Posts

Showing posts from September, 2010

မင်းမကြိုက်တဲ့ ကဗျာ

ကိုယ်က ကဗျာရေးလိုက်တာ… သ၀န်တိုဆေးဖေါ်လိုက်တာမဟုတ်ဘူး နီကိုရဲအကြောင်း မကြည်ပြာကရေးလိုက်သလား အကြည်တော်အကြောင်း မြင့်စန်းရီက ရေးလိုက်သလား ဘာပဲဖြစ်ဖြစ်ဖတ်လို့ကောင်းတယ်။ ဘာပဲဖြစ်ဖြစ်ဖတ်လို့ကောင်းရင် ဖတ်လို့ကောင်းတယ်လို့မှတ်ပါ။ ကိုယ်ကကဗျာရေးလိုက်တာ သ၀န်တိုဆေးဖေါ်လိုက်တာမဟုတ်ဘူး။ အဲ့ဒီသရုပ်ဖော်ပုံလေးတွေက အလကားရတာမဟုတ်ဘူး ဘောလ်ပင်ထိပ်ဖူးတွေက နှလုံးသားကိုခြစ်ပြီးထွက်လာတာ။ မမြင်နိုင်တဲ့ လင်းလက်မှု့လေးတစ်ချက်မှာ ကိုယ့်အသက်ဓါတ်တွေထဲမှာ ထခုန်နေတဲ့ နန်းမျှင်လေးတွေပါ။ ကိုယ် Log ဖမ်းလိုက်တဲ့ အကြည်ဓါတ်ကလေးတွေက နေ့ရက်တွေရှည်ထွက်ဖို့ပါ။ ကိုယ်က ကဗျာရေးလိုက်တာ သ၀န်တိုဆေး ဖေါ်လိုက်တာမဟုတ်ဘူး။   ကျော်ညိုသွေး

အရွှေ့အလျှားရဲ့ အရသာ

ငယ်ငယ်တုန်းက သုံးခဲ့ရတဲ့ “ဖိုက်တာ” တံဆိပ် ဗလာစာအုပ်လေးက ဘယ်မှာလဲ။ မနေ့ကလည်း ဒီနေ့လို နေ့တစ်နေ့ပဲ ဒီနေ့လိုပဲ နေသာတယ် ငှက်တွေဟိုဟိုသည်သည်ပျံတယ် ပတ်ဝန်းကျင်တွေစိမ်းလန်းတယ် ဒီနေ့ဟာ မနေ့က မဟုတ်ဘူးလား မနေ့ကလည်း ဒီနေ့လိုနေ့တစ်နေ့ပါပဲ။ အနှစ်လေးဆယ် တုန်းကတော့ နှလုံးသွေးထဲက ပြဇတ်တစ်ပုဒ် အခုတော့ ဒစ်ဂျစ်တယ်နံရံတွေဆီက ကလစ်ခ်သံများ။ ကျော်ညိုသွေး

လူ့/တစ်စုံတစ်ရာ ဖြစ်စဉ် လက်ရှိ/လတ်တလော၏ ရှေ့ အတိုင်းအတာ တစ်ခု ထိ/သာ ဖမ်းယူနိုင်စွမ်းပဲ။

လူ့/တစ်စုံတစ်ရာ ဖြစ်စဉ် လက်ရှိ/လတ်တလော၏ ရှေ့ အတိုင်းအတာ တစ်ခု ထိ/သာ ဖမ်းယူနိုင်စွမ်းပဲ။   လာရောက်ထင်ဟပ်/ကပ်ငြိသော/တွယ်ကပ်လာသော အထိအတွေ့ အဆင်းအသံအနံ့အရသာ အနည်းဆုံးတစ်မျိုး/ တစ်မျိုးထက်ပိုသော အစုစု၊ အတွေး ၊ ပုံရိပ် ၊ အတွေးမှ ထပ်မံရိုက်ခတ်/ထိစပ်/ ရစ်ငင်သော အကြောင်းအရာ တစ်စုံ/တစ်ခု/အပိုင်းအစများ နောက်ထပ်ဖြစ်တည်လာမှု့(ရုပ်လုံးပေါ်နေ/ဆဲ သော ၊ မပေါ်သေးသော(ရုပ်လုံး)၊ မပီပြင်ဝိုးတ၀ါး(၀ါ) အားပြု ကြိုးစားနေမှု့ တစ်ခုခု(၀ါ)တစ်စုံတစ်ရာ)။ အသံ(ကိုယ်ကပြုသည်၊ သူကပြုသည်။ ကိုယ်ရောသူရောမဟုတ်၊ ပထမ နေရာမှ(သို့) ဒုတိယနေရာမှ (သို့ ) တတိယနေရာမှ (သို့) အခြားဖြစ်တည်ရာ/အားပြု ထုတ်လွှတ်ရာ) ကို Focus ပြုလုပ်ခြင်း။ ငေးမောမိပြီဆို မြန်မြန်ဖမ်းဆုပ် ၊ သရုပ်ခွဲ ၊ အရှိတရားကို အနည်းငယ်မွမ်းမံ သွတ်သွင်း။ အပြု ၊ အရုတ် ၊ အတည် ၊ (                                   ) ဒီတစ်ခုလုံးထဲမှာ သဘောတရားနဲ့ တရားသဘော ပါ/မပါ။ ထပ်မံစိတ်ဖြာ/ခွဲခြမ်း ၊ ခွဲခြမ်း ပြီးနောက် စိတ်ဖြာ အမျိုးအမည်က ဘာလဲမသိ။ အသိထဲမှာ မသိခြင်းရှိနေတာမျိုး လောလောလတ်လတ်ထဲ တို့ထိမိ။ ထိမိပြီ ဒါကိုသိနေပြီသားကို ထပ်မံသိရှိခြင်း ဒါက ဆင်ခြင်မှု့သဘော။ အစိတ်အပိုင်းတွေ ကွဲနေပြီဆို ပြန

Search Box မှာ အဲဒီနာမည်ချည်း ရိုက်ထည့်နေမိ ဟူးးးးး

လိုချင်တပ်မက်စိတ်ဆိုတာ ဆယ့်လေးလက်မ ပေတံရဲ့ အလယ်တစ်ဝက် ကိုကျော်တာနဲ့ မလိုလားအပ်တဲ့ တန်ဖိုးတွေ ဖြစ်သွားတတ်တယ်။ ဇာတ်ရှိန်အနိမ့်အမြင့်က ဖန်တီးသူရဲ့လက်ထဲမှာပေါ့ ကိုယ်ကြိုက်ရာကိုယ်ရွေး ကိုယ့် အတိုးအလျှော့မှာ ကိုယ်ကိုယ်တိုင်သာ ခံစားရော့။ လှန်လှောပါများလို့ ဒီစာရွက်ဟာ နွမ်းကြေနေမယ် စာရွက်အမျိုးအစားနဲ့ အထူအပါးအတိုင်း အချိန်တိုင်းမှာ စုတ်ပြဲဖို့ ၀ဋ်နာကံနာနဲ့ လိုက်ရောညီထွေ။ စိတ်အဆာမပြေခြင်းနဲ့ လွယ်လွယ်လက်လျော့ခြင်း တိုက်ရိုက် အချိုးကျသလား တွေးကြည့်တယ်။ တစ်ချို့အစားအစာက စားကောင်းတယ် ဆိုရုံမြည်းစမ်းစရာ တစ်ချို့အစားအစားက ခံတွင်းချဉ်လာရုံ တို့ထိစရာ တစ်ချို့အစားအစာက ပလုတ်ပလောင်း လွေးစရာပေါ့။ ကိုယ့်ရှေ့က စာအုပ်ထဲမှာ ဘယ်စာမျက်နှာဟာ ကိုယ့်အတွက်လဲ။ တစ်ယောက်က အထီးကျန်လို့ဆိုပြီး ကိုယ့်ဆီ ဖုန်းဆက်တယ် ကိုယ်က တီဗွီဖွင့်ထားဖို့ အကြံပေးလိုက်တယ်။ အဲဒီလို ကိုယ့်မသိစိတ်ကို ကိုယ်တိုင်လိမ်ညာနိုင်ဖို့ ကြိုးစားရင်း အတွေးဆိုတာ ပဲ့တင်ထပ် တတ်တယ်… ပဲ့တင်သံချင်းရိုက်ခတ်ပြီး အတွေးတွေ ဆင့်ပွား ကိုယ်တို့ သွားရာ လမ်းကြောင်း တွေ ဝေ့၀ိုက်ရှည်လျား ဒီမီးရထားကြီး လည်ပတ်လို့ မရပ်သေးဘူး လိုချင်တဲ့ အမှတ်ဆီ မရောက်သေးသရွှေ့။ ကိုယ့်လက်

Web To The Log

အလိုတော့်အတိုင်း ကိုယ်ဖော့သိုင်းနဲ့ လာခဲ့တယ်။ အို... အပျော့ တံတိုင်းခတ်ထားလည်း မလိုတော့... သိုင်းတတ်သားပဲ။ မဆိုင်းဖတ်ဖို့အရေး ပူစရာမလို အမူအယာပို လူစားထိုးသလို မတူတာလျှို U အားကိုးလို့ လာခဲ့တယ်။ ကျော်ညိုသွေး

ဝေဖန်ခြင်းလား ၊ ပိသာလေးနှင့် ဘေးပစ်ခြင်းလား

ဝေဖန်ခြင်းလား ၊ ပိသာလေးနှင့် ဘေးပစ်ခြင်းလား ကျွန်တော်အမြဲတမ်း ကြုံရတဲ့ ကိစ္စတစ်ခုရှိတယ်…။ ကျွန်တော်တင်မကလူအတော်များများ ကြုံတွေ့ရတဲ့ကိစ္စပေါ့။ ကိုယ်က တစ်ခုခုလုပ်လိုက်/ရေးလိုက်မိတဲ့အခါ။ ဝေဖန်တယ်ဆိုပြီး ပြောချင်ရာ အပြောခံရတဲ့ ကိစ္စပါ။ အွန်လိုင်းပေါ်မှာဆိုပိုဆိုးတာပေါ့။ လူလည်း မမြင်ရ တွယ်ချင်တဲ့လူက အသာလေးဝင်တွယ်သွား၊ ပြီးရင် သူ့အပြောအဆိုနဲ့ အရေးအသားတွေက တစ်စက်ကလေးမှ အဆင့်အတန်းမရှိတာလည်းပါရဲ့။ သူများကို ပြောချင်ဇောနဲ့ စာလုံးပေါင်းတွေကမှားလို့မှား။ တစ်ခါတစ်လေလည်း ပြုံးရုံကလေးသာဖြစ်ခဲ့ပေမယ့်။ တစ်ခါတစ်လေတော့လည်း စိတ်အနှောက်အယှက်တော်တော်လေး ဖြစ်ရတယ်။ ခက်တော့လည်း ခက်သားလားဗျ။ ကိုယ်ကိုယ်တိုင်ကလည်း အချိုးမပြေတာရှိရင် ပြောချင် ဆိုချင်တာမျိုး။ ကိုယ့်ကို မဟုတ်မမှန်တာလာပြောနေရင် သိပ်ပြီး သည်းခံတတ်တာမဟုတ်တော့ လည်းခက်တယ်။ တစ်ချို့လူတွေက ကိုယ်ရေးသမျှ ပြောသမျှ လုပ်သမျှတွေကို လိုက်ဝေဖန်တယ်။ အဲ့ဒီမှာ ပြောစရာတစ်ခုရှိတာက ဝေဖန်တယ်သာ ပြောတာ။ ဝေဖန်တယ်ဆိုတဲ့ အပြုအမူ လုပ်ဆောင်ချက်က ဘယ်လို မျိုးဆိုတာသိလည်းမသိသလို ၊ သိဖို့လည်း မကြိုးစားကြတဲ့ လူတွေက တစ်ပုံကြီး။ လုပ်ဆောင်ချက်တစ်ခု ၊ အကြောင်းအရာ တစ်ခု စာတစ်ပုဒ် ကို သေ

ပန်းကောဇောနှယ်

ညီကာအတူ အပျော်ဖက်ပါလို့၊ ပလီကာကျူ ပျော်လျှက်လန်းသူ မောင်တွေနှင့် ၊ ရောင်ရွှေဖွင့် အသင့်မဒီကညာ။ ပြည်မြန်မာ တ၀ှမ်းလုံးမှာလ ၊ ကြည်စရာအပြုံးပန်း ပဏ္ဍာရခဲ့ ၊ ကဗျာစလှစ်ခြွေ။ ဒီနေရာ အသစ်တွေမှာဖြင့်၊ အချစ်တွေသာရင့်ကျူးသီ၊ ပွင့်ထူးသည် တီတာမြစ် ပျိုတွေမှာက ၊ ချိုလေစွာလှစ်ကဲရာ။ ပြစ်မရဲစွာ လှထူးမော်တာကြောင့် ၊ အသစ်တွဲကာ ခဏမူးပျော်ရှာဖို့ ဖော်သဟာတို့ တွဲတူညီစွာ ၊ ဖြူနီဝါ လှယမင်းအဆင်ကို ခဏချင်း အတွေ့ရှုပ်ကာ၊ Facebook မှာကဲ။         ။ စာတော်ဘတ် ဦးကျော်ညိုသွေး

လက်ပြောင်း လက်လွှဲ

လက်ပြောင်းလက်လွှဲ ယခင် - လေထန်ကုန်း ရောက်ဖူးရန်လိုဧ။် ယခု    - ဖေ့စ်ဘုတ် တစ်ခုရှိရန်လိုဧ။် ကိုငှက်ကြီးကို ရူးသွပ်ရန်လို၏ ဂျော်ဒါးနိုးတီရှပ်နှင့် မိုးပြာဂျင်းန်လို၏ ထွိုင်ဦးထုပ်လိုဧ။် သရီးကွာတားလို၏ မြန်မာဘီယာ ကြိုက်တတ်ရန်လိုအပ်သည်။ မလုံလောက်ပါက ပေါက်စည် ကြိုက်တတ်ရန်လိုအပ်သည်။ နှုတ်ခမ်းထူရမည်။ နှုတ်ခမ်းမွှေးပေါက်ရန်မလိုအပ်/မလိုအပ် အချိန်တစ်ခုကိုစောင့်ဆိုင်းလျှက်ရှိ မုတ်ဆိတ်မွေး ရှိရန်လိုအပ်သည်။ ဥတုသုံးပါး ၌ လိုအပ်လျှင် လိုအပ်သလို အာဟာရသိဒ္ဓိပြီးမြောက်ရန် လိုအပ်သည်။ လီယိုနာဒို ဒါဗင်ချီအား သိရှိရန်လိုအပ်သည်။ (မနေ့တစ်နေ့ကမှ ငါလည်း သူ့ကိုသိတော့သကိုး) မွန်ရိုးအား သိရန်လိုအပ်သည်။ ရှယ်လီအား သိရန်လိုအပ်သည်။ ဒိုင်ယာနာရို့စ်အားသိရန်လိုအပ်သည်။ ၀ိုင် ၊ ပေါင်မုန့် ၊ ရမ် ၊ ဘလက်လေဘယ် တစ်ပက်နှင့် သိုးမည်းများ မမြင်ရသော တတိယ မျက်လုံး တိမ်တွေနှင့်တူသော အတွေးများ ၊ ချော့ကလက်များ ဇာတိရဲ့ကဗျာထဲက အားလုံးအားလုံး(စိတ်မရှည်တော့ဘူး) ပိုင်ဆိုင်ခြင်းမရှိသော လက်ဆုပ်လက်ကိုင်များ နိုင်းမြစ်ဝှမ်းက ရွံ့စေးများ ဓါတုဗေဒဆရာ ပြောတာတော့ ကလီယိုပါထရာက သူမျက်နှာကို ပေါင်းတင်တဲ့အခါ နိုင်းမြစ်ဝှမ်းက ရွံ့စေးတွေကို အသုံးပြုသတဲ့။

ငါ တစ်ကယ်ခင်ပါတယ်…..ဟယ်

သံယောဇဉ်တွယ်မိတော့ ကျုပ်က တန်းတန်းစွဲ ပြန်ပြောရင် တစ်ကယ် မချိပေါ့ အဟုတ်ပ ဗြန်းဗြန်းကွဲ။ ကျေးဇူးတော် အမေမှာမွေးတော့ ပွေးတဲ့လူရုပ် အသွေးထူးမပေါ် အသေအချာအရေးမတော့ အဆွေးနဲ့ လူလုပ်။ ကလေးနဲ့လည်းပေါင်းတယ် ချစ်စရာကောင်းပြီဆို အကြွေးနဲ့လည်းရောင်းတယ် မေတ္တာအပေါင်း ဒီလို။ မေတ္တာငတ်သူကို တစ်ချို့မှာလည်း တဏှာရူးထင်တယ် သစ္စာထပ်မထူလို ပျို့ကာလည်း ငါရူးချင်တယ်။ မောင်နှမစိတ်နဲ့ပဲ သူခင်မယ်ဆို ငါတွယ်ချင်ပါတယ်.. အယောင်ခဏမချိတ်ခဲ့ပဲ ဖြူစင်မယ်ဆို ငါတစ်ကယ်ခင်ပါတယ်…… ဟယ်…။ ကျော်ညိုသွေး

မျက်မှန်တပ်ထားတဲ့ သူ နှင့် မျက်မှန်မတပ်ထားတဲ့သူ

“မင်းဘာလို့ဒီလိုရှက်ကြောက်နေရတာလဲ ဘာမှလည်းဟုတ်တာလည်းမဟုတ်ပဲနဲ့ ငါလည်းငယ်ငယ်တုန်းက မင်းလိုရှက်ခဲ့ဖူးတာပဲ ဆင်းရဲတာကိုရှက်တာ နောက်တော့ငါ့ဘာသာစဉ်းစားမိတယ် လောကကြီးမှာ ငါတစ်ယောက်တည်း ဆင်းရဲတာလားလို့ပေါ့ ငါတစ်ယောက်တည်းမှမဟုတ်ပဲ” ကျွန်တော် အထက်တန်းကျောင်းသားဖြစ်ခါစ အဖေနဲ့ကျွန်တော် တစ်နေရာသို့အသွား လမ်းမှာ ကျွန်တော်က တစ်စုံတစ်ခုကို ရှက်နေမိသောကြောင့် အဖေက ကျွန်တော့်ကိုပြောတဲ့စကားပင်ဖြစ်သည်။ အကြောင်းမရှိအကြောင်းရှာရှက်တတ်သော ကျွန်တော့်ကို အဖေကလည်း အကြောင်းမရှိအကြောင်းရှာကာ မရှက်တတ်ဖို့ ပြောဆိုသည်မှာ အကြိမ်ကြိမ်ရှိပြီ။ ရုပ်ဆိုးတာကိုရှက်တာ။ မျက်လုံးပြူးတာကိုရှက်တာ။ ဆင်းရဲမှာကိုရှက်တာ။ စသည်ဖြင့် ရှက်နည်းပေါင်းစုံဖြင့် လူတကာတို့ရှက်ဖူးကြပါလိမ့်မည်။ ထို့ကြောင့် ကျွန်တော်လည်း ရှက်ခဲ့သည်။ ငယ်စဉ်က အကျင့်တစ်ခုကြောင့် လူပျိုပေါက်ရောက်သောအခါ ကျွန်တော့်အတွက် ရှက်ဖွယ်တစ်ခုကိုကြုံရလေသည်။ တစ်ခြားမဟုတ် သွားခေါနေခြင်းပင်။ ငယ်ငယ်က ဘယ်ဘက်လက်ညှိုးသိမ်သွားအောင် လက်စုပ်ခဲ့သောကြောင့် လူပျိုပေါက်အရွယ်တွင် သွားခေါကလေး တစ်ယောက်ဖြစ်ခဲ့လေပြီ။ တစ်ခါ…ကျွန်တော့်အဖေအလုပ်မသွားသည့်နေ့ ကျွန်တော်တို့ အိမ်ရှေ့ဈေးဆိုင်လေး ပေ

ရတနာအေး...သို့

ရတနာအေး…သို့ ပြန်မြင်နေ ဟိုတုန်းက မိုးပြာဂျင်းန်လေး ရင်ထဲမှာ အခုချိန်ဆို မိုးရွာရင်းလေ...။ အလွမ်းရဲ့အလင်းတွေက တိုးကာလင်းနေ။ ကိုယ့်ကဗျာမင်းလေး..... အခုတော့လည်း တို့နှစ်ယောက်ရဲ့ အိမ်မက် ယဉ်ပေါ်ကနေ ဆင်းပြေး ။ မင်းထားခဲ့တဲ့ အလင်းလေး..... ငါ့ကောင်းကင်အမှောင်ကြီးစိုးလို့ သေချာစွာတောင် မလင်းပေ။ ရင်ဘတ်ကို ပြန်စမ်းကြည့်တော့ ငါ့ရဲ့ကြိုးတွေတင်းနေ။ သီချင်းတွေကို နှုတ်ခမ်းဝက ဆိုညည်းလည်း အပိုပါပဲ အသည်းမရှိမှ အဲဒီမှာ မချိုသာခဲ့ ။ ကိုယ်ဟာလည်း… အခန်းထဲမှာ အပြီးသတ် ဆိုတဲ့သီချင်းဟာ အငိုပါပဲ။ အချိုရှာခဲ့ပြီး အချစ်မှာ ဘေးဖြစ်ဖို့ မရည်ရွယ်ခဲ့လည်း ချစ်တာလေး နှစ်လို့ သူလီစယ် ခဲ့တယ်… အတည်တကယ်ရေးခဲ့တဲ့ အချစ်ကဗျာလေးတွေတောင် ဖောက်ပြားလို့ သစ္စာကလေးတွေ ပျောက်သွား ၊ မေတ္တာအရေးတွေ ပျောက်ရှလို့ ပြေပြယ်.. အချစ်ဟာ ပြေးပစ်လို့ ဒီအရွယ်နဲ့လည်း ကံကြမ္မာက ကျီစယ်လို့ အနည်တွေထိုင်ခဲ့တယ်.. ဒါပေမယ့်… အရွယ်တွေ မတိုင်ခဲ့ပဲနဲ့ကွယ်…။ ထိုင်ခဲ့တဲ့ ထိုင်ခုံ အပြာလေးတွေ အခုတော့ ထားရစ်ခဲ့ အခုအချိန်ရက်တွေမှာ သူ့အိပ်မက်တွေဟာ တအားပဲသစ်တော့မှလည်း ဟိုအရင်က စိတ်ကူးရဲ့ ယဉ် ပျံတွေကလည်း နွားလှည်းဖြစ်တော့မယ်..။ ပြေလည်ရန်ပြေ

ကြောက်ပါတယ်

တစ်စင် ဆို တစ်စင် ဆောက်လည်း အရင်လိုအချဉ်ပေါက်ဆဲ ပင်ကို ယဉ်သလောက်လည်း မကြင်လိုချင် ဖေါက်လွှဲ။ ရင်ကိုပင် လျှောက်ခွဲ တစ်ပင်ဆိုတစ်ပင် ပေါက်လည်း သင်လို ခင်တစ်ယောက်ပဲ မမြင်လိုချင် ကြောက်ဆဲ။ ကျေးဇူးပြုပြီးသွေပါ အလေးအထူးပြုပြီးနေမှာ မအေးဘူး အတုမီးတွေပါ မပေးဘူး အတုချည်းတွေသာ။ အကြည့်တစ်သောင်းမကပင် အများကြီးရယ် အသိအပေါင်းကပင် တားဆီးတယ် မိကောင်းဖခင် သားသမီးရယ်။ ကျော်ညိုသွေး

ကမ္ဘာကျော်ရေမွှေး

တို့အမျိုးတွေ… World Wide မှာ။ ဟိုတစ်နေ့က… မမဆီက စာဝင်တယ်။ အပွေးတုံးလေး ပို့လိုက်ပါဦးတဲ့။ ကျော်ညိုသွေး

ကြည့်လို့မကောင်းတဲ့ပွဲ

ဒီမို အရူးငနဲတွေကြား အပီကို ဆူးလှည်းတွေများ။ အီသကို မူးလဲလေမလား။ ကိုကို ကြံစည် သူတွေးရင်း ဘယ်လို ဘယ်လို နှံမည် လူရွေးရင်း ဖိုတိုမန်နီပူလေးရှင်း။ လုပ်ဟ အနာအဆာ အကြံကြီးလျှက် ဖရုဿဝါစာ ဖန်တီးချက် ဗုဒ္ဓဘာသာ အမှန်ကြီးရဲ့။             ။ ကျော်ညိုသွေး