယ်။ ဒါဟာ ထရိတ်မတ် ဖြစ်တယ်။ ကလောက်ဒ် ဟာ ကိုယ်တို့ရဲ့  အတုအယောင် မေ့ပစ်လိုက်ခြင်းတွေ ဖြစ်တယ်။ လွှင့်ပစ်လိုက်တဲ့ သိမ်းဆည်းခြင်းတွေ ဖြစ်တယ်။ အသိဥာဏ်ဟာ ဟမ်ဘာဂါ တစ်လုံးရဲ့  ပါဖောမန့်စ်နဲ့ သီချင်းတစ်ပုဒ်ဟာ ပရိတ်သတ်ရဲ့  စာသားနဲ့ အသက်ရှင်ခြင်းဟာ တာ့ခ်ျစကရင်နဲ့။ လမ်းခုလတ်ဟာ မရှိတဲ့ နံရံဟာ ဗာကျူရယ်လီ မက်တီရိယယ် ဟာ သတင်း အရင်းအမြစ်ဖြစ်တယ်။ မသိမသာ ရပိုင်ခွင့်ဖြစ်တယ်။ နှင်းဆီပန်းတွေ ကွယ်လွန်ချိန်လည်း ဖြစ်တယ်။ ကျော်ညိုသွေး

အဟောင်းဆိုင်

အဟောင်းဆိုင် ချောကလက်တော့ ချောကလက်ပဲ ဒါပေမယ့် မှိုတက်။ သမိုင်းတော့ သမိုင်းပဲ ဒါပေမယ့် C Double Plus Basic အချစ်တော့ အချစ်ပဲ ဒါပေမယ့် ပလေးဘွိုင်းသန်းနိုင် သီချင်း မှတ်တိုင်တော့ မှတ်တိုင်ပဲ ဒါပေမယ့် ဓါတ်တိုင် အဟောင်းကြီး လိုလို။ နံရံတော့ နံရံ ယောက်ျားသန့်စင်ခန်းထဲက နံရံ အိပ်မက်တော့ အိပ်မက် ဆောင်းတွင်း အိပ်မက် သီချင်းတော့ သီချင်း ဒါပေမယ့် ဟာသသီချင်း အမှတ်တရ တော့ အမှတ်တရ ဒါပေမယ့် ခလုတ်တိုက်မိမှ အမှတ်တရ ဒီဖြောင့်တန်းနေတဲ့ လမ်းပေါ်မှာ ပရောက်ဆီတွေ ချိန်း ပြီး ကော်ဖီ အရသာတွေ ပြောင်းကြည့်နေတာ ပြန်ဆိုတေးတွေ အငွေ့  ပြန်ခဲ့တာ ကြာပေါ့။ ဖက်ရှင်ကျကျ နဲ့ ကျင်နေတဲ့ ဓါတ်ကို ဆံပင်တွေ သပ်ပြီး ခေတ်ဟောင်းတေးလေးတွေ ညည်းနေတော့။ ပို့စကဒ်အဟောင်းလေးတွေ နဲ့ တဒုတ်ဒုတ်ခုန်နေတဲ့ အန်းနားလော့ Beat တွေ ထည့်ထားတဲ့ ဂိုထောင်ထဲမှာ။ မှော်ဝင်နေတဲ့ ဖဲချပ်တွေထဲ... ဂျိုကာဟာ တက်ခ်ျစခရင်မ် ဖုန်းကို တို့ထိရင်း လမ်းများများ လျှောက်ခဲ့ပေါ့။ ကျော်ညိုသွေး

မျက်နှာစာများ - ၂

မျက်နှာစာများ - ၂ ဈေးကွက်ပျက်နေလည်း လောကတစ်ခုထဲ တိုးဝင်လာမယ့် ဖားသူငယ်တွေ။ ရေခံနေရတဲ့ မိုးတွေ ထဲ ရွာချ လိုက်တဲ့ အသင့်သောက် ရေပုလင်းတွေ။ ဖွံ့ဖြိုးဆဲနိုင်ငံပေါ့ ကောင်းကင်ဓါတ်ကြိုးတွေ အတွက် သစ်ပင်တွေ အနစ်နာခံ အိုဇုန်းလွှာကြီး အပေါက်ပိုကျယ်လာ။ ကမ္ဘာကြီးထဲ(In The World) ငြိမ်းချမ်းရေး နိုဘယ်ဆုတွေ တစ်ယောက်ပြီး တစ်ယောက် ဆွတ်ခူးသွားကြ ကောင်းပါတယ်။ ဒီကမ္ဘာကြီးထဲက လူသားတစ်ယောက်ချင်းစီတိုင်း ငြိမ်းချမ်းရေး နိုဘယ်ဆု ရကြပါစေ။ ဒီလိုတွေးပြီး မင်းအပြောမှာ မင့် ဘော့စ် သောက်တဲ့ အပြာရောင် ယစ်ရွှေရည်ကြောင့် ငါဒီည အတော်မူးခဲ့ပြီ။ စိတ်ကျ တတ်တဲ့ သူငယ်ချင်း သောက်တဲ့ ဗီတာမင်က ဖိုထိုးတဲ့ သီချင်းတဲ့ ခဏခဏ ပြော ဟောဒီ တွင်းထဲက အဖြူတစ်လှည့် အမည်း တစ်လှည့် နှိုက်ထုတ် ရတာလည်း ဟောဒီ သမိုင်းထဲ ငါတို့ တင်ကျန်ခဲ့တဲ့ နှစ်ကာလ များတဲ့ ကွယ်။ ကျော်ညိုသွေး

ချောကလက် အက်ဆေး

ချောကလက် အက်ဆေး ၂၄၃ ကို လှည်းတန်းရောက်အောင် ဒရိုင်ဘာကအမြန် မောင်းလာ ခဲ့တာ ။ ဒီကနေ့ လှည်းတန်း လမ်းဆုံကစပြီး ပြည်လမ်းတစ်လျှောက် လမ်းတွေ ပိတ်ထားမယ်လို့ ရုပ်မြင်သံကြားကနေ ကြေငြာ ထားပြီးသား။ တခြားကားတွေ ကို့လို့ ကန့်လန့် လုပ်ရင်တောင် “လမ်းပိတ်တော့မယ်။ မင်းတို့ကြောင့် လမ်းပိတ်တော့မှာပဲ။” လို့     ဆဲ ဆိုပြီး ၊ အော်ပြီး အမြန်မောင်းတာ ။ သူလည်း လှည်းတန်းပွိုင့် ကိုလမ်းပိတ်တာ လွတ်မယ်ထင်ပြီး ၀င်လာခဲ့လိုက်တာ။ လှည်းတန်းရောက်တော့ မှ လမ်းက ပိတ်နေပြီ။ “အစကတည်းက ဆင်ရေတွင်းဘက်က နေ အောက်ဘက်ကို ဆင်းပြီး မောင်းခဲ့ ရင် အကောင်းသား” လို့ ဒရိုင်ဘာက ညည်းတယ်။ ကားပေါ်ကလူတွေ လည်း အောက် ကို ဆင်းလျှောက်တာနဲ့ ကိုယ်လည်း လိုက်ပြီး ဆင်းလျှောက်တယ်။ လှည်းတန်းက နေ မြေနီ ကုန်းအထိ လမ်းလျှောက် လာလိုက်တာ အခါတိုင်း ဒီပြည်လမ်းမကြီးပေါ်မှာ ကားတွေ သိပ်ကို ရှုပ်ထွေးများပြားနေခဲ့ပေမယ့် ဒီနေ့တော့ ကားတစ်စီးမှ မရှိ။ ဟိုးရှေ့က လူသုံးလေးယောက် ကင်မရာကိုင်ပြီး လျှောက်လာရင်း ကိုယ့်ရှေ့နားလေးအရောက်မှာ သူတို့အချင်းချင်းပြောသံကိုကြားရတယ်။ “ကားတစ်စီးမှ မရှိတဲ့ ပြည်လမ်း ဆိုပြီး ဓါတ်ပုံပြိုင်ပွဲ ၀င်မယ်”  ဆိုလားပဲ။ ဒါကိုြ

ပုံပြင်

ပုံပြင် မြို့ကြီးပြကြီးမှာတော့ ဒီလိုပါပဲ။ အမျိုးကောင်း သမီးလေးတွေရဲ့ အိပ်ခန်းထဲက ဖုန်းစခရင် ပေါ်မှာ မီးတောက်ကလေးရဲ့ ခြေကျင်းဝတ် အလှနဲ့ စကားလုံးတွေကို ဒီညက ရှက်သွေးဖြာနေခဲ့တယ်။ မင်းကိုယ်မင်းတောင် တို့ထိကြည့်ဖို့ မ၀ံ့ရဲခဲ့တဲ့ မင်းရဲ့ အာရုံခံ ကိရိယာလေး ချွေးပြန်နေတော့မယ်။ ခြင်ထောင်ဇာ အကွယ်က ချော်ရည်နွေးနွေးဟာ တယ်လီပသီဆိုတဲ့ အဖွဲ့ ကို ရယ်မောကြတယ်။ ဆယ်ကျော်သက် ကဗျာတွေထဲ က.. ဂန္ထ၀င်မှာ စံတင်လောက် တဲ့ စာသား အတွေး အခေါ် ကြင်နာမှု ၊ သိမ်မွေ့တဲ့ ရင်ခုန်သံ ၊ အယဉ်ကျေးဆုံး အနမ်း ပန်းကလေးတွေညှိုးရင် ငိုရသလား သစ်ရွက်တွေ ကြွေကျရင်ရော ရွက်ဝါလေး တွေ သိမ်ငယ် နေရှာတယ် မျက်ရည်ဝဲစရာ ပ အသည်းထဲမှာ ဓါတ်အားမျှင်းမျှင်းလေး ခိုဝင် အဓိပ္ပါယ်တွေ ထိပ်ဆုံး မှာက.. ဂြိုလ်ပြာပြာလေးပေါ်မှာ ခိုပြာပြာလေးတွေ လုံးထွေးနေကြလေရဲ့။ ရတနာရောင်တွေ ပြိုးပြက် ဘိလိယက် သီးလေး ကျင်းဝမှာ ရစ်သီ အချစ်ကားတွေကြောင့် စစ်သား ဖြစ်ခဲ့ရတာပ လိုင်စင်မဲ့ ဒုံးကျည်တွေ တရစပ် ပစ်ချီ အတုတွေဟာလည်း အားလုံး သူရဲကောင်းဆန်ခဲ့ပြီ။ ကျော်ညိုသွေး

X Rays

X Rays Dancing Floor မှာ Mood အပြည့် နဲ့ ကချင်တိုင်းကနေတဲ့ အလှမယ်လေးလား။ ခင်တန်းလေးထက်က လေတိုက်တိုင်းယိမ်းနေတဲ့ သစ်ရိုင်းပင်ကလေးလား။ Impression ပန်းချီကား။ အခုတော့ ရောင်စုံမီးတွေနဲ့ လွတ်ကင်း မင်းဟာ ကိုယ့်ရဲ့ ရင်ဘတ်ထက်က Dancing Queen အ၀ါ နဲ့ အပြာ နှစ်လွှာထပ် Graffiti ရေးဖို့အတွက် ကြံစည်ရင်း။ လက်ခုပ်သံ ကျယ်ကျယ် ဖွင့် စက္ကန့်တွေ နောက်ချန်ရင်း မင်းလှုပ်ပြတဲ့ ငလျင် ကိုယ်မြေပြင် ၊ မင်းတောင်ကုန်း တဒုန်းဒုန်းခုန် တဲ့ ရင်။ မျက်လုံးထဲ မြင်နေတော့ အဲဒီမှာ လှိုင်းတွေ လှိုင်ဂူထဲ ဗုံတီးနေ အဲဒီမှာ လူရိုင်းတွေ မျက်ဝန်းချင်း ထိခတ်တော့ အသံမဲ့ ရိုင်းမ်တွေ ပတ်လုံးတွေ ထဲမှာတော့ ကြိမ်နှုန်း မြန်တဲ့ ဆိုင်း တွေ အပူနဲ့ အအေး ဆုံမှတ်တွေထဲက သက်တန့်ရောင်စုံ လေးကိုင်းလေး။ မဲ့နေတဲ့ ဘာသာစကားကို ဖော်ပြတဲ့ အိတ်စ်ပရက်ရှင်း စည်းဝါးကိုက် ထွန်းလင်းမှု့ကို အာရုံထဲက ချိန်စက်ရင်း မျှဝေတဲ့ အလေ့အကျင့်ကို မလေ့ကျင့်ပဲ အိပ်မက်ရင်း ကမ္ဘာဦး ကတည်းက မရိုးခဲ့တဲ့ ဖက်ရှင် သွားနေဖူး လမ်းတွေထဲ သွားနေခဲ့တဲ့ Stepping သချာင်္ လို ဖော်မြူလာ တစ်ခုပြီး တစ်ခု ထွက်ရင်း။ လက်ဝါး နဲ လ

ကျောင်းပိတ်ချိန်

ကျောင်းပိတ်ချိန် ကောက်ရိုးတွေ ပြန်လည် သက်ဝင်လာပုံ ဟော..ဟိုမှာ…တံလျှပ်တွေကို ဖမ်းမိတဲ့သူငယ် သူ ရယ်နေလေရဲ့  ။ မေ့ဆေးဆွတ်ခံရမယ့် လက်ကိုင်ပုဝါက ရောင်းထွက်ဖို့ ရာ တစ်ပြင်ပြင် ၊ အအေးထဲ ရောခံရမယ့် အိပ်ဆေးတွေက ပူလောင်အိုက်စပ်။ စီးထားတဲ့ ဖိနပ်က ကိုယ့်ကို ပြန်အားပေးတယ်။ ကျော်ညိုသွေး

လေထုထဲက ရေနံများ

လေထုထဲက ရေနံများ အကြီးကျယ်ဆုံး ဦးနှောက်တွေက အစ အရောင်လွင့် အရောင်မှိုင်း ငွေကြယ်တွေ အဆုံး အာနိသင်မပြယ်သေးသရွေ့ ပူစီဖောင်းလေးတွေဟာ အထက်မှအောက်သို့ သဘာဝတရားနဲ့ ဆန့်ကျင်သွေဖည်လို့ မြင်နေရတဲ့ ရုပ်ရှင်ပြကွက်မှာ ရေနံတွေရဲ့ ဘ၀သစ်ကုန်စည်ဟာ အနုပညာမြောက်လှစွာ ရယ်မောစေတယ်။ ခဲတံမှာ ခဲဖျက်မပါဘူး။ စာရွက်ဟာ ဘေးမျဉ်းမလိုဘူး။ လက်ချောင်းများက အသံပြုတဲ့အခါ တိမ်တွေဟာ တေးကိုဆိုလို့ ကောင်းကင်ဟာ သမိုင်းကိုရေးလို့ အာကာသဓါတ် ထွန်းလင်းတဲ့ လေပြည်ဟာ အရောင်အသွေးသစ် ပန်းချီကိုချယ်လို့။ လိုအပ်ရင်ယူဆောင်သွားနိုင်တယ်။ မလိုအပ်ရင် ချန်ထားခဲ့နိုင်တယ်။ နောင်လာ နောက်သားတွေ အကြောင်းလည်း မရှိ လက်ဆင့်ကမ်း သယ်ဆောင်ရမယ့် တာဝန်လည်း မဟုတ် ရာသီဥတုဟာ အရာရာနဲ့ ကင်းလွတ်တည်ငြိမ်လို့ လင်းလက်နေတဲ့ မျက်နှာကြက်ဟာ မျက်နှာစိမ်းလူတွေ တစ်ယောက်နဲ့ တစ်ယောက် ကို တည်ကြည်ခန့်ငြား ရွှင်ပြစေတော့တယ်။ ရတုန်းရခိုက်မှာ ခဏတာဟာ ပွင့်လင်းစွာ ဟန်ဆောင်ရုံပဲ ဈေးကွက်ရှိရင် လိပ်ပြာလေးရဲ့ ၀တ်ရုံ ဟာ ခါချလိုက်တော့ ခေတ်ပေါ် မိတ်ကပ်ရနံ့တွေဟာ ဇီးရိုးတစ်လှည့် ၀မ်း တစ်လှည့်နဲ့။ ကျော်ညိုသွေး

အငံ

အငံ မင်း ရေအိုးစင်ကလေးမှာ အ၀တ်တင်းတင်းချည်တဲ့အခါ ကိုယ့်မြင်ကွင်း တွေဟာေ၀၀ါး ရွှေသွားတွေ အာကာသဓါတ် ရ ကုန်တယ်။ မင်း ဘူးသီးလေးနုနု လက်ညှိုးနဲ့တောင် မှ ကွယ်…မထိုးရက်။ မင်းအရေပြား ပေါ်က အမွှေးနုနု လေးတွေ နေရောင် ထိုးတိုင်း ပ ထိုးထိုး ရယ် ထောင်ထောင် ငဲ့။ ကျော်ညိုသွေး

ကိုယ့်အသက်အရွယ် ၂၀ ကျော်ပြီး နိုင်းလောက်တော့ ရှိ

ကိုယ့်အသက်အရွယ် ၂၀ ကျော်ပြီး နိုင်းလောက်တော့ ရှိ ဟိုနေ့က မျက်နှာချိုလွင်လွင် နဲ့ စကဒ်ဝတ်ထားတဲ့ကောင်မလေး လေးဆယ့်ငါး ကားပေါ်က ဆင်းသွားတယ။် သူ့တင်ပါး ပိုပိုသာသာ တုန်နေ ခုန်နေပုံလေး အခုထိ မျက်ဝန်းထဲက မထွက် သူ့မျက်ဝန်းတွေ စိုနေပုံလေး အခုထိ ဝေ့၀ဲနေဆဲ။ အခုထိ နွေရာသီပါပဲ ခရေတွေလည်း ပွင့်တယ်။ မသုံးဖူးတဲ့ ဆော့ဖ်ဝဲလ် ဘယ်လိုပဲဖြစ်ဖြစ် အသစ်ပါပဲ အသစ်ပဲကွယ်။ နှစ်ဆယ့်တစ်ရာစုမှာ စမတ်ဖုန်း ကိုင်တာ စမ်းသပ်ချက်တွေ ပြုလုပ်ဖို့ တဲ့။ သူ့လမ်းအကူးမှာ ဘောဒါစပါယ်ရာကြီးလည်း ပတ်ဝန်းကျင်တွေ ကျွတ်ကျကုန်တယ်။ ကိုယ်လည်းပဲ ပတ်ဝန်းကျင်ကို ဆွဲခြုံလိုက်တယ်။ ဂျိုဗန်မက်စ် ရနံ့ နဲ့ ဟို ဘော်ဒီ လှလှ သုခုမကြီးကို မျက်နှာလွှဲ ခဲနဲ့ပစ်လို့ရယ်။ ဒီကြားထဲ ဟိုကောင်တွေ စုံတွဲ ဆိုရှယ်နက်ဝဒ်ထဲမှာ ကညော့နေတာတွေများ သူ့တင်ပါး ပိုပိုသာသာ တုန်နေ ခုန်နေပုံလေးမျာ။ ပြ ... ပြလိုက်ချင်ရဲ့  ကွယ်။ သူတို့ မြက်တွေ စိုက်တယ် မြက်ခင်းတွေပေါ် လှဲအိပ်ကြတယ်။ အခုထိ မြက်တွေ ရဲ့  အယားတွေ ပြောလို့ ဆိုလို့ ကောင်းတုန်း။ မင်းတို့ မြက်တွေ နဲ့ မတူ သူ့တင်ပါးလေး ပိုပိုသာသာ တုန်နေခုန်နေပုံေ

တင် လိုက်တဲ့ ဇာပုဝါ နောက်မှာ ဇော်ဂျီ အက က မိ နေတော့တယ်။

တင် လိုက်တဲ့ ဇာပုဝါ နောက်မှာ ဇော်ဂျီ အက က မိ နေတော့တယ်။ ချော်ပြီး မတွေး နဲ့ ဇော် ငါချစ်တာ မင်းရဲ့ ငလျင်ကြောမသေ တဲ့ ဆင်စွယ်ရောင် တောင်ကုန်းတွေလည်း မဟုတ်ဘူး။ မင်းတစ်ကိုယ်လုံးကို ရှုစားကြည့်တဲ့ အခါ ငါ့အတွေးတွေဟာ ဆူပွက်လာစေပါရဲ့လေ။ ဘာပဲဖြစ်ဖြစ် မင်းဟာ တစ်ကမ္ဘာလုံးက ဂျင်းန်ပန်တွေ ရဲ့ သခင်မ ကိုယ့်ပြည် ကိုယ့်ရွာက ရိုးရာ ချည်ထည် ချည်သားတွေ ရဲ့ အရှင် ဒေါက်ဖိနပ် အမြင့်တွေရဲ့ ကိုယ်ပေါ်က ယိမ်းနွဲ့ ခါရမ်း လေပြည်တွေ လမ်းပျောက်စေတဲ့ သံစဉ်ပဲ စိတ်တော့ မဆိုးနဲ့ ခပ်တိုးတိုး ပြောမယ်။ လင့်ဝတ္တရား ငါးပါးဟာ မင်းရဲ့ အဆင်တန်ဆာ မဟုတ်လည်း သဘာဝကျကျ နဲ့ ငါ့ အိပ်ရာဟာ နွံအိုင်တစ်ခု ဖြစ်ဆဲပဲ ဇော်။ လမ်းများများ မလျှောက်ပါနဲ့ ဇော် မင်း ဖုန်ထူထူ လမ်းတွေ မို့မောက် တွန့်ခေါက် နောက်လူတွေ လမ်းပျောက်လိမ့်မကွယ့် ငါ့ရဲ့ အငေးတခြားတွေကို မင်းရဲ့ အပြေးအလွှားတွေက ရပ်တန့်စေတဲ့ အခါ စိတ်ရော ကိုယ်ပါ ဖောင်းပွ ခဲ့ရပေါ့ကွယ်။ မင်း နှုတ်ခမ်းတွေ က လေးကိုင်း ဆိုရင် အဲဒီ လေးကိုင်း ကို ငါက ခဏခဏ မြှား ပြောင်းပြန် မှားတပ်နေ မိတာပဲ မွန်းမတည့်နိုင်သေးတဲ့ ကိုယ့်ညတွေ။ ကျေ

ဂျလန်းတွေ နေတဲ့ရွာ

ဂျလန်းတွေ နေတဲ့ရွာ ဟေး တိုးတိုး သူတို့ပြောတဲ့ စကားစုတွေမှာ အဓိပ္ပာယ်ရှိတယ်။ ဒါတွေဟာ တဖြည်းဖြည်းပေါက်ဖွားလာတာ ဒီအချိန်မှာ မင်း လက်မခံရင် အဆင်မပြေလောက်ဘူး။ အမှားဆိုတာ မရှိတဲ့ ခဏ မင်းကိုယ်မင်း ယုံကြည်မှု ကိုလွှမ်းခြုံ လေပြေထဲ အသာမျှောတတ်ရင် မင်းကိုယ်မင်း အင်ဖက်တွေကို လွှမ်းရုံ။ မသိတတ်တာက မင်းအမှား သိတတ်တာက တိတ်ဆိတ်တိုးလို့သွား ကြားရတာ မင်းနားကို မင်းသစ္စာဖောက်ထား။ ပက်တမ် တွေ ၊ လိုင်းတွေ ၊ စတုတ်ခ်တွေ၊ စတုန်းတွေ ကာဗ့်တွေ ၊ ဟတ်ဖ်တုန်းတွေ ၊ ကွာတားတုန်းတွေ ဗစ်ဇစ်ဘယ်-အင်ဗစ်ဇစ်ဘယ် ကွန်းဖလစ် တွေ ရှဲဒိုးတွေ ၊ ရှန်တိန် တွေ ၊ ခရော့စ်တွေ၊ ဗလင်းဗလင်းတွေ တွေ့ ပြီ တွေ့ ပြီး မင်းကို နာနာထုထားတာ ဒီကင်းဗတ်ပေါ်မှာ ဝေနေတဲ့ ခရေတစ်ပွင့် မိုက်ကန်းကန်း အရောင်အဆင်း စတစ်ကာ တစ်ခုနှစ်ခုနဲ့ တူတဲ့ တိမ်နွဲ့ ချမ်းမြေ့  တဲ့ တောင်ခြေက အိမ်ကလေးနဲ့ ဟိုက်တက်ခ်တွေ လွန်ဆွဲပွဲ အနားမှာနေဦး။ ခဏတော့စောင့် အသားကျသွားရင် အဆင်ပြေသွားလိမ့်မယ်။ အခုတော့ သူတို့ သောက်သမျှ မင်းမူးဖို့ပြင်ထား။ ကျော်ညိုသွေး

ဂျက်ခ်ပေါ့တ်

ဂျက်ခ်ပေါ့တ် အဲဒီတုန်းကဆို ဆောင်း ရဲ့  ကိုယ်လုံးကိုယ်ပေါက်ကို ကိုယ်သိပ်သဘောကျခဲ့တာပေါ့။ ဂျင်းပန်နဲ့ ဆောင်းက အရမ်းလှတယ်။ ပြန်လာခဲ့ပါ ဆောင်းရယ်... ဒီခေတ်ကြီးက သိပ္ပံခေတ်ကြီးပဲ။ ဆောင်းကတော့ တက္ကနိုလိုဂျီ ကို သိပ်နားမလည်ဘူး သူနားလည်တာက စီးပွားရေးတက္ကသိုလ်နဲ့ သူ့အလုပ်နဲ့ သူ့ ကိုယ်လုံးလှလှ ပေါ် ပြုတ်ကျလာတဲ့ ပုတ်သင်ညို တစ်ကောင်ကိုပဲ ဖက်တွယ်ထားတော့တယ်။ ဒေါက်ဖိနပ်လှလှ တစ်ရန်အတွက် ကိုယ့် ရေတွင်းနက်နက် မတူးချင်တော့ဘူး ဖုန်းမဆက်နဲ့ အွန်လိုင်းဆိုတာ ဒီခေတ်မှာ မင်းရောငါရော အရွယ်မတိုင်ခင် အနည်ထိုင်ခဲ့ရတဲ့ ပလက်ဖောင်းပဲ။ နွေရာသီ ဖုန်ထတိုင်း မင်းကိုသတိရတယ်။ မင်းရဲ့ ကိုယ်လုံးလှလှက ဒေါက်ဖိနပ်နဲ့ ဆိုတော့ ပိုကြွတာပေါ့။ ဟုတ်ပြီ ဆောင်း အသည်းကွဲတာ ဆရာမောင်ဆေးနီမှုန့် တစ်ထုပ်နဲ့ မလုံလောက်ဘူး။ မီးပုံပျံဆိုတာ အချိန်ယူပြီး ပြင်ဆင်ရ လွှတ်တင်ရ တချိန်ချိန်တော့ မြေပြင်ပေါ် သက်ဆင်းရတာပ။ ကိုယ်ကတော့ မီးပုံပျံတွေကို ချစ်သလား မချစ်လား မကွဲပြားဘူး။ အသက်အရွယ်ကြီးရင့်လာလေ အချစ်အပေါ်ထားတဲ့ အတွေးအမြင်တွေ ပြောင်းလဲလာလေ။ ဟုတ်ြ

ချော့ကလက်မှို

ချော့ကလက်မှို အန်တီလေး ကြောင့် ခေါင်းပေါင်း ပေါင်းချင်ခဲ့ရတဲ့ စက္ကန့်တွေဟာ နှစ်တရာကြာမှ ပွင့်တဲ့ သစ်ပင်ရဲ့ ပန်းတွေလို အမှတ်တရတွေ က မှုန်ပြပြနဲ့။ မှိုတက်နေတဲ့ တိပ်သားတွေကြားက ကြည်လင်တဲ့ အသံအပိုင်းအခြားမှာ ကြားရတဲ့ ကြုံတောင့်ကြုံခဲ ဂီတရဲ့  တန်ဖိုးလို။ အိုးစကူးလ် ရက်ပ် သီချင်းလေးတစ်ပုဒ် အန်တီလေးရဲ့  ဣတ္ထိယ တောင်ကုန်းတွေဆီက လွင့်ပျံလာတယ်။ ရည်းစားစာ ဆန်တဲ့ ကဗျာလေး တစ်ပုဒ်တော့ ဒီကမ္ဘာထဲ အလေ့ကျ ပေါက်ခဲ့ပြီ။ လူငယ်ဆိုတာ ဒီလို မိုက်ရူးရဲ အန်တီလေးရဲ့ ချောက်ကမ်းပါး ဘယ်လောက်နက်သလဲ အပြောနဲ့ မယုံ အန်တီလေးရဲ့  နွံ့ ဘယ်လောက် စေးပိုင်သလဲ စာတွေ့ နဲ့ အားမရ။ ဖိုတီဖိုက် ဆိုတာ ကျွန်တော် သိပ်ကြိုက်တဲ့ ကွမ်းစားဆေးပဲ လို့ တွေးတယ်။ အန်တီလေး ဆိုတာ ကျွန်တော် တို့ လူငယ်တွေ ကြည့်တဲ့ ဇာတ်ကားတွေထဲက စိတ်မ၀င်စား ဖြစ်တဲ့ ကာရိုက်တာ။ အန်တီလေး ဆိုတာ နယူးစကူးလ် ရက်ပ်တွေကြားမှာ နားစည်တွေကို ပြုစားတတ်တဲ့ Bass သံ ငုပ်ငုပ်။ နှုတ်ခမ်းနီ တောင့်ကို လှည့်ပြီး ထုတ်လိုက်ပါ အန်တီ။ ကျော်ညိုသွေး

မျဉ်း ပြိုင်များ ဧ။် အဓိပ္ပာယ်

မျဉ်း ပြိုင်များ ဧ။် အဓိပ္ပာယ် မြို့တစ်မြို့မှာ ကျူရှင်တွေ အများကြီး ရှိတယ်။ အဲဒီ အထဲမှာ မှ ရပ်ကွက်တစ်ခုရဲ့ လမ်းထိပ် ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်း ထောင့်တစ်ခုစီမှာ ကျူရှင်ဆရာ နှစ်ဦးက ကိုယ်ပိုင် ကျူရှင်ကျောင်း ထောင်ထားကြတယ်။ ကျောင်းသားတွေကတော့ ကိုယ်ကြိုက်တဲ့ ၊ ကိုယ်သဘောကျတဲ့ ဆရာဆီမှာ တက်ကြတာပါပဲ။ ဒါပေမယ့် ဆရာ နှစ်ယောက်က တစ်ယောက် နဲ့ တစ်ယောက်က သိပ်ပြီး အစေးကပ်ကြပုံ မပေါ်ပါဘူး။ ကျူရှင် ချင်းကလည်း ကပ်လျှက်  ၊ ကျောင်းသားတွေကလည်း ဟိုဘက်ကျူရှင် နဲ့ ဒီဘက် ကျူရှင် အရေအတွက် အတူတူပဲ ဆိုတော့က အပြိုင်အဆိုင်လို ဖြစ်နေတာပေါ့။           အဲဒီလို အပြိုင်အဆိုင် ဖြစ်တာနဲ့အမျှ တစ်ဘက်က ကျူရှင်ဆရာကတော့ အေးအေးဆေးဆေး လို့ ဘေးက အမြင်နဲ့ သိရတယ်။ ဒါပေမယ့် အခြားတစ်ဘက်က ဆရာကတော့ ဟိုဆရာနဲ့ အပြိုင်အဆိုင် ဖြစ်တာ သိပ်သိသာပါတယ်။ ကျောင်းသားတွေ ရှေ့မှာ ဟိုဘက်က ဆရာနဲ့ သူနဲ့ အပြိုင်အဆိုင် ဖြစ်တာ သိသာစေတဲ့ အကြောင်းတွေ စာသင်ရင်းနဲ့ ပြောတာ မျိုးရှိတယ်။ ဟိုဘက်က ဆရာက သူနဲ့ အပြိုင် ငယ်ငယ်လေး ကတည်းက ပြိုင်ဘက် တွေ ဖြစ်တဲ့ အကြောင်း တွေ က အပြောတွေ နဲ့ သိသာစေတယ်။           တစ်ခါတစ်လေဆိုရင် သူနဲ့ အခြားတစ်ဘက်က