Posts

Showing posts from February, 2022

ခရမ်းချဉ်သီးပန်ထွေဖျော်

  ခရမ်းချဉ်သီးပန်ထွေဖျော် _________________________ ခရမ်းချဉ်ပင်ကနေ သီးဝေတဲ့ ခရမ်းချဉ်သီးကလေးတွေအရွယ်ရောက်လာတဲ့အခါ သူတို့ထဲကတချို့ဟာ.. ခရမ်းချဉ်သီးပန်ထွေဖျော်ဟင်းလျာအတွက် သူတို့ကိုယ်သူတို့ ပေးဆပ်တာဝန်ကျေဖို့အသင့်ရှိနေကြလိမ့်မယ်။ မီးခိုးနံ့သင်းတဲ့ဟင်းလျာလေးတစ်ခုဟာ ခရမ်းချဉ်သီးပန်ထွေဖျော် ဖြစ်တယ်။ အနေတော်မီးဖုတ်ပြီးတဲ့ ခရမ်းချဉ်သီးကလေးတွေကို ငရုတ်ဆုံကျယ်ကျယ်ထဲ ထည့်ထောင်းပြီး.. မီးကင်ထားတဲ့ငါးပိအနည်းငယ်ရယ်၊ ကြက်သွန်ဖြူသုံးလေးတက်ရယ်၊ နုပ်နုပ်စဉ်းထားတဲ့ နံနံပင်နဲ့ ငရုတ်သီးစိမ်းကလေးတွေရောမွှေလိုက်တဲ့အခါ သုံးဆောင်ဖို့အသင့်ဖြစ်နေတဲ့ ခရမ်းချဉ်သီးပန်ထွေဖျော်တစ်ခွက်ဖြစ်လာမယ်။ . မီးခိုးရနံ့သင်းနေတဲ့ ခရမ်းချဉ်သီးပန်ထွေဖျော်ကို ထမင်းဖြူဖြူလေးတွေပေါ်ဆမ်းပြီး နယ်ဖတ်လို့စားကြည့်ပါ။ ခရမ်းချဉ်သီးပန်ထွေဖျော်ဟာ ပွဲဝင်တဲ့ဟင်းလျာတစ်မျိုးမဟုတ်ခဲ့ပေမဲ့.. ဆာလောင်နေတဲ့ဝမ်းအတွက်တော့ မြိန်စရာဟင်းတစ်မယ်အဖြစ် အသင့်ရှိနေလိမ့်မယ်။ အကြောင်းအမျိုးမျိုးကြောင့် တခါတလေမှာ မေ့ထားခံရကောင်း ခံရနိုင်ပေမယ့် လိုအပ်တဲ့အချိန်တိုင်းမှာ.. ခံစားချက်ရဲ့ကွက်လပ်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ခရမ်းချဉ်သီးပန်ထွေဖျော်ဟာ တနေရာမှာအသင့်ရှိနေပ