Posts

Showing posts from October, 2011

ရုပ်ရှင် ဖြတ်ပိုင်းများ

ရုပ်ရှင် ဖြတ်ပိုင်းများ ပျားရည်ပုလင်းတွေကို မှောက်မိကြတော့ ထိုင်ခုံတွေပေါ်မှာ လနှစ်စင်း အလင်းပြိုင်ခဲ့တယ်။ အမှောင်ဆုံးတွေ လင်းလက်လာတဲ့ အထိပေါ့။ နံရံတွေပေါ်ကို လက်ညှိုးနဲ့ ထိလိုက်တိုင်း တစ်ဘက်ကို ကျွံလို့ဝင် အမှောင်ဆုံးလင်းနေတဲ့ မျက်ဝန်းများ ရေပေါ် အရုပ်ထင်ခဲ့တယ်။ မျက်စိရှေ့ ပိတ်ကားပေါ်မှာ ကုန်းမြင့် ချိုင့်ဝှမ်းများနဲ့ အဒဗန်းချား ငါတို့က… အမှန်တရားကို ရန်မများပဲ ရှာဖွေခဲ့တယ်။ လှန်ထားတဲ့ စာမျက်နှာကို အလွတ်ရအောင် ကျက်မှတ်လို့ မျက်မမြင်ပုဏ္ဏားရဲ့ အသိတစ်ဝက်ကို ခဏငှားလို့ ချစ်မေတ္တာကို ဘာသာပြန်ကြည့်တော့ ရောင်စုံ ပူဖောင်းတွေ မိုးပေါ်ပျံသွား။ ရင်ခုန်ဂီတ ကိုဘာသာပြန်ကြည့်တော့ မျက်နှာပေါ်တိုက်ခတ်တဲ့ လေပြေညှင်းတွေကြား ပျားရည်ပုလင်းတွေ မှောက်မိကြတာပေါ့ကွယ်။ ကျော်ညိုသွေး

လှည်းတန်းဘာဂါ

လှည်းတန်းဘာဂါ အချဉ်ပေါက်နေတဲ့ လေတွေ ရှူရှိုက်နေရတယ် နှာခေါင်းတွေ ကျိန်းနေကြပေါ့။ လိုက်ရန်းနား နဲ့ အေးစိုး နဲ့ အဲဒီမှာ စ တွေ့ တာပဲ။ စီးပွားရေး ၊ စီးပွားစီမံ ၊ ဥပဒေ ၊ သမိုင်း ၊ ပထ၀ီ ၊ မြန်မာစာ အရှေ့တိုင်းဘာသာ ၊ စိတ်ပညာ။ မိုဘိုင်းဖုန်းတွေက ဒုက္ခကို သီချင်းဆို သွားရည်စာတွေက လျှောက်လမ်းကို စင်္ကြန်ခတ် အနာဂတ်ကို ဂျော်ဒါးနိုး ဖိနပ်စီးလို့ လျှောက်လှမ်းကြပေါ့။ တစ်ဘက်ကို တီလားဘီးရား ငါးရာစီနဲ့ ချိန်းထားတဲ့ အစားအစာတွေ ထ ထခုန်တယ်။ စီးကရက်ညှော်တွေလည်း ရေမုန့် နဲ့ မုန့်လင်မယား ညှော်တွေထဲ ချော်လဲ ရောထိုင် ဈေးဘက်လမ်းတကြောမှာ ညခင်းဆို လူတွေ အိုင်တယ်။ ပိုက်ဆံတွေ အကိုင်ကြမ်းတဲ့ စပါယ်ရာ နဲ့ ဘယ် , ညာ တွေ လမ်းဖြတ်ကူးတဲ့ ခဏတာ ဘ၀မှာ ကားတန်းကြီး က လမ်းပေါ်မှာ အိပ်ငိုက်ဖူးတာပဲ ဘေဘီမိုင်လို ၀တ်ထားတဲ့ ရှော်တီလေးရယ် နော့ ။ ကျော်ညိုသွေး

ကျော်ကြားမှု နဲ့ အဆောင် အယောင်

ကျော်ကြားမှု နဲ့ အဆောင် အယောင် ဘ၀မှာ စာမျက်နှာ တစ်မျက်နှာစာလောက် ပိုင်ဆိုင်ခွင့် ရဖို့အရေး သင်ဘယ်လောက် ချွေးထွက်ခဲ့သလဲ။ ဟုတ်ကဲ့ ။ ဂျာနယ်စာမျက်နှာတွေပေါ်မှာတော့ အဲဒီ စာမျက်နှာ တွေအတွက် သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေ ရှိပါတယ်။ နောက်ပြီးတော့ သတ်မှတ်ထားတဲ့ နာကျင်ခံစား မြိုသိပ်မှုတွေ ရှိပါတယ်။ ဒီဇိုင်နာတွေက သင့်ရဲ့ သိမ်ငယ်မှု တွေကို ပရော်ဖက်ရှင်နယ်လီ ပုံဖော်ပေးပါလိမ့်မယ်။ တချို့သော စာမျက်နှာတွေမှာ ခင်ဗျားတို့ရဲ့ ခံစားချက် တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့် ရပါလိမ့်မယ်။ သိပ်တော့ မမျှော်လင့်ပါနဲ့/မျှော်လင့်နိုင်ပါတယ်။ ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ နဲ့ လည်း သက်ဆိုင်တယ်။ စားဝတ်နေရေး ဆိုတာလည်း ပါတယ်။ စာချုပ်ချုပ်ထားတဲ့ စာမျက်နှာတွေ အတွက်တော့ သင့်ရဲ့ အကျိုးအမြတ် ထက် ၊ ၀င်ဆန့် နိုင်မှု က ပိုမိုပါလိမ့်မယ်။ ၀င်နေနဲ့ ထွက်နေ ကြားက ထမင်းချိုင့် တစ်လုံးရဲ့ ရာဇ၀င်ကို သင်သိရှိနိုင်ပါတယ်။ အခုအချိန်မှာ ဆိုရင် ခေတ်ပေါ် တက္ကနိုလိုဂျီ တွေဟာ ကဗျာတစ်ပုဒ်နဲ့ တူလာပါတယ်။ သရော်တဲ့ ကာတွန်း တစ်ကွက်စာတွေဟာ သရီးဒီ တယ်လီဗေးရှင်းန်တွေနဲ့ တူလာပါတယ်။ ပျော်ပွဲစားတွေ နဲ့ အနုပညာဖျော်ဖြေပွဲ တွေ ဟာ ပြောင်းပြန် အချိုးကျလာနေပါတယ်။ အစီအစဉ်မပြီးဆုံးခင်

သနပ်ခါး

Image
သနပ်ခါး Photoshop Painting Created By Kyaw Nyo Thway

စံရတီမိုးမြင့်

Image
စံရတီမိုးမြင့် Photoshop Painting့် Created By KYAW NYO THWAY

ရတနာအေး

Image
Created By Kyaw Nyo Thway ရတနာအေး by Photoshop Painting

မျောက်

မျောက် မျောက်ဟာ တခွီးခွီးနဲ့ တခါတလေ အော်တယ်…။ မျောက်ဟာ မျောက်ဆိုတဲ့ အတိုင်းပဲ အဆော့သန်တယ် မျောက်ရဲ့ ပင်ကိုယ် စရိုက်ကိုက ဂနာမငြိမ်ဘူး ဆိုတော့ မျောက်ဟာ လူတွေရဲ့ ကြားထဲမှာ ပြောလေ့ရှိတဲ့ စကားလိုပဲ မျောက်ရဲ့ စိတ်ဟာ အမြဲတမ်းပြောင်းလဲနေတယ်။ ဒါကြောင့်လည်း လူတွေက “လူ့ စိတ်နဲ့ မျောက်စိတ်နဲ့ အတူတူပဲ” လို့ ပြောတတ်ကြတာပေါ့။ မျောက်ရဲ့စိတ်ဟာ အမြဲတမ်းပြောင်းလဲနေတယ်။ အခုပဲ ဖီးကြမ်း ၊ အခုပဲ သီးမွှေး မျောက်ဟာ အရင်က မိသားစုအသိုက်အမြုံ ရှိခဲ့တယ်။ လောကဓံရိုက်ချက်တွေ ကြားထဲမှာပဲ မျောက်ဟာ တောထဲက မိသားစု အသိုက်အမြုံလေး ပျက်စီးပြိုပျက်ခဲ့တယ်။ မျောက်ဟာ မျောက်မမယ် အရွယ်မှာပဲ မိသားစုဆိုတာကို သံသယ ဖြစ်ခဲ့တယ် “အချစ်ဆိုတာ ဘာလဲ ၊ မိသားစု ဆိုတာဘာလဲ ၊ နွေးထွေးမှု ဆိုတာ ဘာလဲ” မျောက်ရဲ့ မသိစိတ်ထဲမှာ မေးခွန်းတွေ ၀ိရောဓိတွေနဲ့ ပတ်ချာလည်နေခဲ့တယ်။ မျောက်နေထိုင်တဲ့ အဲဒီသစ်ပင် မြင့်မြင့်တွေ ရှိတဲ့ တောကနေ သင်းကွဲ သောင်တင်နေတဲ့ မျောက်ကို  ဘ၀တစ်ဆစ်ချိုး ပြောင်းလဲ စေတဲ့ ကိစ္စ တစ်ခု ပေါ်လာတယ်။ အဲဒါကတော့ မျောက်ရဲ့ ဆွေမျိုးတော်စပ်သူ တစ်ဦးဟာ မျောက်ရွာကလေးကနေ မျောက်တွေ သိပ်များတဲ့ မျောက်မြို့ကို ခေါ်ဆောင်သွားလို့ မျော

ကျေးဇူးမှတ်တမ်း

ကျေးဇူးမှတ်တမ်း ပထမဦးဆုံးအနေနဲ့… ပြည်မြို့ကို ခရီးသွားတုန်းက အဝေးပြေးကားကြီးကို စီးခဲ့ဖူးတာ အမှတ်တရပါပဲ။ ကျွန်တော့်မွေးနေ့မှာ ပီဇာဝယ်ကျွေးဖို့ ပြောခဲ့တဲ့ သူငယ်ချင်းမလေး ၀ါဝါဖြူကြောင့် ပီဇာ စားခဲ့ဖူးတာ အမှတ်တရပါပဲ။ မြို့လယ်ခေါင်လမ်းလျှောက်နေရင်းက နာမည်ကြီး ကဗျာဆရာရဲ့ အသစ်စက်စက် လုံးချင်းဝထ္ထုကြော်ငြာကို ငေးမောဖူးတာ အမှတ်တရပါပဲ။ ကျွန်တော်ဟာ…သိမ်ငယ်တတ်ခဲ့လို့ စင်မြင့် ဖျော်ဖြေပွဲတွေထဲ စီးမျောလို့ မရနိုင်ခဲ့ဘူး။ ကျွန်တော်ဟာ ယုံကြည်မှု မဲ့ခဲ့လို့ ဂီတပွဲတော်တွေကို ကျော်လို့ ကော်ဖီတစ်ခွက်နဲ့ အကျဉ်းချခဲ့တယ်။ ကျွန်တော်ဟာ… ရေမကူးတတ်သလို ၊ ကမ်းစပ်မှာလည်း သွားမထိုင်ခဲ့ဖူးဘူး။ မြစ်တွေပေါ်က တံတားကြီးတွေ ပေါ်မှာ လမ်းလျှောက်ဖူးခဲ့… လမ်းဘေးလောင်းကစားဝိုင်းထဲက ပိုက်ဆံတွေလည်း ငေးမောဖူးခဲ့… လမ်းဘေးထမင်းဆိုင်တွေမှာလည်း မြိန်ယှက်ဖူးခဲ့… မြို့ပတ်ရထားနဲ့ ဆင်ခြေဖုံး သွားရည်စာကိုလည်း တပ်မက်ဖူးခဲ့… ရေစိုနေတဲ့ ဖယောင်းတိုင်လည်း ဖြစ်ဖူးခဲ့… အထင်လွဲခံရတဲ့ လေပြည်လည်း ဖြစ်ဖူးခဲ့… ကျွန်တော် ယူဆောင်လာခဲ့တဲ့ ထီးကတော့ ကောင်းကင် ကို ဖြတ်ဖေါက် မြင်နိုင်ခဲ့တယ်။ ပန်းချီဆရာဖြစ်ချင်တော့… ကံကြမ္မာက ပညာရေးနဲ