Posts

Showing posts from January, 2009

ရွှေစင်တစ်သိန်း

Image
image source from www.denvergov.org ရွှေစင်တစ်သိန်း မီးရထားပေါင်း အစီးရေ ထောင်သောင်းမက ဖြတ်မောင်းနေတဲ့ည မင်းသိရဲ့လား? ငါ ကလေးလေး ပြန်ဖြစ်သွားပေါ့။ မိုးပျံပူဖောင်းလို လွင့်ချင်တိုင်းလွင့် မျောချင်တိုင်းမျော….။ ဒေါသမပါတဲ့ မီးတောင်လည်း ပေါက်ကွဲလုဆဲဆဲ ပန်းပွင့်တွေ အလှဆုံးပွင့် နေကြပြီထင်ရဲ့ စာရွက်တစ်ရွက်လှန်တိုင်း ရသ က တစ်မျိုးထူးတယ်။ ဒီညဟာ ဖောင်းကြွ ပန်းချီတစ်ချပ်ဖြစ်ခဲ့ပေါ့။ မင်းအသက်ပြင်းပြင်းရှုလို့ မင်း ဂျနီဖာလိုပက်ဇ်လို မိ လို့ မင်း Rider pants တွေ ကြိုက်လို့ ကလေးလေး တစ်ယောက်လို ပြေးလွှားဆော့ကစားတတ်လို့ ကိုယ့်ကိုယ်ကို နှိပ်စက်မိတာတွေ လည်း လွင့်ပြယ်တော့မယ်။ ကျေးဇူးပါချစ်သူ။ ဒီအချိန်…. မင်းလက်ပတ်နာရီလေးကို မချွတ်ပေးစဖူး တယုတယ ချွတ်ပေးလို့ ငါ့နှုတ်ခမ်းပေါ် စတော်ဘယ်ရီ သီးတွေ ချိုတဲ့အခါမို့ ရေအိုင်ထဲ စိတ်ချလက်ချ ဆင်းပါရစေကွယ်။ ကျော်ညိုသွေး

သို့…မိဆောင်းတစ်ခက်

Image
သို့…မိဆောင်းတစ်ခက် Gold Roast သောက်လို့ ရင်မတုန်ရဘူး သူများတွေ လုသောက်မှာစိုးလို့တော့ ရင်တုန်ရတယ်……..။ အသေအချာလွဲချော်နေတဲ့ ကံကြမ္မာမို့ ဘာမှစောဒကလည်း မတက်လိုတော့ဘူးလေ ကိုယ့်ရည်မှန်းတာတွေ ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ မနက်မိုးလင်းတိုင်းပြေးရဦးမယ်…။ နမ့်မ်ဆမ်မှာလည်း ရန်ကုန်လိုပဲ နှင်းတွေ ကျတဲ့အခါ ငါ့ကိုသတိရပါ။ ဆိုင်ကယ်စီးတိုင်းလည်း ဟဲလ်မက် ကိုဆောင်းပါ။ ငါကမင်းကို တွေ့တိုင်းဆူပေမယ့် မင်းကိုနာကျင်စေချင်လို့မဟုတ်ပဲနော။ ဟော့ဒီ မြေပြန့်မှာလည်း မင်းကိုလွမ်းလို့ တို့ဟူးသုပ်ဆိုင် ၀င်ချင်ဝင်နေမယ် ရှမ်းခေါက်ဆွဲဆိုင် ၀င်ချင်ဝင်နေမယ်။ မင်းသိခဲ့ရဲ့လား Gold Roast သောက်လို့တော့ရင်မတုန်ရဘူး သူများတွေလုသောက်မှာစိုးလို့ရင်တုန်ရတယ်နော။ ကျော်ညိုသွေး

ကတိ

ချစ်တာတစ်ယောက်တည်းဆို သစ္စာမဖေါက်ပဲ ပျို။ ရှစ်ကမ္ဘာရောက်လည်း မေတ္တာမခြောက်ပဲ အပြစ်မရှာ မဖေါက်မလွဲ အချစ်ဟာ တစ်ယောက်တည်းရယ်။ ကိုဂစ်တာ

မေ့တတ်လို့

လူတစ်ဦးချင်းစီမှာ အားနည်းချက်လို့ ဆိုရမယ့် အချက်တစ်ခုစီကတော့ ရှိတတ်ကြပါတယ်။ လူကြားသူကြားထဲ နားကလော်တာ၊ လူကြားသူကြားထဲ သွားကြားထိုးတာ ၊ နေရာမရှောင် နှာခေါင်းနှိုက်တာ၊ ယောင်တတ်တာ၊ မေ့တတ်တာ၊ စကားပြောရင် မျက်ခုံးအလွန်အမင်းတွန့်ပြီးပြောတာ၊ စကားကိုလိပ်ပတ်လည်အောင်မပြောတတ်တာ စသည်ဖြင့်စုံလို့ပေါ့။ ငယ်ငယ်တုန်းက သူငယ်ချင်းတစ်ယောက်ဆိုရင် ယောင်တတ်တာအရမ်းပဲ။ ခါးတို့လိုက်တာနဲ့ ယောင်တော့တာပဲ၊ သူယောင်တာက ဆဲပြီးတော့ယောင်တာဆိုတော့ ကောင်မလေးတွေနဲ့ ကျွန်တော်တို့စကားများလို့ ကိုယ်ကမနိုင်တော့ဘူးဆိုရင် အဲ့ဒိကောင်မလေးနာမည်ကိုခေါ်ပြီး မေ့တတ်တဲ့သူငယ်ချင်း ရဲ့ခါးကို တို့လိုက်တာနဲ့ "ဖေ......" ဆိုပြီး ယောင်ပြီး ဆဲပါလေရော...။ကောင်မလေးတွေမှာ စိတ်ပဲဆိုးရမလို၊ ရယ်ပဲရယ်ရမလို။ အဲ့ဒိတုန်းကတော့ ကိုယ်အနိုင်ယူချင်တာလေး တစ်ခုအတွက် သူများအားနည်းချက်ကို အသုံးချမိတယ်။ သူ့စိတ်ထဲမှာ ယောင်သွားတဲ့အတွက် ဘယ်လောက် ခံစားရခက်လိမ့်မလဲ မတွေးခဲ့မိဘူး။ အခုတော့ အဲ့ဒိသူငယ်ချင်းလည်း ယောင်တဲ့အကျင့်ပျောက်သလောက် ဖြစ်သွားပါပြီ။ တစ်ခါတစ်လေ ငယ်ငယ်ကအကြောင်းကို သတိတရနဲ့ သူ့ခါးကို သွားတို့မိရင် "အု ...အု&

ဆန္ဒတစ်စုံအတွက်ကူးခတ်နေရင်းမှာပဲ နောက်ထပ်ဝေဒနာများ ကျယ်ပြန့်လာ

ဆ ဆန္ဒ ဆန္ဒတစ် ဆန္ဒတစ်စုံ ဆန္ဒတစ်စုံအ ဆန္ဒတစ်စုံအတွက် ဆန္ဒတစ်စုံအတွက်ကူး ဆန္ဒတစ်စုံအတွက်ကူးခတ် ဆန္ဒတစ်စုံအတွက်ကူးခတ် နေ ဆန္ဒတစ်စုံအတွက်ကူးခတ်နေရင်း ဆန္ဒတစ်စုံအတွက်ကူးခတ်နေ ရင်း မှာ ဆန္ဒတစ်စုံအတွ က် ကူးခတ်နေ ရင်းမှာပဲ ဆန္ဒတစ်စုံအတွ က်ကူးခတ်ေ နရင်းမှာ ပဲ နောက် ဆန္ဒတစ်စုံအတွက် ကူးခတ်နေရ င်းမှာပဲေ နာက် ထပ် ဆန္ဒတစ်စုံအတွက် ကူးခတ်နေရင်းမှာပဲေ နာ က်ထပ်ဝေ ဆန္ဒတစ်စုံအတွက်ကူး ခတ်နေ ရင်းမှာပဲေ နာ က်ထပ်ဝေဒ ဆန္ဒတစ်စုံအ တွက်ကူးခတ်နေ ရင်း မှာပဲနော က်ထပ်ဝေဒနာ ဆန္ဒတစ်စုံအ တွက်ကူး ခတ်နေရင်းမှာပဲေ နာက်ထပ်ဝေဒနာများ ဆန္ဒတစ်စုံအတွ က် ကူးခ တ်နေရင်းမှာပဲနော က်ထပ်ဝေဒနာများကျယ် ဆန္ဒတစ်စုံအတွ က် ကူးခ တ်နေရင်းမှာပဲနောက် ထပ်ဝေဒနာများကျယ်ပြန့် ဆန္ဒတစ်စုံအ တွက် ကူးခတ်ေ နရင်းမှာပဲနောက်ထပ်ဝေဒနာများကျယ်ပြန့်လာ ဆန္ဒတစ်စုံအတွက်ကူးခတ် နေရင်းမှာပဲနော က်ထပ်ဝေဒနာများကျယ်ပြန့် ဆန္ဒတစ်စုံအတွက်ကူးခတ် နေရင်းမှာပဲနော က်ထပ်ဝေဒနာများကျယ် ဆန္ဒတစ်စုံအတွက်ကူးခတ်နေရင်းမှာပဲနော က်ထပ်ဝေဒနာများ ဆန္ဒတစ်စ

ဖဲရိုက်တာအသည်းခိုက်စရာလား?

ဘောလုံးဝါသနာမပါတဲ့ သူကဘောလုံးကန်တဲ့ အရသာကို ဘယ်လိုမှ မခံစားနိုင်သလို။ ဘောလုံးသမားကလည်း ကြက်တောင်ကစားရတာ ကို ခံစားနိုင်မှာမဟုတ်ဘူး။ ဒီလိုပဲ ကျွန်တော်အတွက်ကလည်း ဖဲရိုက်တာကိုဘယ်လိုမှ ခံစားလို့မရဘူးဗျာ။ ပြီးတော့ ခံစားလို့မရရုံတင်မကဘူး ဖဲကို ဘယ်လိုမှ မရိုက်တတ်တာ။ ဖဲရိုက်ဖို့လည်း စိတ်မပါဘူး။ ဖဲမရိုက်တတ်လို့သူငယ်ချင်းတွေက သင်မလားဆိုလည်း `ဟင့်အင်း ´ ။ သင်ဖို့ကိုတောင်မှ စိတ်မပါတာလေ။ သူငယ်ချင်း တွေက ရိုက်တတ်နေပြီး ကိုယ်ကမရိုက်တတ်တော့ တစ်ခါတလေကျရင် အတော်လေးကို စိတ်ပျက်စရာ ဖြစ်မိတာမျိုးတွေ ရှိတယ်။ ကိုယ်ကတစ်နေရာသွားချင်နေပြီး သူငယ်ချင်းကိုသွားခေါ်တော့ ဒီကောင်ကဖဲရိုက်နေရော ။ `လာကွာသွားရအောင်` ဆိုပြီးခေါ်ရင် `ခဏလေး တစ်ပွဲတည်းကွာ`ဆိုပြီးပြောလို့စောင့်လိုက်ရတာလည်း ပွဲပေါင်းမနည်း သူတို့ဖဲရိုက်နေတဲ့ ဘေးနားသွားထိုင်တော့လည်း ဘာမှမသိဘူး။ သူတို့ ပြောနေတာတွေက နားမလည်။ ဘာမှလည်းဝင်မပွားတတ်ဘူး ဆိုတော့ ကြာလာတော့ပျင်းလာတယ်။ သူတို့ကတော့ ဖီးလ်တွေတတ်လို့ ဖဲချပ်တွေကို တရွှတ်ရွှတ်နမ်းလို့နမ်း၊ တဖြောင်းဖြောင်း ရိုက်လို့ရိုက်။ သူဟာနဲ့သူတော့ဟုတ်လို့။ ဖဲရိုက်တာ အသည်းခိုက်စရာများ ကောင်းနေလို့လားမသိဘူး။း) ဟိုတစ်နေ့ က

ကိုယ်ချစ်တဲ့ ဗာဂို

ကိုယ်ချစ်တဲ့ ဗာဂို ဆောင်းတွင်းလို ကိုယ့်ကိုအေးမြနိုင်မယ်ဆို ကိုယ့်လက်ထဲက ၀ိုင်ခွက်ကို ပစ်ပယ်ရဲတဲ့အထိ။ မင်းရင်ဟာ အနက်ရှိုင်ဆုံး ချောက်ကမ်းပါး ဖြစ်နေစေဦးတော့ကွယ်။ ရော်ဘာရွက်တွေကြွေတဲ့ အစိမ်းရောင်လမ်းမထက်မှာ ဟိုးအဝေးက ပန်းရောင်ကောင်းကင်ကိုလှမ်းမြင်ရတယ်။ ပန်းတိုင်ကိုရောက်လုပြီလား။ ။ ကိုဂစ်တာ


ကျွန်တော် အင်တာနက်စသုံးဖူးတာက အဝေးသင်ပြီးမှပါ။ ကွန်ပြူတာနဲ့ထိတွေ့တာကြာပြီ ဖြစ်ပေမယ့် အင်တာနက်ကို အတော်ကြာကြာ မသုံးတတ်သေးဘူးဖြစ်နေခဲ့တယ် နောက်ဆုံးနှစ်စာမေးပွဲအောင်တော့မှ အင်တာနက်အသုံးပြုနည်းသင်တန်း သွားတက်တယ်။ သင်တန်းကြေးက လေးထောင် တစ်ပတ်ကို သုံးရက်( အင်္ဂါ+ကြာသာပတေး+စနေ)ပေါ့။ အဲ့ဒိ သင်တန်းမှာ ဆရာမတွေက အင်တာနက်ထဲက ပုံတွေရှာတာ ၀က်ဘ်ဆိုက်တွေရှာတာ အရင်ဆုံးစသင်တယ်။ အဲ့ဒါလောက်ကတော့ သိပ်သင်စရာမလိုပါဘူး။ နဂိုကတည်းက ကျွန်တော်က အဲ့လိုရှာရဖွေရတာတွေကို သိပ်ဝါသနာပါတာ။ ပြီးတော့ YGN CHAT ကိုတစ်ရက်သင်တယ်။ နောက်နေ့မှာ sailormoon.com မှာ အကောင့်အသစ်တစ်ခုဖွင့်ပေးပြီး အီးမေးလ်ပို့တာသင်တယ်။ ပြီးမှ G-mail ကိုသင်တာ။အဲ့ဒီ့ မှာပြောရဦးမယ်။ ဂျီတော့ခ်သုံးတော့ အဲ့ဒီ့ကဆရာမက သူငယ်ချင်းရှိလားတဲ့ ကျွန်တော့်ကိုမေးတယ်။ မရှိဘူးဆိုတော့ မရှိရင်ပြောလို့မရဘူးဆိုပြီး။ ဘာလိုလိုညာလိုလိုနဲ့ သွားရော စိတ်ကိုညစ်သွားတာပဲ။ ဘေးကသုံးတတ်တဲ့သူတွေကသုံးနေ၊ ကိုယ်ကမသုံးနိုင်ဆိုတော့ တော်တော်လေတယ် ။ ဘယ်ရမလဲ ၀ိုင်ဂျီအမ်မှာ သူငယ်ချင်တွေကို လိုက်ပြောရတာ...\" i\'m learning internet and email. i can\'t use gtalk well. i would like you

Saying I Do

Saying I do Is more than saying I love you It goes beyond describing how my love is true Because words are not enough to express my love for you. Saying I do Is like saying I am here for you That I am ready to see what the future may bring Because we are together in everything. Saying I do Is saying I am now complete because of you That the pieces of the puzzle called "my life" Becomes a beautiful picture called "our love". And now I am saying "I DO" As I walk down the aisle with you This is a lifetime promise that I will hold A promise I make until we grow old. - M. Pascual - source form - http://www.lovepoemandquotes.com "တစ်ကယ်ပါ" ဆိုလိုတာ တစ်ကယ်တမ်းတော့ မင်းကိုချစ်တယ်လို့ ပြောနေတာထက်ပို။ အချစ်ဘယ်လိုစစ်ကြောင်း ကောင်းကောင်းဖော်ပြတာတွေလည်း နားရစ်ခဲ့။ စကားအသစ်တွေနဲ့လည်းလုံလောက်ဖို့ခက် အကုန်ပျောက်လို့ ဆက်လက်ဖော်ပြဖို့မလွယ်။ တစ်ကယ်တမ်းဆိုလိုမှာက အနာဂတ် အကြောင်းတရားများ ကိုရင်ဆိုင်ဖို့ တို့အတူရှိနေလို့ကွယ်။ ဟုတ်ပါတယ်... မင်းကြောင့်သာ ငါအခုပြည့်စုံရတ

ဆူးလှည်း

ဥပမာပေးရင်းလည်း ပေးလို့မရအောင် sensitive ဖြစ်တယ် ထိကရုန်းပင်လို၊ ခူယားလို့ တွေ့လိုက်ရင်ဆုံလိုက်ရင် လည်း ကွန်မြူနစ် ဇတ်လမ်းတွေထဲကလို့ စကားပုံတွေ နဲ့ စကားလုံးတွေက မာကျော ခက်ထန် အစွန်းရောက် ဖောင်းပွ ဥပမာပေးရင်လည်း Sensitive ဖြစ်မယ် ဒီကဗျာလေးရဲ့အောက်ခြေမှာ ကဗျာရေးသူနာမည်ပါမှာမဟုတ်ဘူး ကဗျာဆိုမှတော့ ရေးသူနာမည်ပါရမယ်လေ မဟုတ်သေးဘူး ကဗျာရှင်က သူ့နာမည်မထည့်ချင်ဘူးလို့ပြောသဗျ ဒါဆိုလည်း အမည်မသိလို့ရေးပါလား မဖြစ်နိုင်ဘူး ရေးသူကိုက ဘာမှတပ်တာမကြိုက်ဘူး ဒါဆိုရင်…… လင်မရှိတဲ့ မယား၊ တံခွန်မရှိတဲ့ရထား၊ သိမ်မရှိတဲ့ကျောင်းဆိုသလို မတင့်မတယ် ဖြစ်နေမှာပေါ့။ ဒါကတော့ သူ့ခံယူချက်နဲ့ပဲဆိုင်လိမ့်မယ်ထင်တယ် ခံယူချက်ဆိုတာ အမှားအမှန်ခွဲခြား သိမြင်နိုင်စွမ်းရှိလို့လား ကျွန်တော်လည်း ဒါကြောင့်ပဲ ဝေမှိုင်းညို ရဲ့ဇတ်ကားတွေကို မကြိုက်တာ အဲ့လိုပြောတော့ ဝေမှိုင်းညို ဇတ်ကားတိုင်းကလည်း ခင်ဗျား မကြိုက်စရာတွေချည်းပဲ မဟုတ်သေးဘူးလို့ မဟုတ်ကြောင်း ကျုပ်ကိုပြော ကျုပ်နဲ့ခင်ဗျားနဲ့ ခင်ဗျားနဲ့ကျုပ် ဟိုးဝေးဝေးမှာက မြက်ခင်းတွေကတော့စိမ်းလန်းဆဲ ငှက်ပျောရွက်လို ထိရှလွယ်တာရယ် ထိကရုံးလို ထိလွယ်သိလွယ်တာရယ် ခူယားကောင်လို တုန့်ပြန်နှုန်းမြန်တာရယ် အ

31 Dec Night

လမ်းထဲကို ၀င်လိုက်သည်နှင့် နှစ်သစ်ကိုကြိုဆိုသောအနေဖြင့် တစ်လမ်းလုံးအမှောင်ချထားကြသည်။ လမ်းထဲတင်မဟုတ် တစ်ရပ်ကွက်လုံး၊ တစ်မြို့လုံးက နှစ်သစ်အကြို အနေဖြင့် လျှပ်စစ်မီး ချွေတာရေးဖြင့် အဓိပ္ပါယ်ရှိစွာ ကြိုဆိုကြသည်။ ကျွန်တော်တို့လမ်းထဲမှာ ကိုရွှေကြီးတို့အိမ်ရှေ့တွင် လူပျိုကာလသားများကလည်း ၀ီစကီ တစ်ပုလင်းထောင်က နှစ်သစ်တွင် အဓိပ္ပါယ်ရှိသော နေ့သစ်များကို တည်ဆောက်ရင် ဖြတ်သန်းသွားကြရန် ဆွေးနွေးပြောဆိုနေကြသဖြင့် အလုပ်ကပြန်လာသော ကျွန်တော်လည်း ၀င်ရောက် နားထောင်နေမိသည်။ ပြီးမှ အလုပ်ယူနီဖောင်းများ လဲရန် သတိရသဖြင့် အိမ်သို့ အမြန်ပြန်ရသည်။ ထိုနေ့က သဘောကောင်းသော အလုပ်ရှင်က ဆယ်နာရီခွဲအထိသာ အလုပ်ဆင်းရန် ခွင့် ပြုသဖြင့် ကျွန်တော်နှင့် ကျွန်တော့် သူငယ်ချင်း မှာ အလုပ်မှစောစီးစွာပြန်လာခြင်းဖြစ်လေသည်။ အိမ်သို့ရောက်သောအခါ အ၀တ်အစားများကို အမြန်လဲပြီး အစာမစားရသေးပဲ အိမ်မှာလည်း စားစရာသောက်စရာ မ၇ှိသောကြောင့် ကျွန်တော်တို့မြို့ဧ။်အစည်ကားဆုံးနေရာဖြစ်သော ၃ ထိပ် သို့ သူငယ်ချင်းကိုဝင်ခေါ်ပြီး ထွက်လာခဲ့သည်။ ရပ်ကွက်ထဲမှထွက်လာရသော်လည်း ကျွန်တော်တို့ရပ်ကွက်ထဲတွင် စည်ကားနေသည်မို့ ကျွန်တော်အခုအချိန်အထိ မေ့မရပဲ တစ်သသဖြစ်နေရသည်။ လျှ

ကျွန်တော် အကြိုက်ဆုံးကြော်ငြာ

တစ်ခါက စာသင်ခန်းထဲတွင် ဆရာတစ်ယောက်ပေါ့ပေါ့ ပါးပါး ပြောလိုက်သော စကားလေး ကို အမှတ်ရ နေမိသည်။ ထိုစဉ်က ကျွန်တော် အထက်တန်း ကျောင်းသားဘ၀ပင် ရှိလိမ့်ဦးမည်။ စာသင်ပြရာတွင် အလွန်ကောင်းသော ဘောဂဗေဒ ဆရာ က ကျောင်းသားများ မျက်စိထဲပေါ်လွင်အောင် တစ်ခါတစ်လေ ဟာသလေးများစွက်ကာ သင်လေ့ရှိသောကြောင့် ကျွန်တော်တို့ ဧ။် အသည်းစွဲဆရာဖြစ်ခဲ့ဖူးသည်။ တစ်နေ့။ဘောဂဗေဒ သင်ရင်း စားသုံးသူများဧ။် ကြိုက်နှစ်သက်မှု့ပြောင်းလဲပုံနှင့် ပတ်သက်၍ ဆရာက … “ငါဆိုရင် ငယ်ငယ် လေးငါခြောက်နှစ်က ဘောလုံးကန်တာကို ကြိုက်တယ်၊ ၁၅ နှစ်လောက်လည်းရောက်ရော ဘိလိယက်ထိုးတာ ကြိုက်တယ်၊ အသက်နှစ်ဆယ် လေး ၊ နှစ်ဆယ့်ငါးလောက်လည်းရောက်ရော ဂေါက်ဖ် ရိုက်ရတာကို ကြိုက်သွားတယ်” ဟုပြောသောအခါ တစ်ချို့ ကျောင်းသားများက “ဟာ… ဒါဆိုဆရာ က တစ်ဖြည်းဖြည်း သေးသွားတာပေါ့…အကြိုက်ကိုပြောတာပါ ”ဟု နောက်သောအခါ ဆရာရော ကျွန်တော်တို့ပါ ၀ါးလုံးကွဲရယ်ခဲ့ကြရသည်။ နောက်တစ်ယောက်ကလည်း “အခုရော ဆရာဘာကြိုက်လဲဟု ”လှမ်းမေးလေသည်။ ထိုအခါ ဆရာက “ခုတော့ အင်း…… ပုတီးစိပ်တာပဲ”ဟု ပြုံးစိစိဖြင့် ပြောသောအခါ ကျောင်းသူတစ်သိုက်မှာ ဆရာ့ကို ချစ်စနိုးဖြင့် “ဟားးး….ရေ……” ဟု လှမ်းသေ