Posts

Showing posts from July, 2015

ကမ္ဘာ့ပထမဆုံးဘီယာ ကုမ္ပဏီ

Image
ကမ္ဘာ့ပထမဆုံးဘီယာ ကုမ္ပဏီ ဘီယာဆိုတာ ယနေ့ခေတ်မှာ  လူကြီး ၊ လူငယ်မရွေး သောက်သုံးနေကြပြီဖြစ်တဲ့ အယ်လ်ကိုဟော အနည်းငယ်ပါဝင်တဲ့ အဖျော်ယမကာအမျိုးအနွယ်ဝင်ပဲဖြစ်ပါတယ်။ ပထမဆုံးဘီယာကို ဘယ်သူတွေစပြီး သောာက်သုံးခဲ့တယ်ဆိုတာကိုတော့ သမိုင်းမှတ်တမ်းတွေရေရေရာရာမရှိခဲ့ပါဘူး။ ဘီယာ ကို အကြမ်းအဖျဉ်းအားဖြင့် နှံစားပင်ဖြစ်တဲ့ ဂျုံ ၊ စပါး စတဲ့ သီးနှံပင်တွေက ရတဲ့ အစေ့အဆံတွေနဲ့ ရေကို အခြေခံပြီး ထုတ်လုပ်ကြတာပဲဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ပေါင်မုန့်ကို  ဂျုံကနေထုတ်လုပ်ဖို့ လူတွေ မစဉ်းစားမိခင်အချိန်ကတည်းက ဂျုံကနေ ဘီယာကို ထုတ်လုပ်လာကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့်  ဘီယာကို ချက်လုပ်ရာမှာ အသုံးပြုတဲ့ အခြေခံကုန်ကြမ်းပစ္စည်း ကွဲပြားမှုပေါ်မူတည်ပြီးတော့ ချက်လုပ်တဲ့ နည်းစနစ်တွေလည်း ကွဲပြားကြပါတယ်။ ဘီယာချက်လုပ်ရာမှာ တစ်နေရာနဲ့ တစ်နေရာ အသုံးပြုတဲ့ နည်းစနစ် မတူညီကြသလို၊ အသုံးပြုတဲ့ အခြေခံကုန်ကြမ်းတွေဟာလည်း မတူညီကြပါဘူး။ ဘီယာချက်လုပ်တဲ့ နေရာအလိုက် အသုံးပြုတဲ့ ကုန်ကြမ်းတွေမတူညီတဲ့နေရာမှာ ဘီယာချက်လုပ်ဖို့ အတွက် အာဖရိက လူမျိုးများက လူး၊ ဆပ် ၊ နှံစားပြောင်း ၊ ပီလောပီနံ စတာတွေကို အသုံးပြုကြပြီးတော့ ၊ တရုတ်လူမျိုးများကတော့ ဂံျုက