Posts

Showing posts from March, 2017

ဘီယာကို ဘာကြောင့် ဖန်ခွက်နဲ့ထည့်ပြီး သောက်သင့်တာလဲ?

Image
ဘီယာကို ဘာကြောင့် ဖန်ခွက်နဲ့ထည့်ပြီး သောက်သင့်တာလဲ?       ဒီခေတ်မှာတော့ ဘီယာဟာ သတ္တုဘူး (သို့) ပုလင်းနဲ့ ရောင်းချတဲ့ ဘီယာရှိသလို ၊ စည်ထဲကနေ ခွက်ခြင်နဲ့ရောင်းတဲ့ ဘီယာလည်း ရှိပါတယ်။ ဆိုင်မှာ ခွက်နဲ့ဝယ်သောက်တဲ့အခါ ဖန်ခွက်နဲ့ ထည့်ပေးပေမယ့် ကိုယ့်ဘာသာကိုယ် စတိုးဆိုင်ကနေ ဝယ်ရင်တော့ သတ္တုဘူး(သို့) ပုလင်းနဲ့ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်စေ ဘီယာကိုသောက်တဲ့ အခါ ဖန်ခွက်နဲ့ ထည့်ပြီး သောက်ဖို့ အတွက် လေ့လာသူတစ်ချို့က အကြံပေးထားတာရှိပါတယ်။  . ဘီယာကို ဘာကြောင့်ဖန်ခွက်နဲ့ထည့်ပြီး သောက်သင့်သလဲဆိုတဲ့ အကြောင်းအရင်း (၃) ချက်ရှိနေပါတယ်။ အဲဒါတွေကတော့… - အနံ့ နဲ့ အရသာ ကို ကောင်းစွာခံစားနိုင်ဖို့ - အမြင်ကြောင့်သောက်ချင်စိတ်ဖြစ်မှုကို အထောက်အပံ့ဖြစ်စေဖို့။ - အမြုပ်ရဲ့အထောက်အပံ့ တို့ပဲဖြစ်ပါတယ်။ . [အနံ့ နဲ့ အရသာ ကို ကောင်းစွာခံစားနိုင်ဖို့] ---------------------------------------------- Taste ဆိုတဲ့အရသာကိုခံစားမှုဟာ အနံပါဝင်မှပဲ ပြီးပြည့်စုံမှာပဲဖြစ်ပါတယ်။ အစားအသောက်တွေကို အရသာခံတဲ့အခါ နှာခေါင်းသာပိတ်နေမယ်ဆိုရင် ပြီးပြည့်စုံတဲ့ အရသာခံစားမှုကိုဖြစ်ပေါ်စေမှာမဟုတ်ပါဘူး။ ဒါကြောင့် အနံ့ဟာအရသာနဲ့တွဲလျက်ရှိန

အရှောင်အတိမ်းကောင်းကောင်းနဲ့ ဝေဖန်မယ်

အရှောင်အတိမ်းကောင်းကောင်းနဲ့ ဝေဖန်မယ် ========================= လူတွေအမြဲတမ်းပြောတတ်ကြတယ်။ ဝေဖန်တာမခံနိုင်ရင် မတိုးတက်ဘူးဆိုတာမျိုးပေါ့။  တကယ်တမ်း သူတို့ကို စိတ်ရင်းအတိုင်းဝေဖန်လိုက်လို့ မခေါ်နိုင်၊ မပြောနိုင် ဖြစ်သွားကြတာလည်း အများကြီးပါပဲ။ . တကယ်တမ်းတော့ လူဆိုတာ အဝေဖန်မခံနိုင်ဆုံး၊ ထောက်ပြတာ မခံနိုင်ဆုံး သတ္တဝါပဲ။  ဒါကြောင့် ဝေဖန်တာတွေ ၊ ထောက်ပြတာတွေ လုပ်တဲ့အခါ လူတွေရဲ့စိတ်မှာ ဝေဖန်လို့ ဝေဖန်မှန်းမသိအောင် တစေ့တစောင်းနဲ့ ဝေဖန်တာမျိုးကို လုပ်ကြတာပေါ့။ . အဲဒီတော့.. ဘဝမှာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ အဆင်မပြေဘူးဆိုခဲ့ရင် ကိုယ်ကိုယ့်ကို ပြင်ဆင်လိုက်ဖို့က လူတွေကို မဝေဖန်ပါနဲ့။ လူတွေဟာ ဝေဖန်တာမကြိုက်ပါဘူး ဆိုတာကို အမြဲတမ်း သတိရှိရှိနဲ့ ပြုမူဖို့ပါပဲ။ . ဝေဖန်တာနဲ့ ပတ်သက်ပြီး တခါတလေမှာ အကျဉ်းအကျပ်ဖြစ်ရတဲ့ ကိစ္စတွေလည်းရှိတတ်တယ်။  ဒါကတော့ သူတို့ လုပ်သမျှကို အမြင်သုံးသပ်ဝေဖန်တာမျိုး လုပ်စေချင်တဲ့သူတွေနဲ့ တွေ့ရတဲ့အခါမျိုးမှာပေါ့။ . အဲဒီလို မဝေဖန်ရင်လည်း လူတွေက မကြိုက်ကြပြန်ဘူး။  လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာဟာ သိပ်ကို ခက်ခဲပါတယ်။  စိတ်ရင်းအတိုင်းဝေဖန်လည်း မကြိုက်တဲ့သူရှိသလို၊ မဝေဖန်ချင်ဘူးပြောရင်/မဝ