Posts

Showing posts from May, 2012

ဟလို

ဟလို ဒီခေါင်းစဉ်ကို ရေးပြီးတာနဲ့ပဲ ဟလိုဆိုတဲ့ အသံကို ကြားလိုက်ရတယ်။ ဆိုတော့က… ဘယ်လိုသွားထိသလဲ ဘယ်ကို သွားထိသလဲ မသိတော့… ကြားလိုက်တဲ့အတိုင်းပဲ ထားလိုက်တော့တယ်။ စိတ်မပါပါဘူးကွာ ကိုယ့် အရွေ့နဲ့ သူ့အရွေ့နဲ့ မတူတဲ့အခါ ဟလို…ဟလို ကြားလား …ကြားလား ကြားလား = ကျားလား ကိုယ်က ကျားလား သူက ကြားလား သူက ကြားလား သူက ကျားလား ဟလိုဟလို ဒီလိုနဲ့… တစ်နေ့ တစ်နေ့ ဟလိုဟလို ဘယ်လို…ဘယ်လို ဟ…လို။ ကျော်ညိုသွေး

ချက်ချင်းတပ် ချက်ချင်းဖြုတ်

ချက်ချင်းတပ် ချက်ချင်းဖြုတ် သူမ လုပ်သလို အက်ရှင်မျိုးနဲ့ အချစ် အချစ် အချစ် အား...ဆေးပြားတွေ တက်ပလက်တွေ အား...ဆံပင်ရေစိုတွေ မိုးရွာထဲ လှမ်းတဲ့ ခြေလှမ်းတွေ အား...ရူးသလို ရွဲနေသလို မျက်လုံးမျိုး နဲ့ မျက်မှန်လည်း မိုးရေထဲမှာ အဖျားတက်တုန်း အိုက်စ်ခရင် နဲ့ ရောစားမိတဲ့ မျက်ရည်။ အား...ရူးသွပ်လို့ ကောင်းလိုက်တာ အား..။ အား...ဘီယာတွေ အပျိုရည်မပျက်အောင် မူးတဲ့ အမူးတွေ ရူးရူးမူးမူး ပေးကမ်းစွန့်ကြဲလိုက်ပေမယ့် ခွင့်လွှတ်ချင်စရာ အထာတွေ မျက်လုံးထဲ ပြာခနဲဝေသွားစေမယ့် သူမနှုတ်ခမ်းက ထွက်ကျလာတဲ့ ကွမ်း တံထွေး ကျဲကျဲတွေ ထွေးလိုက်ပုံ စင်နောက်မှာ ခွေခွေလေး အား...။ ရီဝေ တဲ့ အက်ရှင်က ရူးလောက်ရဲ့ သေလောက်ရဲ့ ဝေသန္တရာကြီး ပြန်ရှင်လာလောက်ရဲ့ စကားလုံးရှာရင်းနဲ့ နှစ်တရာခရီးသည်ဖြစ်လောက်ရဲ့ ခွင့်မလွှတ်ပါနဲ့ ဒီတက်ပလက်တွေ သဲတွေထဲ ကျသွား ပြန်မရတော့ တဲ့အခါ အရူးတပိုင်း အော်ဟစ်ရင်း အချစ်အချစ်အချစ် သူမ လက်ထဲမှာ တက်ပလက်တွေ မိုဘိုင်းတွေ အင်တာနက်တွေ ဖေ့စ်ဘုတ်တွေ၊ ဆိုရှယ် နက်ဝဒ်ထဲက ကားရန့်စတေးတပ်စ်တွေ ပျားရည်လို ချိုတဲ့ ဒုက္ခတွေဆိုတာ ပျားရည်။ ချွင်ချွင်ချွင်ချွင် လှေကားရင်းက အိပ်ဆေးတွေ တက်လာပုံ ကုန်းကုန်းကွ

ရူးလွယ် ကောင်းလွယ်

ရူးလွယ် ကောင်းလွယ် ကျင့်ဝတ်ဖောက်ဖျက်မိမှာ စိုးလို့ ကျွန်တော် ဘယ်သူပေးတဲ့ လက်ဆောင်မှလည်း မယူဘူး။ ဘယ်သူတိုက်တဲ့ ကော်ဖီမှလည်း မသောက်ဘူး။ ဘယ်သူတိုက်တဲ့ ရေတစ်ခွက်မှလည်း မသောက်ဘူး။ ဘယ်သူတွေ ရဲ့ ပိုင်နက်ထဲက လေကိုမှလည်း မရှူ ဘူး။ သူများပိုင်နက်ထဲ ရောက်သွားရင် ကျွန်တော် အသက်အောင့်ထားတယ်။ ဒါမှမဟုတ် ကျွန်တော် အောက်စီဂျင် ဗူး တစ်ဗူးကို အမြဲတမ်းလွယ်ထားတယ် ဟို အမ်တီဗွီထဲကလိုပေါ့။ လူတွေကို သူ့ကို အရူးလို အထူးအဆန်းလိုကြည့်ကြတယ်။ သူကတော့ အေးဆေးပဲ။ အခုတလော ဆေးထိုး ဆေးသောက် သိပ်ကြောက်နေတယ်ဗျာ တဲ့။ ခွင့်မတောင်းပဲ တံခါးဖွင့်လို့ ကို မရဘူး မန်းဒေးဆို ဖုန်းမဆက်ဘူး။ ဟလို အစ်ကို ဘာတွေ ပြောနေတာလဲတဲ့။ ဟုတ်ကဲ့ ကျွန်တော်က x x x x x x ပါ။ အဲဒါနဲ့ ပတ်သက်ပြီး...ပြီး ဘယ်သူပေးတဲ့ ဘောလ်ပင်မှလည်း မယူပါဘူး ဘယ်သူမှလည်း ကျွန်တော့်ကို ဘာအကြောင်းမှ လာမပြောနဲ့ ကျွန်တော် ဆီမှာ လွတ်လပ်ခြင်းတွေ ပဲ ရှိတယ်။ ဆိုတော့က... ကျွန်တော် မိုးပေါ် ပျံနေတယ်။ ကျွန်တော် အာကာသထဲမှာနေတယ်။ ကျွန်တော် လမ်းပေါ်မှာနေတယ်။ ကျွန်တော်ဟာ လွတ်လပ်တယ် အမှီအခိုကင်းတယ် ကျွန်တော်ဟာ လေဟာနယ်ထဲက သစ်တစ်ပင်ဖြစ်တယ်။ ငှက်တစ်သောင်း နားချင် နား

သူငယ်ချင်းနှစ်ယောက်

သူငယ်ချင်းနှစ်ယောက် A-    Facebook က တစ်ကယ်တမ်း တော့ လက်ဖက်ရည်မပါတဲ့ လေထန်ကုန်းပဲကွ။ B-    ကောင်းတယ်ကွ ပိုက်ဆံမကုန်တော့ဘူးပေါ့ကွာ A-    ဘယ်ကလာ မင်းကလဲ...ဒီမှာ က အရူးတွေ များတယ်ကွ B-    အာ..ဘယ်ကလာ မင်းကလည်း နိုင်ငံကြီးသားတွေပါကွ၊ ဖေ့စ်ဘုတ်သုံးပြီး နိုင်ငံတော်ကြီးမှာ ရှိနေတဲ့ အားနည်းချက်တွေကို ပြုပြင်ဖို့ လုပ်နေတာ၊ လွှတ်တော်ထဲက အမတ်တွေထက်တောင် ပြောရဲဆိုရဲ ရှိကြသေးတယ်။ A-    ဒါပေမယ့် မင့် ဟာ တွေ က ပြောတာ ဘယ်သူက စာတမ်းပြုစုပြီး၊ ဘယ်သူတွေကို တင်ပြနေလို့လဲ။ ဒီလိုပဲ အိုးဒါးပို့စ် ဖြစ်သွားတာ။ B-    ဒါတော့ ဒါပေါ့ ကွာ...ဒါပေမယ့် ဒီလိုရှိတယ် သူငယ်ချင်းရ အဲဒါက ဒီလိုပေမယ့် ဒီလောက်လေးနဲ့လည်း ဟိုဒင်းတော့ပြုနိုင်ပါတယ်ကွ... A-    ဟာကွာ...မင်းဥစ္စာကလည်း ဘာမှန်းကို မသိဘူး။ ဒါဒါ ဒီဒီ နဲ့ပြီးနေတာပဲ။ မင်း ကြေးနန်းရိုက်တောလား။ B-    အာ...ငါပြောတာက ဖေ့စ်ဘုတ်မှာပေမယ့် တနိုင်ငံလုံးကို သိရှိစေတယ်လေကွာ။ တွမ်တီဝမ်း ဆန်ကျူရီ မှာဆိုရင် အားလုံးက အိုင်တီဆန်...အဲ့လေ...အိုင်တီဇန် တွေ ဖြစ်ကုန်ပြီဆိုတော့ အကုန်လုံး နည်းပညာတွေနဲ့ ကူးလူးယှက်နွယ် သက်လှယ်...အဲ့လေ...ကူးလူးယှက်နွယ်ပြီး လက်မလည်အောင်ဖြစ်နေ

ဂျတ်ဇ်တေးသွားတွေ ဆွေးသွားမယ့်အကြောင်းတရား

ဂျတ်ဇ်တေးသွားတွေ ဆွေးသွားမယ့်အကြောင်းတရား ကိုယ်က ဖုန်းမဆက်ရင်၊ မက်ဆေ့ခ်ျလေးတစ်ကြောင်းတောင် မပို့ရင် ငါ့စိတ်တွေကိုသူ့အပေါ် နည်းနည်းလေးမှမကိုင်းရင် သူ့ စိတ်ဆိုးမာန်ဆိုးအပြုအမူတွေကို အသိအမှတ်မပြုရင် သူ့လက်ဆောင် ကဗျာလေးကို တို့ထိမကြည့်ရင် အီးလ်မေးလ်ထဲ စကားလုံးလေးတစ်လုံးမှ ပေးကမ်းမစွန့်ကြဲရင် သူ့ကို စိတ်ဆိုးနေကြောင်းမပြတော့ရင် သူပေးခဲ့တဲ့ ဒစ်ဂျစ်တယ်လ် အိမ်မက်လေးတွေ ပြန်မပြောတော့ရင် သီချင်းရယ် ၊ ပန်းရယ်  အဲဒီနေ့က အသံလှိုင်းလေးတွေရယ် သူ ညလုံးပေါက် မအိပ်ရသေးတဲ့အကြောင်း ပြန်ပြောပုံရယ် သူ့ကို သနားမိတဲ့ ကျောင်းပိတ်ရက်ကလေးရယ် နေကြာပန်းတွေလို သူမျှော်နေပုံကို သူပြန်မေ့သွားရင် သူ့ရဲ့ ရည်းစားဟောင်းတွေ ကြောင့် စိတ်ညစ်ရတာကို ပေါက်ကွဲမပြတော့ရင် အမိန့်ပေးစေခိုင်းပုံမျိုးနဲ့ အနိုင်မကျင့်တော့ရင် သူ့လက်မှာပေါက်တဲ့ ကြွက်နို့အကြောင်း မပြောတော့ရင် ကိုယ့်ဆီ ဖုန်းဆက်ဖို့ သူ သိပ်ရှက်ရွံ့ နေခဲ့ရင် အိုင်ဖုန်း တွေ အသစ်ပေါ်ခဲ့ရင် အိုင်ဖုန်း ကလုန်းနဲ့ အိုင်ဖုန်း အော် တို့ ခွဲခြားရခဲ့ရင် (ခွဲခြားရကြောင်း သတင်းတစ်ခုပါလာရင်) တစ်ချို့ ပင်လယ်ကူးသင်္ဘောတွေ ကမ်းဆိုက်ခဲ့ရင် အိပ်တန်းပြန်ငှက်တို့ အသိုက်ကို ရှ

စကောလား ရှစ်

စကောလား ရှစ် အွန်လိုင်းလည်း မသုံးတတ်တဲ့လူတွေအတွက် ဆိုက်ဒ်အက်ဖက်တွေ ရှိတယ်။ နည်းပညာဆိုတာလည်း ခေတ်မှီရင်ပြီးရော သုံးဖြစ်အောင်သုံးလိုက်တယ်။ ကျော်ဝင်း စာအုပ်တွေလည်း ဖတ်တယ်။ ပေါ်လတီကယ် ဆိုင်းယမ့်စ် ကိုလည်း တီးမိခေါက်မိတယ်။ ၃၈ဖြာမင်္ဂလာကိုလည်း အလွတ်ရတယ်။ ကမ္ဘာကြီး ပြားတယ်ဆိုတာကနေ ပြန်လုံးသွားတဲ့အကြောင်းလည်း သူအရင်သိတယ်။ အခုနေ ကော်ဖီသောက်တာ နှလုံးရောဂါပျောက်တယ် ကော်ဖီသောက်တာ နှလုံးရောဂါ ဖြစ်နိုင်ချေပိုများတယ်။ အကင်စားရင် ကင်ဆာ မဖြစ်တော့ပါ။ အကင်စားရင် ကင်ဆာ ဖြစ်နိုင်ခြေရှိသေးတယ် အကင်နံ့ရရင် ဗိုက်ဆာတယ်။ ဖြစ်နိုင်ချေအားလုံး သိတယ်။ ရှပ်အင်္ကျီ ၀တ်ရင် ရွှေကြယ်သီးလေးပါ တပ် တတ်တယ်။ ခါးပတ်ပတ်ရင် ဂျန်းတဲလ်မန်း အဆင်နဲ့ ကာကီရောင်လေး မှာ မဟော်ဂနီလေးတွဲ စတိုင်လ်ပန်ထဲ ၀င်နေတဲ့ ရှပ် ခါးအနားကိုလည်း ခါးပတ်နား ၀ဲနေအောင် ဆွဲချထားတယ်။ သားရည် ဘုဒ် ကလည်း ခွေးရုပ် ပေါ်နေတယ်။ နှုတ်ခမ်းမွှေး အသေရိတ်တယ်။ မုတ်ဆိတ်စစ ထားတယ်။ ခေတ်ပေါ်ဖက်ရှင် အနေနဲ့ စာရေးတယ်။ ကဗျာ သေပြီပြောတယ်။ ရသစာပေတွေ ဖော်ထုတ်တဲ့အနေနဲ့ မာဆတ်မှာ ဘ၀သရုပ်ဖော်တွေ လေ့လာတယ်။ ရသခေတ်ကုန်ဆုံးတော့မလား တစ်ယောက်တည်း စိုးရိမ်ကြီးနေတယ်။ အင်ဖော်မေးရှင်