Posts

Showing posts from April, 2010

မမှု့ဘူးဟေ့

ရေးထားတဲ့ ငါ့ကဗျာတွေ အကုန်ပျောက်လည်း သွေးမခြားခဲ့ ငါလေကွာ ဘုံမပျောက်ပဲ အတွေးများနဲ့ ငါလေ အာရုံမနောက်ခဲ့။ ဘာတွေ အစုံနှောက်လည်း ငါလေ ဖြုံမကြောက်ပဲ ဟော့ဒီငါ့ရင်ဘတ်ထဲမှာ ငါရဲ့ကဗျာတွေ အပုံထောက်ဆဲ။ လက်ဖျောက်တီးတာနဲ့ ကာရံတွေထွက်သမို့ တစ်ချက်လောက်ညည်းတာနဲ့ ကဗျာအမှန်တွေဆက်မယ်။ နှလုံးတွေခုန်နေသရွှေ့တော့ ကဗျာ ဥာဏ်တွေ မပျက်ပြယ် မုန့်လက်ဆောင်းကို ရွှေရင်အေး အသွင်ပြောင်းတဲ့ ကဗျာအလန်တွေအတွက်ပေါ့ ငါကြံနေလျက်ကွယ်။ ကျော်ညိုသွေး မနေ့တစ်နေ့က Memory Stick ကလေးပျက်သွားတယ်။ အထဲမှာ အီးဘုတ်တွေ ၊ ဆော့ဖ်ဝဲလ်တွေ ၊ ကိုယ့်ဓါတ်ပုံတွေ နဲ့ ကဗျာတွေ နည်းနည်းပါသွားတယ်။ Data Recovery လုပ်လို့လည်း မရဆိုတော့ မစားနိုင်မသောက်နိုင် ရူးသွားတယ်။ အပေါ်ကကဗျာက ဂေါက်သွားလို့ ရေးလိုက်တဲ့ ကဗျာပါ။

ပရိုမိုးရှင်းန် ထန်းခေါက်ဖာဘွဲ့

ဖာအညွှန်းမှာ ဖာလှကြောင်းနဲ့ ဖာတွေရဲ့ဂုဏ်အင် စုံလင်အောင်စာတော်တင်လို့ အကုန်ပင်ပြောင်စင်အောင် တင်စားချက်တွေနဲ့ မြင်သွားအောင်ရက်စက်စွာဖွဲ့တာလည်း ဟဲ့..ငါလည်း မမဲ့သာပဲပြုံး။ အလဲ့….ဖာတစ်လုံးရယ်မှ နှစ်ကျပ် အမြတ်ကောကျန်ပါ့မလားကွယ် သူ့ဟန်က ယခုပင်လှန်ပြမတဲ့ မကျန်ရ အနာအဆာ အခါခါအစစ်ခံဝံ့သတဲ့လေ။ အပြစ်မကျန်အရမ်းလှသမို့ အစစ်အမှန်တမ်းတဖို့ သာအလှမှာလေ အရှိန်အဟုန်ပြင်း ဖာတစ်ကာ့ဖာတွေထဲ သွေမသိမ် ဂုဏ်သတင်းကြီးတဲ့ ရွေသမိန်ရွာက ဖာတွေခင်းလျှက် သာမဏေအတွက် ဖာတွေကလည်းအသင့် မလင့်စေ ထေရ့်အရှင်မက်ဖို့လည်း ဆက်လို့လည်း လှစ်ပြမှာ ချစ်စရာ့ ဖာအဆင် ဟာ..မြင်တာနဲ့ ကြွေ။ အစဉ်အလာနဲ့လေ မြင်ပါသကွဲ့လေ မယှဉ်သာပဲ အမြင်မှာလည်းဆန်း အမြဲတမ်းအတွက် မကွဲတမ်းတောင့်တဲ့ဖာ။ ။ ကျော်ညိုသွေး (ကိုသင်ကာရဲ့ ဘလောဂ့် မှာတင်ထားတဲ့  ထန်းခေါက်ဖာဘွဲ့ ကဗျာကို ဖတ်ပြီး ကွန်မန့်ပြန်ပေးထားခဲ့ဖူးတဲ့ကဗျာ)

အမိုက်သား

အုန်းသီးကို ခြစ်တာမှ နို့ထွက်ဦးမယ် အရှုံးမီးကို နှစ်တာက ပျို့တက်နုံးတယ် ကုန်းသီးလို နစ်တာပ ကိုယ့်အတွက်ရှုံးတယ်။ တို့မက်မဆုံး တစ်ကယ် ကြိုက်တာလည်း ကိုယ့်အသက်သုံးဆယ် အမိုက်ပါပဲ ပျို့မျက်လုံးရယ် လိုက်ကာလည်းဖုံး။ အသိုက်ရှာဆဲ မဆုံးတမ်းကောင်းကင်မှာ ၀ိုက်ကာဝဲ အပြုံးပန်းတောင်းစဉ်မှာ အငိုက်ငါလည်း အရှုံးလမ်းကြောင်းဝင်လာ။ နှလုံးလမ်းကြောင်းအပြင်နားမှာ အမုန်းလမ်းကြောင်းများယှဉ်ကာတွဲရစ် အပြုံးစမ်းချောင်းများ ကျဉ်ကာခွဲ သုံးတန်းကျောင်းသား အကြင်နာလည်းနစ်။ ကျော်ညိုသွေး

သင်္ကြန်ကဗျာ

သင်္ကြန်မှာ အဖြုန်းကောင်း ဖို့ ဖန်စရာ သုံးသောင်းလောက်တောင်မရှိ။ ပျိုတရုတ်မကလည်း အကို ကျုပ်ကို ချန်ခဏထားပြီး ဟို...အုတ်ဖို ပြန်ကြွသွား။ ဒီမှာတော့ ဖုန်းခေါ်သံတွေ ကြားတိုင်း ကုန်းပေါ်ကျန်နေတဲ့ ငါးလို နှုန်းတော်မြန် စည်းချက်နဲ့ အသုံးတော်ခံ Feel တက်လို့ ထွန့်ထွန့်လူး။ ဟော့..ဒီ့သင်္ကြန်မှာ ဘ၀သမားတွေကလည်း ရက်တိုမှာ ပုလင်းကောက်။ ပကာသန ကျားတွေကလည်း ရမ္မက်ပိုကာ ကင်းထောက်။ အထာ အပြ များတွေနဲ့ အရှက်ဆိုတာ အလျဉ်းပျောက်။ အိမ်ထဲကနေ လောကကြီး ငါကြည့် ဇိမ်လည်းမကျပေ သဘောကျ ပြီးစရာမရှိ။ ဟိုချောင်ဒီချောင်တွေက လည်း ကောင်းမှု့အစာကျွေး ဟိုကောင်ဒီကောင်တွေကလည်း Foul ထုကာ ပွေး ဟိုယောင်ဒီယောင်တွေကတာ့ ခေါင်းပုကာ ပြေး။ အကြံပေါ်ပြီး အလန်းဓါတ်စာနဲ့ ဘီယာဆိုင်မှာ တိုးလို့တိုး ကန်တော်ကြီး ကမ်းစပ်မှာတဲ့ အတည်လာထိုင်ကာ ရှိုးလို့ရှိုး အဖန်တော်ပြီး ဖလန်းထပ်ခါတဲ့ အီအထာပြိုင်ကာ ဒိုးလို့ဒိုး။ အပြန်ဆိုအလွမ်းဖြတ်ပြီး ရယ်စရာလေးပြောင် မပြန်လို စမ်းသပ်ပြီး ဘီယာလေးဆောင် အမှန်ကို ဖလန်းထပ်ပြီး ဂီတာထွေးမောင်။ မြို့တွင်းမှာတော့ ကာရန်တွေ အဲ့လိုဆိုးတယ် ကိုယ်အချင်းမှာတော့ နာခံနေ တစ်ကယ့်ကိုရိုးတယ်။ မင်းမသောက်ခိုင်းလို့ ... အသောက်အစားလည်း

နွေကျောင်းပိတ်ချိန်

ညီမလေးကတော့... အင်တာနက်ရယ် မရှိတဲ့နေရာမှာ။ ဒီကအသွေးကတော့ ကြင်စရာမျက်ကွယ် မရှိတဲ့ နွေအခါ။ ဖြေသာစရာ ဝေဆာလာတဲ့ ဖုန်းခေါ်သံတွေကိုပဲ အပြုံးဖေါ်ရန် အသုံးတော်ခံနေရဆဲ။ ကျော်ညိုသွေး

စိတ်အေးအေးထားပါ သူငယ်ချင်းရာ

သူက မင်းစိတ်နာအောင် ဘာများလုပ်မိလို့လဲ သူငယ်ချင်းရာ။ တစ်ခါတစ်လေ မျှော်လင့်ချက်ကလေးတွေ ပေးတတ်တာနဲ့ တစ်ခါတစ်လေ မိန်းမပီပီသသ မာယာလေးသုံးတတ်တာနဲ့ မင်းကိုလွမ်းတယ်ဆိုပြီး… ကွယ်ရာမှာ ယောက်ျားလေးသူငယ်ချင်းနဲ့ တွဲတတ်တာလောက်နဲ့များ မင်း အငြိုးတွေမထားပါနဲ့ သူငယ်ချင်းရာ။ မင်းအနားမှာ သူရှိနေတုန်းမှာ မင်းပျော်ရတယ်မလား “အစ်ကိုက သမီးအတွက်အရေးကြီးဆုံးပါပဲ” ဆိုတဲ့စကားရယ် “အစ်ကို့ကို အရမ်းသတိရနေတာ” ဆိုတဲ့ စကားလုံးတွေနဲ့ မင်းပျော်အောင် သူလုပ်ပေးခဲ့တာပဲ။ တစ်နှစ်လောက် အဖြေစောင့်ရတာကို မင်းဘက်က မစောင့်နိုင်ဘူးဆိုပြီး လုပ်ချင်ရာတွေ မင်းလျှောက်လုပ်တာ သူမသိဘူးဆိုပေမယ့် ငါသိတယ်သူငယ်ချင်း။ မန်ယူတောင် ရှုံးလို့ထွက်သွားရပြီ မင်းအရှုံးမပေးနဲ့လေ သူငယ်ချင်း။ မင်းက မင်းတောင်းထားတဲ့ အဖြေမရလို့ စိတ်မရှည်ဖြစ်ချင်တယ် အလွမ်းသီချင်းတွေ ကြားတိုင်း အဲ့ဒီသီချင်းနဲ့ သူ့ကိုစကားနာထိုးမယ် မလုပ်နဲ့သူငယ်ချင်း သူစိတ်ကသိကအောက်ဖြစ်မှာပေါ့။ အလုပ်နဲ့မင်းချစ်ရတဲ့ ချစ်သူကောင်မလေး ဘယ်ဟာကို ဦးစားပေးမလဲ။ သူ့ကျုရှင်ဆင်းချိန်တွေ မင်းအကြိုအပို့လုပ်နိုင်ခဲ့လား သူ့အတွက် လစဉ် ပျော်စရာလေးတွေ ဖန်တီးပေးနိုင်ခဲ့လား အချစ်အတွ