Posts

Showing posts from March, 2012

မယ့် အချစ် စန်း

မယ့် အချစ် စန်း ကံအကြောင်းမလှတာက သံချောင်း တမျှကို ခံ ပေါင်း သမျှ ကြွေ လှန် ထောင်း မရ လေတဲ့ မေ။ အကြံကောင်း တချက်မို့ အမှန် ပေါင်းဖက်ဖို့ ရယ်ကွယ် သူကြွယ်လင် အ၀င်ချောစေဖို့ တစ်ကယ်ပင် လင်အမော ပြေစေစွမ်းသော်လည်း အခြေနေ မသွေ ဂွမ်း တာကြောင့် မေ   စန်းချော်လဲ။ သြော်..ကဲ ..နှစ်လင်ကွာ အပြီးမှာပဲ ပျော်ဆဲ အကြင်နာသည် မီး မငြိမ်းလေတော့ ရင်မှာအတည် အသီးဖူးပွင့် ဝေေ၀ရယ်နဲ့ မင်္ဂလာစည်တီး ကျူးရင့်လေတယ်။ အရူးပွင့်တွေ လေထဲအလွင့်မှာ အရူးရင့်နေလေလည်း မလင့်သာပဲ ခင့်မှာလည်း ကိုယ်ဝန် (တယ်) တည်။ ဟိုအရင်မယ် ကွယ်ကာ လျှိုးကာနဲ့ ကိုရင်ငယ် တကယ်ပါ ဆိုးပါသကွယ့် ကွယ်။ ကျိုးပါမယ့် ကျုပ် အရိုးတွေ ရယ် အဟုတ်ဆိုးနေတယ် (ကွယ်) တွယ်ကာ ပိုးတာကြောင့် ကျုပ်အဘိုးတွေ ရယ် (ဟယ်) တစ်ကယ်ပါ   တ မိပါ့ အိုး….လပြည့်ည ဇာတ်လမ်း။ Oh…Shit ကွယ်…ခဏတွေ့ရ အရှိန် မသေလေတော့ ခိုး…အချစ်ရယ်…လပြည့်ည ရင် နှစ်ဖြာပါကင်ထုပ်လို့ရယ် ကြင်မကွာ မင်္ဂလာ အပါ သိမ်းတော့တာ နှစ်လင်ကွာ ခင်ကညာ သုံးခါဟိန်း တဲ့ စည် အုန်းအုန်း ဂျိန်းဂျိန်း ရယ် မြည်။ ဒိန်းတလိန်းအစုံ ပတ်မ နှံလေတော့ ရှိန်းရှိန်းခုန် ဓါတ်

နားမလည်ဘူး

နားမလည်ဘူး ရှေးရှေးတုန်းက အရူးဖြစ်သွားပုံတွေများ ဆန်းကျယ် ဘယ်လိုတေးသွားမျိုးကြောင့် ဒီလို အပွင့်တွေ ပွင့်ခဲ့ကြသလဲ အချစ်တံဆိပ်တပ် ကော်ဖီနဲ့ အနုပညာတံဆိပ်တပ် အဖျော်ယမကာများ အစွန်းနှစ်ဘက်ရောက်အောင် မူးဝေစေပုံတဲ့။ ကော်ဖီ ဆိုတာ ဘာရယ် နားမလည် တဲ့ လူအများနဲ့ ယမကာ ဆိုတာ ဘယ်လိုမှန်း နားမ၀င်တဲ့ ပုဂ္ဂိုလ်တွေ ကြား ကိုယ့် အမှန်တရား နဲ့ ကိုယ် မွန်းကျပ်စေပေါ့။ အဆိပ်အတောက် ဖြစ်စေတဲ့ ခွန်အားတွေနဲ့ ခွန်အားဖြစ်စေ တဲ့ အဆိပ်အတောက်တွေလည်း ကိုယ့်ဖက်ရှင် ကိုယ်ထွင်လို့ မတတ်ကြဘူး။ ပန်းသီး Cup လေးထဲက ၀ိုင်တွေကို ဘယ်လို နှလုံးသားနဲ့ နွားတွေက အရသာခံတတ်ပါ့မလဲ။ ဖိုခနောက် ဆိုင် သုံးခု ပေါ်က ရေနွေးအိုးလည်း တဖြည်းဖြည်း ဆူလာခြေပြီ။ နေထွက် နဲ့ နေ၀င်ဟာ ဂီတ သံ ကို မုန်းသတဲ့လေ။ ရှေးရှေးတုန်းကဆို… အရူးဖြစ်သွားပုံတွေ များ သိပ်ကို ဆန်းကျယ်။ ကျော်ညိုသွေး ကဗျာဖြစ်ပေါ်လာပုံ အနုပညာရှင် တွေ နဲ့ အနုပညာမှာ ပျော်မွေ့တတ်သူ ၊ ရင်ခုန်ခံစား ဘ၀ နဲ့ အတူတူယှဉ် တွဲပြီး နေတတ်တဲ့ သူများဟာ ဘယ်လို နက္ခတ်မျိုးခြံရံ ပြီး မွေးဖွားလာတဲ့ပုဂ္ဂိုလ်တွေပါလိမ့်လို့ တွေးတောနေမိခဲ့ပါတယ်။ အနုပညာရှင် နဲ့ အနုပညာခုံမင

ဖီးနစ်ငှက်များ

ဖီးနစ်ငှက်များ အချစ်ရေ တက်နေကျ ဓါတ်လှေကားအတိုင်း ကိုယ်တို့တက်သွားရင် ဓါတ်လှေကားခြေရင်းမှာ ညခရေ နှစ်ပွင့်တော့ အလှတွေ ၀င့်လို့ စေ့စေ့ စပ်စပ် လှမ်းမကြည့်လည်း သူတို့ ဘယ်လို ဆင်မြန်းထားလည်း မောင်သိတာပေါ့ ဇီးရိုးကွာတား နဲ့လည် ဟုတ်တယ်။ ဂျီစရင်းန် နဲ့လည်း ဟုတ်တယ်။ တက်ခ်ျစခရင် ကလည်း သူတို့အတွက် ဖက်ရှင်တစ်ခုပဲပေါ့။ မရိုးပေမယ့် မဆန်းတဲ့စိတ်နဲ့ ဝေ့ကြည့်တယ်။ အရာရာတိုင်းမှာ ပင်ကိုစိတ်ကို ဖုံးမရတဲ့ တံခါးပေါက်တွေနဲ့ အပေါ်ယံတွေကြားက သူတို့ရဲ့ သိမ်ငယ်တဲ့ စိတ် နဲ့ မူးစေတဲ့ ဆူးတွေကြားက ရူးနေတဲ့ ဆိုက်ကိုတွေ ကို တွေ့တယ်။ မောင့်လို့ အောက်ခြေ၀န်ထမ်းတစ်ယောက်အတွက် တော့ တစ်ကယ်ကို ရင်နာစရာပါပဲ ဓါတ်လှေကား တံခါးအပွင့်မှာ ရုတ်တရက် မော့လာကြတဲ့ မျက်နှာတွေ မောင်မကြည့်ဝံ့ဘူး ကိုယ့်ကိစ္စအတွက် ဓါတ်လှေကား တံခါး ခလုတ်အနှိပ် ထိုင်နေတဲ့ ခုံပေါ်က မတ်တပ်ထရပ်ကြပုံက ရင်နာစရာ မောင်ဟာ ဟုတ်ဟုတ်မြည်နေတဲ့ ဒီဟော်တယ် ကြီး ထဲက ဘာမှမဟုတ်တဲ့ ၀န်ထမ်းတစ်ယောက်သာ သူတို့ အတွက်မှာက သစ်ပင် ထက်က ကိုင်းဖျား ကိုင်းနား အပွင့်အခေါက် ဘယ်လောက်များများအတွက် အတန်းရှင်းန် လုပ်နေရသလဲ မတွေးတတ်ဘူး။ အခုတလော စိတ်ညစ်လို့ထားတ

ဈေးဦးဈေးဖျား

ဈေးဦးဈေးဖျား ချယ်ရီ တစ်ယောက်တော့ ထီဆိုင်မှာ အလုပ်ဖြစ်နေတယ်ကြားတယ်။ နေပါ အေ။ ဘယ်ကကြားတာလဲ။ ရေသန့်ဗူး ကို ပိုက်နဲ့စုပ်နေရတာလောက်ပဲရှိတယ်။ သော်တာဆွေ ခေတ်မှာ ကျန်ခဲ့ပြီ။ အဲဒီ ပန်းသေးက ၀မ်းဝေး ညှပ်ပြီး ကတည်းက လမ်းဘေး ကိုပဲ ငေးနေတယ်တဲ့။ ချယ်ရီလည်း အခုအချိန်လောက်ဆို ဒီဂျေ ပွတ်နေလောက်ပြီ။ ဘယ်အချိန်ရှိပြီလဲ။ အခုထိ ညဉ့်က မနက်နိုင်သေးဘူး ဆိုတော့ ကောင်းတာပေါ့အေ။ လူသွားလူလာတွေ ကြားမှာ ဖူနေတာတွေ ရှာဆို ဖူနေတာတွေကနေ ဆူဝေ တာတွေ ဖြစ်ဖို့။ ဟိုနားဒီနား ဟိုသွားဒီသွားလို့ ဟိုထိုင်ဒီထိုင် ဈေးများတာဆို သိပ်မနိုင်ဘူး။ ဟိုကောင်မ ကြယ်စင် ဟိုနားမှာ သက်တန့် နဲ့တွေ့လိုက်တယ်။ ဒီနားမှာ ပုလဲ နဲ့ ရွှေစင် မနေ့က  ဇယားကွက် တွေ ရွဲသွားလို့တဲ့။ ငြိနေကျ ကတက် ကြီး ဆိုင်ကယ် နောက်မြီးဆွဲလို့ စကိတ်စီးလိုက်ရတာ အမောဆိုပဲ။ ခက်တယ်အေ ၊ ခက်တယ်။ အခုအချိန်မှာ လက်မလည် တာဆိုလို့ လျှောက်နေရတဲ့ လမ်းတွေပဲရှိတယ်။ လမ်းတွေကလည်း အလန်းတွေ မဟုတ်ဘူး။ လကုန်ရက်ကလည်း လာကို မလာနိုင်ဘူး။ လ ကုန် ရက်မှာ လာနိုင်တာ က လာစရာတွေပဲ လာပါလာပါ။ လကုန်ရက်မှာ လာမှ လကုန်ရက်မှာ တို့အတွက်လာမှာ။ ဟို ကောင်မ နေခြည် လက်တို့ဖုန်းတွေ ဘာတွေနဲ့ပါလား။ ခုနှစ်စဉ်ကြယ်ပြေ

Breathing

Breathing Jesus ကနေ Jealous အထိ အထက်ဆုံး အောက်ဆုံး ဤ နှစ်လုံးမျှနှင့် ပြည့်ဝခဲ့ပြီ။ အချစ် နဲ့ အမှန်တရား Open Source ဖြစ်ခဲ့တာကြာ။ ဒီကမ္ဘာမှာ… ခေတ်မတုံး ခဲ့တာ အစားအစာ။ ကျော်ညိုသွေး

ညဆိုင်း

ညဆိုင်း ဟောဒီ ဘဏ်ကြီးသာ မရှိရင် ဟောဒီ ဟိုတယ်ကြီးသာ မရှိရင် ဟောဟိုက အမျိုးသမီးငယ်လေးတွေ ဘယ်မှာများ အလုပ်ဝင်နေမှာလဲ။ အိပ်ရေးမ၀တဲ့ သစ်ရွက်တွေရယ် အညောင်းမပြေသေးတဲ့ အိပ်မက်တွေရယ် ညဘက် မအိပ်တဲ့ အမျိုးသမီးငယ် နဲ့ မြင်တွေ့ရသမျှတော့ စိတ်ပျက်တယ် မေ။ ရန်ကုန်က ပလက်ဖောင်းတွေပေါ်မှာတော့ ထမင်းကြော်ဆိုတာ… အမည်နာမသက်သက်သာ ကျန်ရစ်တယ်။ ငါ့ကို တစ်စုံတရာ က ရှော် ခဲ့ သလို ငါကလည်း.. ရွှေဧည့်သည် ကို မထီမဲ့မြင်ပြုလို့ ရှော်ပစ်လိုက်တယ် ပယောဂ မပါပဲ ဒီနေ့လုပ်စရာတွေ မနက်ဖြန်ကို ရွေ့သွားတော့ ဘာဖြစ်သေးလဲကွယ်။              ။ ကျော်ညိုသွေး