Posts

Showing posts from June, 2013

ချောကလက် လှိုဏ်ဂူထဲတွင် ဇာတ်မြုပ်နေထိုင်ရန် ဟမ်ဘာဂါ စိတ်ကူး

ချောကလက် လှိုဏ်ဂူထဲတွင် ဇာတ်မြုပ်နေထိုင်ရန် ဟမ်ဘာဂါ စိတ်ကူး   လမ်းမပေါ်တွင် ကြွက်များကို တွေ့သဖြင့် ဘတ်စ်ကားပေါ်သို့ အလျင်စလိုတက်လိုက်သည်။ ယခုတော့ မိုးများရွာနေလေပြီ။ ထို့ကြောင့် ဟမ်ဘာဂါလည်း သူဧ။်ထီးကို ဖွင့်၍ဆောင်းသောအခါ ဘတ်စ်ကား လက်ကိုင်တန်းများ နှင့် မလွတ်သဖြင့် ခပ်နိမ့်နိမ့်ဆောင်းမိသည်။ ဝတ်ထားသော ဂျင်းဘောင်းဘီ အနားစ များကို မိုးစက်များ ထိမှန်၍ စိုစွတ်နေလေပြီ။ ယနေ့ည မဖျားစေရန် ဆေးတစ်လုံးသောက်မိသည်။ ညစာ အတွက် ဟမ်ဘာဂါသည် ချိစ်တစ်ထုပ်နှင့် ဟမ်ဘာဂါ တစ်လုံး ကို လှမ်းဝယ်လိုက်သည်။ ဘတ်စ်ကား စပါယ်ရာသည် ဟမ်ဘာဂါ ကို ခပ်တည်တည်နှင့် ကြည့်နေသည်ကို သတိပြုလိုက်သည်။ ဟုတ်သည် မိုးများ တိတ်သွားပြီ။ ထို့ကြောင့် ဖွင့်ထားသော ထီးကို ပိတ်လိုက်သည်။ ကားပေါ်တွင် လူသိပ်မရှိ။ ထို့ကြောင့် နေရာလွတ်တွင် ဝင်ထိုင်လိုက်သည်။ ဝိုင်ပုလင်းများ တွေ့သော ကြောင့် ဖောက်၍ သောက်မိသည်။ ဝိုင်ပုလင်း တွင် touch screen နှင့်မို့ အဖုံးဖွင့်ရသည်မှာ လွယ်ကူလှသည်။ အခါတိုင်းဆို ဝိုင်ပုလင်းဖောက်တံ ရှာနေရသည်။ သို့မဟုတ်မူ ပုလင်းခွံဖွင့် သည့် အပြားလေး ကို ဆောင်ထားရသည် ကားပေါ်မှ ပင် မန္တလေးမြို့ကြီးကို လှမ်းမြင်ရသည်။ လမ်းပေါ်တွင် ဆိုင်ကယ်တစ်စီ

ခရီး

ခရီး  လူမှုဝန်းကျင် အသိုင်းအဝိုင်းကနေ ခွင့်ရက်ရှည်ယူလိုက်တယ်။ ချွေးစက်တွေကို အဖော်ပြုလို့ လေပြေတွေ နဲ့ စကားပြောတယ်။ မြေပြန့်ပြန့်မှာ ကလေးတွေ ဝင်စို့တစ်ခါ ထွက်စို့ တစ်လှည့် ဂျင်ပေါက်တမ်း ကစား နေလေရဲ့။ သစ်ရွက်တွေ ကို ကြယ်တွေ လို သဘောထားလို့ ငေးဖြစ်တယ်။ သဲမှုန်တွေ လွင့်လာလိုက်တာ စိတ်ထဲမှာတော့ ဆောင်းရက်တွေ အတိုင်းပဲ ဆံပင်ထဲ လက်ချောင်းတွေထိုးလို့ဖွ ဘယ်ကဗျာမှ အလွတ်မရတော့တဲ့အခါ နေရထိုင်ရတာ ကောင်းလာတယ်။ ကျော်ညိုသွေး

စကားမစပ်

စကားမစပ် အချစ်ကပြောတယ်... ကိုယ်က ဟစ်တလာ လိုပဲတဲ့။  ကိုယ်က ဟစ်တလာ ဆိုတာ နှုတ်ခမ်းမွှေး နဲ့လား ဘာနဲ့လား မသိပါဘူးကွယ်။ သေချာတာကတော့  ဟစ်တလာ လည်း သီချင်းတစ်ပုဒ်တော့ ဆိုဖူးပါလိမ့်မယ်။  ကျော်ညိုသွေး

ရယ်သွမ်းသွေး စတေးတပ်စ်

ရယ်သွမ်းသွေး စတေးတပ်စ် ပျော်မယ်ဆို ကြက်ဥပေါ်မှာ စာရေး လောကကြီး ထဲ လှမ်းပစ်လိုက်စမ်း။ အဲဒီမှာ ပန်းတွေ အသံမြည်အောင် ထပွင့်လာလိမ့်ကလေး။ ကိုယ့် အကြည့်တွေပါတဲ့ ဆပ်ပြာ ရှိတယ်။ ကိုယ့်နှုတ်ခမ်းတွေ ပါတဲ့ ရေမွှေးရှိတယ်။ မင်း ကြက်ဥ ကို မှန်ထဲကတစ်ဆင့်မြင်ရတယ်။ စမတ်ကားလေး တစ်စီးလို။ ကျော်ညိုသွေး

သူငယ်ချင်း ကြည့်ခဲ့တဲ့ ရုပ်ရှင်

သူငယ်ချင်း ကြည့်ခဲ့တဲ့ ရုပ်ရှင် ကွန်ဒုံးရှိလားဆိုတော့ "ခြောက်မိနစ်တစ်ခါ ကြောက်လန့်နေရတဲ့ နိုင်ငံမှာ ခြောက်နှစ်လောက်နေမှ သေမယ့် ရောဂါကို တွေးပူနေတာက ကဗျာမဆန်လိုက်တာ" တဲ့ ။ ကျော်ညိုသွေး

ဘာဂါ

ဘာဂါ တစ်စချင်းစီ ဆွဲဆွဲထုတ် အဲဒီ အစလေးတွေ နဲ့ တစ်ခုခုလုပ်။ အဲဒီ တစ်ခုချင်းစီ ကို ပြန်ပေါင်း ၊ မော်ဒယ်လ် ထုတ် ။ ကြာတော့လည်း အဲဒီမော်ဒယ်လ် ဟာ အတည်။ ကျော်ညိုသွေး

မျှော့

မျှော့ မိုနာလီဇာ လို လှဖို့  နိုင်းမြစ်ဝှမ်းက ရွံ့စေးတွေ နဲ့  မင်းကို သုတ်လိမ်းပေးချင်။ နိုင်းမြစ်ဝှမ်းမှာ  ဒီရေတွေ  တိုးဖို့ ပဲလိုတယ်။ ဒီရေတွေ ကျမှ  မင်း အလှကို ကမ္ဘာလုံးဆိုင်ရာ အတင်အဆက်မှာ ခင်းကျင်းပြသ နိုင်မယ်။ အခုတော့ ပန်းကလေးတွေ ကြိုးစား ပွင့်ဦး အင်းဆက်တွေ မှန်မှန် မွေးဖွားနှုန်း မြင့်တက်စေဦး မင်းလည်းပဲ ကြိုးခုန်ကစားနေဦး ကလင် ကလောင် ကလက် ကို ချဉ်ပေါင်ရွက်လို့ ယူဆမယ်ဆိုရင်လည်း ကောင်းရဲ့။ ကျော်ညိုသွေး

နင်သာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ရင် ငါလေယာဉ်ပျံတွေ တဒီးဒီး ပျံနေတော့မှာပေါ့ စောနန္ဒာခိုင်

နင်သာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ရင်  ငါလေယာဉ်ပျံတွေ တဒီးဒီး ပျံနေတော့မှာပေါ့ စောနန္ဒာခိုင် အန်ဒရူးနီလင်း ကို လည်း ဒီအကြောင်း ပြောပြဖြစ်မယ် မထင်ဘူး။ ပန်းသီးအနီတွေ က တော့ ဘုရားသခင် ဆီမှာ ရိုကျိုးနေတုန်း အခါ။ ဟိုတစ်ခါက ပြောဖူးတဲ့ အိပ်ဆေးတွေ အကြောင်း သီတာ ခုနှတန်လေး လည်း ဘယ် နေရာမှာ ရွှဲရွှဲစိုနေမတုန်း။ တချို့ ကပြောတယ်။ ပုခက်လွှဲရင်း ကဗျာရေးရင် ကဗျာထဲမှာ စမ်းချောင်းလေး တွေ စီးနေသတဲ့။ ငါမသိခဲ့ဘူး မမခိုင်။ မူပိုင်ရှင်ကြီး ဆွဲဖြဲလိုက်တဲ့ ဟိုတုန်းက ကျောက်စာတွေ လည်း မိုးရေထဲမှာ အခါခါ တောက်ပ။ ကိုယ်လုံးပေါ် မှန်တချပ်ဝယ်ပြီး ရင် ဘာမဆို စားကောင်း သောက်ကောင်းပဲ။ နင်လည်း ပဲ ဒီအတွက် ၊ ဒီ မော်ဒယ်လ် ကို သိမှာပဲ။ မှန်ထဲမှာ ပေါ်နေတဲ့ အရိပ်ဟာ မှုန်ဝါးဝါး။ ချောင်းဆိုးပျောက်ဆေးတွေ မှောက်ကျတဲ့ ညဟာ။ နင်ကြုံဖူးတဲ့ ပျားရည်တွေ မှောက်ချ လိုက်တဲ့ ညထက် သာနေမယ်။ လောကကြီးကို အချဉ်ပေါက် ၊ အီမိုကေ ထား ၊ Tablet တွေ သောက်မလို လုပ် ၊ စိတ်ဓါတ်တွေကျ ၊ မျက်ကွင်းတွေညို ၊ ကဗျာဆရာတွေ ကို ဘီယာထဲ ထည့်သောက် ၊ ရင်ညွန့်ပေါ်တဲ့ ချည်သား အင်္ကျ ီလေးတွေ ဝတ် ၊ နင် တစ်ယောက်တည်း ကျောက်ကျောတွေ ကျိုချက် ၊ ကားရန့် စတေးတပ်စ် ဟာ ဖျားနာနေတဲ့ စာရ

Last Generation In Neo Burning Room

Last Generation In Neo Burning Room Must do taking the tablets for modernize bitch. as wanna in tablets. as wanna in D to the Epression. Ah .. crying in Mom Look like a foolish in living tonight. Yes, way of rock in jean blue or blue jean as bitch. as doing scary. as crying. as contemporary. as taking tablets. as crying in rock. D to the pression. reading in Ism to the Bluish to the something scary doing idiot. throwing away cash but loving in certain leaf. loving in depression. believe in depression. throwing away love. getting love from apart of live. dunno what want thee to driving inside. internal song is ding dong but less strings for music. last forever, rapping to anyway, Bu Bu and jordeyar gwan gwan. frightening to open sex box with love but heart beats is pointing forward. scary breathig in and out. scary and dust of mud in gray scenes. green gress is flatten coverd with colorful tablets. sending something wrong thing to do correcty Bitching scenes.

The Victory

The Victory By Anne Stevenson I thought you were my victory though you cut me like a knife when I brought you out of my body into your life. Tiny antagonist, gory, blue as a bruise. The stains of your cloud of glory bled from my veins. How can you dare, blind thing, blank insect eyes? You barb the air. You sting with bladed cries. Snail. Scary knot of desires. Hungry snarl. Small son. Why do I have to love you? How have you won? ------------------------------------------------------------------------------------------------------------ အောင်မြင်မှု မင်းဟာ အမေ့ အောင်မြင်မှုပဲလို့ အတွေးနဲ့ မင်း သာ အမေ့ရဲ့ ဘ၀ ကြိုးတွေကို ဖြတ်တောက်လိုက်လည်းပဲ အမေ့ ခန္ဓာထဲကနေ မင်းဘ၀ထဲ ကို ထုတ်ပို့ကာ ပွင့်လန်းစေခဲ့ပြီ။ ရန်သူတွေ ကြားက ကျပ်တည်း မှောင်မိုက်မှု အသွင် ၊ စိတ်ပျက်စရာလောင်ကျွမ်းနေတဲ့ မျက်ဝန်းနက်ကြီးတွေ ကြား အမေ့ မှာ အမေ့ရဲ့ အာရုံကြောတွေ ကို လှီးဖြတ်သလို နာကျင်မောင်းနှင်အားနဲ့ အောင်မြင်ခြင်း တိမ်တိုက်တွေ ကို ထုဆစ်ခဲ့ရပေါ့ သားရယ်။ ဘာကိုမှ မမြင်နိုင်အားတဲ့ သာ

ဆန်းဆန်းပြားပြား ကျန်းမာရေး

ဆန်းဆန်းပြားပြား ကျန်းမာရေး အဆက်အသွယ်ပြုခလုတ်အစုအဝေးကို အားပြုမျှော်လင့်မိခြင်းမှာ စောင့်ဆိုင်းရန်အတွက်ထားရှိတဲ့သီချင်းဟာ "RunAway"  စံပြုရမယ့်အမှတ်အသားဟာ ဘောလုံးလေးကိုဆော့ကစားနေ ဘားတန်းများကိုကျော်ပြီး ဟိုးအဝေးမှာချယ်ရီကြွေများ။ ခရေကိုခြေနဲ့နင်း ဘတ်စ်ကားလာရာ ကို လည်ပင်းရှည်နေမိ။ ခေါက်ထားတဲ့ရှပ်အင်္ကျ ီလက်ထဲမှာ ဝှက်ထားတဲ့လိပ်စာကို ငါမရောက်ဖူး။ ရတနာခေါင်းဆောင်များ နောက်လိုက်ခွေးတွေနဲ့ တသီကြီး။ ကြောင်က တော့ ခံတွင်း ပျက်နေလို့ ဆက်ရက်က ပဲ တောင်ပံကျိုးပါတော့ကွယ်။ ကျော်ညိုသွေး

မြေပဲဆားလှော်နဲ့ လုပ်တဲ့ စက္ကူ

မြေပဲဆားလှော်နဲ့ လုပ်တဲ့ စက္ကူ ညတစ်ညအကြောင်းနဲ့ သက်ဆိုင်တာ ကို ညတစ်ညထဲမှာ ရှာ။ ငါတော့ ဒီညဖြစ်ဖြစ် ဟိုည ဖြစ်ဖြစ် ။ ဘယ်ညပဲဖြစ်ဖြစ်ပေါ့။တံဆိပ်ခေါင်းတွေ ရောင်းကောင်းတဲ့ ဈေးဆိုင်တန်းတွေထဲ လျှောက်ကြည့်မိတယ်။ ညီဇံလှ ၊ မင်းပြောတဲ့တရုတ်မ က မြန်မာလို ဟီးရိုးလို့ပြောရင် အင်္ဂလိပ်လို Hero လို့တောင် မပေါင်းတတ်။ ဒီလိုအချိန်မတိုင်ခင် ညဦးပိုင်းပဲ။ အရက်ဆိုင် တစ်ဆိုင်မှာ ထိုင်ပြီး မင်းနဲ့ငါ။ ခွေးတွေက ဟောင်လွန်းတယ် ကွာ။ ရင်တထိတ်ထိတ်နဲ့ သောက်နေရတာ ငါတို့ တွေ့ဆုံခြင်းတွေ ၊ ငါတို့ ငေးမောခြင်းတွေ၊မင်းလည်း ဇာတ်ကောင်မဟုတ်ဘူး ၊ ငါလည်း ဇာတ်ကြောင်းပြောသူမဟုတ်ဘူး။ သွားတဲ့သူက သွားပြီ။ကျန်နေခဲ့ ငါတို့ ကျန်နေခဲ့ ။ မင်းထွက်သွားတဲ့ အရပ်မှာ နတ်ဘုရားတွေ မိန့်မိန့်ကြီးပြုံးနေလိမ့်မယ်။ မင်းခြေထောက်ကို ရိုက်ချိုး ၊ မင်းအိမ်လွမ်းနာလည်း သစ်ရွက်ကလေး ကြွေတာတောင် မစောင့်နိုင်တော့အောင် ဆိုးနေတော့။ ငါတို့ဟာ လူပြိန်းတွေ ၊ ဟိုတစ်ယောက် ဒီတစ်ယောက် ပြန့်ကျဲနေ ၊ ငါတို့ဟာ တံဆိပ်ခေါင်း နောက်ကျော က ကပ်နေတဲ့ကော်တွေ ၊ လူပြိန်းတွေ မြို့ထဲမှာ မရှိသင့်တော့ဘူး။လူပြိန်းတွေ တောပြောင်းသင့်ပြီ။ ဒီမြို့ထဲက ထွက်သွားတော့ ငါဟာ ကျန်ခဲ့ပေါ့။ မင်မုန်းတဲ

The Wave

The Wave The wave subsides and the wave rises.  The flower withers and the flower blossoms.  There is no end to human wants And human achievements.  Nothing is permanent and nothing is fleeting.  Then for whom shall we cry, For what shall we cry?  Whom shall we invoke With a new thought and new form?  Everything eventually blossoms.  Sri Chinmoy --------------------------------------------------------------------------------------------------- လှိုင်း လှိုင်းဟာနိမ့်ဆင်း လှိုင်းဟာမြင့်တက် ။ ပန်းဟာညှိုးနွမ်း ပန်းဟာဖူးပွင့် ။ လူ့လိုအင်တွေနဲ့လူ့အောင်မြင်မှုတွေဟာ အဆုံးမရှိ ။ ဘာမှအမြဲမဟုတ် ဘာမှခဏလေးမဟုတ် ။ ဆိုတော့ဘယ်သူ့အတွက်ဟစ်ကြွေးနေကြမလဲ ဘာ့အတွက်ဟစ်ကြွေးနေကြမလဲ ။ အတွေးသစ် အသွင်သစ်တွေအတွက် ဘယ်သူ့နားအသနားခံနေကြမလဲ ။ နောက်ဆုံးမှာ အရာရာဟာ ဖူးပွင့် ။ ဟံလင်း ---------------------------------------------------------------------------------------------------------------- လှိုင်း လှိုင်းဟာ တရွေ့ ရွေ့ တွန့်ခေါက်မြင့်တက်လာ။ ကြွေလွင့်ပန်းတွေ နဲ့ လူးလွန့်သစ်လွင်တဲ့ပန်းတွေရယ

သူဟာ အပြင်မှာ

သူဟာ အပြင်မှာ အရင်က သိသူ တစ်ယောက် ရှိလည်း ရှိနေတယ်။  အမြဲတမ်းလည်း ၀ါ နေတယ်။ ငါတို့ ဟာ အနီးလေး ငါတို့ ဟာ ဝေးလို့သွား ရှင်သန်နေပေမယ့် ရှင်သန်နေတယ် မသေချာ။ ငါတို့ဟာ အရင်အတိုင်း ငါတို့ဟာ အရင်အတိုင်း မဟုတ်။ သူဟာ အ၀ါ။ ကျော်ညိုသွေး

ရယ်သွမ်းသွေး စတေးတပ်စ် ၂

ရယ်သွမ်းသွေး စတေးတပ်စ်  ၂ ဟားဟားဟား ငါ့ဘာသာ မျက်ရည်တွေ အငွေ့ပျံ ပစ်လိုက်လို့ နင့်မိုးရွာကျတာပါကွာ။ နင့် ခေါင်မိုးက သွပ်တွေလန်သွားမှာစိုး ဟောဒီ လူရွှင်တော်က တယောမထိုးတော့ပါဘူး။ ကျော်ညိုသွေး

ခိုင် ကဖီး ဟာ ဝေးဝေးမှာ လွင့်မျော

ခိုင် ကဖီး ဟာ ဝေးဝေးမှာ လွင့်မျော ချည်ထည်တွေ နဲ့ နင်နဲ့ သိပ်လိုက်တယ်။ ဒီလိုနဲ့ ကိုယ်လည်း ကျောက်ကျော တွေ ကို အိပ်မက်မက်နေခဲ့တာ မျိုးရှိတယ်။ တုန်လှုပ်မိပေါ့။ အား... ဒီညနေခင်းကို မော့သောက်ဖို့ ပြောင်းဖူး လှလှတွေ အတန်းလိုက်သီးနေတဲ့ ယာခင်းထဲ ငါပြေးဝင်သွားချင်တယ်။ လောကကြီးထဲ က လှုပ်ရှားသံတွေကို သားမင်း တစ်ကောင်က ရင်ခုန်သံနွေးနွေး နဲ့ ချောင်းကြည့်သလိုမျိုးပေါ့။ အရောင်တွေ နဲ့ ကိုယ်နဲ့ လုံးထွေးရစ်ပတ် ဒီရက်သတ္တပတ်တော့ ကိုယ်နွေးထွေးနေဦးတော့မယ်။ ဘ၀ ရဲ့ တစ်ခုတည်းသော အဓိပ္ပါယ် ရှာဖွေပုံချင်း မတူတာမျိုး နဲ့ ငါတို့ ဟာ သစ်ပင်တွေ ပါပဲ။ အောက်စီဂျင်ကို ရှာဖွေ နေသူချင်းအတူတူ ဟိုက်ဒရိုဂျင်တွေ ကို မှုတ်ထုတ်နေတာလည်း ဖြေးဖြေးပေါ့။ တစ်နေ့နေ့တော့ မင်းနားလည် လာလိမ့်မယ်။ အရောင်မရှိတဲ့ ပန်းချီကားချပ်တွေ အကြောင်းတော့. စာလုံးပေါင်း မမှားစေနဲ့။ အခုတလောလည်း..ငါ “ဘာစိတ်မှ မရှိပါဘူး” ကို ခဏခဏ ပုတီးစိပ်နေလေရဲ့ စိတ်ကျန်းမာဖို့ ဆိပ်ကမ်းက လှိုင်းကြက်ခွပ်ကလေးတွေ သွား သွားကြည့်တယ်။ သမ္ဗာန်တွေက ဆိုက်ရောက်လိုက် ထွက်ခွာသွားလိုက်။ ကျော်ညိုသွေး

ဗိုလ်ကျားသေနတ် ကိုယ်ကြိုက်တာ ကိုယ်လုပ် - ကျား

ဗိုလ်ကျားသေနတ် ကိုယ်ကြိုက်တာ ကိုယ်လုပ် - ကျား ရူးချင်ယောင်ဆောင်သူတွေဟာ တကယ်တမ်းရူးဖို့ ကြုံလာတဲ့အခါ မရူးအောင် ထွက်ပြေးကြလေတယ်။ ဒီလိုနဲ့… ဟိုနေ့က တစ်စုံတစ်ယောက်ရှိတယ် ဒီနေ့ကျ တစ်စုံတစ်ယောက်ရှိတယ်။ သစ်ရွက်တွေ ကြွေကျအောင်လုပ်ပြီးမှ အခြောက်လှန်းကာ လွမ်းနေတော့မလား သစ်ရွက်ကြွေလေးတွေ ကြွေကျတာတောင် လွမ်းရတာ သကြားမပါပဲနဲ့လွမ်း။ ကော်ဖီကြမ်း ကြိုက်သူပုံပြင်တွေလည်း လွမ်းရတာ ခါး ခါးလွန်းတယ်။ တန်ဖိုးထားစိတ်ကို လုပ်ယူထားရတော့ ဖိတိုက်လွန်းနေရတာလည်း အညစ်အကြေး မထွက်လာဘူး။ ဘယ်လိုလုပ်မလဲ။ ဟုတ်ပြီ။ ဘယ်လိုပြောရမှန်းတောင်မသိဘူး။ ကိုယ်တို့ပြောနေကြစကားပဲ။ တောရောက်လိုက် တောင်ရောက်လိုက် နဲံ့ တစ်ခါတစ်လေလည်း တည့်တည့်တိုး ရွတ်လိုက်ရတဲ့ ဒီအသံ ကိုယ့်ကိုယ်ကို ဘာလိုချင်နေမှန်းလည်း မသိ အောင် တညံညံ။ ရုပ်နဲ့နာမ် တည်မြဲနေသ၍တော့ မလိုချင်တာဟာ အမြဲဝတ်ထားတဲ့ နားကပ်လည်း မဟုတ်နိုင်ဘူး။ ပြောပါ။ အခုတော့လည်း ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ။ နာမည်တွေ လည်း တစ်သီတတန်း တောတန်းလေးလိုလို ၊ တောင်တန်းလေးလိုလို တောလိုလို တောင်လိုလိုမို့ တောထဲ တောင်ထဲကလို တစ်ခါတစ်လေလည်း ကိုယ့်မှာ မျက်စိလည်။

ဖြိုးဖြိုးခိုင်ကဖေး ညနေများ။

ဖြိုးဖြိုးခိုင်ကဖေး ညနေများ။ တစ်ကြောင်း ကဗျာလေးတွေ ရေးမယ် အောက်မှာက တစ်ကြောင်း ကွန်မန့်လေးတွေ ရေးပါ။ ဘ၀ဟာ ကွေ့ကောက်တယ် ဆိုပေမယ့်လည်း တစ်ခုတည်း ၊ မျဉ်းတစ်ကြောင်းတည်း ဘယ်လောက် တောင့်တနေ တစ်ခွက်တည်း သော ချိုပေါ့ကျ ဘယ်လောက် မွှေးမွှေး ဖက်ကြမ်း တစ်လိပ်ချင်း။ တစ်လှမ်းချင်းလှမ်း လာခဲ့ပါ။ သီချင်းတွေ တစ်ပုဒ် ပြီး တစ်ပုဒ် လက်ဖက်ရည် အိုးတွေ တစ်အိုးပြီး တစ်အိုး ငါ့ကြယ်သီး မင်းတပ်ပေးတော့ ၊ မင့် ကြယ်သီး ငါတပ်ပေး။ ညနေခင်းဟာ စီစဉ် တင်ဆက်ပုံကောင်းကောင်းနဲ့ ဖြန့်ရန့်ထားတယ်။ ပုဇွန်ဆီရောင်တွေ နဲ့ ထုပ်ပိုးထားတဲ့ အိပ်တန်းပြန်ငှက်တွေ ရဲ့ စင်မြင့်ဟာ သင်္ခတုပတ္တိဥာဏ် ရင့်သန်စွာနဲ့ပေါ့။ နံရံတစ်ဘက်မှာ အလတ်ဆတ်ဆုံး သစ်သီးလေးရှိတယ်ဆိုတာသိတယ်။ အလတ်ဆတ်ဆုံး သစ်သီးလေးက နံရံတစ်ဘက်မှာ ဘယ်လိုမျက်လုံးမျိုး တောက်ပနေမယ် ဆိုတာ မသိဘူး။ ကျော်ညိုသွေး

မျက်လုံးပြူး မျက်ဆံပြူး

မျက်လုံးပြူး မျက်ဆံပြူး အဲဒါပေါ့ မျက်လုံးပြူး မျက်ဆံပြူး ဆိုတာ။ မျက်လုံးလည်း ပြူးတယ်။ ပျက်ဆံ လည်း ပြူးတယ်။ ဘယ်လောက်ကဗျာဆန်လိုက်သလဲ။ မျက်လုံး နဲ့ မျက်ဆံ တစ်ခါတည်း ပြူးနိုင်ဖို့ လွယ်မယ်လို့ ဘယ်သူထင်သလဲ။ မျက်လုံးပြူးတဲ့ အခါ မျက်ဆံ မပြူး၊ မျက်ဆန်ပြူးတဲ့ အခါ မျက်လုံး မပြူး။ မျက်လုံး နဲ့ မျက်ဆံ တစ်ခါတည်း ပြူးနိုင်တဲ့ အခါ အဲဒီ ရသ ကို ရသကိုးပါးထဲမှာ ဘယ်နေရာမှာ ကိုယ်စားပြုခိုင်းမလဲ။ မျက်လုံး နဲ့ မျက်ဆံ တစ်ခါတည်း ပြူးတဲ့အခါ အမြင်ကျယ်လာမလား ကမ္ဘာကြီးကို ပိုပြီး ကျယ်ကျယ် မြင်ရမလား ကျွန်တော် တို့ ပြူးဖူး တဲ့ မျက်လုံး နဲ့ မျက်ဆံ ကမ္ဘာကြီး နဲ့ မဆန့်တော့ ။           ။   ကျော်ညိုသွေး

၂ ရက်နဲ့ တစ်ပိုင်း ရှောင်လင် သိုင်းကျမ်း အထူးထုတ်

၂ ရက်နဲ့ တစ်ပိုင်း ရှောင်လင် သိုင်းကျမ်း အထူးထုတ် အင်တာနက် ကိုကျွမ်းကျင်စွာအသုံးပြုတတ်ပြီး အင်တာနက်မှ တဆင့် စိတ်ဝင်စားတဲ့ လူငယ်တွေနဲ တိုက်ရိုက် သယ်ယူ အားသာချက်တွေကတော့ ဆိုင်ခန်း ငှားရမ်းဖို့မလို။ ကိုယ့် အိမ်မှာနေပြီး တိုက်ရိုက်ဆက်သွယ် အမျိုးသမီးငယ်တစ်ဦးက Shopping ထွက်ရင် အချိန် ပေးရတယ်။ ပရိသတ်နဲ့မိတ်ဆက်ပေးဖို့စာမျက်နှာတစ်ခု အရင်ဖန်တီးရပါမယ်။ အဲဒီလိုဖန်တီးတဲ့နေရာမှာ  ဖေ့စ်ဘုတ် စာမျက်နှာကိုအသုံးပြုသူ များပါတယ်။ Blogger Page မှာတင်ခဲ့တယ်။ ဒါပေမဲ့ လူ စိတ်ဝင်စားမှု နည်းလို့Facebookကိုရွှေ့ခဲ့တယ်။ ပြီးတော့သိတဲ့သူတွေရော၊ မသိတဲ့သူတွေကိုပါ Inviteလုပ်ခဲ့တယ်။ ဓာတ်ပုံရိုက်ပြီးတင်ရပါမယ်။ အရောင်အသွေး တိတိကျကျ စိတ်ဝင်စားမှုကို ရယူနိုင်ပါတယ်။  Latest Trend ကို နားလည်ရပါမယ်။ စီမံခန့်ခွဲမှု ဆိုင်ရာတွေ  နောက်တစ်ခုက ဆုံးရှုံး နစ်နာနိုင်ခြေ ကိုလည်း စီမံခန့်ခွဲနိုင်ရမှာပါ။ ကိုယ်နဲ့မသိ၊ မမြင်ဖူးတဲ့ သူတွေ ဖြစ်တဲ့အတွက် သူ့နဲ့ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ၀န်ဆောင်မှုပေးမယ်။ စိတ်ဝင်တစား ၀င်ရောက်ကြည့်ရှုဖို့၊ အဲဒီလူတွေက တဆင့် မိတ်သစ်တွေ ရလာ ဖို့ အရေးကြီးပါတယ်။ ကိုယ့်ပေ့ခ်ျကို Like လ

ဆန်ဖရန်စစ္စကိုမှာ

ဆန်ဖရန်စစ္စကိုမှာ ဆန်ဖရန်စစ္စကိုမှာ မိုးတွေရွာနေပြီ မို့ ကိုယ့်တို့ သရက်သီးတွေ ကို ထုတ်ရောင်းလိုက်ကြရအောင်လား မင်း ပီဇာ ကြိုက်တယ်ဆိုရင် ငါ့ပခုံးတွေ အနာခံပါမယ်။ နောက်ဆုံးထွက်တဲ့ ဂျာဗားဖုန်းလေး နဲ့ တုန်းက မင်း က သိပ်လှတာပဲ။ အခုတော့ ရေကန်ထဲမှာ ရေညှိတွေ အများသားကွယ် စိုက်ပျိုးထားတဲ့ ကျောက်ကျောပန်းတွေတောင် မှိုင်တွေလို့။ ကိုယ့်ကိုယ်ကို ကြမ်းပြင်လို ခံယူနေကြပေါ့။ နှစ်ကူးချိန်မှာ စပျစ်သီးတွေ ကို အရက်တွေ နဲ့ မပက်လိုက်ပါနဲ့ ဒီထက်ပို ချိုမှာ လည်း စိုးတယ်။ အန်ပုံ အန်နည်း တတ်ပါတယ် မင်းက ထိုင်ခုံ လက်တန်းတွေပေါ်မှာ ပဲ ကိုယ့်ကဗျာ ကို မင်းက တက်ဖိပြန်ပြီ ပြန်ထကွယ် ပြန်ထကွယ် ပြန်ထကွယ် ပြန်ထ ကွယ် ဟာ မြန်မြန် မြန်မြန် ထ ကဲ...ကြည့် ဂစ်တာ ကို ဘာနဲ့ ၀င်ဆောင့်မိတာမှ မကြိုက်ပါဘူးဆို ဒီမှာ ရင်နာရတယ်။ ဘာမှ မဖြစ်တာတောင် ပွတ်သပ် ပြန်လည်ယုယပေးလို့။ ကိုအောင်ခိုင်မြတ်ကို ပြောလိုက်ပါ အပျော်တောင် အကြံမခံရ ဆိုလားဘာဆိုလား အဲဒီကဗျာကို စီးပြီး အတိတ်ကို ခဏလောက် သွားမလို့ လမ်းကြုံရင် ပြောလိုက်ပါလေ။ ဒီနေ့တော့ ဒီလောက်ပါပဲ မို့ရေ...။ ငါ့ကို ကဗျာတစ်ပုဒ်လောက်တောင် ဂရုမစိုက်ကြသူတွေကို ရန်တွေ့မလို့ ဆန်ဖရန်စစ္စကိုမှာလေ။ ကျော်ညိုေ

အချဉ်ဖမ်း ချင်ရင်

အချဉ်ဖမ်း ချင်ရင် ဘာလုပ်ဖို့ သေသပ်ဖို့လိုတယ် ပေါ့။ သကြားလုံး ခိုးစားမယ်ဆိုရင် သကြားလုံး ပုလင်းကို ဘယ်လိုထားသလဲ ဆိုတာကနေ ပုလင်း အဖုံး အရစ်ကို ဘယ်နှစ်ပတ် လှည့်ဖွင့် ရင် ရသလဲ ဆိုတာကိုပါ သကြားလုံး လက်ထဲ မရောက်ခင်မှာ လေ့လာသင့်တယ်။ ကဗျာဆရာ လုပ်မယ်ဆိုရင် အဲဒါလေးတွေ အရင် လေ့လာပါကွာ။ ခေတ်ပြိုင်ကဗျာဆရာ လုပ်မယ်ဆိုရင် သကြားလုံး ခိုးစားနည်း လေ့လာပြီးမှ လုပ်ပါ။ဘာလို့ဆို သကြားလုံးက ချိုတယ်လေ။ အချိုဓါတ်တွေက ညီလေး ရဲ့ လျှာ နဲ့ ပါးစပ်တို့မှာ ကပ်ငြိ။ အဲဒါကြောင့် သကြားလုံး များများစားရင် အချိုဓါတ်ပြည့်ဝပြီး တစ်ခုခုက အချဉ်ဆိုရင် တန်းခနဲ သိမယ် မဟုတ်လား။တကယ့် တကယ် တကယ်တော့ ခေတ်ပြိုင် ကဗျာဆရာ ဆိုတာ အချဉ်များများ ဖမ်းတတ်ဖို့လိုတယ်။ ခေတ်ကြီးထဲက အချဉ်တွေ ကို ပုံရိပ်ဖမ်းဖမ်းပြီး မှ ကဗျာဆိုတာ ဖြစ်ဖြစ်လာတာမဟုတ်လား။ အဲဒီတော့ အချဉ်ကို အာရုံခံ ကောင်းအောင် အချိုများများ စားသင့်တယ်။ သကြားလုံးပေါ့။ သကြားလုံးကိုလည်း ၀ါရင့်သမ္ဘာရင့် ဖြစ်အောင် စားဖို့က ခိုးစားဖို့လိုတယ်။ အင်း အတိုချုံးလို့ ပြောရမယ် ဆိုရင်တော့ ခေတ်ပြိုင်ကဗျာဆရာ ဖြစ်ဖို့ သကြားလုံး များများ ခိုးစားဖို့လိုတယ်။ လူဘ၀ ရဲ့ အဓိပ္ပါယ်ရှိအောင်

သူငယ်ချင်း သန်းစိုး နှင့် စကားပြောခြင်း။

သူငယ်ချင်း သန်းစိုး နှင့် စကားပြောခြင်း။ ကျွန်တော် ဆယ်တန်းအောင်ပြီးစ က ကွန်ပျူတာသင်တန်းတက်ပြီး ၊ အဲဒီ သင်တန်းမှာပဲ Training Guide တစ်ယောက်အဖြစ် ပြန်ပြီး အလုပ်ဝင်ခဲ့တယ်။ တစ်နေ့တော့ ကျွန်တော်တို့ သင်တန်းကို အင်ဂျင်နီယာ အစ်ကိုကြီး သုံးယောက် လာပြီး တက်တယ်။ သူတို့က အလုပ်ထဲကနေ လိုအပ်ချက်အရ Auto Cad (အင်ဂျင်နီယာ ပုံဆွဲ) ကို လာတက်ကြတာပါ။ တဖြည်းဖြည်းနဲ့ သူတို့နဲ့ ကျွန်တော်တို့ ကွန်ပျူတာ သင်ပေးသူတွေ ရင်းနှီးလာခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်က ကဗျာရေးသလိုလို အဆင့်သာရှိသေးတာပါ။ Fashion Image မဂ္ဂဇင်းမှာ "ရည်းစားစကား" ဆိုတဲ့ ကဗျာလေး စပြီး ဖော်ပြခံရတော့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်တဲ့ အချိန်ပေါ့။ မဂ္ဂဇင်းမှာ ကဗျာပါလာတော့ အားတက်ပြီး နောက်ထပ်ကဗျာတွေရေး ၊ ထပ်ပို့ နဲ့ တစ်ယော်တည်း နဲ့ အလုပ်ရှုပ်နေလိုက်တာ။ ရေချိုးရင်း ကဗျာရေးချင်စိတ်ပေါက်လာရင်တောင်မှ ရေချိုးရပ်ပြီး ကဗျာရေးလို့ရေး။ သွားလေရာမှာ စာရွက်နဲ့ ဘောလ်ပင် ကို ယူသွားပြီး တွေး ၊ ငေး ၊ ရေး လုပ်နေတဲ့ အချိန်ပေါ့။ သင်တန်းက အင်ဂျင်နီယာ အစ်ကိုကြီးတွေ နဲ့ တစ်နေ့တော့ စကားလက်ဆုံ ကျ ဖို့ အချိန်ရောက်လာခဲ့တယ်။ အဲဒီနေ့က မီးပျက်တော့ အတန်းမရှိဘူး