Posts

Showing posts from March, 2011

ချက်ကျလက်ကျ ပြောချင်တာတွေ ပျောက်နေ

ချက်ကျလက်ကျ ပြောချင်တာတွေ ပျောက်နေ ကဗျာတစ်ပုဒ် ထိုင်ဖတ်နေတုန်း ကွန်ပြူတာရဲ့ ထောင့်က Avira Antivirus Auto Update Notification လေးတက်လာတယ်။ ဒီနေ့အတွက် Update လုပ်မလားပေါ့။ OK နဲ့ Later မှာ Later ကို ကိုယ်နှိပ်လိုက်တယ် ။ သေချာတယ် ဒီနေ့ အတွက်ကတော့ နောက်ထပ် ပေါ်လာလည်း Later ကိုပဲ နှိပ်မိဦးမှာပဲ ။ အခုတော့ ကိုယ်တွေးနေတယ်။ ကိုယ် Later လုပ်ရတဲ့ အကြောင်းအရင်းကို ပေါ့။ အကြောင်းအရင်း တစ်ခုပဲရှိတယ်။ လုပ်နေကြမို့လို့ပဲ ။ အခါတိုင်းဆို Auto Update ကို လုပ်ချင်မှလည်း လုပ်တာ။ စိတ်လိုလက်ရ ရှိချိန်မှာ လုပ်တယ်။ သတိမေ့ / စိတ်မပါ ခဲ့ရင် အခုလို Later ဆိုပြီး လျှော်ပစ်လိုက်တာပဲ ။ မလုပ်တာ သေချာတယ်။ ကိုယ်ကိုယ်တိုင် ပေါ့ပါးဖို့ ကိုယ့်အနားက တစ်စုံတစ်ရာကို တောင် လျှော်တတ်ခဲ့တယ်။ Auto Update Notification လေးကို Ok လုပ်လိုက်ရတာ ဘာများ ပင်ပန်း လို့တုန်း ကိုယ်တွေးကြည့်တယ်။ စက်က သူ့ဘာသာ လုပ်သွားမယ့် အရာ ကိုယ့်အတွက် ပင်ပန်းတာ တစ်ခုမှမရှိ။ ကိုယ့် လျှော်တတ်တဲ့ အကျင့်တွေ ပတ်ဝန်းကျင်ကို ပစ်ပေါက်နေမိ။ သေချာတယ် ကိုယ်တစ်ခုခုဖြစ်နေမိပြီထင်တာပဲ။ နောက်ထပ် ဖြစ်လာမယ့် အကျိုးဆက်တွေ တွေးကြည့်တော့ ပိုမို စိတ်လေးလံတယ်။ တော်ပြီ မစဉ်း

ကျူပင်စု က ဆရာလေး

ကျူပင်စု က ဆရာလေး ၁၉၈၀ ခုနှစ် လောက်ကပေါ့…. ကျူပင်စု ကျေးရွာက အရေးကြီးတဲ့လူတွေထဲမှာ ဆရာလေး ကိုကြည်နိုင် တစ်ယောက် အပါအ၀င်။ မြို့အခေါ်အရဆို ဗွီအိုင်ပီပေါ့။ နာမည်နဲ့ လူနဲ့ ကတော့ တစ်စက်မှမလိုက်။ သူ့ကြည့်လိုက်ရင် အမြဲမှုန်ကုပ်ကုပ် ၊ မှုန်တေတေ ကြည်ကြည်လင်လင် ဘယ်တော့မှမရှိ။ ဆရာလေး ကိုကြည်နိုင်က ဟောဒီ ကျူပင်စု ကျေးရွာလေးမှာ ကျောင်းအုပ်ကလေးပေါ့။ ကျောင်းအုပ်ဆရာပီပီ ကျောင်းခန်းထဲမှာ တော့ မျက်နှာကြောက သိပ်တင်းတာ။ ကျောင်းသားတွေဆို သူ့ကို ကြောက်မှ ကြောက်။ ကြောက်သလားမမေးနဲ့ ။ ကျောင်းသားတွေ မဟုတ်တာ တစ်ခုခုလုပ်ထားမိပြီဆို ဆရာလေးကိုကြည်နိုင်ရဲ့ ကြိမ်လုံးကိုပဲ ကြည့်ကြည့်နေရတာ။ ဆရာလေးကိုကြည်နိုင်ရဲ့ လက်သံပြောင်ပုံတွေကို ကျောင်းသားတိုင်း မခံစားဖူးသူမရှိ၊ စည်းကမ်း စနစ်ကြီးပြီး ကျောင်းသားတွေကို သေချာထိန်းကျောင်း ညွှန်ပြ ပေးတာကြောင့်။ ဆရာလေး ဟေ့ ဆိုတာနဲ့ ကျောင်းသားတွေက ပြားပြားဝပ် ငြိမ်ကျပြီးသား။ ဒါကြောင့်လည်း ရွာလူကြီး မိဘတွေက ကလေးတွေ လေလွင့်မှာ ၊ စာမကျက်မှာကို မပူရ၊ ကျောင်းမှန်မှန်တက် စာမှန်မှန် ကျက်ဖို့ကတော့ စိတ်ချရတာပေါ့…။ မျက်နှာက အမြဲတမ်း မှုန်တေနေပြီး မျက်နှာကြောတင်းတဲ့ ဆရာလေးကတော့ တစ်ရွာလ