Posts

Showing posts from September, 2013

ကျနော်တို့ မြင်ဖူး/မမြင်ဖူးတဲ့ သိုးများ

ကျနော်တို့ မြင်ဖူး/မမြင်ဖူးတဲ့ သိုးများ တစ်ခါက ဟော်တယ်တစ်ခုက ပြင်ထိန်းစတို တစ်ခုမှာ အလုပ်လုပ်တယ်။ ညဆိုင်းကျတဲ့ အခါ ကိုယ့်ထက်ငယ်တဲ့ ကောင်လေး တစ်ယောက်နဲ့ တစ်ဆိုင်းတည်း ကျတယ်။ အဲဒါနဲ့ အိပ်မပျော်ရင် သူနဲ့ စကားတွေ ပြောပေါ့။ တစ်နေ့တော့ သူပြောတဲ့ အကြောင်းအရာ တစ်ခု ကို ကိုယ်က ပြန်ရှင်းပြနေတာ သူက အဲဒါကို နားကို မလည်နိုင်ဘူး။ ကိုယ်လည်း နည်းလမ်းပေါင်းစုံ သုံးပြီး ရှင်းပြလည်း သူ့မှာ လည်နေတယ်။ ကြာလာတော့ စိတ်က “ဖု” လာတယ်။ အဲဒါနဲ့ ပဲ သူ့ကိုပြောလိုက်တယ်။ "လူတစ်ယောက်ကို အကြောင်းအရာတစ်ခုကို ရှင်းပြလို့ သူက နားမလည်ဘူး ဆိုရင် အခါခါရှင်းပြလို့ရတယ်။ ဒါပေမယ့် ရှင်းပြရင် နားလည်ရမယ့် အချိန်ကာလ တစ်ခု နဲ့ အတိုင်းအတာတစ်ခုလည်း ရှိတယ်။ နားလည် သဘောပေါက်ရမယ့် အခြေအနေတစ်ခုမှာ နားကို နားလည်ရမယ်။ ဘယ်လို ရှင်းပြပြ နားမလည် ဘူးဆိုရင် နားမလည်တဲ့ သူက တစ်ခုခု မှားနေလို့ပဲ" လို့ သူလည်း ဒါကို နားလည်မယ်ထင်ပါတယ်။ ကျွန်တော် ကိုကြီး ရှင်းပြတာကို နားလည်ပါတယ်။ တစ်ခါတစ်လေကျရင် ကျွန်တော်က နားလည်ရဲ့သားနဲ့ နားမလည်ချင်ယောင်ဆောင်နေတာလို့လည်းပြောပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ တချို့ လူတွေမှာ ဘယ်လောက် ရှင်းပြပြ နားကို မလည်နိုင်တာမျိုး သူတ

Journey To Design My Heart By Samsung Galaxy Note 3 , Driving My Feeling By Galaxy Gear

Image
Journey To Design My Heart By Samsung Galaxy Note 3 , Driving My Feeling By Galaxy Gear   Journey To Design My Heart By Samsung Galaxy Note 3 , Driving My Feeling By Galaxy Gear ချက်ချင်းဆိုသလို အိပ်ရာက ထလိုက်တယ်။ ဒီမနက် ပဲခူးကို သွားရမယ် ဆိုတာ စိတ်ထဲကနေ မှတ်ပြီး အိပ်ရာဝင် ခဲ့တာကြောင့် နိုးလာတဲ့ အခါမှာလည်း စိတ်က ဒါကိုပဲ တန်းသတိရတယ် တော်သေးတာက ညကလည်း စောစော အိပ်ရာဝင်မိတယ်။ ဒါကြောင့် အခုမနက်လင်းတော့ သိပ်ပြီး အိပ်ချင်မူးတူး ဖြစ်မနေပဲ လန်းဆန်းလို့နေသည်။ ညတုန်းက ဝတ်မယ့် အဝတ်အစားကို ရွေးထားပေမယ့် အဆင်မပြေတာနဲ့ ချောင်ချောင် ချိချိဖြစ်မယ့် အဝတ်အစားကို ပြန်ပြီး ရွေးရသေးတယ်။ သန့်ရှင်းရေးလုပ် အဝတ်လဲပြီး အိမ်က ထွက်တော့ မနက် ခုနှစ်နာရီ ထိုးခါနီးပြီ။ ကားဂိတ်ရောက်တော့လည်း ၁၂၄ ကားက အသင့်မို့ စုရပ်ရှိရာကို သွားဖို့ ဘတ်စ်ကားစီးပြီး လာခဲ့တယ်။ မိုးတွေကလည်း မနက်စောစော စီးစီး ရွာလိုက်တာ။ ၁၂၄ ကားကြီးက မိုးရေစိုစို လမ်းမတလျှောက်မှာ ပြေးလွှားလို့။ ကျွန်တော်ကလည်း စိတ်ထဲက နေ ပဲခူးတိုင်းရဲ့ မြင်ကွင်းတွေကို စိတ်ကူးနဲ့ ပုံဖော်ကြည့်နေမိတယ်