Posts

Showing posts from April, 2013

ဆုတောင်းစကား

ဆုတောင်းစကား မနောက်ပါနဲ့ အစ်ကို ၀င့်ကြွားတဲ့ သဇင်တွေ ကို လည်း အပြစ်မဆို ကြွေသွားတဲ့ ခရေတွေ အတွက် စာနာခြင်းတေးသံတွေ ပါးလိုက်ပါရဲ့။ ဒီလိုတော့ မနောက်ပါနဲ့ အစ်ကို။ ကျွန်တော်ဟာ သစ်ပင် ပန်းမာလ်တွေကို စိုက်ပျိုးချင်သူ သက်သက် အပင်ကြီးဖို့ အသီးလှဖို့ မရည်ရွယ် အားလုံးသော သစ်ပင်တွေ ဘယ်လိုဖူးပွင့်ကြပုံ ဘယ်လိုစိမ်းလန်းကြပုံ ငေးမောနေဆဲပေါ့။ မနောက်ပါနဲ့ အစ်ကို။ ဟုတ်တယ်..။ ကျွန်တော်ဟာ ရောင်းကော့ဒ် ရော့ခ်အင်ရိုး သီချင်းလေး ညှပ်ဖိနပ်ကလေး တစ်ရံ နဲ့ ခုန်ပေါက်ပြေးလွှား လမ်းမှာ မတော်တဲ့ ဖိနပ်တွေလည်း မစီးချင်။ ခြေရာကြီးတဲ့ သူဟာ ဖိနပ်ကြီးကြီးစီးရမှာပဲ အခုတော့ မနောက်ပါနဲ့အစ်ကို။ အစ်ကို သိပါတယ်။ ကျွန်တော်ဘယ်တုန်းက နာမည်အမှန် ပြောဖူးလို့လဲ ဒါပေမယ့်… ကျွန်တော် နာမည် မပြောင်းတော့ဘူး အစ်ကို။ မနောက်ပါနဲ့ အစ်ကို ကျွန်တော်ဟာ ဂစ်တာသံတွေနဲ့လည်း ကြွက်မခြောက်ခဲ့ဘူး။ အစ်ကို သိနေတဲ့ လမ်းမှာ ကြွက်တွေဟာ ပေါလွန်း နံရံပေါ်က ကြောင်ရုပ်ကလေးတွေဟာ ကျွန်တော့်စိတ်ဖြေရာပါ ဒီလိုတော့ မနောက်ပါနဲ့ အစ်ကို။ ရိုးရိုးသားသားပဲပြောပါမယ် ကျွန်တော့် တစ်ကိုယ်စာ ပျော်ဖို့

ဗီဇ

ဗီဇ အိပ်ပျော်နေပေမယ့် ကြောင်ကလေးဟာ ယုန် ကို အမဲသား ကျွေးလို့ မရဘူးဆိုတာ အိပ်မက် မက်တယ်။ ဖျာအစွန်းကို ကုတ် နေတဲ့ လက်သည်းတွေဟာ တဖျပ်ဖျပ်။ ကျော်ညိုသွေး

Jealous

Jealous နည်းနည်းပဲ လည် ချင်ရင် မင်း ပင်တီယံ ကို ကြီးအောင်လုပ်ပေါ့။ ကျော်ညိုသွေး

စက္ကူပန်းများ

စက္ကူပန်းများ လူငယ်ဘ၀မှာ သူငယ်ချင်းတွေ ဂစ်တာကြိုးတွေ လဲကြ တပ်ကြ အသံစမ်းကြတော့...။ နင်ကတော့ ယောဂီ တဘက်ကလေး တစ်ထည်ရဲ့ ဇာတာနဲ့ လူမှုရေးတွေ တအားလုပ်နေ။ နင်ဝလာတာ နင်မသိပေမယ့် ဟောဒီတစ်ရပ်ကွက်လုံး သိတယ်။ နင်ဟာ ဘဲဥကြော် မော်ဒယ်ကနေ အခုတော့ ကျွဲကောသီး မယ် ဖြစ်လို့လာ။ တချို့ ယောက်ျားလေးတွေ တက်တူးထိုးကြတော့ ငါလည်း လိုက်လို့မပါသွား အသားနာမှာ ကြောက်လို့ မဟုတ်ရပါဟာ ငါ့ဆေးမှင်ကြောင် ဟာ ဆယ်ကျော်သက်မှာ ထိုးပြီးသား။ ၀မ်း တူး သရီး အရိုးသီချင်းဟာ တိုးလိုက်ကျယ်လိုက် နဲ့ ရင်ဖုံးတွေ တဖြည်းဖြည်း ကျပ်လာပြီ နင် လှဲနေကျ အုန်းတြံမက်စည်းဟာ တိုလာပြီ နင့်အိမ်ကို တစ်ခေါက် တစ်ခါ ရောက်တော့ ငါတို့ သီချင်းတွေဟာ ရှက်ရွံ့  ခဲ့ပြီ သတ္တ၀ါတွေ အားလုံး ကို မေတ္တာထားတတ်တဲ့ နင့် အတွက် အပြန်လမ်းမှာ ငါတို့ နင်းလာခဲ့တဲ့ ရင်ခုန်သံစက်ဘီးကလေးဟာ ချိန်းကြိုးပြတ်ခဲ့ပြီ။ နွေရာသီ လမ်းကလေးမှာ စက်ဘီးလေး တစ်စင်း နဲ့ သူငယ်ချင်းတွေ နဲ့ငါ မဆိုဖြစ်တော့ တဲ့ သီချင်း တစ်ပုဒ်တစ်လေရှိခဲ့မယ်။ ကျော်ညိုသွေး

ယောက်လမ်း

ယောက်လမ်း ရောက်မှပဲ လမ်းနာမည် ကို ပြန်သတိရတယ်။ အာရုံငါးပါးနောက်လိုက်ရင်း ကိုယ်ဟာ လားရာကိုမေ့ ကိုယ်ဟာ နေ့ရက်ကိုမေ့။ အစိမ်းရောင် ဘေလ်ဘုတ် အဆောက်အဦ အနီကြီး အနက်ရောင်ကျီးတွေ။ ဂျပန်ပြည်ဖြစ်ထုတ်ကုန် ဘတ်စ်ကားမှတ်တိုင်ခုံညိုလေး။ သမ္မတ ကို ကျောပေးလို့။ ကျော်ညိုသွေး

တစ်ကိုယ်ရည် အက်ဆေး ၂

တစ်ကိုယ်ရည် အက်ဆေး ၂ စိတ်ကူးနဲ့သာ ပြီးမယ် ဆိုရင် မင်းတို့တွေ တစ်ယောက်မှ အငြိမ်နေရမှာမဟုတ်ဘူး။ စိတ်ကူးနဲ့ ရူးနေတဲ့ စိတ်က ဂနာမငြိမ်ဘူး။ မိန်းမ ၀၀ များ ပိန်ကပ်ကပ် ယောက်ျားများ ထိုးဆေး နဲ့ စားဆေးများ အိမ်ပြန်မရောက် ခင် အထိ ဘတ်စ်ကား ကျပ်ကျပ်ပေါ်က ရဲမက်များ။ မင်း ဖြစ်ချင်တာ ပြောဆိုလို့ စူပါမန်းဖြစ်ချင်နေတာ ကို ငါဘယ်လို လိုက်ညှိမလဲ ငါက ကိုယ်ပျောက်မင်းသား ဖြစ်ချင်နေတာ လက်စွပ်လေး တစ်ပတ်ပြည့်အောင် လှည့်လိုက်ရင် အဲဒီမှာ စ တွေ့တာပဲ။ ဗီဒီယိုကြည့်နေရင်း ငါတို့ ဆွေးနွေးပွဲ အပြီးမှာ ဇာတ်လိုက်မင်းသား က စိတ်ရှုပ်ထွေးနေပြီပဲ။ အဲဒီတုန်းက ငါလည်း မသိဘူး။ စိတ်နောက်ကို လိုက်နေတာ အခုထိ။ မင်းလည်း မင်းရာဇ၀င်ထဲ မင်း အခုထိ မျောနေ ငါလည်း ငါ့ မောဟထဲ အခုထိ အိုဟောင်း လက်ညိုးလေးနဲ့ လူတစ်ယောက်ကို ဆွဲမ နိုင်တဲ့ အချက်ဟာ သိပ်ပြင်းထန်လွန်းသတဲ့။ ပြီးပြီ။ အဲဒီ ကစားပွဲက ပြီးပြီ။ မင်း နဲ့ ငါနဲ့ ဆက်ဆံရေးလည်း ပြီးပြီ။ ပြီးပြီ။ မင်း ယူလိုက်တဲ့ ငါ့သူငယ်ချင်းလည်း ပြီးပြီ။ အသားလည်း အရင်ထက် ပိုမည်းသွားတော့ ငါဟာ ကြောက်ကြောက်နဲ့ ပြေးထ

လက်ဆင့်ကမ်း သင်္ကြန်

လက်ဆင့်ကမ်း သင်္ကြန် စာအိတ်ကလေး အဖွင့်မှာ ပိတောက်တွေ ပွင့်လာတော့ ငုဝါတွေ အောက်မှာ သူက ရောက်နှင့်ပြီ။ နောက်ကျတဲ့ ပိတောက်ဟာ “အနုပညာ ဂုဏ်မြောက်ရင် ပိတောက်လိုပဲ အကိုင်းကို ခုတ် ခြံစည်းရိုးလုပ်လည်း အနုပညာပွင့်တွေဟာ တိမ်မြုပ်မသွားဘူး။” လို့ ဆိုတယ်။ “သက်ထွေး .. မင်းဟာ ကန့်သတ်ခံထားရတဲ့ အနုပညာသမားပဲ သင်္ကြန် နဲ့ မင်းနဲ့ ဘာမှ မသက်ဆိုင်ဘူး” တဲ့။ မုန့်လုံးရေပေါ်တွေထဲ “ဖီ” နုတ်တွေ ထည့်လုံးတော့ သင်္ကြန်မိုးဟာ တဖွဲဖွဲရွာ။ အဲဒီ စန္ဒရား သံ တစ်ဘား စာ အောက်မှာ အနှစ် ၂၀ ဟာ ကျပျောက်သွားတယ်။ ဒိုင်ယာရီတွေ စုတ်ဖြဲလိုက်လို့လည်း သမိုင်းဟာ ပျောက်ပျက်မသွား စန္ဒရား ကြီး ရောင်းလိုက်လို့လည်း တစ်ဘ၀စာ အဖြစ်မှန်ဟာ မလွန်မြောက်။ ရေတွေ စိုရွှဲနေလည်း ကျောက်စာဟာ ပျောက်ပြယ်သွားရိုး မရှိ။ ကျော်ညိုသွေး

ဂျင်းဘောင်းဘီ

ဂျင်းဘောင်းဘီ ကျပ် တဲ့ အရသာ ဟာ ဘာနဲ့မှမတူဘူး။ ခပ်ကျပ်ကျပ် ကို ရွေးတယ်။ ကျပ်မှပဲ ကြိုက်တယ်။ ရော့ခ်သီချင်းတွေက စောင့်နေကြပြီ။ မြန်မြန်ရွေး မြန်မြန်လေးဝယ်တော့... ခပ်ကျပ်ကျပ်ကလေး ခပ်ကျပ်ကျပ်ကလေးကွယ်.. ဘ၀မှာ ရသတွေ သိပ်များ ရိုက်ချက်တွေ က နှလုံးသားကို ထိပါး နှလုံးခုန်သံတွေ ဖိထားရအောင် ခပ်ကျပ်ကျပ်ကလေး ကောင်းကင်ကြီး ကို ကိုယ်တို့ ခြုံရုံ ချုပ်လုပ်လို့ မိုးသားတွေထဲ လမ်းလျှောက်ကြမယ်။ ဘ၀ဟာ စေးစေးပိုင်ပိုင် ဘ၀ဟာ ချပ်ချပ်ရပ်ရပ် သေသေသပ်သပ် လှလှပပလေး။ ဟိုမှာ ရောခ့်အင်ရိုးလ် တွေ စောင့်နေကြပြီ။ ကျော်ညိုသွေး

မျောက် ၂

မျောက် ၂ လက်သန်းရယ်လက်ညိုး နှစ်ချောင်းရယ်နဲ့ ဟက်ဟက်ဟက်လို့ ရယ်လိုက်မယ်။ ကီးဘုတ်ကိုပြန်မကြည့်နဲ့ မျောက် မင်းသစ်ကိုင်း လွတ်သွားတာ တော်တော်ကြာပြီ လူတွေကမင်းကို အပမ္မာဒေနသမ္မာဒေထ- မမေ့မလျော့သော ဇွဲလုံးလနဲ့ ရယ်ရဖို့စင်ပေါ်တင်ပေးထားကြတယ်။ ဟုတ်တယ်။ မင်းတက်ကနေတာ ကျိုးကျ တော့မယ့် ကလပ်ယဲ့ယဲ့လေး ပန်းသီးလေးရှေ့ချ မင်းရေးသမျှတွေ အားလုံး အက်ဖ်တူဿးယ် ခိုးခိုးခစ်ခစ် ဖော်အဲဗား ဆောရီး။ အိုင်းစတိုင်းလည်းသေသွားပြီ လေယာဉ်ပျံတွေလည်းပျံနေရင် မမြင်ရတဲ့ ခေတ်ရောက်ပြီ။ တစ်ခုခုဆိုချွေးသီးတွေ မိုးသီး မိုးပေါက်လောက်ကျ ရအောင်လည်း ဆယ့်နှစ်လတိုင်းဟာ ဇွန်လ မဟုတ်တော့ ပင်လယ်ပြင်တွေချွေးစို့တာလည်း ဟဟဟ ရယ်စရာ။ ရယ်စရာတွေတောင် ရယ်စရာ ဖြစ်ဖို့ ကြိုးစားရတာ ရယ်စရာ။ ဒီကမ္ဘာဟာမင်းထင်သလို ခြေချော်လဲတတ်တဲ့ ယုန်ကလေးလည်းမဟုတ် ဒီကမ္ဘာဟာမျက်ကပ်မှန်နဲ့ ဘာနဲ့ ညာနဲ့ ဘာဘာညာညာ ဆိုလည်း ဘယ်နဲ့ ညာ နဲ့ ကလေးတွေသွားပြော ဆိုတဲ့ စကားတောင် ဟောင်းသွားပြီ။ ကိုသောင်းကြည်ဘဲဥဆိုင်မှာ ရေဒီယို မဖွင့်တော့တာ ကြာပြီ။ ဘာလို့ဆို ပရိုဂရမ်းမင်းနဲ့ ဥဖေါက်နည်း ကလေးတွေကစားနေလေရဲ့ ဘောင်ထောက်ပြီးကျွင်းဝင်တာလောက်တော့ တယောအိုကြီး ထိုးနေတဲ့ အဖ