Posts

Showing posts from April, 2012

ကမ္ဘာလဆန်း ၁ ရက် နေ့ (၁)

ကမ္ဘာလဆန်း ၁ ရက် နေ့  (၁) လူတွေစကားမပြောတဲ့တဲ့ ခေတ်တွေ၊ လူတွေ ဘာဘာညာညာမသိတဲ့ အသံနဲ့ ဆက်သွယ်တဲ့ခေတ်တွေ ၊ စကားတွေ နဲ့ဆက်သွယ်တဲ့ ခေတ်တွေ ၊ အသံတွေကို မိုင်ထောင်ချီ ကွာဝေးနေတောင် ကြားနိုင်တဲ့ခေတ်တွေ ၊ လူတွေ စကားသံတွေအစား အပြုအမူတွေ နဲ့ ဆက်သွယ်တဲ့ခေတ်တွေ ၊ ကုန်စည်နဲ့ ၀န်ဆောင်မှု တိုက်ရိုက်ဖလှယ်တဲ့ အလေ့အကျင့် ၊ သွယ်ဝိုက် ဖလှယ်တဲ့ခေတ်၊ အဖိုးတန်သတ္တုတွေနဲ့ ကြားခံဖလှယ်တဲ့ခေတ်၊ ဘာမှမရှိတဲ့ ကိန်းဂဏန်းတွေနဲ့ ဖလှယ်နိုင်တဲ့ခေတ်၊ အ၀တ် မ၀တ်တဲ့ ခေတ်၊၀တ်တဲ့ ခေတ် ၊လုံခြုံစွာဝတ်တဲ့ခေတ်၊ နည်းနည်းဖော်တဲ့ ခေတ် ၊ ဇီးရိုးကွာတားနဲ့ ဘရာစီယာခေတ်၊ အသီးအရွက်စားတဲ့ခေတ်၊သားစိမ်းစားတဲ့ခေတ်၊မီးကင်စားတဲ့ ခေတ်၊ ပြုတ်စား/ချက်စားတဲ့ခေတ်၊ ပြုတ်တာပြန်စားတဲ့ခေတ်၊ ကင်တာပြန်စားတဲ့ခေတ် ၊ အသားစိမ်းပြန်စားတဲ့ခေတ် ဟိုဟိုဒီဒီခေါက်ပြီး  တီးတဲ့ ဆိုသံမပါတဲ့သီချင်း ၊ ဟေးဟား  အော်တဲ့သီချင်း ၊ စကားပြောသံတွေနဲ့ချည်း ဆိုတဲ့သီချင်း မယ်လိုဒီနည်းနည်းပါတဲ့သီချင်း ၊ အသံစုံတီးဝိုင်းတွေနဲ့ အော်တဲ့ သီချင်း ၊ နွဲ့နှောင်းစွာ ဆိုတဲ့သီချင်း ၊ ကြမ်းတမ်းခက်ထန်တဲ့ သီချင်း ၊ မပီမသ အော်တဲ့ သီချင်း ၊ စကားသံတွေ ချည်းပဲ ဆိုတဲ့သီချင်း၊ဟိုဟိုဒီဒီခေါက်