Posts

Showing posts from June, 2012

မိုင်လေးရာကျော်

မိုင်လေးရာကျော် အဲဒီတစ်ရက်က ကျွန်မဟာ ကျွန်မရဲ့ အတန်းစာတွေ နဲ့လုံးပန်းနေရတဲ့ အချိန်ပေါ့။ ကျွန်မဟာ လုပ်လက်စ အိမ်စာတွေကို ခဏရပ်ထားလိုက်ပြီး အိမ်ရှေ့ ၀ရန်တာကနေ အပြင်ကို ငေးရင်း လေကောင်းလေသန့်ကို ရှုရှိုက်နေမိတယ်။ ပထမဆုံး ကျွန်မရဲ့ အမြင်အာရုံထဲ ကို ၀င်လာတာက ယူနီဖောင်းကို ၀တ်ဆင်ထားပြီး ဘေးလွယ်အိတ်တစ်လုံးကို လွယ်ထားတဲ့ စာပို့တိုက် ၀န်ထမ်းတစ်ဦးသာပါပဲ။ ကျွန်မတို့အိမ်ရှေ့က စာပုံးလေးထဲကို စာတစ်စောင်လာထည့်သွားတာကို မြင်လိုက်တယ်။ အဲဒါနဲ့ ကျွန်မလည်း အိမ်အောက် ဆင်းပြီး စာအိတ်ကလေးကို ယူကြည့်လိုက်တဲ့အခါ ကျွန်မရဲ့ နာမည် ယူဂျင် လို့ တပ်ထားပြီး ကျွန်မတို့ အိမ်လိပ်စာနဲ့ပေါ့။ စာအိတ်ကို ဖွင့်ကြည့်လိုက်တဲ့အခါ တွေ့ရတာက စီဒီပြားတစ်ချပ်နဲ့ စာရွက်တစ်ရွက်၊ အဲဒီစာရွက်ပေါ်မှာတော့ ကွန်ပျူတာစာလုံးတွေနဲ့ ရေးထားတဲ့ သီချင်းစာသား အပါအ၀င် ကော့ဒ်တွေ ၊ ပြီးတော့ စီဒီချပ်က မီနီစီဒီအသေးလေး ၊ ပလေယာထဲကို ထည့်ပြီးဖွင့်ကြည့်လိုက်တဲ့အခါ ကျွန်မရဲ့ တီဗွီမှာ ပွင့်တဲ့ အသံတွေက သီချင်းစာရွက်ထဲက စာသားတွေကို လိုက်ရွတ်လို့နေခဲ့တယ်။ ကျွန်မဟာ အလျင်စလိုပဲ ၀ရန်တာကို ထွက်လိုက်မိတယ်။ ကျွန်မရဲ့ ရှေ့တည့်တည့် ကောင်းကင်ကြီးကို ကြည့်

ဘာသာပြန်ကဗျာ

ဘာသာပြန်ကဗျာ ငါ့အလုပ်နေရာက စတိုထဲမှာ တိုလီမုတ်စတွေ ရှင်းလင်းတဲ့အခါ အပိုပစ္စည်းတွေ ထိန်းသိမ်းထားတဲ့ ခြင်းတောင်းလေးထဲက အတိုအစတွေ အသုံးပြုမယ့် သူကို ငံ့လင့်နေသလိုမျိုး မင်းကို သတိရနေတယ်ပေါ့… လူတွေကလည်းကွယ်… ကမ္ဘာဦးကတည်းက အသံတစ်သံကို ကြားပြီးတဲ့နောက် အဲဒီအသံကို မျှော်လင့်ရင်း အတုဖန်တီးတာတွေ များလာကြတာ…။ ငါဟာသစ်ရွက်တွေ ထဲမှာ သိမ်ငယ်နေတတ်တဲ့ ဘယ်သူမှ မမြင်တဲ့ သစ်သီးလေးတွေလိုမျိုး မတွေ့နိုင်တဲ့ လူတွေ တွေ့ပါစေ ဆုတောင်းနေသလိုမျိုးပေါ့… ဆာလောင်မှုနဲ့ ပြင်းထန်နေတဲ့ ငတ်မွတ်ကလေးငယ်ရဲ့ မျက်လုံးမျိုးနဲ့ “အစားအစာဆိုတာ နတ်တွေရဲ့ ကောင်းချီးပေးသလိုများ လား” လို့ တွေးသလိုမျိုး မည်းကြုတ်နေတဲ့ အရေတွန့် လက်ကလေးနဲ့ သဲပြင်ပေါ်မှာ “ပေါင်မုန့်… ပေါင်မုန့်… ပေါင်မုန့်…” လို့ ဆာလောင်မှုတွေ ရပ်တန့် မေ့လျော့သွားချိန်အထိ ရေးခြစ်မိနေသလိုမျိုး မင်းနာမည်ကို အော်ခေါ်နေသံ ဘယ်ဆီကမှန်းမသိကြားတယ်… ခုနှစ်ထပ် မြောက်ဟိုတယ် အလွှာရဲ့ ပူအိုက်တဲ့ စတိုခန်း ဘေးပြတင်းပေါက်တွေကနေ လှမ်းမျှော်ရင်း မြင်ကွင်းတွေ ကို ကြည့်တဲ့အခါ ထီးဆောင်းသွားတဲ့ လူတစ်ယောက်ကို တွေ့တော့ ဘတ်စ်ကားမှတ်တိုင်ကနေ လွယ်အိတ်လွယ်ရင်းကားပေါ်က ဆင်းလာတဲ့ ငါ့က

မျောက်တွေလက်ထဲက ပန်းသီး

မျောက်တွေလက်ထဲက ပန်းသီး အဲဒီစိမ်းပြာရောင် အထည်ကလေးကို မင်းဝတ်တိုင်း ရင်နာနေရတုန်းပါပဲ။ ရိုးသားတဲ့ ၀ယ်လိုအားတစ်ခုအတွက် အရောင်ပါတဲ့ ရောင်းလိုအားတွေနဲ့ မျှခြေမရှိတဲ့ အဖြစ်က ဘ၀တွေကို ကိုင်လှုပ်ခဲ့တယ်။ မင်းရဲ့ ရွှေဝါရောင် လည်တိုင်ထက်က ဆနွင်းမကင်းပုံ ဆွဲသီးလေးကို မြင်တိုင်း ဒီခေတ်ကြီးမှာ.. နည်းပညာတွေ တိုးတက်လာခြင်းရဲ့ သင်္ချာကို အဖြေထွက်အောင် မတွက်တတ်တော့ဘူး။ သေချာတယ်… ကိုယ်ရတဲ့ အဖြေက မျက်ဝန်းရှေ့မှာတင်ပြယ်လွင့်ခဲ့တာပေါ့ကွယ်…။ မင်းကတော့… စိတ်ရှင်းရှင်းနဲ့ အရာရာဟာ လှပလို့ မင်းကတော့… ဟောဒီနွေရာသီကို အပူချိန် 16ံ C ထားလို့ မင်းကတော့… အလုပ်ထွက်သွားတဲ့ ၀န်ထမ်းကို မေ့ပစ်လို့ ကိုယ်ထင်တယ်… မေလမှာ ပွင့်တဲ့ စိန်ပန်းနီနီတွေက မင်းအတွက် တိတ်ဆိတ်နေကြမယ်ပေါ့။ ကိုယ်သာ မင်းနဲ့ တစ်စုံတစ်ရာ မပတ်သက်ခဲ့ဘူးဆိုရင် သေချာတယ် မင်းကို မေ့သွားခဲ့မှာပါပဲ…။ မင်းအတွက် ကိုယ်လုပ်ပေးနိုင်တာ မရှိခဲ့ဘူး။ ကိုယ့်ကိုယ်ကို တောင် အရောင်လက်အောင် ကြိုးစားနေရချိန်ကွယ်…။ Nude Art တွေကို ကိုယ်ချစ်တယ်။ ဒါပေမယ့်… အနုပညာဆိုတာ လုပ်ယူထားတဲ့ အရောင်လည်းမဟုတ် ကိုယ်ပိုင်တဲ့ ကိုယ့်အလှ ဘယ်သူမှ ခိုးယူ ခံစားလို့ မရ

ပန်းဆိုးတန်း သတင်းထောက်

ပန်းဆိုးတန်း သတင်းထောက် ဟိုတုန်းက ပန်းဆိုးတန်းမှာ သတင်းထောက်တစ်ယောက်ရှိခဲ့တယ်။ ဟိုးတုန်းကတည်းက သူ့မှာ လိုက်နေ တဲ့ သတင်း အစအန တစ်ခု ရှိခဲ့တာ အခုထိ လက်ထဲက ရိုက်လိုက်တဲ့ ကင်မရာက ဖိုးကပ်စ်တွေ မပြတ်သားဘူး ဖွာလိုက်တဲ့ ငါးဆယ်တန် စီးကရက်က မီးခိုးတွေလိုပဲ မျက်စိတ၀ိုက်မှာ ရုပ်လုံးပေါ်လာတဲ့ သတင်းတွေ မျက်စိရှေ့မှာတင် ပျောက်ကွယ် သတင်းတွေ သတင်းတွေ လေထုနဲ့ အတူ ဘယ်ဆီမှာလဲမသိ အိမ်ပြန်ရင် မီးမှိတ် အိပ်ရမယ်မှန်းသိလို့ လေထုတွေ ကြားထဲမှာ အရက်ဆိုင်ထိုင်လား ထိုင်ရဲ့ ကစားပွဲရုံသွားလား သွားရဲ့ အပြာမယ်လေးနဲ့ တွတ်ထိုးလား တွတ်ထိုးရဲ့ ဆေးသမားတွေရဲ့ ဆေးထိုးအပ်တွေကိုင်လား ကိုင်ကြည့်ရဲ့ အဓိပ္ပါယ်မသိတဲ့ စာသားတွေထက် အဓိပ္ပါယ်ရှိတဲ့ သံစဉ်တွေကို ဖမ်းဆုပ်နိုင်မလား ကောင်းကင်ဟာ အပြာက အပြာပဲလေ တစ်ယောက်တည်း အချိန်းအချက်နဲ့ ပျော်ပွဲစားရုံနားက တံခါးချပ်ကိုမှီလို့ မတ်တပ်ရပ်နေခဲ့တယ်။ ဘေးလွယ်အိတ်ထဲက အပေါစား ကဗျာစာအုပ်မှာ ကော်ဖီစက်တွေ စွန်းထင်လို့ တင်းကုပ်ထဲက လွတ်သွားတဲ့ နွားတစ်ကောင်လို ရှိတဲ့ အရပ်ကနေ မရှိတဲ့ အရပ်ကို ခဏခဏ လွတ်နေတယ်ပေါ့ စာအုပ်ကို အသာပိတ်ပြီး ပြန်လာတော့ လည်း ပျော်ပွဲစားရုံထဲက ပျော်ရွှင်စွာ အော