Posts

Showing posts from August, 2013

Beloved Day

Beloved Day ဒီလို Blog Day မျိုးမှာ  ကျွန်တော်ဟာ ခရမ်းရောင် ဂျင်းန်းအကျပ် တစ်ထည် ရဲ့  ချုပ်ရိုးကြောင်း ဖြူဖြူလေးတွေ ကို  စိမ်းလန်းစိုပြေ ဥယျာဉ်ထဲမှာ ငေးကြည့်နေခဲ့ဖူးတာပေါ့။ ကျွန်တော့် ကို အသိအမှတ်ပြုတဲ့ အနေနဲ့  သစ်ရွက်တွေ ကြွေပေးကြတယ်။ လေပြေတွေ ပိုလို့ အေးပေးကြတယ်။ ကောင်းကင်ဟာလည်း ကော်ဖီရောင်ပြောင်းပေး လိုက်တယ်။ သူ့ ကော်ဖီတွေ ဆို ကျွန်တော် အမြဲတမ်း ငြင်းတယ်။ တကယ်ဆို ကျွန်တော် ကော်ဖီသရဲ တစ်ယောက်သာပဲလေ။ ဘာလို့ ငြင်းဆိုမိမှန်း အဖြေမရဘူး။ သူ့လက်ချောင်း ဖောင်းဖောင်း သွယ်သွယ်လေးတွေ နဲ့ ဖျော်တဲ့ ကော်ဖီဟာ ကျွန်တော့် နှုတ်ခမ်း နဲ့ ထိုက်တန်ပါ့မလား တွေးမိလို့ ဖြစ်မှာပါလေ။ ၂၀၀၈ ခုနှစ်ဟာ ကျန်ခဲ့ပါပြီ။  August ရဲ့ Rhythm တွေ ဟာ စိမ်းလန်းစိုပြည် ရဲ့ ရေကန်စိမ်းစိမ်းတွေထဲမှာ စက္ကူလှေကလေး နဲ့ အပြည့် ဘယ်ဆီ ဘယ်ဝယ်မသိ မျောလွင့်သွားပေါ့။ လှော်ခတ်သူ မပါပဲ နဲ့။ ဝင်းဦး ရဲ့ မပြီးသေးသော ပန်းချီ ကား သီချင်း ကိုပဲ  ကျွန်တော်ဟာ နှလုံးသားဓါတ်ပြားပေါ် ကြိမ်ဖန်များစွာ အပ်ထောက်လို့ မြည်တမ်းစေခဲ့ပေါ့။ ကျော်ညိုသွေး

ဖြူဖြူ - ၄

ဖြူဖြူ - ၄ ချစ်လွန်းတဲ့ နင့်မျက်နှာလေး မကြည့်ရပင်မဲ့ စာကို ငါလွန်း လွန်းလို့ မိဥ ကို ထည့်လွှတ်လိုက်တယ်။ နင်ဖက်ဖို့။ နင့်ကိုငါ လွှတ်ကြိုက်တာပဲ မိဖြူရာ။ နင့်စကားပြောတာတွေ ၊ နင့် လမ်းလျှောက်ပုံတွေ မျက်လုံးထဲကဖြစ် မထွက်ဘူး။ ဦးတုတ်ကြီးတို့ ဆိုင်မှာ နင်ဆတ်ပြာဝယ်နေတုန်း ငါနောက်ကနေ ခိုးကြည့်နေခဲ့ရတာ။ နင့်ကိုမြင်တိုင်း ငါ့စိတ်ထဲမှာ ဘယ်လိုကြီးမှန်း မသိပါဘူးဟာ။ နင့်ကို ငါ့ မိန်းမဖြစ်စေချင်တာဘဲ ။ နင့်ကိုငါ လူကြီး နဲ့ ကန်တော့ပွဲ နဲ့ လာတောင်းချင်တာပဲဟယ်။ ဒီတခါ စပါးပေါ်ရင် နင့်ကိုငါ ငါ့အိမ်အပါ ခေါ်ထားချင်တော့တာပဲ မိဖြူရယ်။ ငါက ဒီတစ်ခါ လုပ်ရင် အပြီးလုပ်မှာ။ စိတ်သိတ်မရှည်ဘူး။ နင်သိပ်လှတာဘဲ မိဖြူ ။ ငါ့ နင့်အကြောင်းတွေးတိုင်း စိတ်ကူးထဲမှာ မီးခိုးအူနေရတယ်။ ဟဲဟဲ ငါ့ကို အဲဒါ ငစိုးသင်ပေးတာလေ။ သူလည်း ဝတ်ထုထဲက ကြက်ထားတာတဲ့။ နင်သိပ်လှတယ် မိဖြူ။ နင့်ကို အဟုတ်ကြီး ကြိုက်တာဟ ။ညည ငါ အိပ်မပျော်ဘူး နေတယ်။ တကယ်ကြိုက်တယ်။ နင့်ကို လွှတ်ကြိုက်ပဲ မိဖြူ။ ဒီရွာထဲ က မိန်းမတွေ အားလုံးထက် နင်က အလှကြီး လှတယ်။ ကွမ်းတောင်ကိုင်တဲ့ တင်တင် တို့များ ဖင်ကြီးတာပဲ ရှိတယ်။ မျက်နှာမှာ ဝက်ခြံတွေ ခုပေါက်နေပြီ။ နင် နဲ့ ငါ လင်မယား လုပ်ကြရင်