Posts

Showing posts from February, 2013

ဗျူဟာ

ဗျူဟာ မျက်မှောက်ခေတ်ကြီးမှာ နိုင်ငံခြာတိုင်းပြည်တွေက အတတ်ပညာတွေ ၊ နည်းပညာတွေ ၊ တက္ကနစ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ မှာ သူ့ထက်ကိုယ် အလျိုလျို နဲ့ ပေါ်ပေါက်လာတော့ ဟိုမရောက် ဒီမရောက် မောင်ကျော်ညိုသွေး တစ်ယောက်လည်း ကိုယ်ပိုင်လုပ်ငန်းလေး တစ်ခု ထူထောင်မယ်လို့ စိတ်ကူးမိတယ်။ ဒါနဲ့ပဲ ဘာစီးပွားရေး လုပ်ငန်းများ ထူထောင်ရင် ကောင်းမလဲ ဆိုပြီး စီးပွားရေးနဲ့ ပတ်သက်တဲ့ စာစောင်တွေ မဂ္ဂဇင်းတွေ ကို လစဉ်လတိုင်း အာသာငမ်းငမ်း ဖတ်ရှုရုံတင်မက ပဲ ၊ စားသုံးသူတွေကို ဆွဲဆောင် နိုင်မယ့် နည်းလမ်း အသွယ်သွယ်ကိုလည်း ရှာကြံဖန်တီး စဉ်းစား အဖြေရှာနေတော့တယ်။ အဲဒီလို အဖြေရှာ သုံးသပ် လေ့လာ ပြီးတဲ့ နောက် မောင်ကျော်ညိုသွေး တစ်ယောက် လုပ်ငန်းတစ်ခုကို စတင် တည်ထောင် လိုက်ပါတော့တယ်။ လုပ်ငန်းတစ်ခု ထူထောင်ရုံတင် မကဘူး။ သူ့ လုပ်ငန်း နောက်ကွယ်မှာ လူတွေ ထင်မထားတဲ့ မားကတ်တင်း နည်းဗျူဟာတွေ ကိုလည်း ကျမ်းပြုထားသေးရဲ့လေ။ မောင်ကျော်ညိုသွေး စဉ်းစားတာက စီးပွားရေး လုပ်ငန်း တစ်ခုမှာ မားကတ်တင်းက အဓိက ပဲ။ မားကတ်တင်း ကောင်းရင် လုပ်ငန်းတစ်ခုက အောင်မြင်တာပဲ။ မားကတ်တင်း လုပ်ငန်းစဉ်တွေထဲမှာတင် ကြော်ငြာကို ဆွဲဆောင်မှု အပြည့်နဲ့ လူတွေ ရ

မူလအရည်အသွေး ဒီဇိုင်းပုံစံအသစ်

မူလအရည်အသွေး ဒီဇိုင်းပုံစံအသစ် ချေမွလိုက်ပါတော့ ရီဝေနေတဲ့ စက္ကူ ငှက်တွေကို အချင်းချင်းဟာ တစ်ယောက်ကိုတစ်ယောက် ဖြန့်ခင်းလို့ ဟောဒီအချိန်ဆို အပြင်မှာ ညမွှေးပန်းရနံ့တွေလည်း သုခမ ကုန်စည်တွေ ဖြန့်ချိရေး နဲ့ သင်းထုံနေလောက်ပြီ မင့် လယ်ကွင်းထဲ ကျဲ ချင်သလို ဖြန့်ကျဲလိုက်… မင်းမျိုးစေ့တွေ မြက်ပန်းဖြူတွေလို လှိုင်လှိုင်ပွင့်စေတော့။ ကမ္ဘာပေါ်မှာ အပြောင်မြောက်ဆုံး တေးသွား ဘယ်သူတွေ  ရေးဖွဲ့ ပြီးလို့ ငိုက်မြည်းနေကြဆဲ။ အပြင်မှာ ကလေးငယ်တွေ လရောင်ကို ငတ်မွတ် တမ်းတစွာ ပျော်မြူးသလို ကိုယ်တို့ ချွေးစက်တွေနဲ့ရင်းလို့ အလှပဆုံး ယိမ်းနွဲ့စို့လေ… ကိုယ်တို့ ဘယ်လောက် ထုပ်ပိုးထားရသလဲ ဟောဒီမှာ… ဇီးရိုးရော ၊ ၀မ်း ရော အနီရော ၊ အနက်ရော ပလပ်စ် ရော ၊ မိုင်းနပ်စ်ရော ဒီ အခန်းငယ်ရော နာရီသံတွေကို မျက်ကွယ်ပြုလို့ အချိန်ယန္တရားကြီးဟာ တဒုတ်ဒုတ် နဲ့။ ပြောင်းဖူးတွေ သီးတဲ့ အချိန်။ ကိုယ့်တို့ လင်းလက်သင့်ပြီကွယ့်။ ကိုယ်ဟာ ပြောင်လက်စွာ တိုက်ချွတ်ထားတဲ့ ကြေးရုပ်လိုပဲ နွားနို့တွေရဲ့ သခင်မ ဟာ ဒီညမှာ ဘယ်လောက်များ မှောင် လို့ မည်းသလဲ။ စမ်းတ၀ါးဝါး နဲ့ တွားသွား သတ္တ၀ါ တွေ နဲ့ တိုးတိတ်တဲ့ ရုပ်ရှင်ဖလင်တွေ ရွေ့လျားတယ်

သူငယ်ချင်း နဲ့ သတင်းလိုက်တဲ့ နေ့က အကြောင်း

သူငယ်ချင်း နဲ့ သတင်းလိုက်တဲ့ နေ့က အကြောင်း ကူညီမယ်ဆို… ပျောက်သွားတဲ့ ရေဗက္ကာဝင်း ကို ရှာပေးပါတော့ သူငယ်ချင်း နဲ့ မိုးနတ်မင်း ရေ…။ ပျောက်သွားတဲ့ရေဗက္ကာဝင်းမှာ အနီရောင် တီရှပ်လေး တစ်ထည်လည်းရှိပါတယ်။ Love With Understand စာတန်းလေးလည်း ထိုးထားတယ်။ ဒါပေါ့.. ဒီလိုပဲ ဖြစ်ရမယ်… ဒါအမှန်ပဲပေါ့…။ တယ်လီပသီ ရနေတယ် ဟုတ်? ကိုယ်လည်း လုပ်လက်စ အလုပ်ထက် အလုပ်တွေ ရှုပ်နေတယ်…. ပြီးခဲ့သော စနေနေ့ က အတော်ကြာသွားပြီပဲ…PARK ROYAL ရေ…။ Shutter တွေ ကန်းနေတဲ့ စက္ကန့် ဟာ အတိအကျ အရိပ်ကျလို့လာ မို့မောက်တဲ့ သောကြာဂြိုလ်ခုံကလေး မှာ နှုတ်ခမ်းမွှေးရေးရေးနဲ့ ဒါဏ်ရာရထားတဲ့ ကစားသမားလို ကိုယ်လည်း ပတ်ဝန်းကျင်ကို မေ့သွားတယ် ဝေဒနာက ဖိစီးနေတော့တာကိုး။ မျက်စောင်း ၄၅ ဒီဂရီမှာ နေရာယူလိုက်ပြီး ပြက္ခဒိန်တွေ ထဲမှာ မပါတဲ့ စက္ကန့်တွေ တဖျပ်ဖျပ် ဘာသိဘာသာ ပုစ္ဆာတွေ အဖြေမရှာတတ်သူ ရှုပ်ထွေးခြင်းများ။ ရေဗက္ကာဝင်း သီချင်း ကိုယ် သတိရတော့ ဒီနေ့က စနေနေ့ ဒီလိုပဲ… ဆယ်စက္ကန့်မက အရူးထ မိတဲ့ ဒရမ်ရိုက်ချက်တွေ Room သံ နှောလို့ရယ်။ ရေဗက္ကာဝင်း မျက်ဝန်းရဲ့ သုံးရာ့ခြောက်ဆယ် ဒီဂရီမှာ သရီးဒီရုပ်ရှင်ထဲမှာ ဆင်စွယ်ရောင် နွားနို

ကွေကာ ရဲ့ ကမ္ဘာ

ကွေကာ ရဲ့ ကမ္ဘာ ဟောဒီ သံသရာထဲမှာ ကြောင်ကလေး ကွေကာ ဟာ။ စက္ကူပုံး  နဲ့ လူ ကြား အတင်းတိုးဝှေ့လို့ ခွေခွေလေး အိပ်ရှာတယ်။ အိမ်က ထွက်ပြေးချင်နေတဲ့ ကဗျာဆရာရှိတဲ့ အိမ်ဟာ ဇာတိချက်မြုပ်။ အိမ်က ထွက်မပြေးလေနဲ့ ကွေကာ ဒီအိမ်မှာပဲ မင်းမျှော်လင့်တဲ့ အညိုရောင်ကြယ်ကလေးတွေ ရှိတယ်။ မင်းရဲ့ အကုတ်အခြစ်ခံချင်သေးတဲ့ ပုဂ္ဂိုလ် ဘယ်နှစ်ယောက်များ ရှိလိမ့်မလဲ တွေးမလား။ ကြယ်တွေကို ကြိုက်တတ်ပေမယ့် မင်းဟာ မင်း သန္ဓေကိုလည်း မစွန့်လွှတ်နိုင်။ သံသရာထဲက အမှီတစ်ခု ကို ခေါင်းခုလို့ အိပ်ရှာတယ်။ ဟောဒီ သံသရာထဲမှာ ကြွပ်ကြွပ်အိတ်သံလေးတစ်ခု ကြားလို့ မင်းဟာ ကင်းစောင့်တပ်သားက သတိမျက်လုံးနဲ့ ဝေ့၀ိုက်ကြည့်သလိုမျိုး သတင်းအမဲလိုက်သမားက ဆပ်ဘဂျက် တစ်ခု ကို ကင်မရာချောင်းကြည့်ပေါက်ထဲ မျှားခေါ်သလိုမျိုး၊ ပတ်ဝန်းကျင်ကို ဆွဲယူခြုံငုံလိုက်တယ်..။ အိပ်ဦး ကွေကာ မင်းရဲ့ ရင်ခုန်သံနှိုးစက်က မင်းကို လှုပ်နှိုးဖို့ အချိန်တွေ ရောက်မလာသေးဘူး အိပ်ဦး...။ ဒီသဘာဝကြီးထဲမှာ မင်း မျက်လွှာတွေ တက်ကြွချိန်ဆို အညိုရောင် ကြယ်တွေ က မင်း ကို စောင့်ကြို နေဦးတော့မယ်။ မင်းအတွက်တော့.. အညိုရောင် ကြယ်ကလေးတွေ က ဆိုတဲ့ သီချင်း မင်း

မှာတမ်း

မှာတမ်း ဟုတ်တယ်။ ပုံနှိပ်စာလုံး နဲ့ သူ့နာမည်လေး တွေ့မိတယ်။ လှလိုက်တာကွယ်။ ကမ္ဘာပေါ်က ဖလိုရိုက် ဆေးရည်တွေကုန်ပြီလား။ စတော်ဘယ်ရီခင်းထဲမှာ ကြွေဗေဒင် အဟောလေး မပြတ်သားဘူး ရယ်...။ ဟုတ်တယ်။ အိပ်မက်ထဲ ဆင်နှာမောင်းတွေ စမ်းမိတဲ့ မျက်မမြင်ပုဏ္ဏားဟာ သီချင်းတစ်ပုဒ် ဆိုရှာတယ်။ ပန်းဆိုးတန်း တစ်ဝိုက်မှာ ကျကျန်ခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ဟာ အခုတော့ နေ့လည်စာ စားနေတဲ့ ရင်ဖုံးအင်္ကျီ လေး သာ ဖြစ်တယ်။   ကျော်ညိုသွေး

အ၀ါရောင်အခန်း

Image
အ၀ါရောင်အခန်း စမတ်ကျတဲ့ မြူတွေထဲ ပြိုးပြိုးပြက်ပြက် လိုးလိုးလက်လက်နဲ့ နင်က ကြယ်တွေ စုံနေတော့ သက်ဆိုင်သူ့ ကိုယ်ခန္ဓာထဲ ငါ့ဝိညဉ် ကို ပင်ကူတစ်ကောင်လို ပူးကပ်စီးမျောစေလိုက် တယ်။ ရတနာရောင်တွေ ထိန်ထိန်လင်းလင်း ၀င်းဝင်းပပ လျှပ်စီးလက်တဲ့ အက ကို နင် ယူပါ။ ကျော်ညိုသွေး