Posts

Showing posts from April, 2009

အနုပညာ

ဘယ်သူ့အမြင်မှာ ဘယ်လိုမှားမှား တုယှဉ်စရာ တစ်ကယ်ကိုရှားတယ် အနုပညာ လူ့အမြင်မှာ ပါးနေတဲ့ သိက္ခာ ထွားနေတဲ့ အ၀ိဇ္ဇာတရားတွေရှင်းမဲ့ ဓါးတွေမဲ့ စိတ်သာအရင်းထားလို့ အစဉ်းအစားမဲ့ အမိုက်တွေကို အမှိုက်တွေလိုရှင်းမဲ့ အရာ။ အလင်းရဲ့ကဗျာတစ်ပုဒ်နဲ့ မင်းရဲ့အနာ အငုပ်တွေကို ရှင်းမဲ့စာတစ်ပုဒ်။ အရင်းမဲ့စွာ နှလုံးသားအခြေက မင်းနဲ့ငါ အပြုံးများ ဝေရအောင် အခြေမလှလည်း နွေဘ၀ကိုတောင် ဖြေချပေးမယ့် အသုံးအနှုန်း။ အရှုံး ၊ အမုန်းနဲ့ လုံးလုံး နဲ့နေချိန်တွေ မဲ့နေတဲ့ နှုတ်ခမ်းထိပ်မှာ အလွမ်းရိပ်တို့ဖြို ငိုနေတဲ့ နှုတ်ခမ်း အချိုတွေနဲ့ နမ်းမဲ့ ကဗျာ။ ။ ကျော်ညိုသွေး

"ရည်းစားဟောင်း သို့"

ဒီလိုပဲငိုနေရင်းနဲ့ ရယ်နေရတာပဲ မဲ့နေရင်းနဲ့ ပြုံးနေရတာပဲ သတိရနေရင်းနဲ့လည်း အလုပ်ရှုပ်နေရတာပဲ စိတ်နာနေချင်လည်း ခွင့်လွှတ်နေရတာပဲ ရွေးချယ်စရာရှားလို့တော့ မဟုတ်ဘူး လှမ်းဆွဲစရာ နည်းလို့တော့မဟုတ်ဘူး ပန်းသီးပဲစားချင်လို့ ပန်းသီးပင်ပဲစိုက်ခဲ့တာ မသီး သီးသီး သီးသီးသီး မငြီးမငြူ ပေါင်းသင်ပါ့မယ်။ ကျော်ညိုသွေး

"ဖြစ်ချင်တယ်"

ဖြစ်ချင်တာတွေမဖြစ်ရမှာတော့.... ဘာတွေဖြစ်ချင်နေရမှာလဲ...? ဖြစ်သင့်တာကို ပြောပြမယ့်သူရှိရင်... ဖြစ်ချင်တာတွေကိုလည်း တစ်ပွေ့တစ်ပိုက်ကြီး ပြောပြချင်တယ်...။ ဖြစ်ချင်တာပြောရရင် ဖြစ်သင့်တာလည်းပါတယ် မဖြစ်သင့်တာလည်းပါတယ် ဖြစ်သင့်သင့် မဖြစ်သင့်သင့် ဖြစ်ချင်တာကတော့ ဘာပဲဖြစ်ဖြစ် ရှိရမှာပဲမဟုတ်လား။ ဖြစ်သင့်တာမဖြစ်သင့်တာဆိုတာ ဖြစ်သေးတာ မဖြစ်သေးတာ နဲ့ဆိုင်မလား ဖြစ်နိုင်၊ မဖြစ်နိုင် တွေးတောလို့မရလို့ တစ်ချို့ကလည်း မဖြစ်နိုင်တာမရှိ၊ မဖြစ်သေးတာပဲရှိတယ်လို့ ဆိုတယ်။ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဖြစ်နိုင် နိုင်၊ မနိုင်နိုင် ဘာပဲဖြစ်ဖြစ်ပေါ့…. တစ်ခါလောက်တော့ ဖြစ်ချင်တာတွေ ဖြစ်ချင်ပါတယ်။ တစ်ကယ်ဖြစ်ဖြစ်၊ မဖြစ်ဖြစ်။ ကျော်ညိုသွေး

မြင်ယောင်မိတယ် ဘာညာ ဘာညာ

နှာခေါင်းပြားလေးပေမယ့်လည်း အကောင်းစားလေးလို့ မှတ်လို့ ချစ်ခဲ့ အသစ်ကွယ့် ဘ၀မှာ အစစ်နဲ့ တွေ့ပြီလို့မှတ်လို့ အတတ်တို့ငြိခဲ့။ မသိခဲ့ အဖြစ်ဆိုးတွေကြုံမှာကို ဆုံရာကို လာခဲ့တယ် မင်းနဲ့ငါ အမြဲတမ်း စွဲလမ်းကြေးအိုး ဆိုတာ အို..ငါတို့တွေရဲ့ ချိန်းတွေ့တဲ့နေရာ တစိမ်းမေ့ကို တွေ့ခဲ့လေတာလည်း အဲ့ဒိမှာ မဲ့သည့်ငါပြုံးခဲ့ရနေ့တွေလည်း မမေ့လေပဲ မှတ်မိသေးတယ် ထပ်ရှိသေးတယ် နောက်အတော်ကြီးများကြာမှ ကျောက်တော်ကြီး ဘုရားမှာတစ်ခါ အနားမှာကြင်နာသူမို့ မမြင်သာဘူးအပျော်စိတ်တွေလည်း အများတွေ ခြားမနေချင် အချစ်တွေမပျောက်ဆုံးရစ်ဖို့ နောက်သုံးနှစ်အကြာမှာ အသက်ဓါတ်တို့ပွင့်လန်းဖို့ လက်ထပ်စို့ရယ် ရည်မှန်း ဒီလမ်းကလေးတွေလည်း လန်းခဲ့တယ်။ အရမ်းပဲကွယ်… တို့အပျော်တွေနဲ့ ညနေစောင်းအိမ်အပြန် အချိန်မှန်ခဲ့တယ်။ အိမ်ပြန်ခဲ့လည်း အချိန်တန်ရင် လွမ်းသမို့ လှမ်းလို့လည်းဖုန်းဆက်ချိန်တွေများ အပြုံးဆက်ကာ နှလုံးအသက်လည်း ဦးစက်ကာအချိန်တွေလည်း အရှိန်တက်သမို့ အိပ်မက်လို့ရယ်။ အရှိန်ပျက်ဖို့ အလိမ်ဆက်လို့ ဖျားယောင်းသူနဲ့ ကြားမကောင်း သူအဖြစ်တွေမှာ ငါရင်တွေနာတယ်။ ငါမြင်နေပါတယ် စေ့စေ့ပေါ

ခွေးကျင့် ခွေးကြံ

တော်သလင်းမှာ အဖေါ်အသင်းတွေကြား ထွေပြားဘိချစ်သဘင် ချစ်ချင်တဲ့ခွေးချစ် ဘေးဖြစ်စရာ ခွေးအချစ်မှာ မရှိပဲ သစ္စာမရှိလည်းရတယ်။ ချစ်တဏှာ အတိနဲ့ မေတ္တာရှိလည်း ပစ်မကွာအတိပဲ အသစ်လာ ငတိခွေးလည်း အချစ်မှာ အပြည့်ပေးလည်းပေးမယ် ခွေးအငယ် ခွေးအကြီး ခွေးအထီး ခွေးအမ အသွေးကြွရင် မနှေးဟ အမြန် ခွေးမလည်းရန်မလုပ် အမြန်အသုတ် ဟန်မလုပ်ပဲလေ အမြဲလေ တွဲနေဆဲ မောင်နှံလည်း ရှောင်ရန်လည်းရှိမဟ ကြည့်မရတဲ့ တစ်ခြားခွေးများ ပြေးသွားလို့ အပြေးများကိုက်ရင် ခွေးများတစ်သိုက် ကလေးများဖိုက်သလို ဆူညံ အူသံမစဲ လူဖျန်လည်းကြံမရ မာန်ထတဲ့ခွေး အတွဲ မနှေးပဲထွက်ပြေးလည်း ခက်သေးဆဲ ခက်တယ်။ ။ ကျော်ညိုသွေး

တောင်တက်ခြင်း

တောင်ကုန်း တောင်မြင့်များသို့ တက်ရောက်ဖူးသူများ ရှိသည်။သို့တည်းမဟုတ် အမြင့်တစ်နေရာသို့ တက်ရောက်ဖူးသူများလည်း ရှိမည်။ လွယ်လွယ် ဥပမာပေးရလျှင် သူသူကိုယ်ကိုယ် ကျိုက်ထီးရိုးဘုရားဖူး သွားရာတွင် ရင်ပြင်တော်ပေါ်ထိ တောင်ရင်းမှဖြစ်စေ လမ်းတစ်ဝက်မှဖြစ်စေ တက်ဖူးသူများရှိလိမ့်မည်။်(ကျိုက်ထီးရိုးဘုရားဖူး မသွားဖူးသူများကိုမဆိုလို) ကုန်းမြင့်တစ်နေရာသို့ တက်ရောက်လျှင် ဖြစ်စေ သင်တို့ကိုယ်ကိုကိုယ် မည်သို့မည်ပုံ တက်နေရသည်ကို ဆင်ခြင်မိပါသလား။ ပြန် ဆင်းလာရာတွင်လည်း မည်သို့မည်ပုံ ဆင်းလာခဲ့သည် ကို သုံးသပ်မိပါသလား။ တောင်အမြင့်သို့တက်လျှင် ကိုယ်စီကိုယ် ခါးကိုင်း၍တက်ရသည်ချည်း။ ဦးခေါင်းကိုစိုက်၍ ခပ်ငိုက်ငိုက်လှမ်းရသည်။ တစ်ကုန်းပြီး တစ်ကုန်း တစ်ကွေ့ပြီးတစ်ကွေ့ ကြိုးစားပမ်းစားဖြင့်မာန်တင်းထားရသော်လည်း ကုန်း၍သာ တက်လာခဲ့ရသည်။ တောင်ပေါ်မှ ပြန်ဆင်းလာရာတွင်တော့ ခါးကော့ကာ ခေါင်းမော့၍ ပြုံးပြုံးပျော်ပျော် ဆင်းလာနိုင်ကြ သည်။ ဤသည်မှာ တောင်တက်တောင်ဆင်း ပြုလုပ်ခြင်း၏ ယေဘူယျ သဘောတရားပင်ဖြစ်မည်။ ဘ၀ဆိုသည်မှာလည်း တောင်တက်တောင်ဆင်း ယေဘုယျသဘောတရားနှင့် ခပ်ဆင်ဆင်တူသည်ဟု ထင်မြင်မိသည်။ လူတိုင်း