Posts

Showing posts from 2011

ဂျာစီကလေး တစ်ထည်အကြောင်း ( ၂ )

ဂျာစီကလေး တစ်ထည်အကြောင်း ( ၂ ) သစ်ပင်ဟာ သူ့ရဲ့ ပန်းမပွင့်နိုင်တဲ့အကြောင်းတွေ လူတွေကို ရှင်းမပြနိုင်တဲ့အခါ ကိုယ့် အမြစ် ကိုယ်တူးလို့ တင်ပျဉ်ခွေ ထိုင်နေခဲ့တယ်။ ဘ၀တာ မှာ စိတ်ညစ်ညူးစရာတွေ များလို့ ပျော်ရွှင်စရာတွေက နှမ်းဖြူးထားတယ် ဒါကြောင့်မို့ စိတ်မရွှင်တိုင်းမှာ အ၀ါရည် မသောက်ခဲ့ဘူး ဟန်နီ။ တွေးမိတော့… အနုပညာ ပစ္စည်းဟာ ချဉ်ဖတ်စော်နံနေခဲ့ အနုပညာဟာ ချဉ်ဖတ်ပေါ့ သိပ်သိပ်သည်းသည်း နှပ်ထားခဲ့ရတဲ့ အရာ ကောင်းကောင်း အဖြေရှာဖို့မလွယ်သရွေ့ ခံတွင်း မတွေ့နိုင်ဘူး။ အ၀ါရည်ခွက် အကြည်ကို ကိုင်လို့ ပန်းမပွင့်တဲ့ သစ်ပင်ရှေ့ ရပ်မိတဲ့အခါ နှပ်ထားခံနေရဆဲ ချဉ်ဖတ်ပေါ့ကွယ်။     ။ ကျော်ညိုသွေး

သက်သက်ခိုင်

သက်သက်ခိုင်       တစ်ခုတည်းရှိတဲ့ သဘာဝတရာကြီးရဲ့… အောက်မှာ ကောင်းကင်နဲ့ မြေပြင် ရေပြင်နဲ့ ကုန်းမြေတွေ အကြောင်း အတ္တတွေ ကြောင့်လည်း စာလုံးပေါင်း မမှားချင်ဘူး။ ဖွင့်ထားတဲ့ တံခါးပေါက်တွေနဲ့ ပိတ်ထားတဲ့ တံခါးပေါက်တွေကြားက စကားဝှက် ဟာလည်း တစ်ခုတည်းရှိရဲ့။ သစ်ပင်တွေရဲ့ တွေးခေါ်မှုဟာ ဘယ်လိုမျိုးပါလဲ… ချိုမြိန်အရသာ ပေးစွမ်းတဲ့ သစ်သီးဝလံတွေရဲ့ အတွေးအခေါ်ဟာ ဘယ်လိုမျိုးပါလဲ…။ ၀ါဂွမ်းတွေကြောင့် ကိုယ်တို့ အရှက်ကြီးခဲ့ ရတာလည်း တစ်မိုးအောက်က အလှပဆုံး တေးကဗျာပါပဲ။ နှင်းဆီပန်းတို့ ပွင့်ဖူးကြတာနဲ့ ကျေးငှက်တို့ တေးသီကျူး ကြတာလည်း ဒီထက်ပို အဖြေရှာဖို့ မလိုတော့… ကိုယ်တို့ရဲ့ လက်နဲ့ပဲ မြေဆီလွှာတွေ တူးဆွ ကြပါစို့။                      ။   ကျော်ညိုသွေး

ကျူပင်များ

ကျူပင်များ ဖန်ခွက်ထဲ ရေတစ်ဝက် တည်း ရှိတယ်ဆိုတော့ ဖန်ခွက်ထဲ ရေတစ်ဝက်ပဲ ရှိတာပေါ့။ မိန်းမတင်မဟုတ် ယောက်ျားများလည်း ငွေကြိုက်တယ်။ အချစ် နဲ့ ပေါင်မုန့် နဲ့ ဆိုရင် ခေတ်မှာ အချစ်လည်း ဈေးကြီးတယ်။ ပေါင်မုန့်လည်း ဈေးကြီးတယ်။ ကျော်ညိုသွေး

ရုပ်ရှင် ဖြတ်ပိုင်းများ

ရုပ်ရှင် ဖြတ်ပိုင်းများ ပျားရည်ပုလင်းတွေကို မှောက်မိကြတော့ ထိုင်ခုံတွေပေါ်မှာ လနှစ်စင်း အလင်းပြိုင်ခဲ့တယ်။ အမှောင်ဆုံးတွေ လင်းလက်လာတဲ့ အထိပေါ့။ နံရံတွေပေါ်ကို လက်ညှိုးနဲ့ ထိလိုက်တိုင်း တစ်ဘက်ကို ကျွံလို့ဝင် အမှောင်ဆုံးလင်းနေတဲ့ မျက်ဝန်းများ ရေပေါ် အရုပ်ထင်ခဲ့တယ်။ မျက်စိရှေ့ ပိတ်ကားပေါ်မှာ ကုန်းမြင့် ချိုင့်ဝှမ်းများနဲ့ အဒဗန်းချား ငါတို့က… အမှန်တရားကို ရန်မများပဲ ရှာဖွေခဲ့တယ်။ လှန်ထားတဲ့ စာမျက်နှာကို အလွတ်ရအောင် ကျက်မှတ်လို့ မျက်မမြင်ပုဏ္ဏားရဲ့ အသိတစ်ဝက်ကို ခဏငှားလို့ ချစ်မေတ္တာကို ဘာသာပြန်ကြည့်တော့ ရောင်စုံ ပူဖောင်းတွေ မိုးပေါ်ပျံသွား။ ရင်ခုန်ဂီတ ကိုဘာသာပြန်ကြည့်တော့ မျက်နှာပေါ်တိုက်ခတ်တဲ့ လေပြေညှင်းတွေကြား ပျားရည်ပုလင်းတွေ မှောက်မိကြတာပေါ့ကွယ်။ ကျော်ညိုသွေး

လှည်းတန်းဘာဂါ

လှည်းတန်းဘာဂါ အချဉ်ပေါက်နေတဲ့ လေတွေ ရှူရှိုက်နေရတယ် နှာခေါင်းတွေ ကျိန်းနေကြပေါ့။ လိုက်ရန်းနား နဲ့ အေးစိုး နဲ့ အဲဒီမှာ စ တွေ့ တာပဲ။ စီးပွားရေး ၊ စီးပွားစီမံ ၊ ဥပဒေ ၊ သမိုင်း ၊ ပထ၀ီ ၊ မြန်မာစာ အရှေ့တိုင်းဘာသာ ၊ စိတ်ပညာ။ မိုဘိုင်းဖုန်းတွေက ဒုက္ခကို သီချင်းဆို သွားရည်စာတွေက လျှောက်လမ်းကို စင်္ကြန်ခတ် အနာဂတ်ကို ဂျော်ဒါးနိုး ဖိနပ်စီးလို့ လျှောက်လှမ်းကြပေါ့။ တစ်ဘက်ကို တီလားဘီးရား ငါးရာစီနဲ့ ချိန်းထားတဲ့ အစားအစာတွေ ထ ထခုန်တယ်။ စီးကရက်ညှော်တွေလည်း ရေမုန့် နဲ့ မုန့်လင်မယား ညှော်တွေထဲ ချော်လဲ ရောထိုင် ဈေးဘက်လမ်းတကြောမှာ ညခင်းဆို လူတွေ အိုင်တယ်။ ပိုက်ဆံတွေ အကိုင်ကြမ်းတဲ့ စပါယ်ရာ နဲ့ ဘယ် , ညာ တွေ လမ်းဖြတ်ကူးတဲ့ ခဏတာ ဘ၀မှာ ကားတန်းကြီး က လမ်းပေါ်မှာ အိပ်ငိုက်ဖူးတာပဲ ဘေဘီမိုင်လို ၀တ်ထားတဲ့ ရှော်တီလေးရယ် နော့ ။ ကျော်ညိုသွေး

ကျော်ကြားမှု နဲ့ အဆောင် အယောင်

ကျော်ကြားမှု နဲ့ အဆောင် အယောင် ဘ၀မှာ စာမျက်နှာ တစ်မျက်နှာစာလောက် ပိုင်ဆိုင်ခွင့် ရဖို့အရေး သင်ဘယ်လောက် ချွေးထွက်ခဲ့သလဲ။ ဟုတ်ကဲ့ ။ ဂျာနယ်စာမျက်နှာတွေပေါ်မှာတော့ အဲဒီ စာမျက်နှာ တွေအတွက် သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေ ရှိပါတယ်။ နောက်ပြီးတော့ သတ်မှတ်ထားတဲ့ နာကျင်ခံစား မြိုသိပ်မှုတွေ ရှိပါတယ်။ ဒီဇိုင်နာတွေက သင့်ရဲ့ သိမ်ငယ်မှု တွေကို ပရော်ဖက်ရှင်နယ်လီ ပုံဖော်ပေးပါလိမ့်မယ်။ တချို့သော စာမျက်နှာတွေမှာ ခင်ဗျားတို့ရဲ့ ခံစားချက် တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့် ရပါလိမ့်မယ်။ သိပ်တော့ မမျှော်လင့်ပါနဲ့/မျှော်လင့်နိုင်ပါတယ်။ ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ နဲ့ လည်း သက်ဆိုင်တယ်။ စားဝတ်နေရေး ဆိုတာလည်း ပါတယ်။ စာချုပ်ချုပ်ထားတဲ့ စာမျက်နှာတွေ အတွက်တော့ သင့်ရဲ့ အကျိုးအမြတ် ထက် ၊ ၀င်ဆန့် နိုင်မှု က ပိုမိုပါလိမ့်မယ်။ ၀င်နေနဲ့ ထွက်နေ ကြားက ထမင်းချိုင့် တစ်လုံးရဲ့ ရာဇ၀င်ကို သင်သိရှိနိုင်ပါတယ်။ အခုအချိန်မှာ ဆိုရင် ခေတ်ပေါ် တက္ကနိုလိုဂျီ တွေဟာ ကဗျာတစ်ပုဒ်နဲ့ တူလာပါတယ်။ သရော်တဲ့ ကာတွန်း တစ်ကွက်စာတွေဟာ သရီးဒီ တယ်လီဗေးရှင်းန်တွေနဲ့ တူလာပါတယ်။ ပျော်ပွဲစားတွေ နဲ့ အနုပညာဖျော်ဖြေပွဲ တွေ ဟာ ပြောင်းပြန် အချိုးကျလာနေပါတယ်။ အစီအစဉ်မပြီးဆုံးခင်

သနပ်ခါး

Image
သနပ်ခါး Photoshop Painting Created By Kyaw Nyo Thway

စံရတီမိုးမြင့်

Image
စံရတီမိုးမြင့် Photoshop Painting့် Created By KYAW NYO THWAY

ရတနာအေး

Image
Created By Kyaw Nyo Thway ရတနာအေး by Photoshop Painting

မျောက်

မျောက် မျောက်ဟာ တခွီးခွီးနဲ့ တခါတလေ အော်တယ်…။ မျောက်ဟာ မျောက်ဆိုတဲ့ အတိုင်းပဲ အဆော့သန်တယ် မျောက်ရဲ့ ပင်ကိုယ် စရိုက်ကိုက ဂနာမငြိမ်ဘူး ဆိုတော့ မျောက်ဟာ လူတွေရဲ့ ကြားထဲမှာ ပြောလေ့ရှိတဲ့ စကားလိုပဲ မျောက်ရဲ့ စိတ်ဟာ အမြဲတမ်းပြောင်းလဲနေတယ်။ ဒါကြောင့်လည်း လူတွေက “လူ့ စိတ်နဲ့ မျောက်စိတ်နဲ့ အတူတူပဲ” လို့ ပြောတတ်ကြတာပေါ့။ မျောက်ရဲ့စိတ်ဟာ အမြဲတမ်းပြောင်းလဲနေတယ်။ အခုပဲ ဖီးကြမ်း ၊ အခုပဲ သီးမွှေး မျောက်ဟာ အရင်က မိသားစုအသိုက်အမြုံ ရှိခဲ့တယ်။ လောကဓံရိုက်ချက်တွေ ကြားထဲမှာပဲ မျောက်ဟာ တောထဲက မိသားစု အသိုက်အမြုံလေး ပျက်စီးပြိုပျက်ခဲ့တယ်။ မျောက်ဟာ မျောက်မမယ် အရွယ်မှာပဲ မိသားစုဆိုတာကို သံသယ ဖြစ်ခဲ့တယ် “အချစ်ဆိုတာ ဘာလဲ ၊ မိသားစု ဆိုတာဘာလဲ ၊ နွေးထွေးမှု ဆိုတာ ဘာလဲ” မျောက်ရဲ့ မသိစိတ်ထဲမှာ မေးခွန်းတွေ ၀ိရောဓိတွေနဲ့ ပတ်ချာလည်နေခဲ့တယ်။ မျောက်နေထိုင်တဲ့ အဲဒီသစ်ပင် မြင့်မြင့်တွေ ရှိတဲ့ တောကနေ သင်းကွဲ သောင်တင်နေတဲ့ မျောက်ကို  ဘ၀တစ်ဆစ်ချိုး ပြောင်းလဲ စေတဲ့ ကိစ္စ တစ်ခု ပေါ်လာတယ်။ အဲဒါကတော့ မျောက်ရဲ့ ဆွေမျိုးတော်စပ်သူ တစ်ဦးဟာ မျောက်ရွာကလေးကနေ မျောက်တွေ သိပ်များတဲ့ မျောက်မြို့ကို ခေါ်ဆောင်သွားလို့ မျော

ကျေးဇူးမှတ်တမ်း

ကျေးဇူးမှတ်တမ်း ပထမဦးဆုံးအနေနဲ့… ပြည်မြို့ကို ခရီးသွားတုန်းက အဝေးပြေးကားကြီးကို စီးခဲ့ဖူးတာ အမှတ်တရပါပဲ။ ကျွန်တော့်မွေးနေ့မှာ ပီဇာဝယ်ကျွေးဖို့ ပြောခဲ့တဲ့ သူငယ်ချင်းမလေး ၀ါဝါဖြူကြောင့် ပီဇာ စားခဲ့ဖူးတာ အမှတ်တရပါပဲ။ မြို့လယ်ခေါင်လမ်းလျှောက်နေရင်းက နာမည်ကြီး ကဗျာဆရာရဲ့ အသစ်စက်စက် လုံးချင်းဝထ္ထုကြော်ငြာကို ငေးမောဖူးတာ အမှတ်တရပါပဲ။ ကျွန်တော်ဟာ…သိမ်ငယ်တတ်ခဲ့လို့ စင်မြင့် ဖျော်ဖြေပွဲတွေထဲ စီးမျောလို့ မရနိုင်ခဲ့ဘူး။ ကျွန်တော်ဟာ ယုံကြည်မှု မဲ့ခဲ့လို့ ဂီတပွဲတော်တွေကို ကျော်လို့ ကော်ဖီတစ်ခွက်နဲ့ အကျဉ်းချခဲ့တယ်။ ကျွန်တော်ဟာ… ရေမကူးတတ်သလို ၊ ကမ်းစပ်မှာလည်း သွားမထိုင်ခဲ့ဖူးဘူး။ မြစ်တွေပေါ်က တံတားကြီးတွေ ပေါ်မှာ လမ်းလျှောက်ဖူးခဲ့… လမ်းဘေးလောင်းကစားဝိုင်းထဲက ပိုက်ဆံတွေလည်း ငေးမောဖူးခဲ့… လမ်းဘေးထမင်းဆိုင်တွေမှာလည်း မြိန်ယှက်ဖူးခဲ့… မြို့ပတ်ရထားနဲ့ ဆင်ခြေဖုံး သွားရည်စာကိုလည်း တပ်မက်ဖူးခဲ့… ရေစိုနေတဲ့ ဖယောင်းတိုင်လည်း ဖြစ်ဖူးခဲ့… အထင်လွဲခံရတဲ့ လေပြည်လည်း ဖြစ်ဖူးခဲ့… ကျွန်တော် ယူဆောင်လာခဲ့တဲ့ ထီးကတော့ ကောင်းကင် ကို ဖြတ်ဖေါက် မြင်နိုင်ခဲ့တယ်။ ပန်းချီဆရာဖြစ်ချင်တော့… ကံကြမ္မာက ပညာရေးနဲ

မိုဘိုင်းဖုန်း နှင့် တူသော မိန်းမများ

မိုဘိုင်းဖုန်း နှင့် တူသော မိန်းမများ အ၀င်ခေါ်ဆိုမှု နှင့် အထွက်ခေါ်ဆိုမှု သာ ပြုလုပ်၍ ရသော ဖုန်းကဲ့သို့ သော မိန်းမ အထက်ပါ ဖုန်းနဲ့ တူတဲ့ မိန်းမကတော့ ဖုန်းရဲ့ လုပ်ဆောင်ချက်အတိုင်း ပါပဲ။ ပြောတာ ။ ခိုင်းတာဆို လုပ်မယ် ခေါ်ရင်လာမယ်။ ထားရာနေ စေရာသွား ဒီလောက်ပါပဲ ၊ ဒီထက်ပိုပြီးတော့ သူက သင့်ကို ဘာမှ ပိုမိုစွမ်းဆောင်ပေးနိုင်မှာ မဟုတ်သလို ၊ ဘာမှလည်း စွမ်းဆောင်ပေးနိုင်တဲ့ အရည်အချင်းလည်း ရှိမှာ မဟုတ်ပါဘူး။ ပြောရရင်တော့ ပုံတုံးမိန်း မိန်းမပေါ့။ ဖုန်းပြောခြင်း နှင့် စာပို့ ခြင်းတို့ကို ပြုလုပ် နိုင်သည့် ဖုန်း ကဲ့သို့သော မိန်းမ ပြောတာ ၊ ခိုင်းတာ လေးတွေကို “ဟုတ်” တစ်လုံးနဲ့ ခိုင်းသမျှ လိုက်လုပ်ပေးမယ့် အပြင် အချို့သော အသေးအဖွဲ ကိစ္စလေးတွေကိုတော့ ကိုယ်စား ဆောင်ရွက်ပေးနိုင်ပါလိမ့်မယ်။ ဒီပြင် ကိစ္စတွေကိုတော့ စွမ်းဆောင်ပေးနိုင်မှာမဟုတ်ပါဘူး။ သိပ်ပြီး ကြီးကြီးကျယ်ကျယ်တွေ ခမ်းခမ်းနားနားတွေကို သိလည်း မသိ ၊ တတ်လည်း မတတ်လို့ တချို့ကိစ္စတွေမှာ ကိုယ်ကိုယ်တိုင်ပဲ နည်းလမ်းရှာ ဆောင်ရွက်ပေးရပါလိမ့်မယ်။ စပီကာသံ ကျယ်လွန်းသည့် ဖုန်းကဲ့သို့သော မိန်းမ ဒီလိုမျိုး ကျတော့လည်း ဖုန်းပြောတဲ့ အခါကျရင် တစ်ဖက်က ပြောတဲ့ အသံတေ

ချစ်သော ဧရာဝတီ

ချစ်သော ဧရာဝတီ ဧရာဝတီတဲ့ နွေရာသီရဲ့ကဗျာ ဝေဒနာ မပေးကြပါနဲ့။ နွေအခါ.. လေအလာမှာ ဧရာရဲ့ ရနံ့ သင်းပျံပါစေ။ ရှင်းသန့်ကာ နေတဲ့ မြစ် လင်းဖန့်ဝါ ဝေတဲ့ အနှစ်မို့ ခေတ်အဆက်ဆက် ရှည်ပါစေ။ ကမ္ဘေ ကမ္ဘာ တွေတိုင် အမွေ မြန်မာတို့ ထိန်းဖို့ရာ ဧရာရဲ့ ရေစင်တေး နဲ့ နွေဝင်တေးဆိုခဲ့။ မေခင်လေးပျိုသဖွယ် အလို...ဘယ် အမြင်တွေလှစေဖို့ သင်္ကေတ ရင်နှစ်မွှာကို ဟင်..အသာမခွဲပါနဲ့။ အမြင်မှာ အစဉ်သာလှစေမယ့် အသွင်မှာ အကြင်နာက မသွေတဲ့ အနှစ်ကြာ ချစ်ဆုံစည်းရာကို အပြစ်ရှာ ထစ်ကာမခွဲပါနဲ့ သစ္စာလည်းထား။ ကျော်ညိုသွေး

ချက်ကျလက်ကျ ပြောချင်တာတွေ ပျောက်နေ

ချက်ကျလက်ကျ ပြောချင်တာတွေ ပျောက်နေ ကဗျာတစ်ပုဒ် ထိုင်ဖတ်နေတုန်း ကွန်ပြူတာရဲ့ ထောင့်က Avira Antivirus Auto Update Notification လေးတက်လာတယ်။ ဒီနေ့အတွက် Update လုပ်မလားပေါ့။ OK နဲ့ Later မှာ Later ကို ကိုယ်နှိပ်လိုက်တယ် ။ သေချာတယ် ဒီနေ့ အတွက်ကတော့ နောက်ထပ် ပေါ်လာလည်း Later ကိုပဲ နှိပ်မိဦးမှာပဲ ။ အခုတော့ ကိုယ်တွေးနေတယ်။ ကိုယ် Later လုပ်ရတဲ့ အကြောင်းအရင်းကို ပေါ့။ အကြောင်းအရင်း တစ်ခုပဲရှိတယ်။ လုပ်နေကြမို့လို့ပဲ ။ အခါတိုင်းဆို Auto Update ကို လုပ်ချင်မှလည်း လုပ်တာ။ စိတ်လိုလက်ရ ရှိချိန်မှာ လုပ်တယ်။ သတိမေ့ / စိတ်မပါ ခဲ့ရင် အခုလို Later ဆိုပြီး လျှော်ပစ်လိုက်တာပဲ ။ မလုပ်တာ သေချာတယ်။ ကိုယ်ကိုယ်တိုင် ပေါ့ပါးဖို့ ကိုယ့်အနားက တစ်စုံတစ်ရာကို တောင် လျှော်တတ်ခဲ့တယ်။ Auto Update Notification လေးကို Ok လုပ်လိုက်ရတာ ဘာများ ပင်ပန်း လို့တုန်း ကိုယ်တွေးကြည့်တယ်။ စက်က သူ့ဘာသာ လုပ်သွားမယ့် အရာ ကိုယ့်အတွက် ပင်ပန်းတာ တစ်ခုမှမရှိ။ ကိုယ့် လျှော်တတ်တဲ့ အကျင့်တွေ ပတ်ဝန်းကျင်ကို ပစ်ပေါက်နေမိ။ သေချာတယ် ကိုယ်တစ်ခုခုဖြစ်နေမိပြီထင်တာပဲ။ နောက်ထပ် ဖြစ်လာမယ့် အကျိုးဆက်တွေ တွေးကြည့်တော့ ပိုမို စိတ်လေးလံတယ်။ တော်ပြီ မစဉ်း

ကျူပင်စု က ဆရာလေး

ကျူပင်စု က ဆရာလေး ၁၉၈၀ ခုနှစ် လောက်ကပေါ့…. ကျူပင်စု ကျေးရွာက အရေးကြီးတဲ့လူတွေထဲမှာ ဆရာလေး ကိုကြည်နိုင် တစ်ယောက် အပါအ၀င်။ မြို့အခေါ်အရဆို ဗွီအိုင်ပီပေါ့။ နာမည်နဲ့ လူနဲ့ ကတော့ တစ်စက်မှမလိုက်။ သူ့ကြည့်လိုက်ရင် အမြဲမှုန်ကုပ်ကုပ် ၊ မှုန်တေတေ ကြည်ကြည်လင်လင် ဘယ်တော့မှမရှိ။ ဆရာလေး ကိုကြည်နိုင်က ဟောဒီ ကျူပင်စု ကျေးရွာလေးမှာ ကျောင်းအုပ်ကလေးပေါ့။ ကျောင်းအုပ်ဆရာပီပီ ကျောင်းခန်းထဲမှာ တော့ မျက်နှာကြောက သိပ်တင်းတာ။ ကျောင်းသားတွေဆို သူ့ကို ကြောက်မှ ကြောက်။ ကြောက်သလားမမေးနဲ့ ။ ကျောင်းသားတွေ မဟုတ်တာ တစ်ခုခုလုပ်ထားမိပြီဆို ဆရာလေးကိုကြည်နိုင်ရဲ့ ကြိမ်လုံးကိုပဲ ကြည့်ကြည့်နေရတာ။ ဆရာလေးကိုကြည်နိုင်ရဲ့ လက်သံပြောင်ပုံတွေကို ကျောင်းသားတိုင်း မခံစားဖူးသူမရှိ၊ စည်းကမ်း စနစ်ကြီးပြီး ကျောင်းသားတွေကို သေချာထိန်းကျောင်း ညွှန်ပြ ပေးတာကြောင့်။ ဆရာလေး ဟေ့ ဆိုတာနဲ့ ကျောင်းသားတွေက ပြားပြားဝပ် ငြိမ်ကျပြီးသား။ ဒါကြောင့်လည်း ရွာလူကြီး မိဘတွေက ကလေးတွေ လေလွင့်မှာ ၊ စာမကျက်မှာကို မပူရ၊ ကျောင်းမှန်မှန်တက် စာမှန်မှန် ကျက်ဖို့ကတော့ စိတ်ချရတာပေါ့…။ မျက်နှာက အမြဲတမ်း မှုန်တေနေပြီး မျက်နှာကြောတင်းတဲ့ ဆရာလေးကတော့ တစ်ရွာလ