Posts

Showing posts from January, 2010

မင်း တင်းချင်တင်း

အေး..ငါကသင်းကွဲငှက်ပဲ မင်းရဲ့လက်လည်း မလှမ်းချင်ရင် မလှမ်းနဲ့ ငါရင်မှာ အလွမ်းလည်း မဆူခဲ့။ သူနဲ့ပဲတွေ့လိုက်ရင် သောက်ပြဿနာတွေ သောက်အရှက်ပါလေ အနှောက်အယှက် ဘာတွေ လာလာပြော တမင်ယုံအောင် အဆင်စုံအောင်ပြောနေလည်း အမောတွေပဲဖြစ် မင်း..တစ်ယောက်တည်းပြောနေခဲ့ ရစ်...Shit!!! လစ်...ငါ့ရှေ့က ခဏတွေ့စနဲ့တင် ဘ၀မေ့...လာမစ စေ့ချင်...ဟင်. ..?????? ခင်မင်ရုံဆိုရင် …. ဘယ်လိုပင် ပတ်သက်ယှက်နွယ် နှလုံးသားချင်းတံတားထိုးလည်း တစ်အားဆိုးတဲ့ စကားမျိုးနဲ့ ငါ့အယူကို ခါးချိုးမယ့်ခွင်.. အဆင်ချရင် မြင်သမျှပင် ရင်မှပင် တောက်တဲ့မီးနဲ့ သောက်ခွက်ကြီးလည်း မီးရှို့မယ်။ မပြီးလို့လည်း ညှော်နေ အတော်ပေ အော်ရယ်စရာ တော်ကီမှာကလေးကလားနဲ့ ငါ့အတွေးကို ဈေးကစားတာ ကလေးကလား အထာ! ပါ...ကွာ... Ah! Hah! ခဏခဏတော့ အတင်း မကြွယ်ပါသေးနဲ့ မင်းငယ်ပါသေးသဟဲ့ ပျင်းတယ်...ကွာကလေးရယ်။ ကိုယ့်အိမ်မှာ ကိုယ့်အချိန်နဲ့ ကိုယ့်အရှိန်ကိုယ်ပျိုးလို့ ကိုယ့်ဇိမ်ကိုထိုး ကိုယ့်တိမ်ကိုမိုးလို့ ကိုယ့်အမြိန်ကို ကိုယ့်စိုး ကိုယ့်အမျိုးကိုယ်ချစ်ရင် ကိုယ်အဆိုးကိုယ်ပစ်ဟေ့ ကိုယ့်အကျိုးကို ကိုယ်မြဲချင်ရင် ကိုယ့်အသည်းကိုလည်းဆေး ကိုယ့်ဘာသာ အမြဲကိုပဲတွေး သူများရဲ့ အသည်းကို မခွဲကြေး။

လမင်း

ကြယ်ကလေးတွေ ငေးမိတဲ့ အပြစ်မှာ မျက်မှောင်မကြုံ့လိုက်ပါနဲ့ လမ်းပျောက်သွားမှာ စိုးလို့ပါ။ ကျော်ညိုသွေး

Incomplete

Image
Created By Kyaw Nyo Thway. Redesigned On The Original Color Shape By Using Liquify Effects.

သူမအတွက်တော့ ရယ်စရာ ၊ ကိုယ့်အတွက်တော့ မောစရာ

သူ့အချစ်နဲ့ ငါ့အချစ်တွေ ကုန်စည်ချင်း တိုက်ရိုက်ဖလှယ်လို့မရသလိုဖြစ်။ တစ်ဝက်တောင်ရှိတာပဲဆိုပြီး ငါက အချစ်ကလေးတွေ ပြည့်လာဖို့မျှော်လင့်တယ်။ သေချာတာက ရွေ့သွားတဲ့ ဒိန်ခဲတွေနောက်ကို ငါကမလိုက်ချင်ဘူး။ သစ္စာရှိခြင်းကို တစ်ချို့က မိုက်မဲခြင်း အမည်တပ်မယ်။ အချစ်မေတ္တာကို တစ်ချို့တွေက အလကားရတဲ့ လေပြည်လို့ သမုတ်မယ်။ ကြင်နာခြင်းကို အရောင်ပါတဲ့ရေလို ပစ်ပယ်ကြမယ်။ တစ်ခါပြုလုပ်တိုင်း မအောင်မြင်တာနဲ့ အပျက်အစီးပုံတွေကြား ထိုင်မှိုင်နေရင် အက်ဒီဆင် ဆိုတာလည်းဖြစ်မလာဘူး ဂျက်ညီနောင်ဆိုတာလည်းဖြစ်မလာဘူး။ မြေလွတ်မြေရိုင်းမှာ ယခင်က ပေါက်ပင်တွေ ရှင်သန်ခဲ့ဖူးတာနဲ့ပဲ သီးပင်စားပင်တွေ စိုက်ခွင့် ပျိုးခွင့်မရှိတော့ဘူးတဲ့လား။ ဖြစ်ပြီးတဲ့အမှန်တရားတွေမှာ သူမက လက်ညှိုးထိုးပြီးရယ်မောပစ်တယ်။ သစ္စာဆိုတာ မရွေ့လျှားခြင်းမဟုတ် အမှန်တရားသာ ဖြစ်၏ တစ်ကယ်တမ်း….သူ့ကိုချစ်တဲ့အချစ်မှာ…. သာဓကက…. အဖေနဲ့အမေရဲ့ အိမ်ကလေးကို မိတ္တူကူးချင်ခဲ့ခြင်းသာဖြစ်တယ်။ ကျော်ညိုသွေး  

မိုးဦးလေပြည် အက်ဆေးများ

Image
downloads

" မိုးမင်းဝင်း သို့…. "

အလှအပဆိုတာ လုပ်ယူလို့မရလို့ တောသူက တောသူလောက်ပဲလှမယ် မြို့သူက မြို့သူလောက်ပဲလှမယ် နီကတိုးမက နီကတိုးမလောက်ပဲလှမယ်။ သူငယ်ချင်းမင်းက မင်းအိမ်သားတွေနေကောင်းရဲ့လားလို့မေးရင် လူကြီးက လူကြီးလောက် ကျန်းမာပြီး ကလေးက ကလေးလောက်ကျန်းမာပါတယ်။ ငါ့အဖေက သူဌေးကြီးဆိုမှတော့ ငါကလည်းသူဌေးသားပဲပေါ့ သူဌေးမဟုတ်လို့ မင်း ဆီက ဘီယာနည်းနည်းလောက် ကပ်သောက်ပါရစေ…။ မင်းနဲ့ငါသူငယ်ချင်းမို့ ဒီတစ်ခွက်တော့ မင်းကတိုက်မယ်။ ဒီလိုနဲ့ မင်းနဲ့ငါ ပထမနှစ်တုန်းက ငါစာမေးပွဲကျလို့ ကွဲသွားခဲ့လည်း မင်းနဲ့ငါသူငယ်ချင်းပဲ။ စာတတ်ပေမယ့် အနာဂတ်ကိုတော့ မမြင်နိုင်လို့ တို့တစ်တွေ တောတွေ တောင်တွေတက်ရင်း တည့်တည့်တိုးမိတော့ တိတ်တိတ်တိုးတိုး ကြေကွဲကြရတယ်။ အဆင်ပြေလာမှာပါ သူငယ်ချင်း။ ငါလည်း ဒီလောက်တော့ ခံနိုင်ရည်ရှိပါတယ် ပြောရင်း..နဲ့ ပျော့သွားရတာ။ ငါကတော့ ရင်ဘတ်တွေ မာနေပြီထင်လို့ နောက်ထပ် သစ်တစ်ပင်စိုက်မိတာ မာယာတွေပဲသီးပွင့်လာတယ်…..။ အခါခါညည်းခဲ့တဲ့သီချင်းလည်း တယောသံတွေထဲချာချာလည်။ ဟော… ခုပဲ ရထားလေးတစ်စင်း ငါ့ထိုင်ခုံကို ငွေပြန်အမ်းသွား ပြန်ပြီ။ မင်းနဲ့မရှေးမနှောင်းပဲလေ။ လုပ်ယူလို့မရတာတွေကတော့ လုပ်ယူလို့မရကြဘူး အဲ့…. လုပ်ယူလို့ ရတဲ့ဟာတွေကြတော့လည

"အောက်အီးအီး....အွတ်"

အဘိုးကြီးချိနဲ့ ခေတ်ကဗျာဆရာ ကောင်းကင်ကို လည်း အမျိုးသမီးကြည့်ခဲ့ အချစ်မှာသာမောင်းတင်လိုလည်း အပြစ်သာရှာကြည့်တဲ့ ၀န်းကျင်ပါးစပ်ကြားမှာ မေတ္တာဟာ မငြိခဲ့ အတင်းပင်ထပ်ပွားစရာ။ မတတ်အားပါ အချစ်ကိုချောင်းရုံပ ထပ်များမကြာ အသစ်အပျိုကောင်းစုံသဗျ။ ဘုံဘ၀မှာ တစ်ကိုယ်တည်းကြာပြီပေါ့။ ကြုံသမျှသာ အိုအမြဲ သာ မပီတော့။ ညိုမွဲပါပြီ အချစ်စန်းမှာလည်းနော် နှစ်ကိုယ်နွှဲကာကြည် ချစ်လမ်းသာပဲမျှော်။ သြော်...ဂေါ်မစွံတာတွေလည်း အတော် အော်..တွန်ကာနေလည်း ရှော်...။ ကျော်ညိုသွေး PS - အကို ကောင်းကင်ကို ရဲ့ ဘလောဂ့်က "ဆူး" ဆိုတဲ့ကဗျာလေး သဘောကျမိတယ်။ ဖတ်ပြီးတော့ အပေါ်က ကဗျာလေး နဲ့ ကွန်မန့်ပေးမိပါတယ်။ အပျော်ကဗျာလေးပါ။ ပေါတောတောလေးပေါ့း)

ခြင်းကလေး

စည်းလုံးခြင်းအတွက် နှီးမသုံးတယ်လေ အပြီးအဆုံးထိ ကြိမ်ထိုးကာ မသိမ်မညှိုး တစ်မျိုးအလန်းရယ် အဆန်းကွယ် လက်မှု့အတတ်မို့ ခတ်ဖို့လာစမ်း။ အသာမကြမ်းပါ လာစမ်းကွာ နေစောင်းရင် ခြေစောင်းထက်ဖို့ မပျက်သမို့ပါ တစ်ချက်အတို့မှာ ၀ဠာသို့ တက်မယ့်အလား ကြွားဝင့်တဲ့အလှနဲ့ “ကျမဟဲ့” “ကျမဟဲ့” နဲ့လည်း မကျကွယ့် ခဏနဲ့ တင် အမြင်ဆန်းစရာ သူဆောင် လူမောင်တို့ အစွမ်းရယ်စွက်လို့ ဆန်းကျယ်တဲ့ အကွက်တွေမှာ လေမှာဝဲတဲ့ ခြင်းကလေးမနေအား ခြေဖျားပေါ်မှာလည်းဝဲ အမြဲပဲ သူပျံလို့ လို့မဆုံးသေး ပခုံးလေးပေါ်နားလို့ နားတယ် ဖ၀ါးကသယ်သမို့ တစ်ကယ်ချော့ကာသိမ်းရင် မယိမ်းဘူး ဒူးအကျသူဝင်လို့ လူမမြင်ခင်ခြေခွင်နားက ပျံလွှားတဲ့ ခြင်းကလေး။ ကျော်ညိုသွေး

Liver Pool နဲ့ Chelsea ပွဲခန့်မှန်းတွေနဲ့ ပလူပျံနေသလို တရှဲရှဲ

Liver Pool နဲ့ Chelsea ပွဲခန့်မှန်းတွေနဲ့ ပလူပျံနေသလိုပဲပေါ့။ ငါကြိုက်တဲ့ Jennifer ရဲ့ မြုးကြွတဲ့တေးသွားအလှလည်း မှုန်ဝါးသွားရော လူကြီးကြိုက်ခန့်မှန်းတွေနဲ့ လူငယ်ကြိုက်Underground Hip Hop တွေနဲ့ မှိုင်းမိ။ ငါတို့ရပ်ကွက်ကို တစ်ပတ်ပတ်ပြီး ဘီယာဘူးမော့ကာ လမ်းလျှောက်တုန်းကလို အိမ်ရှေ့ပဲပြန်ရောက်တာပဲ ဒါပေမယ့်ငါက မူးဝေ မှိုင်းမိနေ…။ ခန့်မှန်းတွေ ..ခန့်မှန်းတွေ ငါ့ကိုပြောစမ်း ပြောလိုက်ကြစမ်းတော့.. ခန့်မှန်းတွေ မင်းတို့လည်းခန့်မှန်းနေ ခန့်မှန်း ဘာတွေကို ခန့်မှန်းသလဲ Liver Pool နဲ့ Chelsea ပွဲခန့်မှန်းတွေနဲ့ ပလူပျံနေသလို ခန့်မှန်းမေးခွန်းတွေ… ခန့်မှန်း ဖြေကြားချက်တွေ တင်သွင်း ဘာပဲဖြစ်ဖြစ်ပွဲပြီးတော့ မီးသေရမှာပဲ မဟုတ်လား ငါလည်းခန့်မှန်းပြီး တွန်းတိုက် ငါလည်းခန့်မှန်းပြီး ဘေးထိုင်ဘုပြော။ ဟုတ်တယ်။ အေးဆို “ကျွန်တော့်အထင်တော့ ဒါကိုချုံငုံသုံးသပ်ပြီးပြောရရင် 2010 မှာ …………….” “ဖြစ်နိုင်ချေရှိတာကပေါ့လေ……….” “ကဲ…အခုအလှည့်ကျဆွေးနွေးမယ်ပုဂ္ဂိုလ်က……………….. ………စက္ကန့်သုံးဆယ်လောက်ပဲကျန်ပါတော့တယ် တိုတိုနဲ့လိုရင်း ဆွေးနွေးနိုင်ရင်အကောင်းဆုံးပါပဲ” ငါကတော့ ဘေးထိုင်ဘုပြော…။ Liver Pool နဲ့ Chelsea ပွဲခန့်မှန်းတွေနဲ့ ပလ