Posts

Showing posts from 2013

သက်မွန်မြင့် ပိုစတာ

သက်မွန်မြင့် ပိုစတာ ဟိုတုန်းက သက်မွန်မြင့် ပိုစတာ ဟာ အိမ်နံရံပေါ်မှာ အရင်အတိုင်း အိမ်မြှောင်လေးတွေဟာ စက္ကူချပ်ပေါ် တက်ရပ်လို့ အမြီးကို တဖျပ်ဖျပ် လှုပ်တယ်။ ဒီလိုနဲ့ ကြောင်ကလေးဟာ လန့်နှိုးလာ။ အိမ်မြှောင်စုတ်တွေ ထိုးတယ် ထရံပေါက် က ချောင်းကြည့်တော့ လမင်းကြီး သာဆဲပဲ။ အဲဒီခဏမှာ ထိုးတဲ့ စုတ်ဟာ ကိုးချက် အိမ်မြှောင်စုတ်ထိုးတာဟာ ကိုးချက်ဖြစ်တယ်။ သက်မွန်မြင့် ပုံ အသစ်လေးလိုချင်တယ် စိတ်ထဲဆုတောင်း။ သစ်ရွက်တွေ ကြွေကျပြီးတော့ နံရံမှာ သက်မွန်မြင့် ပိုစတာဟာ ရောက်လို့လာခဲ့တယ်။ သက်မွန်မြင့် ပုံဟာ အိမ်နံရံမှာ အရင်အတိုင်း။ ကျော်ညိုသွေး

မြသားရောင်လမ်းကလေး

ကန်ထဲက ရေတွေဟာ ခွက်နဲ့ ခပ်ယူခြင်း ခံရပြီးတဲ့နောက်။ တစ်ကိုယ်လုံး ကို ရွှဲစိုသွားစေတော့တယ်။ ဆိုလိုတာကတော့ ရေကန်ထဲက ရေတစ်ခွက်ကို ယူပြီး ခေါင်းပေါ်က လောင်းလို့ ချိုးလိုက်တယ်ပေါ့။ ဟုတ်ပါတယ်။ ချွေးစက်တွေဟာ နွမ်းနယ်မှု ရဲ့ ပြယုဂ် ပဲ ဖြစ်ပါတယ်။ လူတွေ ရဲ့ အတွေးဟာ ရေချိုးခြင်း ၊ အညစ်အကြေးစွန့်ခြင်း နဲ့ ဘတ်စ်ကားစီးခြင်း တို့ ပြုလုပ်တဲ့ အခါမှာ ကွန့်မြူးတယ်လို့ သိထားဖူးတာပဲ။ ဒါပေမယ့်လေ အခုလောလောဆယ်မှာတော့ အတွေးတွေဟာ နောက်ပြန်လည်ရုံကလွဲပြီး ဘာမှမကွန့်မြူးဘူး။ ညနေဟာ စောင်းပြီး ခဲ့ပြီ ။ ညဘက်ဟာ ဝင်ရောက်ခဲ့ပြီ။ ပူအိုက်စေးထန်းနေတဲ့ ခန္ဓာကိုယ်ကို ရေလောင်းချလိုက်တဲ့ အခါ အရေပြားဟာ ဆပ်ပြာကို တောင့်တတော့တယ်။ ရေချိုးချိန်မကြာစေဖို့ ကိုယ့်ကိုယ်ကို သတိပေး ရတာလည်း ချိုပါတယ်ကွယ်။ ချိုပါတယ်။ +++++++++++++++++++++++++++++++++++++++++++++++++++  လမ်းတွေကို အိပ်မက်မက် ရင် ဘယ်လို ခံစားရမလဲ။ ပျော်လား ၊ ကြည်နူးလား ၊ တစ်ခုခုကို လွမ်းဆွတ်တမ်းတ တာမျိုး ဖြစ်ပေါ်ခံစားရလား။ အိပ်မက်ထဲမှာ လျှောက်တဲ့ လမ်းဟာ ဖြောင့်ဖြူးလား ၊ အနိမ့် အမြင့်တွေ နဲ့လား ၊ ဘေးနားမှာ ကွန်ကရစ်တုံးလေးတွေ စီထားလား။ ယာဉ်အသွားအလာရှင်းလား။ အလုပ်ပြန် ခြေလှမ်းရေ

လူပျိုရည်

လမ်းမပေါ်က ဒဗလျူဘောလုံးကို မက်မက်မောမော ကန်နေတဲ့ ကလေးတွေ က လူမှုရေး စက်ရုံက ဝင်ရိုးတွေ လည်နေသံကို ဘယ် ဖမ်းဆုပ်မိမလဲ။ အခြေခံကျကျ ပြုပြင်ပြောင်းလဲရေးကို စွမ်းနိုင်သူကို အာဂလူလို့ ယူကြမယ်။ ဒီလိုမျိုးတွေ အတွက်လည်း သစ်ပင်ပျိုးနေရင် ကိုယ်ဟာလည်း အခုတင် အိုမင်းနေအောင် တွေးမိပေါ့။ မလှပတဲ့ သီချင်းတွေ အတွက်တော့ ကိုယ့် လူပျိုရည် ရောင်းမယ်ကွယ်။ သံသရာအတွက်မတွေး မျက်စိရှေ့က ချွေးပေါက်လေးတွေ ခဏတာ တိတ်ဖို့ ၊ လူကုံတန် သီချင်းတွေ ပြီးရင် ညှိုးနွမ်းနေတဲ့ သစ်ရွက်ကလေးတွေ ရေစင်ဖြန်းဖို့ လူပျိုရည်ရောင်းမယ် ကွယ်။ လူပျိုရည် ရောင်းပါတယ်။ သန့်စင်ထားတဲ့ မူးယစ်ဆေးဝါးတွေလိုချိုမြ ၊ ပင်လယ်ကမ်းစပ်က သဲခုံတွေလို ဖြူဖွေး ၊ လေနုအေး တိုက်တဲ့ အရပ်က ပန်းသစ်ခွတို့ ရဲ့ အာရုံနှိုးတေးသွားလို လူပျိုရည် ကိုယ်ရောင်းမယ်။ ပြာသိုတဲ့ တပိုတွဲမှာ ပွင့်တဲ့ ပန်းတွေ ကောင်းချီးပေးပါစေ။ ဆက်ရက်တွေ တောင်ပံကျိုးတဲ့ အခါ ကြောင်တွေလည်း အလိုလို ခံတွင်းပျက် ရတော့မယ်။ ဒီလိုနဲ့ အေးစိမ့်တဲ့ တောင်ပေါ်ဒေသလေး တစ်မြို့ ကိုယ်ဖြစ်ချင်တယ်။ လတ်ဆတ်တဲ့ သစ်သီး ဝလံတွေ ကို ခူးဆွတ်တဲ့ အခါ မြည်တဲ့ အသံကိုက ချိုမြမြ ၊ အညှာကထွက်တဲ့ အစေး လည်း လောင်မယ်။ ငါက မ

ချစ်ရသောကြောင်ကလေး

ကျွန်တော်တို့ငယ်စဉ်အခါက ကျောင်းတွင် စာစီစာကုံးများ ရေးသော အခါ အကြောင်းအရာတစ်ခုကို ရိုးရိုးကြီး ရေးလေ့ရှိကြသည်။ ထိုစဉ်က ကျောင်း စာသင်စနစ်များ မှားယွင်းမှု ကြောင့် စာဖတ်အား အပေါ်မူတည်ကာ ဉာဏ်ကွန့်မြူးမှု၌ တည်မှီကာ ချဲ့ထွင် ရေးသားရမည့် မြန်မာစာ ကို ကျွမ်းကျင်မှု မရရှိခဲ့ပဲ ၊ နှုတ်တိုက် ကျက်မှတ်သည့် အကျင့် သာ ရရှိခဲ့ခြင်းကြောင့် ကိုယ်ကိုယ်တိုင် အကြောင်းအရာ တစ်ခုခုအား ရေးသားရမည် ဆိုပါက တောင်တောင်အီအီ စဉ်းစားကာ တည့်မတ်စွာ ချရေးခြင်း ကိုသာ ပြုလုပ်ခဲ့ကြသည်။ ထိုစဉ်က သွယ်ဝိုက်၍ ရေးသားခြင်း အမှု ၊ စာ တန်ဆာဆင်မှု တို့ကို မပြုလုပ်တတ်ခဲ့ပေ။ များသော အားဖြင့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှ သူငယ်ချင်းအများ စု တွင် ထိုကဲ့သို့သော အဖြစ်များ နှင့် ရင်ဆိုင် ကြုံတွေ့ ခဲ့ကြရသည်။ ကျွန်တော်တို့ နေထိုင်သော ရပ်ကွက် ၊ ပတ်ဝန်းကျင် ၊ လူမှု စရိုက် အခြေအနေ မှာ လည်း ပညာရေးကို အလေးထားသော ပတ်ဝန်းကျင်မျိုးကလည်း မဟုတ် ၊ ပေါင်သင်းမိသော အပေါင်းအသင်း များမှာလည်း ပညာရေး ကို အလေးပေးသော အခြေအနေ မှ လာသည်မဟုတ်ခြင်း ကြောင့် စသော အကြောင်းအချက်များ ပေါင်းစည်းကာဖြင့် ကျွန်တော်တို့ ဧ။် ငယ်စဉ်ဘဝတွင် ကျောင်းတွင်း မြန်မာစာ ရေးသားမှု သ

ကျနော်တို့ မြင်ဖူး/မမြင်ဖူးတဲ့ သိုးများ

ကျနော်တို့ မြင်ဖူး/မမြင်ဖူးတဲ့ သိုးများ တစ်ခါက ဟော်တယ်တစ်ခုက ပြင်ထိန်းစတို တစ်ခုမှာ အလုပ်လုပ်တယ်။ ညဆိုင်းကျတဲ့ အခါ ကိုယ့်ထက်ငယ်တဲ့ ကောင်လေး တစ်ယောက်နဲ့ တစ်ဆိုင်းတည်း ကျတယ်။ အဲဒါနဲ့ အိပ်မပျော်ရင် သူနဲ့ စကားတွေ ပြောပေါ့။ တစ်နေ့တော့ သူပြောတဲ့ အကြောင်းအရာ တစ်ခု ကို ကိုယ်က ပြန်ရှင်းပြနေတာ သူက အဲဒါကို နားကို မလည်နိုင်ဘူး။ ကိုယ်လည်း နည်းလမ်းပေါင်းစုံ သုံးပြီး ရှင်းပြလည်း သူ့မှာ လည်နေတယ်။ ကြာလာတော့ စိတ်က “ဖု” လာတယ်။ အဲဒါနဲ့ ပဲ သူ့ကိုပြောလိုက်တယ်။ "လူတစ်ယောက်ကို အကြောင်းအရာတစ်ခုကို ရှင်းပြလို့ သူက နားမလည်ဘူး ဆိုရင် အခါခါရှင်းပြလို့ရတယ်။ ဒါပေမယ့် ရှင်းပြရင် နားလည်ရမယ့် အချိန်ကာလ တစ်ခု နဲ့ အတိုင်းအတာတစ်ခုလည်း ရှိတယ်။ နားလည် သဘောပေါက်ရမယ့် အခြေအနေတစ်ခုမှာ နားကို နားလည်ရမယ်။ ဘယ်လို ရှင်းပြပြ နားမလည် ဘူးဆိုရင် နားမလည်တဲ့ သူက တစ်ခုခု မှားနေလို့ပဲ" လို့ သူလည်း ဒါကို နားလည်မယ်ထင်ပါတယ်။ ကျွန်တော် ကိုကြီး ရှင်းပြတာကို နားလည်ပါတယ်။ တစ်ခါတစ်လေကျရင် ကျွန်တော်က နားလည်ရဲ့သားနဲ့ နားမလည်ချင်ယောင်ဆောင်နေတာလို့လည်းပြောပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ တချို့ လူတွေမှာ ဘယ်လောက် ရှင်းပြပြ နားကို မလည်နိုင်တာမျိုး သူတ

Journey To Design My Heart By Samsung Galaxy Note 3 , Driving My Feeling By Galaxy Gear

Image
Journey To Design My Heart By Samsung Galaxy Note 3 , Driving My Feeling By Galaxy Gear   Journey To Design My Heart By Samsung Galaxy Note 3 , Driving My Feeling By Galaxy Gear ချက်ချင်းဆိုသလို အိပ်ရာက ထလိုက်တယ်။ ဒီမနက် ပဲခူးကို သွားရမယ် ဆိုတာ စိတ်ထဲကနေ မှတ်ပြီး အိပ်ရာဝင် ခဲ့တာကြောင့် နိုးလာတဲ့ အခါမှာလည်း စိတ်က ဒါကိုပဲ တန်းသတိရတယ် တော်သေးတာက ညကလည်း စောစော အိပ်ရာဝင်မိတယ်။ ဒါကြောင့် အခုမနက်လင်းတော့ သိပ်ပြီး အိပ်ချင်မူးတူး ဖြစ်မနေပဲ လန်းဆန်းလို့နေသည်။ ညတုန်းက ဝတ်မယ့် အဝတ်အစားကို ရွေးထားပေမယ့် အဆင်မပြေတာနဲ့ ချောင်ချောင် ချိချိဖြစ်မယ့် အဝတ်အစားကို ပြန်ပြီး ရွေးရသေးတယ်။ သန့်ရှင်းရေးလုပ် အဝတ်လဲပြီး အိမ်က ထွက်တော့ မနက် ခုနှစ်နာရီ ထိုးခါနီးပြီ။ ကားဂိတ်ရောက်တော့လည်း ၁၂၄ ကားက အသင့်မို့ စုရပ်ရှိရာကို သွားဖို့ ဘတ်စ်ကားစီးပြီး လာခဲ့တယ်။ မိုးတွေကလည်း မနက်စောစော စီးစီး ရွာလိုက်တာ။ ၁၂၄ ကားကြီးက မိုးရေစိုစို လမ်းမတလျှောက်မှာ ပြေးလွှားလို့။ ကျွန်တော်ကလည်း စိတ်ထဲက နေ ပဲခူးတိုင်းရဲ့ မြင်ကွင်းတွေကို စိတ်ကူးနဲ့ ပုံဖော်ကြည့်နေမိတယ်

Beloved Day

Beloved Day ဒီလို Blog Day မျိုးမှာ  ကျွန်တော်ဟာ ခရမ်းရောင် ဂျင်းန်းအကျပ် တစ်ထည် ရဲ့  ချုပ်ရိုးကြောင်း ဖြူဖြူလေးတွေ ကို  စိမ်းလန်းစိုပြေ ဥယျာဉ်ထဲမှာ ငေးကြည့်နေခဲ့ဖူးတာပေါ့။ ကျွန်တော့် ကို အသိအမှတ်ပြုတဲ့ အနေနဲ့  သစ်ရွက်တွေ ကြွေပေးကြတယ်။ လေပြေတွေ ပိုလို့ အေးပေးကြတယ်။ ကောင်းကင်ဟာလည်း ကော်ဖီရောင်ပြောင်းပေး လိုက်တယ်။ သူ့ ကော်ဖီတွေ ဆို ကျွန်တော် အမြဲတမ်း ငြင်းတယ်။ တကယ်ဆို ကျွန်တော် ကော်ဖီသရဲ တစ်ယောက်သာပဲလေ။ ဘာလို့ ငြင်းဆိုမိမှန်း အဖြေမရဘူး။ သူ့လက်ချောင်း ဖောင်းဖောင်း သွယ်သွယ်လေးတွေ နဲ့ ဖျော်တဲ့ ကော်ဖီဟာ ကျွန်တော့် နှုတ်ခမ်း နဲ့ ထိုက်တန်ပါ့မလား တွေးမိလို့ ဖြစ်မှာပါလေ။ ၂၀၀၈ ခုနှစ်ဟာ ကျန်ခဲ့ပါပြီ။  August ရဲ့ Rhythm တွေ ဟာ စိမ်းလန်းစိုပြည် ရဲ့ ရေကန်စိမ်းစိမ်းတွေထဲမှာ စက္ကူလှေကလေး နဲ့ အပြည့် ဘယ်ဆီ ဘယ်ဝယ်မသိ မျောလွင့်သွားပေါ့။ လှော်ခတ်သူ မပါပဲ နဲ့။ ဝင်းဦး ရဲ့ မပြီးသေးသော ပန်းချီ ကား သီချင်း ကိုပဲ  ကျွန်တော်ဟာ နှလုံးသားဓါတ်ပြားပေါ် ကြိမ်ဖန်များစွာ အပ်ထောက်လို့ မြည်တမ်းစေခဲ့ပေါ့။ ကျော်ညိုသွေး

ဖြူဖြူ - ၄

ဖြူဖြူ - ၄ ချစ်လွန်းတဲ့ နင့်မျက်နှာလေး မကြည့်ရပင်မဲ့ စာကို ငါလွန်း လွန်းလို့ မိဥ ကို ထည့်လွှတ်လိုက်တယ်။ နင်ဖက်ဖို့။ နင့်ကိုငါ လွှတ်ကြိုက်တာပဲ မိဖြူရာ။ နင့်စကားပြောတာတွေ ၊ နင့် လမ်းလျှောက်ပုံတွေ မျက်လုံးထဲကဖြစ် မထွက်ဘူး။ ဦးတုတ်ကြီးတို့ ဆိုင်မှာ နင်ဆတ်ပြာဝယ်နေတုန်း ငါနောက်ကနေ ခိုးကြည့်နေခဲ့ရတာ။ နင့်ကိုမြင်တိုင်း ငါ့စိတ်ထဲမှာ ဘယ်လိုကြီးမှန်း မသိပါဘူးဟာ။ နင့်ကို ငါ့ မိန်းမဖြစ်စေချင်တာဘဲ ။ နင့်ကိုငါ လူကြီး နဲ့ ကန်တော့ပွဲ နဲ့ လာတောင်းချင်တာပဲဟယ်။ ဒီတခါ စပါးပေါ်ရင် နင့်ကိုငါ ငါ့အိမ်အပါ ခေါ်ထားချင်တော့တာပဲ မိဖြူရယ်။ ငါက ဒီတစ်ခါ လုပ်ရင် အပြီးလုပ်မှာ။ စိတ်သိတ်မရှည်ဘူး။ နင်သိပ်လှတာဘဲ မိဖြူ ။ ငါ့ နင့်အကြောင်းတွေးတိုင်း စိတ်ကူးထဲမှာ မီးခိုးအူနေရတယ်။ ဟဲဟဲ ငါ့ကို အဲဒါ ငစိုးသင်ပေးတာလေ။ သူလည်း ဝတ်ထုထဲက ကြက်ထားတာတဲ့။ နင်သိပ်လှတယ် မိဖြူ။ နင့်ကို အဟုတ်ကြီး ကြိုက်တာဟ ။ညည ငါ အိပ်မပျော်ဘူး နေတယ်။ တကယ်ကြိုက်တယ်။ နင့်ကို လွှတ်ကြိုက်ပဲ မိဖြူ။ ဒီရွာထဲ က မိန်းမတွေ အားလုံးထက် နင်က အလှကြီး လှတယ်။ ကွမ်းတောင်ကိုင်တဲ့ တင်တင် တို့များ ဖင်ကြီးတာပဲ ရှိတယ်။ မျက်နှာမှာ ဝက်ခြံတွေ ခုပေါက်နေပြီ။ နင် နဲ့ ငါ လင်မယား လုပ်ကြရင်

Michael Hamburger 1924–2007

Michael Hamburger 1924–2007 ကဗျာဆရာ၊ ဘာသာပြန်ဆိုသူ ၊ ဝေဖန်ရေးဆရာ မိုက်ကယ် ဟမ်ဘာဂါ ကို ၁၉၂၄ ခုနှစ် ဘာလင်မြို့မှာ မွေးဖွားခဲ့တယ်။ သူ ရဲ့ အဖေဖြစ်သူ ဂျူး-ဂျာမန် ကပြား ကလေးသူငယ် အထူးကု ပါမောက္ခကြီး တစ်ဦးဖြစ်တယ်။ သူတို့ မိသားစု အနေနဲ့ ၁၉၃၃ ခုနှစ်မှာ နာဇီဂျာမနီ ကနေ ဗြီတိန် ကို ထွက်ပြေးတိမ်းရှောင်ခဲ့တယ်။ ဟမ်ဘာဂါ ဟာ အောက်စဖိုဒ် တက္ကသိုလ်မှာ ပညာသင်ယူခဲ့ပြီးတော့ ပညာသင်ယူ နေစဉ် အချိန်အတွင်းမှာပဲ ကဗျာဆရာတွေ ဖြစ်တဲ့ Dylan Thomas နဲ့ Philip Larkin တို့နဲ့ အပေါင်းအသင်း ဖြစ်ခဲ့တယ်။ ကောလိပ်တက်နေချိန် ၊ အီတလီ နဲ့ သြစတီးယား တို့ စစ်ဖြစ်နေတဲ့ ဒုတိယ ကမ္ဘာစစ် အတွင်း မှာပဲ ဟမ်ဘာဂါ ဟာ စစ်မှုထမ်း ခဲ့တယ်။ စစ်အပြီးမှာ သူဟာ Oxford ကို ပြန်လာပြီး မပြီးသေးတဲ့ သူ့ရဲ့ပညာရေး ဆည်းပူးလေ့လာမှု ကို ပြီးဆုံးအောင် လုပ်ခဲ့တယ်။ သူ့ရဲ့ အစောပိုင်းကာလ အရေးအသားတွေမှာ Strict Form(တင်းကျပ် ကဗျာစည်းမျဉ်း) တွေကို အသုံးပြုခဲ့ပြီး ၊ နောက်ပိုင်းမှာ သူဟာ Free Verse(လွတ်လပ် ကဗျာ ဖွဲ့ဆိုမှု) တွေကို ဖက်တွယ် လာခဲ့တယ်။ အဲဒီအချိန်မှာ သူဟာ T.S Eliot ရဲ့ အရေးအသားပိုင်းဆိုင်ရာ လွှမ်းမိုးမှု တွေကို ခံနေရဆဲပေါ့။ သူ့အရေးအသားတွေမှာ သဘာ

မင်းနဲ့ကိုယ့်ရဲ့အကြောင်း

Image
Add caption

အာလူးကြော်

အာလူးကြော် အာလူးကြော်ရေ..နင့်ကိုငါမမေ့ဘူး။ ငါဟာသရဲဖြစ်သွားတောင် ငါဟာ အာလူးကြော်ကို တမ်းတနေဦးမှာ ငါတို့ဟာအာလူးကြော်တွေ စားခဲ့ကြနေ့တိုင်းမှာ ဘဝရဲ့အမှတ်တရ အာလူးကြော်များစွာ အာလူးကြော်ကိုငါတို့ဟာ ပုံသဏ္ဍန်အမျိုးမျိုး နဲ့ စားခဲ့ကြ စားခဲ့ပြီးစားနေဆဲ စားလတ္တံသော အာလူးကြော်များစွာဟာ ဘဝထဲမှာတိမ်မြုပ်ပျောက်ကွယ်မသွား သမိုင်းမှာအာလူးကြော်များစွာ ထင်ကျန်ရစ်ခဲ့ကြ အာလူးများရဲ့ ကောင်းချီးပေးရာ အာလူးကြော်များစွာ အာလူးကြော်ရေ.. ငါ့အသက်နဲ့ ထပ်တူ ချစ်ခဲ့ရသော အာလူးကြော်ရေ… နေ့တိုင်းအချိန်တိုင်း စားပွဲတွေပေါ်က အာလူးကြော်များဟာ ငါ့ကိုသူရဲကောင်းဆန်စေ ခဲ့ပြီ။ ဘဝရဲ့ အားမာန် အတွက် အာလူးကြော်များ ငါစားခဲ့ တချိန်ချိန်တော့ငါဟာ အာလူးကြော်စားသူဖြစ်ကြောင်း ရဲဝံ့စွာ ဝင့်ကြွား အာလူးကြော်များနဲ့ နွေဦးကို တန်ဆာဆင်မယ်။ အာလူးကြော်များအတွက် တေး တို့ကို သီကျူးရေးဖွဲ့မယ်။ အာလူးကြော်စားသူများကောင်းချီးပေးပါလေ။ အာလူးကြော်ရေ နင့်ကို ငါမမေ့ဘူး။ တောင်တန်းများဆီက လေပြေတွေ နိမ့်ဆင်းလာတဲ့အခါ ငါဟာအာလူးကြော် ကို စားဖြစ်ခဲ့ပြီ။ ဆောင်းနှင်းမိုး တို့ ကြေကွဲစွာ အော်ဟစ်လိုက်တဲ့ အခါ ငါဟာအာလူးကြော် စားခဲ့ပြီ။ စစ်ပွဲတွေရပ်ပြီးအာလူးကြော်များကို

ဈေးသည် အေးကြွယ်

ဈေးသည် အေးကြွယ် Online Shopping Site တွေ က ပေါ်လာကြပြီ မမ။ ဒီအချိန်မှာ ပြန်တွေးကြည့် ရင် အတိတ်က စကားတွေ ကို ကြားယောင်မိသေး သက်တန့်လို အပြုံးတွေစိန်လို မျက်လုံးတွေ အောက်မှာ ကျွန်တော့် ရင်ခုန်သံတွေ အိမ်ရာမဲ့ ဖြစ်ခဲ့ရ စီးကရက်မီးခိုးငွေ့ လို ကျွန်တော့် စကားလုံးတွေ အထည်ပျက်ခဲ့ရ ကျွန်တော့် စိတ်အထည်လေး ရွှဲသွားရ အခုတော့ မမရေ...Online Shopping Site တွေ ပိုပိုများလာကြ မမ ဟာ လှတယ်။ မမ မျက်လုံးတွေ ဟာ တောက်ပတယ်။ မမ အမျိုးသားဟာ ကံကောင်းတယ်။ မမ နှုတ်ခမ်းတွေဟာ ဖယောင်သားတွေ ကို ပြုစားနိုင်တယ်။ မမရေ... မာစရိုက်ပွင့်ရိုက် ထမီတွေ ရဲ့ သစ္စာ တေးမှာ စပိန် ဂစ်တာလေးတွေလည်း ကြိုးပြတ် ကုန်ကြလေတယ်။ အချိန်က စကားပြောပါလိမ့်မယ် မမရေ... ကုမ္ပဏီ ထောင်ထားတဲ့ သတင်းကို ဂျာနယ်မှာ တွေ့လိုက်တယ်။ ကျွန်တော်လည်း သစ်ရွက်ကလေးလို လွမ်းသွားပေါ့။ မမ ရင်ညွန့်ပေါ်က လော့ကတ်သီးဟာ သူရဲကောင်း တစ်ထောင် လို မာန်ဝင့်တယ်။ စွန်ပလွန်ပင်တွေ ရဲ့ တေးကို ဆိုတယ်။ သားပိုက်ကောင်တွေ မြင်ကွင်းထဲ ဖြတ်ပြေးတယ်။ ကျွန်တော်လည်း ယောင်နန နဲ့  ဓါတ်ပုံရိုက်တယ် သီချင်းဆိုတယ် ကဗျာရေးတယ် ဖရဲသီးတွေ ခွဲပြီး ဇွန်းနဲ့ ခပ်စားတယ်။ အိပ်မက်တွေ ကို ဆားခတ်တယ် ဂစ်တာကြိုးတွေ

Chocolate

Chocolate Chocolate, chocolate, chocolate chocolate chocolate! When you take a bite, you will taste its delight, chocolate, chocolate, chocolate chocolate chocolate, it is so nice, sometimes covered in rice! Chocolate, chocolate, chocolate chocolate chocolate! It will make you scream, and sometimes will be covered in cream! Chocolate, chocolate, chocolate chocolate chocolate, when you take a nibble the side, it will take you on a fantastic ride! Chocolate, chocolate, chocolate chocolate chocolate! It will make you jump with joy, it will make you act so coy! chocolate, chocolate, chocolate chocolate chocolate, Pay for the chocolate with every last penny, and buy so many and many! Ross Bateman ---------------------------------------------------------------------------------------- ချောကလက် ချော့ကလက် ၊ ချော့ကလက် ၊ ချော့ကလက် ချော့ကလက် ချော့ကလက် တစ်ကိုက်ကိုက်ရင် အားရ၀မ်းသာ ဖြစ်မိမှာ ချော့ကလက် ၊ ချော့ကလက် ၊ ချော့ကလက် ချော့ကလက် ချော့ကလက် ၊ သိပ်မိုက်တယ်

ချောကလက် လှိုဏ်ဂူထဲတွင် ဇာတ်မြုပ်နေထိုင်ရန် ဟမ်ဘာဂါ စိတ်ကူး

ချောကလက် လှိုဏ်ဂူထဲတွင် ဇာတ်မြုပ်နေထိုင်ရန် ဟမ်ဘာဂါ စိတ်ကူး   လမ်းမပေါ်တွင် ကြွက်များကို တွေ့သဖြင့် ဘတ်စ်ကားပေါ်သို့ အလျင်စလိုတက်လိုက်သည်။ ယခုတော့ မိုးများရွာနေလေပြီ။ ထို့ကြောင့် ဟမ်ဘာဂါလည်း သူဧ။်ထီးကို ဖွင့်၍ဆောင်းသောအခါ ဘတ်စ်ကား လက်ကိုင်တန်းများ နှင့် မလွတ်သဖြင့် ခပ်နိမ့်နိမ့်ဆောင်းမိသည်။ ဝတ်ထားသော ဂျင်းဘောင်းဘီ အနားစ များကို မိုးစက်များ ထိမှန်၍ စိုစွတ်နေလေပြီ။ ယနေ့ည မဖျားစေရန် ဆေးတစ်လုံးသောက်မိသည်။ ညစာ အတွက် ဟမ်ဘာဂါသည် ချိစ်တစ်ထုပ်နှင့် ဟမ်ဘာဂါ တစ်လုံး ကို လှမ်းဝယ်လိုက်သည်။ ဘတ်စ်ကား စပါယ်ရာသည် ဟမ်ဘာဂါ ကို ခပ်တည်တည်နှင့် ကြည့်နေသည်ကို သတိပြုလိုက်သည်။ ဟုတ်သည် မိုးများ တိတ်သွားပြီ။ ထို့ကြောင့် ဖွင့်ထားသော ထီးကို ပိတ်လိုက်သည်။ ကားပေါ်တွင် လူသိပ်မရှိ။ ထို့ကြောင့် နေရာလွတ်တွင် ဝင်ထိုင်လိုက်သည်။ ဝိုင်ပုလင်းများ တွေ့သော ကြောင့် ဖောက်၍ သောက်မိသည်။ ဝိုင်ပုလင်း တွင် touch screen နှင့်မို့ အဖုံးဖွင့်ရသည်မှာ လွယ်ကူလှသည်။ အခါတိုင်းဆို ဝိုင်ပုလင်းဖောက်တံ ရှာနေရသည်။ သို့မဟုတ်မူ ပုလင်းခွံဖွင့် သည့် အပြားလေး ကို ဆောင်ထားရသည် ကားပေါ်မှ ပင် မန္တလေးမြို့ကြီးကို လှမ်းမြင်ရသည်။ လမ်းပေါ်တွင် ဆိုင်ကယ်တစ်စီ

ခရီး

ခရီး  လူမှုဝန်းကျင် အသိုင်းအဝိုင်းကနေ ခွင့်ရက်ရှည်ယူလိုက်တယ်။ ချွေးစက်တွေကို အဖော်ပြုလို့ လေပြေတွေ နဲ့ စကားပြောတယ်။ မြေပြန့်ပြန့်မှာ ကလေးတွေ ဝင်စို့တစ်ခါ ထွက်စို့ တစ်လှည့် ဂျင်ပေါက်တမ်း ကစား နေလေရဲ့။ သစ်ရွက်တွေ ကို ကြယ်တွေ လို သဘောထားလို့ ငေးဖြစ်တယ်။ သဲမှုန်တွေ လွင့်လာလိုက်တာ စိတ်ထဲမှာတော့ ဆောင်းရက်တွေ အတိုင်းပဲ ဆံပင်ထဲ လက်ချောင်းတွေထိုးလို့ဖွ ဘယ်ကဗျာမှ အလွတ်မရတော့တဲ့အခါ နေရထိုင်ရတာ ကောင်းလာတယ်။ ကျော်ညိုသွေး

စကားမစပ်

စကားမစပ် အချစ်ကပြောတယ်... ကိုယ်က ဟစ်တလာ လိုပဲတဲ့။  ကိုယ်က ဟစ်တလာ ဆိုတာ နှုတ်ခမ်းမွှေး နဲ့လား ဘာနဲ့လား မသိပါဘူးကွယ်။ သေချာတာကတော့  ဟစ်တလာ လည်း သီချင်းတစ်ပုဒ်တော့ ဆိုဖူးပါလိမ့်မယ်။  ကျော်ညိုသွေး

ရယ်သွမ်းသွေး စတေးတပ်စ်

ရယ်သွမ်းသွေး စတေးတပ်စ် ပျော်မယ်ဆို ကြက်ဥပေါ်မှာ စာရေး လောကကြီး ထဲ လှမ်းပစ်လိုက်စမ်း။ အဲဒီမှာ ပန်းတွေ အသံမြည်အောင် ထပွင့်လာလိမ့်ကလေး။ ကိုယ့် အကြည့်တွေပါတဲ့ ဆပ်ပြာ ရှိတယ်။ ကိုယ့်နှုတ်ခမ်းတွေ ပါတဲ့ ရေမွှေးရှိတယ်။ မင်း ကြက်ဥ ကို မှန်ထဲကတစ်ဆင့်မြင်ရတယ်။ စမတ်ကားလေး တစ်စီးလို။ ကျော်ညိုသွေး

သူငယ်ချင်း ကြည့်ခဲ့တဲ့ ရုပ်ရှင်

သူငယ်ချင်း ကြည့်ခဲ့တဲ့ ရုပ်ရှင် ကွန်ဒုံးရှိလားဆိုတော့ "ခြောက်မိနစ်တစ်ခါ ကြောက်လန့်နေရတဲ့ နိုင်ငံမှာ ခြောက်နှစ်လောက်နေမှ သေမယ့် ရောဂါကို တွေးပူနေတာက ကဗျာမဆန်လိုက်တာ" တဲ့ ။ ကျော်ညိုသွေး

ဘာဂါ

ဘာဂါ တစ်စချင်းစီ ဆွဲဆွဲထုတ် အဲဒီ အစလေးတွေ နဲ့ တစ်ခုခုလုပ်။ အဲဒီ တစ်ခုချင်းစီ ကို ပြန်ပေါင်း ၊ မော်ဒယ်လ် ထုတ် ။ ကြာတော့လည်း အဲဒီမော်ဒယ်လ် ဟာ အတည်။ ကျော်ညိုသွေး

မျှော့

မျှော့ မိုနာလီဇာ လို လှဖို့  နိုင်းမြစ်ဝှမ်းက ရွံ့စေးတွေ နဲ့  မင်းကို သုတ်လိမ်းပေးချင်။ နိုင်းမြစ်ဝှမ်းမှာ  ဒီရေတွေ  တိုးဖို့ ပဲလိုတယ်။ ဒီရေတွေ ကျမှ  မင်း အလှကို ကမ္ဘာလုံးဆိုင်ရာ အတင်အဆက်မှာ ခင်းကျင်းပြသ နိုင်မယ်။ အခုတော့ ပန်းကလေးတွေ ကြိုးစား ပွင့်ဦး အင်းဆက်တွေ မှန်မှန် မွေးဖွားနှုန်း မြင့်တက်စေဦး မင်းလည်းပဲ ကြိုးခုန်ကစားနေဦး ကလင် ကလောင် ကလက် ကို ချဉ်ပေါင်ရွက်လို့ ယူဆမယ်ဆိုရင်လည်း ကောင်းရဲ့။ ကျော်ညိုသွေး

နင်သာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ရင် ငါလေယာဉ်ပျံတွေ တဒီးဒီး ပျံနေတော့မှာပေါ့ စောနန္ဒာခိုင်

နင်သာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ရင်  ငါလေယာဉ်ပျံတွေ တဒီးဒီး ပျံနေတော့မှာပေါ့ စောနန္ဒာခိုင် အန်ဒရူးနီလင်း ကို လည်း ဒီအကြောင်း ပြောပြဖြစ်မယ် မထင်ဘူး။ ပန်းသီးအနီတွေ က တော့ ဘုရားသခင် ဆီမှာ ရိုကျိုးနေတုန်း အခါ။ ဟိုတစ်ခါက ပြောဖူးတဲ့ အိပ်ဆေးတွေ အကြောင်း သီတာ ခုနှတန်လေး လည်း ဘယ် နေရာမှာ ရွှဲရွှဲစိုနေမတုန်း။ တချို့ ကပြောတယ်။ ပုခက်လွှဲရင်း ကဗျာရေးရင် ကဗျာထဲမှာ စမ်းချောင်းလေး တွေ စီးနေသတဲ့။ ငါမသိခဲ့ဘူး မမခိုင်။ မူပိုင်ရှင်ကြီး ဆွဲဖြဲလိုက်တဲ့ ဟိုတုန်းက ကျောက်စာတွေ လည်း မိုးရေထဲမှာ အခါခါ တောက်ပ။ ကိုယ်လုံးပေါ် မှန်တချပ်ဝယ်ပြီး ရင် ဘာမဆို စားကောင်း သောက်ကောင်းပဲ။ နင်လည်း ပဲ ဒီအတွက် ၊ ဒီ မော်ဒယ်လ် ကို သိမှာပဲ။ မှန်ထဲမှာ ပေါ်နေတဲ့ အရိပ်ဟာ မှုန်ဝါးဝါး။ ချောင်းဆိုးပျောက်ဆေးတွေ မှောက်ကျတဲ့ ညဟာ။ နင်ကြုံဖူးတဲ့ ပျားရည်တွေ မှောက်ချ လိုက်တဲ့ ညထက် သာနေမယ်။ လောကကြီးကို အချဉ်ပေါက် ၊ အီမိုကေ ထား ၊ Tablet တွေ သောက်မလို လုပ် ၊ စိတ်ဓါတ်တွေကျ ၊ မျက်ကွင်းတွေညို ၊ ကဗျာဆရာတွေ ကို ဘီယာထဲ ထည့်သောက် ၊ ရင်ညွန့်ပေါ်တဲ့ ချည်သား အင်္ကျ ီလေးတွေ ဝတ် ၊ နင် တစ်ယောက်တည်း ကျောက်ကျောတွေ ကျိုချက် ၊ ကားရန့် စတေးတပ်စ် ဟာ ဖျားနာနေတဲ့ စာရ

Last Generation In Neo Burning Room

Last Generation In Neo Burning Room Must do taking the tablets for modernize bitch. as wanna in tablets. as wanna in D to the Epression. Ah .. crying in Mom Look like a foolish in living tonight. Yes, way of rock in jean blue or blue jean as bitch. as doing scary. as crying. as contemporary. as taking tablets. as crying in rock. D to the pression. reading in Ism to the Bluish to the something scary doing idiot. throwing away cash but loving in certain leaf. loving in depression. believe in depression. throwing away love. getting love from apart of live. dunno what want thee to driving inside. internal song is ding dong but less strings for music. last forever, rapping to anyway, Bu Bu and jordeyar gwan gwan. frightening to open sex box with love but heart beats is pointing forward. scary breathig in and out. scary and dust of mud in gray scenes. green gress is flatten coverd with colorful tablets. sending something wrong thing to do correcty Bitching scenes.