Posts

Showing posts from December, 2009

မြို့သူလေးရဲ့ တောနာမည်

ရိုးရှင်းသောတွေ့ဆုံမှု့တစ်ခုဖြင့် သူမနှင့် ကျွန်တော် တွေ့ဆုံခဲ့ကြသည်။ ကမ္ဘာပေါ်ရှိ ဆန်းကျယ်သော တွေ့ဆုံမှု့များကို သူမနှင့် ကျွန်တော်၏ တွေ့ဆုံမှု့များက လိုက်၍မမှီခဲ့ပါ။ သို့သော် ကျွန်တော့် Text Messenger လေး၏ ထိပ်ဆုံးတွင် Invited ဖြစ်နေသော Request လေးမှ Yes Button လေးကို Click လုပ်လိုက်ပြီးချိန်မှ စ၍ ကျွန်တော့်ဘ၀၏ မြက်ခင်းစိမ်းများကို လှမ်းမျှော်နိုင်သော ပြတင်းပေါက်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဟု ထင်မြင်မိသည်။ သူမက ကျွန်တော့်ကို “အကို” ဟု ခေါ်၍ ၊ သူမကို ကျွန်တော်က “လင်း” ဟု ခေါ်ဝေါ်သုံးနှုန်းကြပါသည်။ သူမ၏နာမည်မှာ တစ်ကယ်တမ်း ဆိုရလျှင် တောဆန်သည့်နာမည်မျိုးဖြစ်၏။ ခေတ်ပေါ်မိန်းကလေးများ၏ နာမည်မျိုး မဟုတ်ချေ။ ကျွန်တော့် အသိမိန်းကလေးများထဲတွင် လှပသော နာမည်များနှင့် မိန်းကလေးများရှိ၏။ တစ်ချို့နာမည်များမှာ ဗမာဆန်သော်လည်း ခေတ်မီသည်၊ တစ်ချို့မှာ ခေတ်လည်းမီ ၊ ဘိုလည်းဆန်လေသည်။ ဥပမာ ။ ။ တင်မြတ်မြတ်ထက်၊ သွန်းမီမီခိုင်၊ သီရိယုမြတ်နိုး၊ အိမွန်ဖြိုး၊ အိမွန်တာ၊ ခင်မြတ်မြတ်နိုင်၊ မီမီသော်၊ ဧပရယ်စော၊ အိမ့်ဖူးငယ်…စသည်ဖြင့်ရှိကြသည်။ ဤနာမည်များသည် တစ်ချို့ကရှည်သည်၊ တစ်ချို့က တိုသည်၊ ဗမာလည်းဆန်သလို၊ ဘိုဆန်ပြီး ကနွဲ့

သားရဲ့အလျှားလိုက်နေ့တွေ

ခရစ်စမတ်မှာ Discount ချတဲ့ အင်္ကျီတွေ ဘောင်းဘီတွေ ၀ယ်ချင်တယ်။ ပွဲဈေးတန်းတွေမလျှောက်ချင်ဘူး သားပြောခဲ့ပေမယ့် အဲ့ဒိလူတွေကြားထဲမျောနေတယ်။ အမေနဲ့အဖေသိလား ငယ်ငယ်က အရုပ်ဆက်တဲ့ ပြည်ကြီးလုပ် ကဒ်ကလေး လိုချင်လို့ မပူဆာရဲခဲ့ဘူး။ တစ်နေ့တစ်ကျပ်နဲ့ ကျောင်းမုန့်ဖိုးက သုံးဆယ့်ရှစ်ကျပ်ပြည့်ဖို့ တော်တော်အားထုတ်ရမယ်။ အခုသားအလုပ်ရပြီလေ ငယ်ငယ်တုန်းက မ၀ယ်နိုင်ခဲ့တဲ့ ကစားစရာကို ငေးမောကြည့်ခဲ့ရသလိုမျိုး တစ်ခြားမ၀ယ်နိုင်သေးတဲ့ အရာတွေကို ငေးမောကြည့်နေချင်သေးတယ်။ နှစ်တွေကလည်းပြောင်း ခေတ်တွေကလည်းပြောင်း မော်ဒယ်အသစ်တွေကလည်း မောင်ဒယ်တွေဟောင်းကုန်ကြတယ်။ ဒီလိုပဲ ဆန္ဒအဟောင်းနဲ့... ဆန္ဒအသစ်တွေကြား သားတို့ရုန်းကန် လှုပ်ရှားခဲ့ကြတာပဲ။ ငယ်ငယ်က အမေပေးတဲ့မုန့်ဖိုးနဲ့ တစ်နေ့တာ ကြည်လင်ခဲ့ပေမယ့် အခုတော့... အင်နာဗွန်စီ မှီဝဲမှ သားမျက်လုံးတွေ ကြောင်လို့ကြောင်နေခဲ့တယ်။ Google Morning ပါမေမေ ဒီမနက်လည်း အိပ်ရာထနောက်ကျတယ် အပေါက်ဝကထွက်တော့ အမေပေးတဲ့ တစ်ထောင်တန်တစ်ရွက်ဆွဲထွက်ခဲ့တယ်။ သားရဲ့အားနည်းချက်က အားနာတတ်တယ် ချစ်တတ်သနားတတ်ပြီး ပါးစပ်ဖျားက ထွက်တော့ ကြမ်းတမ်းတယ်။ အမေတိုက်တဲ့ ဆေးခါးကြီးကို ကျွန်တော်က မသောက်ချင်ဘူး လူပါးဝတဲ့ တံဆိပ်နဲ

ရူပါဒေ၀ီ

ရူပါဒေ၀ီ တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးရှိတယ်။ အဲ့ဒိဘုရင်ကြီးမှာ သိပ်ကိုချောမောလှပပြီး အသားအရည်အားဖြင့်လည်း ၀င်းဝါစိုပြည်ပြီး အိစက်ညက်ညောကာ ဖယောင်းရုပ်ထုလေးလို ခန္ဓာကိုယ်အချိုးအစားပြေပြစ်တဲ့ ရူပါဒေ၀ီဆိုတဲ့ သမီးတော် မင်းသမီးလေးလည်း ရှိသတဲ့။ ဘုရင်ကြီးဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အိုမင်းမစွမ်းနိုင်တော့တာကြောင့် တိုင်းရေးပြည်ရာတွေကို ဆက်လက်ဆောင်ရွက်ဖို့ ဆန္ဒမရှိတော့တဲ့ အခါ သူ့နေရာအစားထိုးဖို့ အတွက် သားယောင်္ကျားမင်းသားလေးလည်းမရှိပဲ သမီးတော်ပဲရှိတာကြောင့် တိုင်းပြည်ကိုလွှဲအပ်ရာမှာ မင်းသမီးအနေနဲ့ မသင့်တော်တာကြောင့် သမီးတော်နဲ့ လက်ဆက်ပြီး နန်းကိုလွှဲအပ်ဖို့ အတွက် သမီးတော်နဲ့ လိုက်ဖက်ပြီး အင်အားနဲ့ပြည့်စုံကြွယ်ဝတဲ့ ကြင်ယာတော်ကို တိုးတိုးတိတ်တိတ် ရှာဖွေခဲ့တယ်။ တိုင်းပြည်မှာရှိတဲ့ မူးကြီးမတ်ရာများရဲ့ သားတော်တွေကိုလည်း သမီးတော်နဲ့ လက်ဆက်ပေးဖို့ရာ စဉ်းစားကြည့်ပေမယ့် မင်းကြီးရဲ့ စိတ်ထဲမှာ ဘယ်လိုမှ သဘောမကျနိုင်ဘူး။ သမီးတော်ကိုလည်း မေးမြန်းကြည့်တဲ့အခါ ချစ်သူ မရှိသေးတာကြောင့် မင်းကြီးလည်းအခက်တွေ့နေရှာတယ်။ မင်းကြီးအလိုအရ လောကမှာ အင်အားကြီးမားဆုံး သူနဲ့ မင်းသမီးလေးကို လက်ဆက်ပေးလိုတာကြောင်

Chemical Eden

မောင် ဂျင်ဆိုမင်နဲ့ မ ဖယ်ရိုဗစ်ကလေး တို့ ချစ်ကြ၊ ကြိုက်ကြ ပေါင်းသင်းခဲ့ကြလေ သတည်း။ သားသား၊ မီးမီး ဘေဘီဗိုက်တာလေးတွေလည်း သူတို့ရဲ့ကမ္ဘာထဲ BAB သီချင်းတွေဆူညံလို့ရယ်။ အနာဂတ်တွေတောက်ပဖို့ မျှော်လင့်ချက်နဲ့ စီလင်း ကိုတိုက်ကျွေးခဲ့ကြတယ်။ ကျော်ညိုသွေး

ကိုယ့်ဘ၀နဲ့ကိုယ်

Image
ယောက်ျားတွေ အသည်းခွဲလို့ မိန်းမတွေ မသေလောက်ဘူး။ မိန်းမတွေ အသည်းခွဲလို့တော့ ယောက်ျားတွေ သေသွားခဲ့ဖူးတယ်။ အဖန်ငါးရာ ငါးကမ္ဘာဆိုတော့… ခံလိုက်ဦးပေါ့ မောင်စိုင်း။ ငါ့ထက်မင်း ရဲရင့်တယ်လို့တော့ လက်ခုပ်လက်ဝါး မတီးလိုဘူး။ ဒီလိုဒီလို… လူတစ်ယောက်ကို ထားခဲ့ဖို့ကို အစကတည်းက ဘ၀ထဲဝင်လာတဲ့လူတွေကြား နောက်ထပ် အဖန်ငါးရာ စတေးလိုက်တော့။ မင်းက အ၀ီစိငရဲမှာ ခေါင်းစိုက် တစ်စုံတစ်ယောက်ကတော့ နောက်တစ်ယောက်ကို ပြောင်းကြိုက်။ ကောင်းလိုက်တဲ့ အလွမ်းကား။ အကယ်ဒမီ ရမသွားဘူး။ ကျော်ညိုသွေး

လေးဖြူမလေး

မင်းအဆူ အအော်လေးတွေပဲ ကျေနပ်နှစ်သိမ့််လို့ ငါ့မှာ မီးရထားတွေ အမောင်းကြမ်းခဲ့တယ် မင်းကိုတမ်းတမိတိုင်းလည်း လေးဖြူရယ်… ကြေးအိုးရယ်… ဟန်ထွန်းရယ်… နောက်ပြီး နိုင်းဝမ်းရဲ့ သီချင်းရယ် ထိုးစိုက်ကြတဲ့ ငါရင်ခွင်လည်း ဗွက်ပေါက်နေရတယ်။ ချစ်ရပါသော… မယ်သောကြာ အရင်က…. ပွင့်လွယ် ကြွေလွယ် ပန်းတွေနဲ့ သောကြာထောင့်မှာ ဗုဒ္ဓဟူးထောင့်မှာ သပြေတွေ လှုခဲ့သလိုမျိုးတော့မဟုတ် နည်းပညာမပါတဲ့ အနူးညံ့ဆုံးအစိတ်ပိုင်းကိုယူပါ မင်းငွေရောင်တွေ တောက်ပလာတဲ့ အထိပေါ့။ ကျော်ညိုသွေး