Posts

Showing posts from February, 2012

ချော့ကလက် ချက်တင်

ချော့ကလက် ချက်တင် “ချစ်တယ်ကွာ” ပြောစို့… အဲဒီလို ခံစားမှု အပြည့်နဲ့ ကိုယ့်နှလုံးသား သံစဉ်ကို သီဆိုလိုက်တော့… ပန်းကလေးတွေ ပေါ်မှာ နားနေတဲ့ လိပ်ပြာကလေးတွေတောင်… ကျောက်ရုပ် ဖြစ်သွားတယ်။ အနူးညံ့ဆုံးခံစားမှုက ကိုယ့်နှလုံးသားကို အမြဲနုပျိုစေလျှက်ပေါ့ အချစ်ဆိုတာ.. နှလုံးသား စက်မှုဇုန်ထုတ် ရောင်စုံခဲတံကလေးတွေပါပဲ တို့ရဲ့ အကြင်နာကို ဆေးရေးချယ်ဖို့။ မင်းလက်ဖျားကလေးကို ထိတွေ့မိကတည်းက ကိုယ့်နှလုံးသားဟာ မင်းအမောတွေ ခိုနားရာ အိမ်ကလေး မင်း အပြုံးတွေ အပ်နှံရာ ဘဏ်တိုက်ကလေး မင်းကိုယ်သင်းရနံ့ကို ရှုရှိုက်မိကတည်းက ကိုယ့်စိတ်အလျှင်လည်း တိမ်လို ပေါ့ပါးသွားတော့တယ်။ ၀ါဂွမ်းကလေး ၀င်စားတဲ့ မေရေ… ဒီတစ်ညမှာတော့… စတော်ဘယ်ရီခင်းနဲ့ တူတဲ့ မင်းနှုတ်ခမ်းပါးလေး ကိုယ်မော့သောက်တဲ့ ကော်ဖီခွက် နှုတ်ခမ်းမှာ လာရောက် ခိုနားပါကွယ်။ မင်းရဲ့ သွယ်ပျောင်းတဲ့ အလှကို ကိုယ်ကဗျာဖွဲ့မိရင်… အခုထိ ရင်နာနေရတုန်းပဲ ဘာလို့ဆိုတော့… ကိုယ့်နှလုံးသား တံဆိပ် ခတ်နှိပ်ထားတဲ့ ဓါးမော့လေး… မင်းရဲ့ အဖိုးတန် ဓါးအိမ်လေးထဲ မှေးစက်ခွင့်မရသေးလို့လေ။ မင်းရဲ့ ဂန္ထ၀င်ဓါးအိမ်ကလေးကတော့ အမွှေးတဖွားဖွားနဲ့ လှလို့ ပလို့။ မှိုပွင့်နဲ့ တူတဲ့ ကိုယ့် အချစ်တွေကတော့ ရာ

အဖျား ၂

အဖျား ၂ မောင်ပြောမယ်…. ဒါပေမယ့် မောင်ချောနွယ်လည်း မဟုတ်လို့ စကားလုံးရွေးချယ်မှုလည်း အားနည်းတယ်။ တောကြီး မျက်မည်းလို မြို့ပြထဲ ၀ံပုလွေတွေ နဲ့ အဆင်ပြေလည်း ခဏပေါ့…။ ရှင်ဖို့ ကျန်နေတဲ့ အသက်အပိုင်းအခြားမှာ ရှုပ်နေတဲ့ ကြိုးတွေ တွေ့တိုင်း မျက်ဝန်း ၀ိုင်းဝိုင်းတွေနဲ့ ငေးကြည့်ရုံ။ ပုံပြင်ထဲက မင်းသမီးလေးဟာ မင်းသားလေးကို အပျောက်မခံ သိပ်ချစ်ရှာသတဲ့ ကွယ်..။ ဒါနဲ့ပဲ… ကိုယ်ဟာ အလှမ်းဝေးတဲ့ မြို့ရဲ့နာမည်ကို စာရွက်အလွတ်တွေပေါ်မှာ ပြွတ်သိပ်နေအောင် ရေးချ လျှို့ဝှက်သော သံစဉ်ကို လူမမြင်အောင် တီးခတ်နေမိတော့တယ်လေ။ လူတွေ ရှာဖွေမတွေ့ရှိခင်ကတည်းက ကမာကောင်တွေရဲ့ ရင်ထဲမှာ ပုလဲ ရတနာတွေ ရှိခဲ့တယ်…။ ဆောင်းဦး ရွက်ကြွေတွေနဲ့ ချစ်သက်သေ မပြနိုင်တဲ့အခါ… အိပ်ရာထက်က လွမ်းဖျား ဖျားနေတဲ့ ကဗျာစာအုပ်ကလေးအတွက် မင်းနဲ့ သိပ်တူတဲ့ သက်မွန်မြင့်လည်း မကယ်နိုင်။ ကိုယ်တို့ နှစ်ဦးကြားမှာ အထင်လွဲခြင်း မိုးတိမ်တွေနဲ့ ရောယှက်နေတဲ့ အငွေ့အသက် တစ်ယောက်စားတဲ့ ချော့ကလက်မှာ တစ်ယောက်က လျှပ်ကူးချိုမြိန်နိုင်မှု အစွမ်းအစ သာဓက ပြလို့ မရတဲ့ ခံစား ပျော်ဝင်နိုင်ခြင်းပါကွယ့်။ မင်းစိတ်မှာ သဘောမတွေ့တဲ့