Posts

Showing posts from June, 2010

အခိုက်အတန့်

ပြီးခဲ့နှစ်မှာ အပြောင်းအလဲတွေတော်တော်များခဲ့တယ်လို့ ပြောတော့ ငါထက်များပြောင်းလဲဦးမလား လို့ သူငယ်ချင်းကပြောတယ်.. တစ်ခါတစ်ရံလမ်းမှာတွေ့ရင်တောင် တစ်ယောက်နဲ့တစ်ယောက် နှုတ်မဆက်ဖြစ်ဘူး။ မင်းဘာတွေများ အလုပ်ရှုပ်နေလဲဟင် ငါရောဘာတွေများ အလုပ်ရှုပ်နေလဲ ငါတို့ရင်ခုန်ခဲ့တာတွေ အခုတော့ ဒီအတိုင်းပစ်ထားလိုက်ရတယ်။ သယ်ပိုးလာလိုက် ခဏပြန်ချထားခဲ့လိုက်နဲ့ ငါတို့လာရာလမ်းတစ်လျှောက်မှာ ဒီလို.. ဒီလို ရှုပ်ပွကျန်နေခဲ့။ မင်းကတော့မသိဘူး ငါ့ရင်ဘတ်ပေါ် ပူးကလေးက ဖြတ်ပြေးသွားလိုက် ချယ်ရီပင်တွေက ပေါက်ရောက်ပြီး သေဆုံးသွားလိုက် စကားဝါပင်တွေက ပေါက်ရောက်ပြီး သေဆုံးသွားလိုက် ဒါတွေက ပြီးပါပြီ။ ပြီးပြီ။ နောက်ဆုံးစာတန်းထိုး မတင်မကျနဲ့ ဇတ်သိမ်သွားခဲ့တာတွေ ငါ့ကိုယ်ငါ ဒါရိုက်တာလား ဇတ်ဆောင် မင်းသားလား ငါမသိ။ ဖယောင်တိုင် မကုန်သရွှေ့တော့ ဆက်လက် တောက်လောင်နေကြရဦးမယ်။ ငါရင့်ကျက်လာတဲ့တစ်နေ့ … ပွဲဈေးတန်းက ချားရဟတ်တွေပေါ်တက်ပြီး ပျော်ပျော်ကြီး စီးကြည့်ပါဦမယ်။ အခုတော့ စိန်ပန်းတွေပွင့် လာတာကို ငါငေးကြည့်ရင်း သဘောကျနေလေရဲ့ ဆပ်ပြာပူဖောင်းကလေးက က ကွဲအက်ဖို့အချိန်ကြာလိုက်တာကွယ်။ ကျော်ညိုသွေး

ရာသီစာ လာပြီကွာ အေ့ အေ့ Wa Ka Wa Ka eh eh This time for တစ်လုံးသမား

ဟော…ပလေးဂရောင်း မြက်ခင်းတွေပေါ်မှာ သူဌေးတွေက ပြေးလွှားလို့ ဘောကန် သြော…ကြေးအပေါင်း တွက်ရင်းလေ ခေါ်ကာ အတွေးတွေက ဈေးကစားလို့ ဇောထန် အသောညံ ကာ အခုညတော့ စပါပြီ ။ ဘောင်ခတ်ပြီးတော့ မောရန်။ ပလိန်း တစ်ခွက်က နှစ်ရာ ဒါပေမယ့် နည်းနည်းတော့ ခြင်ကိုက်တယ်။ ရွန်နေး ဂိုးသွင်းပြီးတော့ ဒူးထောက်ပြီး လျှော တိုက်လိုက်တာ မြင်လိုက်တယ်။ အသုံးမကျတဲ့ကောင် ဆဲဆိုပြီး မဲလို့လည်း ခြင်ရိုက်တယ်။ နှစ်ကျပ်ကွက်အသုံးတွေ နဲ့ တစ်ကမ္ဘာလုံးမှာက ငြင်းငြင်းခုန်ခုန် နျူကလီးယား တစ်ရပ်ကွက်လုံးလေ လည်း ဆယ်ပြား ဆယ့်ငါးပြား ထပ်နေတဲ့ TV ရှေ့က လူကြီးများ သူဌေးတစ်ယောက် ကန်လိုက်တဲ့ ဘောလုံးကြောင့် တစ်ရက်ကွက်လုံးလည်း နား ဆူပြီးသွား ဒီအချိန်ဆို ခွေးတွေကလည်း ဘာရယ် ညာရယ် မသိ လွှတ် အူ..ပြီးသား။ အပြတ်ကွယ့် ရှုံးလေရဲ့ မနက်လင်းတော့ ဒိုင်ကိုလှုတဲ့ ဖွတ် အလှုပြီးသွား။ ကျော်ညိုသွေး

တွေးမိတယ်

ငါ့မှာ မျှော်လင့်ချက်၊ မျှော်လင့်ခြင်းတွေ သိပ်များများစားစားမလိုဘူး။ ငါ့မှာယုံကြည့်ခြင်းတွေ နဲ့ရူးသွပ်မှု့တွေပဲလိုတယ်။ ငါ့မှာ စာရွက်တွေလိုတယ်၊ ဘောလ်ပင်လိုတယ်။ အတုအယောင်ခံစားမှု့လိုတယ်။ ချမ်းသာကြွယ်ဝနည်းစာအုပ်မလိုဘူး၊ တက်ကျမ်းတွေမလိုဘူး။ မက်မောစရာ အစိမ်းရောင်သစ်ရွက်တွေမလိုဘူး။ လုံလောက်ရုံသာ အိတ်ကပ်ထဲထည့်မနက်ဖြန်အတွက် တွေးနေဖို့လည်းမလိုဘူး။ အိမ်လည်းမလိုဘူး။ နာမည်ကြီးဟော်တယ် က ဧည့်ကြိုတွေရဲ့ အပြုံးလည်းမလိုဘူး။ ကိုယ့်ကိုယ်ကို သံယောဇဉ်တွယ်တတ်ရုံ။ လက်ရှိအနေအထားအတိုင်းကျောင်းပညာတွေ သိပ်တတ်နေစရာမလိုဘူး ကောင်းကင်ကိုရဲ့ကဗျာတွေဖတ်တတ်ရုံ အနာဂတ်အတွက်စုစောင်းစရာမလိုဘူး အိပ်မက်တွေထဲနေသားကျဖို့ပဲလိုတယ် အပတ်စဉ်ခွင့်ယူဖို့မလိုဘူး။ လစာတိုးဖို့မလိုဘူး။ မြို့လယ်ခေါင် လမ်းမပေါ်က ကားဂိတ်တွေထဲ ထိုင်ငေးနေ ပုရွက်ဆိတ် ပြဇာတ်များ။ ငါ့မှာ နာရီ တစ်လုံးမလိုဘူး။ ရေသန့်ဗူး တွေရဲ့ဈေးနှုန်းသိဖို့မလိုဘူး။ မုတ်ဆိတ်ရိတ်ဓါးနဲ့ မွှေးညှပ်ကောင်းကောင်းမလို၊တက္ကစီငှားတတ်ဖို့မလို ငါနေတဲ့မြို့မှာ ထိုင်ကောင်းမယ့် အအေးဆိုင်၊ ချဉ်ငံစပ် လက်သုပ်စုံဆိုင် သိဖို့မလို အင်နာဗွန်စီ မှီဝဲဖို့မလို.... ငါ့ဥယျာဉ်ထဲ ငါစိုက်တဲ

စိန်ပန်းတွေလို

ငယ်ငယ်က မော့ကြည့်ခဲ့ရတဲ့ စိန်ပန်းတွေက အခုထိ ကျောင်းဝင်းထဲမှာ ရဲရဲတောက်ပွင့်လန်းတုန်း သစ္စာမပျက် ဒီမနက်လည်း ငါ့လမ်းမပေါ်ကြွေကျနေတဲ့ အနီရောင်ခပ်နွမ်းနွမ်းစိန်ပန်းအကြွေတွေ ငါနင်းလျှောက်ခဲ့ စိန်ပန်းတွေက ၀ိုင်တွေနဲ့တူတယ်လို့ငါ့စိတ်ထဲမှာထင်၊ ငါ့အသိစိတ်က ၀ိုင်တစ်ခွက်ကိုမော့သောက်လိုက်ချင် အစိမ်းရောင်အရွက်တွေကြားထဲမှာအနီရောင်ပန်းပွင့်တို့နဲ့စိန်ပန်းပင်၊ တစ်ခါတစ်လေ အတွေးထဲမှာ စိန်ပန်းပင်တွေအောက် ရောက်နေတယ်။ ရွက်စိမ်းတွေကိုမော့ကြည့်လို့၊ အပွင့်အနီတွေကိုမော့ကြည့်လို့ နွေနေပူပူမှာ သူ့တစ်ကိုယ်လုံး အနီရောင်တွေထွန်းလင်းလို့ အစွမ်းကုန်ပွင့်လန်းကြ ၊  ကြွေကျသွားတဲ့အခါ လုံးတီးကိုယ်ဗလာနဲ့ သူလို သူ့ကိုယ်မှာလည်း ဗလာ။ ငါ့အသိစိတ်၊ ငါ့အမြင်အာရုံ၊ ပတ်ဝန်းကျင် တစ်ခွင်တစ်ပြင်လုံး စိန်ပန်းပင်က ရှိသမျှအကုန်ထုတ်လို့ ပွင့်လန်းကြတယ် ငါလည်း ရှိသမျှအကုန်ထုတ်လို့ တစ်နေရာ တစ်ချိန်ချိန်မှာ ပွင့်လန်းဖြာထွက်ဖူးပါရဲ့ စိန်ပန်းပင်လို….။ စိန်ပန်းလိုကြွေခဲ့ရပြီ ဆိုရင်တောင် တစ်ချိန်က စိန်ပန်းတွေလို ရဲရဲတောက်ခဲ့ဖူးတာ ရှိတာပေါ့။ ရေးမှတ်မထားချင်သူက ရေးမှတ်မထား၊ ရေးမှတ်ထားချင်သူက ရေးမှတ်ထား ပေလိမ့်မယ်။ အမှန်တရားတစ်ခုအတွက် ဘာက

အဝေးသင်ကဗျာ

ဟော…ဟိုသစ်ရွက်ကလေးတွေအလယ် ပြောမလို… ချစ်အခက်ကလေးတွေရယ်။ မောလိုတယ် နွေရယ် ရက်တွေမို့ ဇော…ပိုတယ် မပြေလည်ခက်နေလို့။ ဆယ်ရက်မှာ တည်ခဲ့တဲ့ အကွယ်အ၀ှက်တွေကို ထုတ်လို့ ဇယ်ဆက်သလို အဟုတ်ပြောချင်ပါရဲ့ မောချင်လာတယ် ပစ်လျှက်ပြေးမှာကို။ ချစ်ရက်လေး သာလိုပေမယ့် အသစ်မနက်လေးတွေမှာ ချစ်လျှက်ဆွေးကာ ဝေးရမလိုလိုနဲ့လေ။ အသစ်ထွက်မယ့် တေးတွေဟာ အဆွေးတွေပါဆိုတာ ကြိုသိနေသလိုလို။ ကျော်ညိုသွေး (ဒီကဗျာလေး ရေးတုန်းက အဝေးသင်တက္ကသိုလ် တက်ခဲ့ရတဲ့ နေ့ရက်တွေကို ပြန်သတိရမိတယ်။ ၀င်ခွင့်စာအုပ်ထဲမှာ ပါတဲ့ အဝေးသင်စီးပွားရေး ဘာသာရပ်ကို ထိပ်ဆုံးက ရေးပြီးတင်ခဲ့လို့ အဝေးသင်တက္ကသိုလ် တက်ခဲ့ရတာ ကျေနပ်ပါတယ်။)

ဘာတွေလဲ ?

ဘာတွေလဲ မသိတော့ဘူး မနေ့တုန်းက အကျန် ရေးလက်စ ဒိုင်ယာရီ ဒစ်ဂျစ်တယ် ကမ္ဘာထဲမျော…။ အခုည… မင်းဆီမှာရှိတဲ့ စိတ္တဇ ငါ့ရဲ့ကဗျာထဲရော မော့သောက်လိုက်တယ်….။ ကွင်းပြင်ကျယ်ကျယ် ထဲသွားချင်လို့ ငါအခုအကျဉ်းကျနေတဲ့ စာအုပ်ထဲက ရုန်းထွက် ငါ့ကိုရုန်းထွက်မရအောင် ဖမ်းဆုပ်ထားတာ ဘာတွေလဲ….။ စကားဝါတွေရော…… သူတို့လမ်းထိပ်ရော….. အပြင်မှာ တေးစီးရီးကြော်ငြာဗီနိုင်းချိတ်ထားတဲ့ ရှောပင်းမော်လ် ရော…… Tamporary တွေဘယ်လောက်များများ ရင်ဘတ်ထဲ စုဝင်နေပြီလဲ။ အဖျားတွေကို စာရွက်ပေါ် ပစ်ချလိုက်တိုင်း အသွင်းပြောင်း ပြန်ရောက်လာတယ်။ ဟောဒီ့နွေကို ချည်နှောင်ထားတာရော ဘာတွေလဲ….. ဒီညလည်း ဟောဒီ့ ဖယောင်းတိုင် ထွန်းမရပြန်ဘူး။ အလှကြိုက် မိန်းကလေးရဲ့ ငါ့ကိုမုန်းတဲ့ တေးသံ ချွေးပြန်စေပေါ့။ Blue Berry သီချင်းကိုနားထောင်မိတော့မှ ငါကျရှုံးရတယ်………..။ ငါဝတ်ဆင်သင့်တာ ဘာတွေလဲ? နယ်လွန်စိတ်ကို ကြယ်တံခွန်အိပ်နေလို့ မသိလိုက်ဘူး တိတ်တဆိတ်ပြန်ခဲ့ရပေါ့။ ချိပ်ပိတ်ခံထားရတာက ဘာတွေလဲ…….??? ကျော်ညိုသွေး

အချစ်ကဗျာ

ချစ်ရတာကောင်းလား လို့တစ်ယောက်ယောက်က မေးလာရင်... ကောင်းတယ်။ နှစ်ယောက်စလုံး အပြန်အလှန်ချစ်ပြီး ကြင်နာမှု့ သစ္စာရှိမှု့တွေနဲ့ ထုံမွှမ်းထားရင်။ ကိုယ်ချင်းစာ တရားနဲ့ တစ်ဦးရဲ့ နှလုံးသားကို တစ်ဦးက ချိတ်ဆက်ထားရင် ချိုမြိန်တဲ့ နားလည်မှု့နဲ့ အပေးအယူ မျှတရင်..။ ချစ်သူကိုပွေ့ထားပြီး ချစ်လိုက်တာလို့ ပြောရတာ တော်တော်အရသာရှိမယ်ထင်တယ်။ ရင်ထဲမှာ အမြုပ်တွေထလာမှာ အဲ့ဒိအမြုပ်တွေများလာရင် ပူဖောင်းလေးတွေ ဖြစ်ပြီး လေထဲမှာ မျောနေဦးမယ်။ ချစ်တတ်တယ် ဆိုတဲ့ လူဆိုတာ… ကိုယ့်ချစ်သူဖြစ်လာတဲ့သူကိုလည်း သေသေချာချာစံနစ်တကျချစ်ချင်တယ်။ သပ်သပ်ရပ်ရပ် နဲ့ လှလှပပပေါ့ ။ သစ္စာတရားကိုသာ နားလည်သင်ကြားတတ်မြောက်ခဲ့ရင် ချစ်တတ်ဖို့ဆိုတာ သိပ်လွယ်။ လောကကြီးမှာ ချွပ်စွပ်တူတာတွေက သိပ်ရှား ဒါပေမယ့်… ချစ်သူတွေဆိုတာ သူက သူ့စွမ်းအား ကိုယ်က ကိုယ့်စွမ်းအား အားနှစ်ခု ပေါင်းစည်းညီညွှတ်ခြင်းပါ။ တစ်ကယ်တော့ အချစ်ဆိုတာ ကဗျာတစ်ပုဒ်ပေါ့။ စကားလုံးတွေနဲ့ ရေးဖွဲ့ထားတာတော့ မဟုတ်ဘူး။ ချစ်ရတာကောင်းလား လို့တစ်ယောက်ယောက်က မေးလာရင်... ကောင်းတယ်။ နှစ်ယောက်စလုံး အပြန်အလှန်ချစ်ပြီး ကြင်နာမှု့ သစ္စာရှိမှု့တွေနဲ့ ထုံမွှမ်းထားရင်။ ကျော်ညိုသွေး

ညီမလေးသို့…

ဟောဒီ့ပြက္ခဒိန်တွေကြားထဲမှာပဲ ကိုယ်တို့တွေ ကိုယ့်ပန်းကို ကိုယ်တိုင် မွှေးရနံ့ထည့်ဖို့ တစ်ခါတစ်လေ မေ့လျော့နေမိကြတယ်…။ ရင်ဘတ်ချင်း… အဝေးဆီကပဲ တယ်လီပသီနဲ့ဆက်သွယ် ခက်တယ်ကွယ်… ဓါတ်တိုင် နန်းကြိုးတွေပေါ်နားနေကြတဲ့ ငှက်ကလေးတွေက ပြက်ရယ်ပြုကြမယ်။ လွတ်လပ်ဖို့ အသိုက်အမြုံတွေထဲက ထွက်လာမှ ကိုယ်တို့ရဲ့ အတောင်ပံတွေက အရောင်တွေနဲ့ စိုစွတ်ခဲ့ရ ငြိမ်းချမ်းရေး သီချင်းတွေတောင် ဆွံ့အခဲ့ပေါ့…။ နာရီလက်တံတွေပေါ်ခိုစီးရင်း… ကိုယ့်ကင်းဗတ်စ် ကို  ကိုယ်တိုင်မထိတွေ့နိုင်တာ…ကြာ။ ကိုယ့် ကဗျာကို ကိုယ် မရှာနိုင်တာ…ကြာ။ ကိုယ့်သီချင်းကို ကိုယ် မညည်းနိုင်တာ…ကြာ။ ကိုယ့်အသီး ကိုယ် မခူးဆွတ်နိုင်တာ…ကြာ။ ကိုယ့်ကြီးပြင်းမှု့ကို ကိုယ့်ဘာသာ မေ့လျော့လို့ ကိုယ့်မှန်ကို ကိုယ်ပြန်ကြည့်တော့မှ ကိုယ့်ကိုယ်ကို ပြန်မသိတော့တဲ့ ဘ၀ ခပ်မဲ့မဲ့ ပြုံးစရာ ဟာသ တစ်ခုပါ ညီမလေး။ ညီမလေးရေ… အခုတလော…သစ်ပင်တွေ စိမ်းလန်းနေတာကို ငေးကြည့်နေခဲ့ဖူးလား။ ကောင်းကင်ပေါ်မှာ တိမ်တွေ ပြန့်ကျဲ ၊ ငှက်တွေ ပျံသန်းသွားတာမျိုး မော့ကြည့်နေခဲ့မိလား။ အပြင်ဘက်မှာ မိုးတွေရွာ ၊ လျှပ်စီးတွေလက်၊ မိုးတွေခြိမ်း တံစက်မြိတ်တွေမှာ ဖွာခနဲ ရေစက်တွေ ကြည့်နေမိခဲ့လို့လား။ ထွက်မပြေးတဲ့အိမ်က