Posts

Showing posts from November, 2009

ကြည်နူးရိပ်(၂)

ကြည်နူးရိပ်(၂) မေ့အချစ်တွေကို မောင်ကလေ လက်လှမ်း မပျက်ပန်းအကြင်နာတွေ ပိုက်ထွေး အကြိုက်သွေးတူသမို့ပါလေ တို့ကမ္ဘာလေ လန်းဆန်း အနမ်း ပန်းဖြာဝေ။ ပန်းလမ်းခင်းမယ်ကွယ် အနမ်းပန်းချင်း ဖလှယ်လို့ အလွမ်းတမ်းချင်းပြယ်လျှော့တဲ့ အခါမယ် ဘာသာငယ် အဆွေးရက်ပြုန်းလို့ အခါခါကွယ် ကလေးမက်မဆုံးနဲ့ သက်ဆုံးတာ အမျှင်တန်းဖို့ ရင်ခွင်လမ်း တန်းပါစေ။ ဖြေမပြေ မေတ္တာ ကြိုးတွေ နှောင်တည်း ဆောင်မြဲထားသစ္စာတွေ တိုးကာ အမျိုးသဟာအဆွေတွေကြား မညှိုးပါငွေတွေပွား အနေအထား ပြောင်ယောင် အခြေတအားနောင်ကြီးစေမပေါ့ အကောင်ကြီးစီးပွားတွေဝေဖြိုး ရွှေမိုးတွေရွာ။ ဝေဖြာပေါ့အပျော်တွေ နွေမလာတော့ အမော်တွေနဲ့ မေရဲ့အနားမှာ ခြွေတဲ့စကားဟာ နူးညံ့ခြင်းတွေနဲ့ ဒူးနန့်ရင်း ဖူးသန့်သန့်နှုတ်ခမ်းလွှာကို အနမ်းကဗျာ အသံမဲ့တေးတွေကြား ထွေးထားမယ့်အခါ။ ကျော်ညိုသွေး

Victoria DotA

Image
My Own Creations For Start up Picture of Victoria DotA Software by Using Adobe Photoshop CS3 Effects. Do not Allow to use For any other media. By Kyaw Nyo Thway

ဆင်ခြင်ပါ - ၃

ဘယ်…မသာမျိုးမ မှ ကျူစရာမထင် တစ်ကယ် ငါဆိုးပြမှ အမူအယာပြင် နားသယ် မှာ အလျှိုး ကျမှ သူဟာ ကျဉ်။ လူမှာ ရင်ကလေး ထွားစနဲ့ ချော သူဟာ ဂျင်ကလေး မကျ တကျနဲ့ ပြော သူဆရာပင် ကလေးမကကွယ့် ဖော။ အကြောပေါင်းတစ်ထောင် အားနဲ့ ကြာ ဂေါ ခေါင်းဆောင် ထားရမယ့် ကညာ ဘော ပေါင်းတစ်ထောင် ကစားပြမယ့် မြာ။ အ၀ှာဇာတ်လန်းချင်လည်း လာ ငါမပြတ် တန်းစဉ် ပဲမှာ လာ Just Bend ! ပင် အမြဲသာ။ မနည်းပါ ပဲအလိမ်ဇတ်တွေနဲ့ နှော အမြဲသာပဲ  အရှိန်ထပ်နေတဲ့ သဘော ကဲငါလည်း မလိမ်တတ်လေခဲ့ရော။ သဘောအထာခင်းနေတာတွေက စမူဆာကို အပီသကာလေး သုတ် မောစရာ အတင်းတွေအချာတွေက အမူအယာကို အီအထာကလေး လုပ်။ အဟုတ်ပါလား ဟန်နီရယ် နင်ပြောတော့ အမှန်အကန် အပြောဆို အရှုပ်မဟာဇယား ကြံစည်တယ် ရင်သဘောတော့ အကြံအဖန်သဘောကို။ တန်ပြန်သဘောကို မသိဘူးလား ကလေး အပြန်အလှန်မပြောလို အကြည့်စူးများပေး။ အများသွေးရယ်စရာ မင်းအရှုပ်တွေဖန်စုံ တအားပြေးဖယ်မှာ အတင်းအစုတ်တွေ ထန်ကုန်။ ရန်ကုန်မှာ ဖယ်ရိုဗစ်လည်း ပေါတယ်ဟ မညာလို မာန်ဟုန်ကာ တစ်ကယ်အပျိုအစစ်လည်း မောမယ်ကွ မရှာလို။ ငါ့ကိုခင်သေးရင် ပြင်ဆင်ပါကွယ့်ကလေး ဘ၀ကို နင်တွေးရင် ဆင်ခြင်ကာ အတည့်တွေး။ ကျော်ညိုသွေး ဆင်ခြင်ပါ - (၁) ကိုတင်ဖူးတယ် ဆင်ခြင်ပါ။ - (၂) ကတော့ တင်