Posts

Showing posts from 2021

ရှင်သန်စိတ်

ရှင်သန်စိတ်ဆိုတာဟာ ဘာလဲလို့ မေးရင် ရုတ်တရက်တော့ ဖြေရခက်ပါလိမ့်မယ်။ ရှင်သန်စိတ်ဆိုတာ ဘာပါလဲ။ ရှင်သန်စိတ်ဆိုတာ ကိုယ်ကိုယ်တိုင်ရှင်သန်ဖို့ အတွက် လုံလောက်တဲ့ အကြောင်းအရင်းပါ။ အဲဒီအကြောင်းအရင်းဆိုတာဟာလည်း လောကကြီးမှာ ကိုယ့်ဟာ နေရာတစ်ခုအတွက် ၊ တစ်စုံတစ်ယောက်အတွက် လိုအပ်တယ်ဆိုတဲ့ အခြေခံစိတ်ကစပါတယ်။ တစ်ခါတလေမှာ လူတွေဟာ ရှင်သန်စိတ်ပျောက်ကြပါတယ်။ လောကကြီးမှာ ငြီးငွေ့စိတ်ဝင်တတ်ပါတယ်။ ဒါကြောင့်ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘဲ လေလွင့်ပေတေနေတတ်ကြပါတယ်။ ဒါဟာ ဘာကြောင့်များလဲ။ လောကကြီးမှာ ကိုယ်ဟာ အသုံးမဝင်ဘူးလို့ ကိုယ့်ကိုယ်ကိုယူဆတယ်။ ကိုယ့်ကို ဘယ်သူကမှ မလိုအပ်ဘူးဆိုတဲ့ စိတ်မျိုးဝင်လာတယ်။ အဲဒီလိုစိတ်အခြေအနေတွေကြောင့်ပဲ ရှင်သန်စိတ်ဟာ ပျောက်ဆုံးရပါတော့တယ်။  အထူးသဖြင့် တစ်စုံတစ်ယောက်ရဲ့ ပစ်ပယ်ခြင်းကို ခံလိုက်ရတာမျိုး၊ နေရာတစ်ခုကနေ ဖယ်ထုတ်ခံလိုက်ရတာမျိုးစတဲ့ လောကဓံ (၈) ပါးထဲက တစ်ပါးပါးရဲ့ တိုက်ခိုက်မှုကို စိတ်နှလုံးက နာကျင်စွာခံစားရတဲ့ အခါမျိုးတွေမှာပေါ့။ အဲဒီအတွက် နာကျင်စိတ်နဲ့အတူ သိမ်ငယ်စိတ်ဝင်လာတယ်။ ဘဝလမ်းကြောင်းပေါ်တည့်မတ်စွာလျှောက်နေကြတာကနေ လေလွင့်မှုလမ်းသွယ်တွေထဲဝင်ပြီး စိတ်ဟာ မှောင်ရိပ်မှာခိုနားတတ်ကြတယ်။

Blog ကို ပစ်ထားခဲ့တာကြာပြီ

 Blog ကို ပစ်ထားခဲ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ သေချာတွက်ကြည့်တော့ ဆယ်စုနှစ်တစ်ခုဝန်းကျင်ရှိတော့မယ်။ Social Media ကို စွဲလမ်းပြီး Facebook ပေါ်မှာ လွင့်နေ၊ မျောနေခဲ့တာ ဒီလောက်ထိတောင်ကြာခဲ့တာလား။ ဒီကြားထဲ Blog ပေါ်ကို Post တွေ တင်ဖြစ်ပေမယ့်လည်း အကြာကြီးကြာပြီးမှ တစ်ခါ၊ နှစ်ခါလောက်ပဲရှိခဲ့တယ်။ အခုတော့ Social Media ကို သုံးချင်စိတ်က ကုန်သလောက်နီးပါးဖြစ်သွားခဲ့ပြီး Blog ကို ပြန်သတိရလာမိတယ်။ Blog ဖတ်သူတွေရော ရှိသေးရဲ့လားတော့မသိပေမဲ့ ကိုယ်ရေးဖြစ်တာလေးတွေ ဒီမှာ ပြန်တင်ရင်ကောင်းမလားလို့တော့ စဉ်းစားမိတာပါပဲ။ ဘာပဲဖြစ်ဖြစ် တိုက်ဆိုင်ပြီး မျက်စိလည်လမ်းမှားရောက်ခဲ့သူ တစ်ယောက်တလေဖြစ်ဖြစ် ရှိခဲ့ရင်တော့ ရေးတာတွေ မြင်ပါစေပေါ့။