Posts

Showing posts from July, 2010

ပိတုန်း တံဆိပ်

ကြက်ဥရယ် က သုံးလုံး မပျက်အခုတစ်ကယ် အသုံးချမည်သာ ကြံ ဘရန်ဒီမှာ တစ်ဇွန်း ထားသမို့ နွားနို့ရည်က မယွန်းအစိတ်သား သိပ်များရင် ခက်လိုက်မှာမို့ ငှက်သိုက် တစ်ကျပ်သားမှာလေ ရေ လက်ဖက်ရည် သုံးပန်းကန်လုံးနဲ့ ရွှေ အပြုံး အမှန် အသုံးပြန်ရဖို့ ရေနှစ်လုံး ကျန်အောင် မသွေ နှုန်းအမြန် နဲ့ ပေါင်း။ ကျော်ညိုသွေး

ပြက္ခဒိန်များ

အိတ်အ၀ါလေးထဲမှာ တိတ်တိတ်လေးပုန်းနေတဲ့ လကုန်ရက်တွေ။ ကမ္ဘာဦးတုန်းက သီချင်းက အခုတော့ သရော်စာဖြစ်သွား ငါ့အပေါ်မှာ မိုးထားတဲ့ သက်တံတွေများတယ်။ ကျော်ညိုသွေး

ဟင်းဖတ်

ပါပါးနဲ့ မာမားက မေးတဲ့အခါ ကိုယ့်အကြောင်းထဲမှာ အနုပညာလည်း ၀ါသနာပါတာ ချန်လှပ်ထားခဲ့ကွယ်…။ အင်ဂျင်နီယာ တစ်ယောက်က ပြောဖူးရဲ့.. စိတ်တွေလေနေလို့သာ ကဗျာတွေ ရေးကြသတဲ့။ ကိုယ်တို့ရဲ့ ဘော်ဒါတွေကတော့ လက်တွေ့နဲ့ စိတ်ကူးယဉ် မှာ ဟိုဘက်အခြမ်း နဲ့ ဒီဘက်အခြမ်း ခေါင်းနဲ့ပန်းပါပဲ။ ပါပါး နဲ့ မာမား အမြင်အတွက် စီးပွားရေး သမားလေးအသွင် သားမက်ကလေးပဲ ဖြစ်ချင်ပါတယ်။ ရင်ထဲက အနုပညာတွေ ဖွက်လို့ ကိုယ့်အခက်အလက်တွေ ကြားထဲက ရွက်ပုန်းသီး ကဗျာလေးတွေပဲ တိတ်တခိုးချိုနေမယ်။ အနုပညာ နဲ့ အောင်မြင်ဖို့ထက် အိမ်ကလေး တစ်လုံးအသွင် ပီပြင်လာဖို့ ကြုံလာတဲ့အခါ။ ကိုယ့်အက္ခရာတွေလည်း ခ၀ါချ ကိုယ့်မျက်လွှာတွေလည်း အသာချ ပကာသန တိုက်ပုံဝတ်လို့ ကဗျာက အမှိုက်ပုံဖြစ်လို့ရယ်။ ကိုယ်ကတော့ သစ္စာကိုချစ်လို့ မေတ္တာကိုနှစ်ချို့အောင်ပေါင်းဖို့ အချစ်ကဗျာကို ပစ်လို့တောင် ထားခဲ့ပါ့မယ် ညီမလေး။ အခုတော့…. ကိုယ့်ကဗျာတစ်ပုဒ်က ညီမလေးရဲ့ ဖိနပ်တစ်ရံဖိုး ကိုယ့်အိတ်ကပ်မှာက အချစ်အတွက် မညီမျှသေးတဲ့ ရောင်စုံခြယ်ကျပ်တန်တစ်ချို့ လောကဓံနဲ့ ဘောကန်ဆဲပါပဲ အသီးအပွင့်တွေ ကလည်း တစ်ခါတစ်လေ နပ်မမှန်လို့ ကွင်းပြင်ကျယ်ထဲက လေတွေ အဆုတ်ထဲထိ တစ်အားရှို

နာရီလက်တံများ

အရင်ကတော့ ကိုယ့်ကိုယ်ကို ဖာသိဖာသာ နေတတ်တယ် ထင်ခဲ့တာ။ အရင်ကတော့ ကိုယ့်ကိုယ်ကို သွေးအေးတယ်ထင်ခဲ့တာ။ အရင်ကတော့ ကိုယ်ဟာ သစ္စာရှိတယ်ထင်ခဲ့တာ။ အရင်ကတော့ ကိုယ်ဟာ ရိုးသားတယ်ထင်ခဲ့တာ။ အရင်ကတော့ ကိုယ်ဟာ ရှက်တတ်တယ် ထင်ခဲ့တာ။ အရင်ကတော့ ကိုယ်ဟာ အချစ်ကို ကိုးကွယ်တတ်ခဲ့တယ် ထင်ခဲ့တာ။ အရင်ကတော့ ကိုယ်ဟာ ငွေကြေးကို မခင်တွယ်တတ်ဘူးထင်ခဲ့တာ။ အရင်ကတော့ ယောက်ျားမှာ ဖိနပ် ၊ မိန်းမမှာ နားကပ်ဆိုတာကို နားမလည်ဘူး ထင်ခဲ့တာ။ အရင်ကတော့ ကိုယ်ဟာ အင်္ဂလိပ်စာကို မချစ်တတ်ဘူးထင်ခဲ့တာ။ အရင်ကတော့ ကိုယ်ဟာ တိုင်းတပါးကို အထင်မကြီးတတ်ဘူးထင်ခဲ့တာ။ အရင်ကတော့ ကိုယ့်အတွက် passport တစ်ခု မလိုအပ်ဘူးထင်ခဲ့တာ။ အရင်ကတော့ ကိုယ့်ကိုယ်ကို မာန ကြီးလွန်းခဲ့တယ် ထင်ခဲ့တာ။ အရင်ကတော့ ပညာကိုတန်ဖိုးမထားတတ်ဘူးထင်ခဲ့တာ။ အရင်ကတော့ ကိုယ်ဟာ အနုပညာကို ချစ်တတ်တယ် ထင်ခဲ့တာ။ အရင်ကတော့ ကိုယ့်မှာ ဘာမှမရှိရင်တောင် ရိုးဂုဏ်လေး ရှိတယ် ထင်ခဲ့တာ။ အရင်ကတော့ တစ်ယောက်တည်း နေတတ်တယ် ထင်ခဲ့တာ။ အရင်ကတော့ ကိုယ်ဟာ အောက်မေ့တသခြင်း ကင်းတယ်လို့ ထင်ခဲ့တာ။ အရင်ကတော့ ကိုယ်ဟာ ညဉ့်နက်နက်ကို ကြောက်တတ်ခဲ့တယ် ထင်ခဲ့တာ။ အရင်ကတော့ hi tech တွေကို မမက်မော တတ်ဘူးထင်ခဲ့တာ။

Status after divorce (SAD)

Status after divorce (SAD) အချစ်တွေ …. ဝေမျှလိုက်ရတော့ မုန့်တွေလည်း.. တစ်ယောက်တည်း အထီးကျန်စွာစားရတယ်။ ကြင်နာသူမရှိရင် သူ့အတွက်စဉ်းစားစရာလည်းမလို ဟင်းစားမှာလည်း အချင်းမများပဲ ထမင်းများလည်းပို။ အမြဲလိုလို အငိုက်တစ်ယောက်တည်း အကဲပို အကြိုက်တစ်ယောက်လည်းမရှိတော့ အမြဲကို ဗိုက်မှောက်လည်းမှောက် တကတည်းကို လိုက်သောက်လည်းသောက် ဗိုက်ခေါက်လည်း ကောက်လို့ဆွဲမယ့်သူမရှိ။ အကြိုက်သောက်လည်း ရောက်လို့တွဲမယ့်သူမရှိ မှောက်လို့လည်း လဲချင်ရာလဲ။ မကြောက်လို့ပဲ မွဲချင်ရာမွဲ သောက်လို့လဲ ဆဲချင်ရာဆဲ ကွဲချင်ရာကွဲ မြဲချင်တာလည်း မမြဲမှတော့ အမြဲအစဉ်သာပဲ ဆွဲ ထင်ရာဆွဲကိုင်လို့ လှဲချင်ရာလှဲ ပွဲမြင်ရာထဲလည်း ကဲ…၀င်ပါဆဲ ချဲချင်တာလည်း အမြဲ။ ကျော်ညိုသွေး