Posts

Showing posts from November, 2012

Slow Rock

Slow Rock နင့်ကို ငါမုန်းတယ်။ ဘယ်လောက်ထိ မုန်းသလဲသိလား တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ ရင်ထဲက တဆစ်ဆစ်ဖြစ်ပြီး ဓါတ်အားမျှင်းမျှင်းလေးတွေ ဖြတ်စီးနေသလို။ သွေးသားထဲက ကျင်နေတဲ့ ခံစားမှုနဲ့ အရမ်းလေးနက်စူးရှတဲ့ ဂီတသံကို တီးခတ်ရတဲ့အခါ ခံစားမှု မြင့်လာတဲ့ ဂစ်တာသမားတစ်ယောက်ရဲ့ ရှုံ့မဲ့နေတဲ့ မျက်နှာထားက ဂီတ ရဲ့ သွေးသားထဲ ပြုစားထားခံထားရတဲ့ ခံစားမှု လို။ အဲဒီလို တစ်ကိုယ်လုံး ကို ဂီတ တစ်ခုက လှည့်ပတ်မွှေနှောက်နေတဲ့ ခံစားမှုအရှိန်နဲ့ စီးဝင်ပူးကပ်ပြီး သွေးတွေထဲ စီးဆင်းနေသလို နင့်ကိုငါမုန်းတယ်။ အဓိက က မုန်းတယ် မုန်းတယ်။ ရိုးရိုးသားသားတောင် မဟုတ်ဘူး ဆန်းဆန်းပြားပြားကို မုန်းတယ်။ အဲဒီလောက်တောင် ဖွဲ့ နွဲ့  ပြီး မုန်းတယ်။ အချစ်တွေကို ကျူးရင့် သီဆိုနေသလို ငါကလည်း နင့်ကို အနုပညာမှော်ဆန်စွာနဲ့ မုန်းတယ်။ အမုန်းကိုစာဖွဲ့ပြီးတော့တောင် မုန်းတယ်။ ငါ က ဂီတ ကို ဆာလောင်လာတဲ့အခါ နင့်ကို မုန်းတဲ့ အမုန်းတွေကို ဖလက်တံရဲ့  တက်ပ် တွေထဲ မြုပ် လို့ တဒုတ်ဒုတ်ခုန်နေတဲ့ ရင်ခုန်သံနဲ့ ရစ်သမ် ကိုက်ပြီး စိုက်လိုက် မတ်တပ် မုန်းတယ်။ သိလား ချစ်တတ်တဲ့ သူက ကိုယ်ချစ်တဲ့ သူဆီက အချစ်တွေ

မျက်နှာစာများ - ၂

မျက်နှာစာများ - ၂ ဈေးကွက်ပျက်နေလည်း လောကတစ်ခုထဲ တိုးဝင်လာမယ့် ဖားသူငယ်တွေ။ ရေခံနေရတဲ့ မိုးတွေ ထဲ ရွာချ လိုက်တဲ့ အသင့်သောက် ရေပုလင်းတွေ။ ဖွံ့ဖြိုးဆဲနိုင်ငံပေါ့ ကောင်းကင်ဓါတ်ကြိုးတွေ အတွက် သစ်ပင်တွေ အနစ်နာခံ အိုဇုန်းလွှာကြီး အပေါက်ပိုကျယ်လာ။ ကမ္ဘာကြီးထဲ(In The World) ငြိမ်းချမ်းရေး နိုဘယ်ဆုတွေ တစ်ယောက်ပြီး တစ်ယောက် ဆွတ်ခူးသွားကြ ကောင်းပါတယ်။ ဒီကမ္ဘာကြီးထဲက လူသားတစ်ယောက်ချင်းစီတိုင်း ငြိမ်းချမ်းရေး နိုဘယ်ဆု ရကြပါစေ။ ဒီလိုတွေးပြီး မင်းအပြောမှာ မင့် ဘော့စ် သောက်တဲ့ အပြာရောင် ယစ်ရွှေရည်ကြောင့် ငါဒီည အတော်မူးခဲ့ပြီ။ စိတ်ကျ တတ်တဲ့ သူငယ်ချင်း သောက်တဲ့ ဗီတာမင်က ဖိုထိုးတဲ့ သီချင်းတဲ့ ခဏခဏ ပြော ဟောဒီ တွင်းထဲက အဖြူတစ်လှည့် အမည်း တစ်လှည့် နှိုက်ထုတ် ရတာလည်း ဟောဒီ သမိုင်းထဲ ငါတို့ တင်ကျန်ခဲ့တဲ့ နှစ်ကာလ များတဲ့ ကွယ်။ ကျော်ညိုသွေး

ပြည်သူတွေ အကျိုးအတွက် မျှော်ကိုးပြီး ရေးတဲ့ ကဗျာ

ပြည်သူတွေ အကျိုးအတွက် မျှော်ကိုးပြီး ရေးတဲ့ ကဗျာ ကျွန်တော် ရေးသမျှ စာတွေ ၊ ကဗျာတွေ ၊ ဆောင်းပါးတွေ အက်ဆေးတွေက ပြည်သူ တွေ အတွက် ရည်ရွယ်ပါတယ်။ ကျွန်တော့် စိတ်အတွေး ဟာ ပြည်သူ့ အကျိုးအတွက် အသုံးချခံ ကိရိယာပဲပေါ့။ ပြည်သူတွေ တစ်ရပ်လုံးအတွက် ကျွန်တော့် အတ္တတွေကို မျှော်လင့်ခြင်းကွင်ပြင်ရဲ့ အဆုံးမှာ မြုပ်နှံထားတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ ကျွန်တော်ရေးသားခဲ့သမျှတွေ နဲ့ ကျွန်တော်  ဖန်တီးခဲ့တဲ့ အနုပညာတွေ  အားလုံးဟာလည်း ပြည်သူတွေ အကျိုးကို မျှော်ကိုးပြီး ရေးတဲ့စာတွေ နဲ့ ပြည်သူတွေ အတွက် အနုပညာတွေ  ပဲဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ပြည်သူ တွေကို အမြဲအာရုံစိုက်လျှက်ရှိပါတယ်။ ပြည်သူတွေ ကြားထဲမှာပဲ ကျွန်တော့် ဘ၀ကို ထားရှိပါတယ်။ ကျွန်တော့် နှလုံးသားထဲမှာ ပြည်သူတွေ ကို မေတ္တာအပြည့်နဲ့ ပေးဆပ်ချင်နေပါတယ်။ ပြည်သူ တွေကို စေတနာ ထားပြီး ကျွန်တော် အလေးထားလျှက်ရှိပါတယ်။ ပြည်သူတွေ ကို ကျွန်တော် ချစ်ပါတယ်။ ပြည်သူတွေ နဲ့ ကျွန်တော် ရင်ဘတ်ထပ်တူ ကျချင်တယ်ဗျာ ဘာလို့ဆို ပြည်သူတွေ အတွက်ဆိုရင် ကျွန်တော် ပေးဆပ်ချင်စိတ်နဲ့ ရင်တွေ ခုန်ခုန်လာတယ်။ ကြည့်လိုက်ပါ။ ကျွန်တော့် ကဗျာတွေဟာ ပြည်သူတွေ အတွက်ဆိုတဲ့