Posts

Showing posts from October, 2013

လူပျိုရည်

လမ်းမပေါ်က ဒဗလျူဘောလုံးကို မက်မက်မောမော ကန်နေတဲ့ ကလေးတွေ က လူမှုရေး စက်ရုံက ဝင်ရိုးတွေ လည်နေသံကို ဘယ် ဖမ်းဆုပ်မိမလဲ။ အခြေခံကျကျ ပြုပြင်ပြောင်းလဲရေးကို စွမ်းနိုင်သူကို အာဂလူလို့ ယူကြမယ်။ ဒီလိုမျိုးတွေ အတွက်လည်း သစ်ပင်ပျိုးနေရင် ကိုယ်ဟာလည်း အခုတင် အိုမင်းနေအောင် တွေးမိပေါ့။ မလှပတဲ့ သီချင်းတွေ အတွက်တော့ ကိုယ့် လူပျိုရည် ရောင်းမယ်ကွယ်။ သံသရာအတွက်မတွေး မျက်စိရှေ့က ချွေးပေါက်လေးတွေ ခဏတာ တိတ်ဖို့ ၊ လူကုံတန် သီချင်းတွေ ပြီးရင် ညှိုးနွမ်းနေတဲ့ သစ်ရွက်ကလေးတွေ ရေစင်ဖြန်းဖို့ လူပျိုရည်ရောင်းမယ် ကွယ်။ လူပျိုရည် ရောင်းပါတယ်။ သန့်စင်ထားတဲ့ မူးယစ်ဆေးဝါးတွေလိုချိုမြ ၊ ပင်လယ်ကမ်းစပ်က သဲခုံတွေလို ဖြူဖွေး ၊ လေနုအေး တိုက်တဲ့ အရပ်က ပန်းသစ်ခွတို့ ရဲ့ အာရုံနှိုးတေးသွားလို လူပျိုရည် ကိုယ်ရောင်းမယ်။ ပြာသိုတဲ့ တပိုတွဲမှာ ပွင့်တဲ့ ပန်းတွေ ကောင်းချီးပေးပါစေ။ ဆက်ရက်တွေ တောင်ပံကျိုးတဲ့ အခါ ကြောင်တွေလည်း အလိုလို ခံတွင်းပျက် ရတော့မယ်။ ဒီလိုနဲ့ အေးစိမ့်တဲ့ တောင်ပေါ်ဒေသလေး တစ်မြို့ ကိုယ်ဖြစ်ချင်တယ်။ လတ်ဆတ်တဲ့ သစ်သီး ဝလံတွေ ကို ခူးဆွတ်တဲ့ အခါ မြည်တဲ့ အသံကိုက ချိုမြမြ ၊ အညှာကထွက်တဲ့ အစေး လည်း လောင်မယ်။ ငါက မ

ချစ်ရသောကြောင်ကလေး

ကျွန်တော်တို့ငယ်စဉ်အခါက ကျောင်းတွင် စာစီစာကုံးများ ရေးသော အခါ အကြောင်းအရာတစ်ခုကို ရိုးရိုးကြီး ရေးလေ့ရှိကြသည်။ ထိုစဉ်က ကျောင်း စာသင်စနစ်များ မှားယွင်းမှု ကြောင့် စာဖတ်အား အပေါ်မူတည်ကာ ဉာဏ်ကွန့်မြူးမှု၌ တည်မှီကာ ချဲ့ထွင် ရေးသားရမည့် မြန်မာစာ ကို ကျွမ်းကျင်မှု မရရှိခဲ့ပဲ ၊ နှုတ်တိုက် ကျက်မှတ်သည့် အကျင့် သာ ရရှိခဲ့ခြင်းကြောင့် ကိုယ်ကိုယ်တိုင် အကြောင်းအရာ တစ်ခုခုအား ရေးသားရမည် ဆိုပါက တောင်တောင်အီအီ စဉ်းစားကာ တည့်မတ်စွာ ချရေးခြင်း ကိုသာ ပြုလုပ်ခဲ့ကြသည်။ ထိုစဉ်က သွယ်ဝိုက်၍ ရေးသားခြင်း အမှု ၊ စာ တန်ဆာဆင်မှု တို့ကို မပြုလုပ်တတ်ခဲ့ပေ။ များသော အားဖြင့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှ သူငယ်ချင်းအများ စု တွင် ထိုကဲ့သို့သော အဖြစ်များ နှင့် ရင်ဆိုင် ကြုံတွေ့ ခဲ့ကြရသည်။ ကျွန်တော်တို့ နေထိုင်သော ရပ်ကွက် ၊ ပတ်ဝန်းကျင် ၊ လူမှု စရိုက် အခြေအနေ မှာ လည်း ပညာရေးကို အလေးထားသော ပတ်ဝန်းကျင်မျိုးကလည်း မဟုတ် ၊ ပေါင်သင်းမိသော အပေါင်းအသင်း များမှာလည်း ပညာရေး ကို အလေးပေးသော အခြေအနေ မှ လာသည်မဟုတ်ခြင်း ကြောင့် စသော အကြောင်းအချက်များ ပေါင်းစည်းကာဖြင့် ကျွန်တော်တို့ ဧ။် ငယ်စဉ်ဘဝတွင် ကျောင်းတွင်း မြန်မာစာ ရေးသားမှု သ