Posts

Showing posts from January, 2012

ဂျမ်းဘုံမ သို့…

ဂျမ်းဘုံမ သို့… ဒီအစိုးရကလည်း.. ဟိုအစိုးရပါပဲ ဆိုတဲ့ တယူသန် အကြောင်းပြချက်နဲ့ နင်ကလည်း အဲဒီမှာပဲ ဆက်နေ။ အီလက်ထရောနစ် ပစ္စည်းတွေကလည်း တစ်နေ့ထက်တစ်နေ့ အလွမ်းသီချင်းတွေကလည်း တစ်ပုဒ်ပြီး တစ်ပုဒ် အသစ်ထွက်နေ။ အိမ်မှာ မွေးထားတဲ့ ခွေးမ ကလည်း တစ်သားပြီးတစ်သား နင်ထွက်သွားတုန်းက မွေးတဲ့ အငယ်ဆုံးခွေးလည်း အိမ်ထောင်ရက်သားကျပြီ။ နင်ပါဖူးခဲ့တဲ့ ဇာတ်ကားထဲက ခေါင်းဆောင်မင်းသားလည်း အကယ်ဒမီရပြီ။ ငါက စိတ်ပေါက်ပေါက် ရှိတိုင်း… “ကောင်မလေးရယ်… ည ရောက်တိုင်း မည်းမှောင်နေတဲ့ ကောင်းကင်ကြီးကို နင့်မျက်လုံးတွေ ခဏ ငှားလိုက်ပါဟာ” “တုံးတိုက်တိုက် ကျားကိုက်ကိုက်ပေါ့   နင့်ပါးပြင်မို့မို့မှာ…    ကိုယ့်သစ္စာ လယ်ယာတစ်ကွက်    ထွန်ယက်ပါရစေ…” ဆိုပြီး… အဲဒီလို ပေါတောတော ကဗျာတွေနဲ့ နင်နေတဲ့ စကာင်္ာပူကို ခဏ ခဏ လှမ်းသရော်မိတယ်။ အေး… နှမ်းတစ်စေ့ နဲ့ ဆီမဖြစ်ပေမယ့် စာရွက်ဖြူဖြူပေါ် အဲဒီနှမ်းတစ်စေ့ကို တင်ပြီး နင့်လက်သန်းနဲ့ ဖိကြည့်လိုက်တိုင်း စိမ့်ထွက်လာမှာက ငါ့မျက်ရည်တွေ ဟ ငါ့မျက်ရည်တွေ…။ ဒီကဗျာကို ရေးပြီး ဟိုဟိုဒီဒီ မဂ္ဂဇင်းတွေကို ပို့ကြည့်တော့ “ကဗျာက ရည်းစားစာ ဆန်နေလို့” “ရီယယ်လစ်ဇင

ကျောင်းသားသစ်တေး

ကျောင်းသားသစ်တေး အကဲခတ်တုန်း… အိပ်စက်နေတဲ့ ကလေးငယ် ၊ လူးလွန့်လာလို့ နိုးသွားမလားအကဲခတ်တုန်း အုံ့နေတဲ့ မိုး   ရုတ်တရက် ရွာချမှာလား အတွေးလိုမျိုး ပန်းအဖူးတွေ ချက်ချင်းဆိုသလို တောင်ပံဖျပ်ဖျပ်ခတ် ပွင့်ဖတ်တွေ နတ်သမီးအကနဲ့ လှလာမလား အကဲခတ်တုန်း… နေမင်းကို မော့ကြည့်… တိမ်တွေကို မော့ကြည့်… မိုးလေ၀သ အသိနဲ့ သဘာဝကို ရင်ဘတ်ဖိလို့ အကဲခတ်တုန်း ရဲမလိုနဲ့ ၊ ဆွဲမလိုနဲ့ ၊ ကဲမလိုနဲ့ ၊ သည်းမလိုနဲ့ တွဲမလိုနဲ့ ၊ ခွဲမလိုနဲ့ ၊ ချဲမလိုနဲ့ ၊ ချွဲမလိုနဲ့ စကားအထာ အသွားအလာ အကဲခတ်တုန်း အခြေအနေ အထွေထွေကို ပြေမပြေ အကဲခတ်တုန်း ဇာတ်အသွားအလာ မပြတ်သားတာကြောင့် ပါးစပ်နားလက်ကာလို့ အကဲခတ်တုန်း ပိတုန်းက ရောင်စုံပန်းပွင့်တွေ ထဲက တစ်ပွင့်ကို အကဲခတ်သလို ဒီရေက လရောင်ကို အကဲခတ်သလို ရေးဆွဲသူက ဆေးစက်ကျရာကို အကဲခတ်သလို အမြဲမပြတ် ပတ်သက်ဖို့အတွက် အကဲခတ်တုန်း မသေချာသေးလို့ ၊ မရေရာသေးလို့ ၊ အနေမကြာသေးလို့ အသေအချာတွေးလို့ အကဲခတ်တုန်း အဖြေဆိုင်းထားဆဲ လေလှိုင်းထဲက အကဲခတ်တုန်း အေးမလား ၊ နွေးမလား ၊ ဆွေးမလား ၊ အတွေးက အထပ်ထပ်နဲ့ အကဲခတ်တုန်း စိုပြေတဲ့ သစ်ပင်တွေနဲ့ မွှေးမြတဲ့ ပန်းမာန်တွေကြား ကဗျာလေးတစ်ပုဒ်ပြေးလွှား ဘယ်လိုများ အရွယ်ရောက်လာမလဲ အက

ကြယ်ငေးသူ

ကြယ်ငေးသူ လက်ရှိမှာ ပြန်တွေးကြည့်တော့ ဘ၀မှာ ဘယ်လို နေထိုင်လာခဲ့သလဲဆိုတာ မမှတ်မိတော့ပါဘူး။ ထို့အတူပါပဲ… ဘယ်လို အိပ်မက်မျိုးတွေ မက်ခဲ့သလဲဆိုတာလည်း မမှတ်မိတော့ပါဘူး။ ဘ၀ဟာ အိပ်မက်မဟုတ်ဘူးလို့ ဟန်ဆောင်ပြီး အကြိမ်ကြိမ်အော်ခဲ့ဖူးတာလည်း အိပ်မက်ဟာ ဘ၀ကို ကြံ့ခိုင်စေဖို့ လေ့ကျင့်ခန်းပေးနေရဆဲပါပဲ။ တချို့အိပ်မက်တွေဟာ ကော်ဖီတစ်ခွက်နဲ့ တူတယ်။ ပူနွေးနေတုန်းမှာ အရသာ ပေါ်လွင်တာ တချို့အိပ်မက်တွေ ကျတော့ အိုက်စ်ခရင်မ် နဲ့တူတယ် အေးခဲထားလိုက်မှ အရသာထူးတာမျိုး ဘ၀ထဲ လျှောက်သွားကြည့်တော့… မနက်ဖန်တိုင်းဟာ စက်ဝိုင်းရဲ့ ကွေးနေတဲ့ အနားတွေလိုပါပဲ။ အနီးကပ်ဖြောင့်တန်းသလိုထင်ရပေမယ့် ကွေးကောက်တဲ့ သတ္တိတွေ တရေးရေးနဲ့ မမှတ်မိချင်စရာ ကောင်းလောက်အောင် အဲဒီနေ့ရက်တွေဟာ အမှတ်တရ ပျော်ရွှင်စရာ ပျင်းရိဖွယ် သစ်ရွက်များ။ အိပ်မက်တွေဟာ… အိပ်စက်နေတုန်းမှာ ဖြစ်ပေါ်ပြီး အိပ်စက်နေတုန်းမှာပဲ ပျော်ဝင်သွားကြတာပဲ။ တစ်ကယ့် လက်တွေ့မှာတော့… မက်ခဲ့တဲ့ အိပ်မက်တွေအကြောင်းကို တခြားသူတွေဆီ ပြန်ပြောပြတတ်တဲ့ သူတွေနဲ့ မက်ခဲ့တဲ့ အိပ်မက်အကြောင်းကို တစ်ကိုယ်ရည် ပုံဖော်ပြီး ဘယ်သူ့ကိုမှ ပြန်မပြောပြတတ်တဲ့ သူတွေလည်း ရှိကြပေါ့။ အဲဒီထဲမှာမှ… မိမိမက်ခဲ့တဲ့ အ

မင်းကဗျာက ငါ့ဆီကြေးနန်းရိုက်တဲ့အခါ ဒီညနေမှာ ငါဟာ တဖန်ပြန်လည် နိုးထလာခဲ့ ပေါ့

မင်းကဗျာက ငါ့ဆီကြေးနန်းရိုက်တဲ့အခါ ဒီညနေမှာ ငါဟာ တဖန်ပြန်လည် နိုးထလာခဲ့ ပေါ့ အဲဒီကဗျာကို မင်းရေးတုန်းက အခြေအနေကို ငါ ခန့်မှန်းမိတယ်။ မင်းရဲ့ကဗျာဟာ လွင့်နေမျောနေပေါ့ တိမ်တစ်စလို တောင်ထိပ်ပေါ်မှာ တွေ့နေရတဲ့ တိမ်ခိုးဟာ လက်နဲ့ ဖမ်းဆုပ်ဖို့တော့ မလွယ် ကမ္ဘာမကျော်တိုင်း စာမတော်ဘူးလို့ ပြောမရသလို စာတော်တိုင်းလည်း ကမ္ဘာမကျော်တာ ငါသိပါတယ်လေ…။ ရည်းစားစာ ဆန်တဲ့ ကဗျာလို့ လူတွေက ပြောကြပေမယ့် မင်းဖြစ်ခဲ့တဲ့ အကြောင်းတွေနဲ့ မင်းပျိုးခဲ့တဲ့ စိမ်းလန်းမှုတွေ တွေ့တယ်… တွေ့မိတယ်။ အဲဒီကဗျာကို ရေးတုန်းက မင်းဟာ တစ်ယောက်တည်း ရှိနေခဲ့တယ်။ ဒါလည်း … ငါ့ဘာသာ ငါခန့်မှန်းတာပါလေ… ဟုတ်မယ်ထင်တယ်။ လောကကြီးနဲ့ မင်းနဲ့ အဆက်အသွယ် ပြတ်နေသလိုပါပဲ။ ဟိုးဝေးဝေး ကို မျှော်ကြည့်တိုင်း လှမ်းဖမ်းဆုပ်တိုင်း မမိအောင် လွတ်ထွက်သွားတတ်တဲ့ ဆောင်းပိုးကောင်တွေ လေထဲ ရပ်တန့်နေသလို စကားလုံး ၊ စကားစုတွေဟာ မင်းရှေ့မှာတင် လှောင်ပြောင်သရော်နေကြပေါ့။ တခါတလေလည်း… ရပေါက်ရလမ်းကနေ ကိုင်ဆောင်မိတဲ့ ပျော်ရွှင်မှု ငွေအကြွေတွေ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လို့ပေါ့… မင်းဟာ တနေရာရာကို ရောက်သွားတယ်… လူတွေ ကြားထဲမှာပေမယ့် အစားအသောက်တွေနဲ့ သူစိမ်းဆန်နေခဲ့ပေါ့… ဒါပေမယ