Posts

Showing posts from November, 2013

သက်မွန်မြင့် ပိုစတာ

သက်မွန်မြင့် ပိုစတာ ဟိုတုန်းက သက်မွန်မြင့် ပိုစတာ ဟာ အိမ်နံရံပေါ်မှာ အရင်အတိုင်း အိမ်မြှောင်လေးတွေဟာ စက္ကူချပ်ပေါ် တက်ရပ်လို့ အမြီးကို တဖျပ်ဖျပ် လှုပ်တယ်။ ဒီလိုနဲ့ ကြောင်ကလေးဟာ လန့်နှိုးလာ။ အိမ်မြှောင်စုတ်တွေ ထိုးတယ် ထရံပေါက် က ချောင်းကြည့်တော့ လမင်းကြီး သာဆဲပဲ။ အဲဒီခဏမှာ ထိုးတဲ့ စုတ်ဟာ ကိုးချက် အိမ်မြှောင်စုတ်ထိုးတာဟာ ကိုးချက်ဖြစ်တယ်။ သက်မွန်မြင့် ပုံ အသစ်လေးလိုချင်တယ် စိတ်ထဲဆုတောင်း။ သစ်ရွက်တွေ ကြွေကျပြီးတော့ နံရံမှာ သက်မွန်မြင့် ပိုစတာဟာ ရောက်လို့လာခဲ့တယ်။ သက်မွန်မြင့် ပုံဟာ အိမ်နံရံမှာ အရင်အတိုင်း။ ကျော်ညိုသွေး

မြသားရောင်လမ်းကလေး

ကန်ထဲက ရေတွေဟာ ခွက်နဲ့ ခပ်ယူခြင်း ခံရပြီးတဲ့နောက်။ တစ်ကိုယ်လုံး ကို ရွှဲစိုသွားစေတော့တယ်။ ဆိုလိုတာကတော့ ရေကန်ထဲက ရေတစ်ခွက်ကို ယူပြီး ခေါင်းပေါ်က လောင်းလို့ ချိုးလိုက်တယ်ပေါ့။ ဟုတ်ပါတယ်။ ချွေးစက်တွေဟာ နွမ်းနယ်မှု ရဲ့ ပြယုဂ် ပဲ ဖြစ်ပါတယ်။ လူတွေ ရဲ့ အတွေးဟာ ရေချိုးခြင်း ၊ အညစ်အကြေးစွန့်ခြင်း နဲ့ ဘတ်စ်ကားစီးခြင်း တို့ ပြုလုပ်တဲ့ အခါမှာ ကွန့်မြူးတယ်လို့ သိထားဖူးတာပဲ။ ဒါပေမယ့်လေ အခုလောလောဆယ်မှာတော့ အတွေးတွေဟာ နောက်ပြန်လည်ရုံကလွဲပြီး ဘာမှမကွန့်မြူးဘူး။ ညနေဟာ စောင်းပြီး ခဲ့ပြီ ။ ညဘက်ဟာ ဝင်ရောက်ခဲ့ပြီ။ ပူအိုက်စေးထန်းနေတဲ့ ခန္ဓာကိုယ်ကို ရေလောင်းချလိုက်တဲ့ အခါ အရေပြားဟာ ဆပ်ပြာကို တောင့်တတော့တယ်။ ရေချိုးချိန်မကြာစေဖို့ ကိုယ့်ကိုယ်ကို သတိပေး ရတာလည်း ချိုပါတယ်ကွယ်။ ချိုပါတယ်။ +++++++++++++++++++++++++++++++++++++++++++++++++++  လမ်းတွေကို အိပ်မက်မက် ရင် ဘယ်လို ခံစားရမလဲ။ ပျော်လား ၊ ကြည်နူးလား ၊ တစ်ခုခုကို လွမ်းဆွတ်တမ်းတ တာမျိုး ဖြစ်ပေါ်ခံစားရလား။ အိပ်မက်ထဲမှာ လျှောက်တဲ့ လမ်းဟာ ဖြောင့်ဖြူးလား ၊ အနိမ့် အမြင့်တွေ နဲ့လား ၊ ဘေးနားမှာ ကွန်ကရစ်တုံးလေးတွေ စီထားလား။ ယာဉ်အသွားအလာရှင်းလား။ အလုပ်ပြန် ခြေလှမ်းရေ