Posts

Showing posts from December, 2016

အရေးအသားပြုလုပ်ခြင်းနှင့် အနှောက်အယှက်ကင်းတဲ့ဝန်းကျင်

အရေးအသားပြုလုပ်ခြင်းနှင့် အနှောက်အယှက်ကင်းတဲ့ဝန်းကျင် နေ့တိုင်းလိုလို စာရေးနေရတဲ့ စာရေးသူတစ်ယောက်နေရာမှာရောက်နေပြီဆိုရင် သူ့ရဲ့ အဓိကလုပ်ဆောင်ချက်က စာရေးတာပဲ။ စာဖတ်တာက ဒုတိယနေရာမှာ ရောက်သွားပြီ။ စာရေးနိုင်ဖို့ ကြိုးစားလေ့ကျင့်နေတုန်းကတော့ စာဖတ်တာဟာ ပထမနေရာမှာပဲ။ စာတွေကို ကြိုးစားဖတ်မယ်။ စာအစုံဖတ်မယ်။ လေ့လာ စုဆောင်းမယ်။ စာကိုမဖြစ်မနေရေးနေရပြီဆိုရင် စာဖတ်တာနည်းသွားမယ်။ မနည်းလို့လည်းမရဘူး။ စာကို အဓိကရေးနေရပြီကိုး။ အဲဒီတော့ စာဖတ်ချိန်မှာ ဘယ်စာဖတ်မယ်၊ ဘယ်လိုဖတ်မယ် ဆိုတာနဲ့ ဖတ်သမျှစာထဲက ရနိုင်သလောက် စုပ်ယူနိုင်စွမ်းအားမြှင့်နိုင်သလောက် မြှင့်ပြီး ဖတ်ကြရတော့တယ်။ . စာရေးသူတစ်ယောက်အတွက် စာရေးဖို့အထောက်အပံ့ဆိုတာ စာအုပ်တွေရှိတာ ၊ စာဖတ်တာကိုပြောတာမဟုတ်ဘူး။ Accessories တွေကိုပြောတာလည်း မဟုတ်ဘူး။ စာရေးဖို့အတွက် အထောက်အပံ့က အာရုံစုစည်းနိုင်မှု အထောက်အပံ့ပဲ။ စာရေးတာဟာ ဘာသာစကားကိုကြားခံထားပြီး ဖန်တီးမှုပြုလုပ်တာပဲ။ အဲဒီအတွက် ဖန်တီးမှုကို အထောက်အကူပြုနိုင်မယ့် စိတ်အခြေအနေ၊ အသိုင်းအဝိုင်း နဲ့ ပတ်ဝန်းကျင်ကောင်းလိုအပ်တယ်။ . အနည်းဆုံးတော့ ဓမ္မာရုံကနေ မနောသီချင်းကို loop လုပ်ပြီးဖွင့်ထားရင် စာရေးဖို့ စိတ်အ