နိစ္စဒူဝ

မနက်မျက်နှာသစ်ရင် ရေနွေးနဲ့ပေါင်းတင်
ဖြစ်နိုင်ရင် မေတ္တာအစစ်ကိုလည်း အခြေဈေးနဲ့ရောင်းချင်

မကောင်းရင်လည်း ဒို ရှိရင် သစ္စာတွေ အိုခေ
မောင်းတင်လည်း အလိုပြည့်ရင် ချစ်တာတွေ ချိုနေ။

စိတ်ကောင်းလည်း ကိုယ်မလှရင် မဖြစ်ဘူး
အတိတ်မကောင်းလည်း ဒို ကျရင် မပြစ်ဘူး

ဖြစ်နိုင်ရင် မာန်တက်နေတဲ့ အကောင်တွေနဲ့လည်းမတွေ့ချင်ဘူး
ဖြစ်နိုင်ရင် အဆံပျက်ပြီး ချောင်နေတဲ့ အကောင်တွေနဲ့လည်းမတွေ့ချင်ဘူး

ဖြစ်နိုင်ရင် အတုအယောင်တွေနဲ့လည်း လူဘောင်မှာ မကချင်ဘူး
ဖြစ်နိုင်ရင် သူ့မောင်တွေနဲ့လည်း ဖု၊ယောင်စရာ မချချင်ဘူး။

ဆရာတွေက ဆရာလုပ်တာ ခံချင်ပေမယ့်
အာပလာတွေက လာရှုပ်တာ မခံချင်ဘူး

ဖြစ်နိုင်ရင် အရေးမပါတာ အရာပေးနေတဲ့ ဆူးလှည်းတွေနဲ့လည်းမတွေ့ချင်ဘူး
ဖြစ်နိုင်ရင် ကလေးသာသာ အထာပေးနေတဲ့ အရူးငနဲတွေနဲ့လည်းမတွေ့ချင်ဘူး

ဈေးချိုအောင် လျှော့ပြီးရောင်းတော့ အစစ်ကို အတုထင်တယ်
ကလေးမငိုအောင် ဖော့ပြီးပေါင်းတော့ အပြစ်ကိုပြုချင်တယ်။

တစ်ချို့တွေက အလုပ်ကိုသေချာလုပ်တယ်
တစ်ချို့တွေက အရှုပ်ဆို အဖြေရှာထုတ်တယ်

တစ်ချို့တွေက စကားကို တစ်အားချစ်အောင်ပြော
တစ်ချို့တွေက ဖားကို ကျားဖြစ်အောင်ပြော

ခလုတ်တိုက်တာကိုလည်း ဖားပြုတ်ကိုက်သလိုပြော
ဖားပြုတ်ကိုက်တာကိုလည်း တရုတ်ရိုက်သလိုပြော
အဟုတ်ကြိုက်တာကိုလည်း ရှုပ်လိုက်မှာလိုသဘော
ပြောကြတာတာကတော့
ဒါလောကသဘာဝတဲ့
ငါ…သြချပါရခဲ့။

အသေအချာအစစ်နဲ့ အပျော် ဒါရိုက် လင့်ခ်ကိုပေးလည်းမရ
ဝေဒနာဖြစ်ခဲ့ အရှော် သာကြိုက် အကျင့်ကိုတွေးလည်းမရ။

တစ်ချို့ကလေးတွေကလည်း လူကြီးစကားပြောလို့ လေကျယ်
ကိုယ့် အတွေးတွေကလည်း ဆူပြီး တရားသဘောတို့ လေတယ်။


ကျော်ညိုသွေး

Comments

အရမ်းခိုက်တယ် အရမ်းမိုက်တယ်...
(စာသားတွေပြောပါတယ်...:P)
ကိုကျော်ညိုသွေး ရေ
ကဗျာလေးက လန်နေတာပဲ ။
"ခလုတ်တိုက်တာကိုလည်း ဖားပြုတ်ကိုက်သလိုပြော
ဖားပြုတ်ကိုက်တာကိုလည်း တရုတ်ရိုက်သလိုပြော
အဟုတ်ကြိုက်တာကိုလည်း ရှုပ်လိုက်မှာလိုသဘော
ပြောကြတာတာကတော့
ဒါလောကသဘာဝတဲ့
ငါ…သြချပါရခဲ့။"

ဒီအပိုဒ်လေးကရင်ထဲကိုရောက်သွားပြီ'

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး