Posts

Showing posts from February, 2009

တစ်ခါတုန်းက ဒုက္ခ၊ အခုတော့ ဟာသ

ကျွန်တော်ငယ်ငယ်(ငယ်ငယ်ဆိုတာ သုံးလေးနှစ်သား ကျောင်းမတက်ခင်အရွယ်)က အဖြစ်အပျက်လေးတစ်ခုကို ပြန်ပြီးအမှတ်ရမိပါတယ်။ အဲ့ဒိတုန်းက ကျွန်တော်တို့ မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့မှာ နေတုန်းကပေါ့။ အဖေကရန်ကုန်ကို တစ်နှစ်ကိုနှစ်ကြိမ်လောက် အကြောင်းကိစ္စတစ်ခုနဲ့ အမြဲတမ်းသွားရတယ်။ အိမ်မှာ အဘွားရယ်၊ အမေရယ်၊ ကျွန်တော်ရယ်ပဲကျန်ခဲ့တာပေါ့။ ကျွန်တော်ငယ်ငယ်က တော်တော်ဆိုးတယ်လို့ပြောရမယ်။ တစ်ခုခုဆိုပေကပ်ကပ်နဲ့ ပြောရဆိုရလည်းကျပ်တတ်တယ် ( အခုလည်း အဲ့ဒိအကျင့်က နည်းနည်းကျန်သေးတယ်ထင့်ပါ့) ။ တစ်နေ့ ကျွန်တော့်အဘွားက လူကြီးပီပီ နေထိုင်မကောင်းဖြစ်ပါလေရော။ ဒါနဲ့အဘွားက အိမ်ခေါင်းရင်းဘက် ဘုရားစင်ရှေ့မှာ အိပ်နေတယ်။ အမေကလည်း အဘွားကို ဝေယျာဝစ္စ ကူညီနေတာပေါ့။ အဘွားအိပ်တဲ့နားမှာ သွပ်သေတ္တာနှစ်လုံးကိုထပ်ပြီး ထားတယ်လေ။ ကျွန်တော်ကလည်းခပ်ဆော့ဆော့ဆိုတော့ ဟိုပေါ်တက် ဒီပေါ်တက်လုပ်ရင်း သေတ္တာနှစ်လုံးထပ်ထားတဲ့အပေါ်ကနေခုန်ချပါလေရော..။ ဒါနဲ့အမေက "ဟဲ့ ဘွားဘွားကြီး နေမကောင်းလို့အိပ်နေတယ် မဆူနဲ့" လို့ပြောတာပေါ့။ ဒါလည်းကျွန်တော်က မမှတ်ဘူး။ ထပ်ခုန်ချတာပဲ။ ဒါနဲ့အမေကလည်းထပ်အော်ရတာပေါ့။ ဒါလည်းမရသေးဘူး သေတ္တာပေါ်ကိုပြန်တက် ပြီးပြန်ခုန်ချတာပဲ။ သံုးခါေ

ပြန်မရနိုင်တော့သောကာလလေးများ

အသင် ဆိုတာ မေ့ရဲ့ ငယ်သူငယ်ချင်းအရင်းကြီးတယောက်ပါ ။ ငယ်ငယ်တည်းက အတူကစားအတူစားခဲ့ကြတဲ့အဖော်၂ယော က်။ တယောက်ကိုတယောက် သံယောဇဉ် သိပ်ကြီးကြသူ နှစ်ဦး။ ဘယ်အရာကြောင့်မှ အသင်နဲ့မေ ကြားက သူငယ်ချင်းဆိုတဲ့သံယောဇဉ်ဟာ ပျက်ပြယ်ဖို့မရှိသလို တယောက်ကိုတယောက်နားကျည်းမုန်းတီးသွားဖို့ဆိုတာလည်း မဖြစ်နိုင်ခဲ့ပါဘူး။ အသင်ကလူချောတယောက် ကောင်မလေးတွေဝိုင်းဝိုင်းလည်ေ နသူ။ မေ ဆိုတာ အသင့်ဘေးကသာမာန်သူငယ်ချင်းမလေး တစ်ဦး မထင်မရှားကောင်မလေးတဦးမျှပါပဲ ။ အသင်ရဲ့မြောက်မြားလှစွာသော ချစ်သူရည်းစားတွေကြားမှာ အောင်သွယ်အဖြစ် လုပ်ပေးရတဲ့ ကောင်မလေးဆိုလည်းမမှားပါဘူး။ အသင့်ကောင်မလေးတွေကြောင့် တခါမှစိတ်အနှောက်အယှက်မဖြစ်ဖူး တဲ့မေ့ကို မေ့သူငယ်ချင်းတွေက အသင်နဲ့မေ ကိုစရင်တောင် မေနည်းနည်းရှက်တာကလွဲလို့ အသင်ကိုယောင်လို့တောင် သူငယ်ချင်းဆိုတဲ့စည်းအပြင်ကနေ ချစ်မကြည့်ဖူးခဲ့ပါဘူး ဒါကိုအသင်လည်းအသိ မေလည်းအသိ။ မေနဲ့အသင်ရဲ့ အေးဆေးနေတဲ့ သူငယ်ချင်းဘ၀ထဲကို မင်းမင်း ရောက်လာတော့တဲ့အချိန်မှာ.... လမ်းထဲက မင်းမင်း ဆိုတဲ့ကောင်လေး တယောက် မေ့ကိုလိုက်နေမှန်းသိချိန်ကစလို့ အသင် မေ့အပေါ်မရိုးသားတော့ပါဘူး.. ကို ယ့်ခြံထဲကကြက် ဘယ်အချိန်ထုတ

ကိုဂစ်တာဟုခေါ်သည်။

ကိုဂစ်တာ ဘိလပ်လိုတော့ မစ္စတာဂစ်တာ ကိုဂစ်တာလို့ အခေါ်ခံချင်လို့ ပေးထားတဲ့နာမည် ကိုဂစ်တာ။ အဖျားဆွတ်ခေါ်တာမဟုတ်တဲ့ နာမည်က ကိုဂစ်တာ နာမည်အပြည့်အစုံကိုက ကိုဂစ်တာ ကိုကိုဂစ်တာမဟုတ်တဲ့ ကိုဂစ်တာ အသက်ကလည်း 20 ကျော်တာ အတော်လေးကြာတဲ့ ကိုဂစ်တာ။ မပျက်သေး အသက်လေးဆယ်ကျော်လည်း ဦးဂစ်တာ မဖြစ်ချင်တဲ့ ကိုဂစ်တာ။ ဂစ်တာရှေ့မှာ "ကို" ကလွဲပြီး ဘာမှမပါတဲ့ ကိုဂစ်တာ ဂစ်တာ မတီးတဲ့ ကိုဂစ်တာ။ ချစ်တတ်တဲ့ ကိုဂစ်တာ ကိုဂစ်တာ စိတ်တိုတတ်တဲ့ ကိုဂစ်တာ ကို+ဂစ်+တာ = ကိုဂစ်တာ KO + Guiter = Ko Guiter Mr. + Guiter = ကိုဂစ်တာ (or) Mr.Guiter. www.mrguiter.co.cc က ကိုဂစ်တာ။ My Name is just "Ko Guiter". လေးစားစွာဖြင့်.... ကိုဂစ်တာ။ ကျော်ညိုသွေး

သူ…..

တွေ့ဆုံခြင်းများစွာ တွင် သူနှင့်တွေ့ဆုံခြင်းသည် ပဟေဠိဆန်သော တွေ့ဆုံမှု့တစ်ခုဖြစ်ခဲ့သည်။ အမှတ်တစ်မဲ့ တစ်ခုအတွက် အမှတ်တစ်ရ ဖြစ်နိုင်သော အခြေအနေတွင် သူနှင့်ကျွန်တော် စတင်တွေ့ဆုံခဲ့သည်။ တွေ့ဆုံခြင်းမှာ စနစ်တစ်ကျလွဲမှားနေလိမ့်မည်ဟု ကျွန်တော် ထိုစဉ်ကမသိခဲ့။ ဟိုးအရင်အတိတ်တွင် ကျွန်တော်မမက်ဖူးသော အိပ်မက်များထဲတွင် သူ ပါဝင်ခဲ့သည်။ မထင်မှတ်စွာဖြင့် ရင်ခွင်တွင် မြည်ခဲ့သော ခေါင်းလောင်းသံတို့သည် မှာယွင်းစွာ အသံထွက်ခဲ့ပြီး အဆီအငေါ်မတည့်သော ဝေဒနာတွေသာ တည်ခဲ့သည်။ ပန်းစကားတို့ဖြင့် တစ်ခါတစ်ရံ သူနူးညံသည်။ ဆူးခက်တို့ဖြင့်တူသော မာနတရားတို့ ဖြင့် တစ်ခါတစ်ရံ သူ ခက်ထန်သည်။ မှန်ကန်ခြင်းမရှိသော်လည်း မှားယွင်းသည်ဟု ခေါ်ဆိုမရသော သူ့ အတ္တအခန်းငယ်တို့သည် လင်းလက်လျှက်ရှိသည်။ အဆိပ်သင့်ခဲ့ပြီဟု ကိုယ့်ကိုယ်ကို မှတ်ယူရင်း မှားယွင်းသော စိတ္တဇ တို့ကို ကိုယ်ကိုယ်တိုင် တိတ်တခိုးဝန်ခံခဲ့ပြီး၊ ကိုယ်ကိုယ်တိုင် တိတ်ဆိတ်စွာပင် ငြင်းပယ်ခဲရခြင်းဖြင့် ဝေဒနာ ပုံရိပ်တစ်ချို့ကို နှလုံးသား တံခါးနံရံတွင် ရိုက်နှိပ်ခဲ့ရသည်ကို သူမသိခဲ့ခြေ။ ခရေကိုကောက်ရင်း နှင်းဆီပန်းကို လွမ်းနေမိသော ကိုယ့်ကိုယ်ကို မုန်းသည်။ သူသည် နှင်းဆီပန်း တစ်ပွင့်ဟု ကျွန

ပြည်ခရီးသွား

Express ကားပေါ်မှာပြတဲ့ ဖန်စီဇာတ်လမ်းလေးကလန်းတယ် ကားအနောက်မှာကျန်နေခဲ့တဲ့ ပန်းကလေးကိုလည်း လွမ်းမပြယ် ဘေးဘီဝဲယာ ရှု့ခင်းတွေကတော့ ရိုးမလိုနဲ့ ဆန်းကျယ် လှိုက်မောမှု့တွေနဲ့ ပေါ့ မကျေလည်တာတွေ အံကြိတ်ဖြေဖို့အတွက် နိုင်တီတူးနဲ့ လှမ်းဝယ်။ ကျော်ညိုသွေး

ကတိ(၂)

အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ စီပီယူမှာ အလွမ်းတွေ မနိုင်မနင်းဖြစ်တဲ့အခါ ထိန်းသိမ်းထားဖို့ Ram နှစ်လိုင်း အပိုပါသတဲ့။ လိုလိုမယ်မယ် လို့ထင်ပါရဲ့ကွယ်။ ကိုယ်ခရီးသွားတုန်းက ပိုကြီးသွားခဲ့တဲ့ အသက်ကလည်း သုံးလေးငါးရက်။ ပြီးခဲ့တဲ့ အလွမ်းနဲ့ တစ်ခန်းရပ်ပြဇတ်ကိုလည်း အရှုံးပေးထားလျှက်။ အပြုံးလေးများဝေဆာဖို့ ဖြေသာဖို့ပေးတဲ့ ပန်းစည်းလည်း အလွမ်းမီးနဲ့ ညှိုးမှာစိုးလို့ရယ်။ တိုးလို့ရယ် ချစ်နိုင်ဖို့ အငြိုးတို့ရယ် မဖြစ်နိုင်သမို့ ချစ်မိုင်တိုင်တွေစိုက်ပါ့မယ်။ ကျော်ညိုသွေး

နောက်ကွယ်

Image
မြို့လယ်ခေါင်လျှောက်သွားတုန်း မင်းနဲ့ကိုယ်လုံးကိုယ်ပေါက်တူတဲ့ ဂျင်းန်ပန်လေးတွေ တွေ့ တယ်.....။ မင်းနဲ့တူတဲ့ ဆံပင်အဖြောင့်တွေကလည်း ကိုယ့်စက္ကန်တံတွေကိုတုန်လှုပ်စေလို့ အရုပ်မတွေက လည်း မှန်နောက်ကနေ မင်းနှုတ်ခမ်းတွေခဏငှားလို့ပြုံးပြတယ်။ ငါမင်းကိုဘယ်လောက်ချစ်တာတွေ ငါ့အမေသာသိရင် ရင်ကွဲလို့သာနေတော့မယ်။ ကျော်ညိုသွေး

ဖေဖော်ဝါရီ ဆယ့်လေး

Image
"ဖေဖော်ဝါရီ ဆယ်လေး" ဘယ်... ငါပျော်တွဲပြီး အီနေတဲ့ ငါတန်ဖိုးမထားတဲ့ အပေါစားမိန်းမကိုများ ချော့ကလက်ဝယ်ပေးရမလဲလို့ တွေးနေတယ်။ သူကလည်းပျော်နေမယ် ငါကလည်းလှော်နေမယ် သူ့နှုတ်ခမ်းတွေနမ်းလို့ မင်းကိုငါလွမ်းနေပါ့မယ်။ ကျော်ညိုသွေး

စတန့်ထွင်တာလား???

Image
ကျွန်တော်တို့ငယ်ငယ် ရှစ်တန်းလောက်တုန်းက ကျောင်းပိတ်ခါနီးရင် စာအုပ်လေးတွေကိုယ်စီဝယ်၊ ပြီးရင် တစ်ယောက်နဲ့တစ်ယောက် အော်တိုရေးခိုင်းကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပေါ့။ သူကရေးလိုက် ကိုယ်ကရေးလိုက်နဲ့ဟုတ်နေတာပဲ " သူငယ်ချင်းလေး၊ မင်းဘေးမှာငါ၊ ထာဝရပေါ့။" ဆိုတာမျိုးလည်းပါတယ်။ ဒီလိုမှမဟုတ်ရင်" ချစ်တရ်ဆိုတာတစ်ခဏ၊ သံယောဇဉ်သာပဓာန" စသည်ဖြင့်ပေါ့မျိုးစုံလို့။ ကျွန်တော်ကတော့ စာအုပ်ဝယ်ပြီးတစ်ခါမှ သူများမရေးခိုင်းဖူးဘူး။ ၀ါသနာမပါလို့၊ ပြီးတော့လိုက်ပြီးရေးခိုင်းရမှာလည်းပျင်းတယ်၊ နောက်တစ်ခုက သူများတွေလာရေးခိုင်းတာကိုပဲ ဒိုင်ခံရေးချင်တာလေ။ (စာအုပ်ဝယ်ဖို့ ပိုက်ဆံကုန်မှာကြောက်လို့လည်းပါမှာပေါ့)။ အဲ့ဒိလိုရေးကြတဲ့အခါ အကြော င်းအရာပေါင်းစုံရေးတဲ့သူတွေထဲမှာ တစ်ချို့က ထူးထူးဆန်းဆန်းတွေရေကြတယ်။ထွင်ကြတာလား ဘာလားတော့ မသိပါဘူး။ဥပမာ ။ ။ အပေါ်ကရေးပြထားသလို "ချစ်တယ်" လို့ရေးရမယ့်နေရာတွေမှာ"ချစ်တရ်"ဆိုတာမျိုးတွေ ရေးလေ့ရှိကြတယ်။ ကျွန်တော်ကတော့ တစ်ခါမှမရေးဖူးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့လိုမျိုးရေးရတာကို လှတယ်လို့မထင်ဘူး။ သူတို့စိတ်ထဲမှာတော့ လှတယ်လို့ထင်ချင်ထင်နေမှ