Posts

Showing posts from January, 2016

နိုင်တီးဂွမ်တီးက ဆယ်လ်ဖီ (သို့) 1920 က Selfie

Image
နိုင်တီးဂွမ်တီးက ဆယ်လ်ဖီ (သို့) 1920 က Selfie      အရမ်းရှေးကျတာကို နိုင်တီးဂွမ်တီး လို့ ပြောကြပါတယ်။  ဟုတ်ကဲ့ ။ အခုမြင်ရတဲ့ပုံကတော့နိုင်တီးဂွမ်တီးကဓါတ်ပုံဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာရှိတဲ့  Byron Company က ထူထောင်ထားတဲ့ Marceau’s Studio ရဲ့ အမြင့်တနေရာမှာ ချိတ်ဆွဲဖို့အတွက် ပုံထဲမှာမြင်ရတဲ့ဓါတ်ပုံဆရာတွေက အတူတွဲပြီး ရိုက်ကူးခဲ့ကြတဲ့ Selfie ပုံပဲဖြစ်ပါတယ်။ ဒီပုံ ၂ ပုံ ကို အခုတော့ New York Museum မှာ ပြသထားပါတယ်။ တစ်ပုံကတော့ သူတို့ကိုယ်တိုင်ရိုက်ကူးပြီး ရလာတဲ့ Selfie ဖြစ်ပြီးတော့ ၊ နောက်တစ်ပုံကတော့ အဲဒီလို Selfie ရိုက်ကူးနေကြပုံကို မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံဖြစ်ပါတယ်။ . Selfie ရိုက်ကူးကြတာဘယ်တုန်းကစပြီးရှိခဲ့တယ်ဆိုတာ ကတော့ မသေချာပေမယ့်လည်း သေချာတာကတော့ အရင့်အရင်နှစ်တွေထဲက Selfie ရိုက်ကူးတာနဲ့ပတ်သက်ပြီးပြန်ပြောင်းလေ့လာကြည့် သလောက်တော့ ၁၉၂၀ ခုနှစ်များထဲမှာ ခေတ်စားခဲ့တယ်ဆိုတာ သိရတယ်။ . ဖော်ပြပါ ဓါတ်ပုံနှစ်ပုံကလည်း 1920 ခုနှစ်ရဲ့ ဒီဇင်ဘာလထဲမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ၊ ပြောရရင် ယနေ့ Modern Selfie တွေရဲ့ ရှေ့ဆောင်ပုံတစ်ပုံလို့လည်း ပြောလို့ရနိုင်မယ်လို့ အထောက်အထား အချက်အလက်များအရ သိရပါတယ်။  ၁၉၂၀