Posts

Showing posts from 2012

Slow Rock

Slow Rock နင့်ကို ငါမုန်းတယ်။ ဘယ်လောက်ထိ မုန်းသလဲသိလား တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ ရင်ထဲက တဆစ်ဆစ်ဖြစ်ပြီး ဓါတ်အားမျှင်းမျှင်းလေးတွေ ဖြတ်စီးနေသလို။ သွေးသားထဲက ကျင်နေတဲ့ ခံစားမှုနဲ့ အရမ်းလေးနက်စူးရှတဲ့ ဂီတသံကို တီးခတ်ရတဲ့အခါ ခံစားမှု မြင့်လာတဲ့ ဂစ်တာသမားတစ်ယောက်ရဲ့ ရှုံ့မဲ့နေတဲ့ မျက်နှာထားက ဂီတ ရဲ့ သွေးသားထဲ ပြုစားထားခံထားရတဲ့ ခံစားမှု လို။ အဲဒီလို တစ်ကိုယ်လုံး ကို ဂီတ တစ်ခုက လှည့်ပတ်မွှေနှောက်နေတဲ့ ခံစားမှုအရှိန်နဲ့ စီးဝင်ပူးကပ်ပြီး သွေးတွေထဲ စီးဆင်းနေသလို နင့်ကိုငါမုန်းတယ်။ အဓိက က မုန်းတယ် မုန်းတယ်။ ရိုးရိုးသားသားတောင် မဟုတ်ဘူး ဆန်းဆန်းပြားပြားကို မုန်းတယ်။ အဲဒီလောက်တောင် ဖွဲ့ နွဲ့  ပြီး မုန်းတယ်။ အချစ်တွေကို ကျူးရင့် သီဆိုနေသလို ငါကလည်း နင့်ကို အနုပညာမှော်ဆန်စွာနဲ့ မုန်းတယ်။ အမုန်းကိုစာဖွဲ့ပြီးတော့တောင် မုန်းတယ်။ ငါ က ဂီတ ကို ဆာလောင်လာတဲ့အခါ နင့်ကို မုန်းတဲ့ အမုန်းတွေကို ဖလက်တံရဲ့  တက်ပ် တွေထဲ မြုပ် လို့ တဒုတ်ဒုတ်ခုန်နေတဲ့ ရင်ခုန်သံနဲ့ ရစ်သမ် ကိုက်ပြီး စိုက်လိုက် မတ်တပ် မုန်းတယ်။ သိလား ချစ်တတ်တဲ့ သူက ကိုယ်ချစ်တဲ့ သူဆီက အချစ်တွေ

မျက်နှာစာများ - ၂

မျက်နှာစာများ - ၂ ဈေးကွက်ပျက်နေလည်း လောကတစ်ခုထဲ တိုးဝင်လာမယ့် ဖားသူငယ်တွေ။ ရေခံနေရတဲ့ မိုးတွေ ထဲ ရွာချ လိုက်တဲ့ အသင့်သောက် ရေပုလင်းတွေ။ ဖွံ့ဖြိုးဆဲနိုင်ငံပေါ့ ကောင်းကင်ဓါတ်ကြိုးတွေ အတွက် သစ်ပင်တွေ အနစ်နာခံ အိုဇုန်းလွှာကြီး အပေါက်ပိုကျယ်လာ။ ကမ္ဘာကြီးထဲ(In The World) ငြိမ်းချမ်းရေး နိုဘယ်ဆုတွေ တစ်ယောက်ပြီး တစ်ယောက် ဆွတ်ခူးသွားကြ ကောင်းပါတယ်။ ဒီကမ္ဘာကြီးထဲက လူသားတစ်ယောက်ချင်းစီတိုင်း ငြိမ်းချမ်းရေး နိုဘယ်ဆု ရကြပါစေ။ ဒီလိုတွေးပြီး မင်းအပြောမှာ မင့် ဘော့စ် သောက်တဲ့ အပြာရောင် ယစ်ရွှေရည်ကြောင့် ငါဒီည အတော်မူးခဲ့ပြီ။ စိတ်ကျ တတ်တဲ့ သူငယ်ချင်း သောက်တဲ့ ဗီတာမင်က ဖိုထိုးတဲ့ သီချင်းတဲ့ ခဏခဏ ပြော ဟောဒီ တွင်းထဲက အဖြူတစ်လှည့် အမည်း တစ်လှည့် နှိုက်ထုတ် ရတာလည်း ဟောဒီ သမိုင်းထဲ ငါတို့ တင်ကျန်ခဲ့တဲ့ နှစ်ကာလ များတဲ့ ကွယ်။ ကျော်ညိုသွေး

ပြည်သူတွေ အကျိုးအတွက် မျှော်ကိုးပြီး ရေးတဲ့ ကဗျာ

ပြည်သူတွေ အကျိုးအတွက် မျှော်ကိုးပြီး ရေးတဲ့ ကဗျာ ကျွန်တော် ရေးသမျှ စာတွေ ၊ ကဗျာတွေ ၊ ဆောင်းပါးတွေ အက်ဆေးတွေက ပြည်သူ တွေ အတွက် ရည်ရွယ်ပါတယ်။ ကျွန်တော့် စိတ်အတွေး ဟာ ပြည်သူ့ အကျိုးအတွက် အသုံးချခံ ကိရိယာပဲပေါ့။ ပြည်သူတွေ တစ်ရပ်လုံးအတွက် ကျွန်တော့် အတ္တတွေကို မျှော်လင့်ခြင်းကွင်ပြင်ရဲ့ အဆုံးမှာ မြုပ်နှံထားတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ ကျွန်တော်ရေးသားခဲ့သမျှတွေ နဲ့ ကျွန်တော်  ဖန်တီးခဲ့တဲ့ အနုပညာတွေ  အားလုံးဟာလည်း ပြည်သူတွေ အကျိုးကို မျှော်ကိုးပြီး ရေးတဲ့စာတွေ နဲ့ ပြည်သူတွေ အတွက် အနုပညာတွေ  ပဲဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ပြည်သူ တွေကို အမြဲအာရုံစိုက်လျှက်ရှိပါတယ်။ ပြည်သူတွေ ကြားထဲမှာပဲ ကျွန်တော့် ဘ၀ကို ထားရှိပါတယ်။ ကျွန်တော့် နှလုံးသားထဲမှာ ပြည်သူတွေ ကို မေတ္တာအပြည့်နဲ့ ပေးဆပ်ချင်နေပါတယ်။ ပြည်သူ တွေကို စေတနာ ထားပြီး ကျွန်တော် အလေးထားလျှက်ရှိပါတယ်။ ပြည်သူတွေ ကို ကျွန်တော် ချစ်ပါတယ်။ ပြည်သူတွေ နဲ့ ကျွန်တော် ရင်ဘတ်ထပ်တူ ကျချင်တယ်ဗျာ ဘာလို့ဆို ပြည်သူတွေ အတွက်ဆိုရင် ကျွန်တော် ပေးဆပ်ချင်စိတ်နဲ့ ရင်တွေ ခုန်ခုန်လာတယ်။ ကြည့်လိုက်ပါ။ ကျွန်တော့် ကဗျာတွေဟာ ပြည်သူတွေ အတွက်ဆိုတဲ့

She is a Writer.

Image
She is a Writer.

ငေးသူ

ငေးသူ ညီမလေး ဘာအတွက် ညစ်နေမလဲ ဒီညထဲ ကောင်းကောင်း အိပ်စက်လေ။ ကိုယ်တစ်ခါမှ မမ်မိုရီစတစ် ၀ယ်မသုံးဖူး ကိုယ်တစ်ခါမှ ရှုးဖိနပ်မ၀ယ်ဖူး ကိုယ်တစ်ခါမှလည်း စတိတ်ရှိုးမကြည့်ဖူး ဘူး ကွယ်။ ညီမဘေး ဘာအတွက် စိတ်ညစ်နေမလဲ။ မင်းဖုန်းထဲက ဆိုရှယ်နက်ဝဒ်မှာ ကိုယ်ရှိတယ်။ မင်းပိုင်တဲ့ ဂျင်းဂျက်ကက်ထဲ.. မင်းမုန့်ဖိုး ရှိသလောက်ထည့် အိမ်ရှေ့  ထွက် မတ်တပ်ရပ် သက်ရှုလှည့်။ ဘာအတွက် စိတ်ညစ်နေမလဲ။ ကိုယ်တစ်ခါမှ မြူးဇစ် အယ်လ်ဘမ် မာစတာ မရှိဖူး။ ကိုယ်တစ်ခါမှ အီလက်ထရစ် ဂစ်တာ မစမ်းဖူး။ ကိုယ်တစ်ခါမှ နုတ်စ်တွေ မသင်ဖူး။ မင်း အိုင်ပေါ့ထဲက နေရာတစ်ခုမှာ ကိုယ့်သီချင်းရှိတယ်။ နံရံဆီ ကြက်ဥတွေ ပစ်ပေါက်လိုက်ပါ သောက်လက်စ ကော်ဖီတွေ ကင်းဗတ်ပေါ် ပက် ပစ်လိုက်ပါ။ တည်ငြိမ်တဲ့ မျက်လုံးနဲ့ကြည့် အဲဒီမှာ စကားလုံးတွေ ရှိတယ်။ အနက်ရောင်ဆံပင် နဲ့ အဖြူရောင်သွား နို့နှစ်ရောင် အသား နဲ့ လေးထောင့် မျက်နှာထား ညီမလေး ဘာအတွက်ကြောင့် အားငယ်နေမလဲ။ ကျော်ညိုသွေး

ဗီလိန်

ဗီလိန် မင်းလျှောလျှောရှုရှု ဖြစ်နေခဲ့မလား... အဲဒီ ကျူပင် မြက်ရိုင်းတောကလေး ငါတိုးခဲ့ဖူးတယ်။ အေးဆေးသာ အိပ်ပါ သူငယ်ချင်း ငါက လမ်းပေါ်ရောက်နေပြီ။ ငါကတော့ ငှက်ပျောသီး စားချင်လို့ ငှက်ပျောပင် ခုတ်ပစ်ခဲ့တယ်။ မြက်ယားတွေထဲ မင်းလက်ခတ်နဲ့ သီချင်းတွေ လွင်ပါစေ။ စတော်ဘယ်ရီ ခင်းတွေထဲ ဘယ်တော့မှ မတုံးတဲ့ စတော်ဘယ်ရီ သီးတွေ ပေါမှပေါ။ မင်းလည်း စိတ်အလိုမလိုက်ရင် ပျော်ရမှာ။ မင်းရောက်နေတဲ့ တောအုပ်ကလေးက ထူးဆန်းတဲ့ မှော်ဝင်ကြိုးတွေနဲ့ ရစ်ပတ်ထားပေါ့။ ငါတောင် လွမ်းမိတာ ပ ။ ကျော်ညိုသွေး

မိုးဦးလေပြည် Essay Pack

Image
Download HERE

တစ်ယောက်ယောက် နဲ့ စကားပြောချင်တယ်

တစ်ယောက်ယောက် နဲ့ စကားပြောချင်တယ် "ကလောက် ဆိုတာ ဘာလဲလို့ " သတင်းထောက်မလေးက မေးတယ်။ အဲဒီတော့ ဆရာမကြီးက ကလောက် ကွန်ပျူးတင်း ဆိုတာ မိုးပေါ်က ကွန်ပျူတာလိုလို တိမ်တွေထဲက နက်ဝဒ် လိုလို ပြန်ဖြေတယ်။ နောက်တစ်ခါ ပြန်ဆုံကြတော့... သတင်းထောက်မလေးက ငါ့ကိုမေးတယ်။ "ကလောက်အကြောင်း သေချာသိသွားပြီလား"တဲ့။ ငါကလည်း ဖြေလိုက်တယ်...။ "အင်း" လို့။ ငါသိတာပေါ့ ကလောက် ဆိုတာ မိုဘိုင်းဖုန်းမှာ မက်ဆေ့ခ်ျရိုက်တဲ့ အသံလေ။ ဟင်းဟင်း...ဘယ်ရမလဲ။ အခုတော့... မီဒီယာဖိုင်းရား ကိုဖွင့်ပြီး လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက လုပ်ခဲ့တဲ့ မိုးဦးလေပြည် အက်ဆေးအီးဘုတ်ကို အပ်ပလုတ် လုပ်နေတယ်လေ။ ဟုတ်ကဲ့ မိုးဦးလေပြည် ပတ်ဘလစ်ရှင်းမှ အစ်ရှူး အသစ်ထွက်ပါပြီ။ ကလောက်! ကလောက်! ကလောက်! ။         ။ ကျော်ညိုသွေး

အင်္ကျီသစ်

အင်္ကျီသစ် ကံစမ်းမဲပေါက်ချင်တယ်။ Junction Center မှာ ဈေးဝယ်ဖူးချင်တယ်။ မင်္ဂလာဒုံလေဆိပ်ကိုရောက်ဖူးချင်တ ယ်။ Demo သွင်းချင်တယ်။ ပုဂံကိုရောက်ဖူးချင်တယ်။ ၀က်သားပြားကင် စားချင်တယ်။ ရေမုန့်စားချင်တယ်။ အညာက မုန့်လင်မယား စားချင်တယ်။ ချိစ်ဟမ်ဘာဂါစားချင်တယ်။ ဇီးရိုးကွာတား ၀တ်ချင်တယ်။ ကော်ဖီဆိုင်ဖွင့်ချင်တယ်။ Broadcasting Media မှာသွားပြီး စာလုံးပေါင်းသတ်ပုံအမှန် သင်ကြားရေးဆရာ လုပ်ချင်တယ်။ စာလည်းမဖတ် ၊ မှတ်ထားတာလည်းမရှိ တီဗွီလည်းမကြည့် ခေါင်းစဉ်အကြီးကြီးပေးပြီး ဆောင်းပါးရေးချင်တယ်။ အခုတလော အကြံရတာနဲ့ Hints တွေပေးထားတဲ့ စာစီစာကုံးတွေကိုရေးနေတယ်။ "မမေ့နိုင်သော နေ့တစ်နေ့" "နွေရာသီကျောင်းပိတ်ရက်ကလေးများ " "စိန်ခြူးရယ်တဲ့ ကြာ..ညောင်" အဲ့လေ မှားလို့ "စည်းကမ်းသည် လူဧ။်တန်ဖိုး" "အောင်မြင်ခြင်းဆီသို့" "အချိန်မှန် အိပ် အချိန်မှန်စား" "လုံ့လစိုက်ခြင်းဧ။် အကျိုး" အပြစ်ပြောတတ်ပြီ ခေါင်းစဉ်အကြီးကြီးပေးချင်တယ်။ ပုလင်းလေးထဲမှာပဲ နေပါတဲ့ လိပ်ပြာလေးရယ် တစ်နေ့နေ့တော့ ကော်ဖီဆိုင်ဖွင့်ချင်တယ် အညာနွေရက်ကလေးများ ရ

မိုင်လေးရာကျော်

မိုင်လေးရာကျော် အဲဒီတစ်ရက်က ကျွန်မဟာ ကျွန်မရဲ့ အတန်းစာတွေ နဲ့လုံးပန်းနေရတဲ့ အချိန်ပေါ့။ ကျွန်မဟာ လုပ်လက်စ အိမ်စာတွေကို ခဏရပ်ထားလိုက်ပြီး အိမ်ရှေ့ ၀ရန်တာကနေ အပြင်ကို ငေးရင်း လေကောင်းလေသန့်ကို ရှုရှိုက်နေမိတယ်။ ပထမဆုံး ကျွန်မရဲ့ အမြင်အာရုံထဲ ကို ၀င်လာတာက ယူနီဖောင်းကို ၀တ်ဆင်ထားပြီး ဘေးလွယ်အိတ်တစ်လုံးကို လွယ်ထားတဲ့ စာပို့တိုက် ၀န်ထမ်းတစ်ဦးသာပါပဲ။ ကျွန်မတို့အိမ်ရှေ့က စာပုံးလေးထဲကို စာတစ်စောင်လာထည့်သွားတာကို မြင်လိုက်တယ်။ အဲဒါနဲ့ ကျွန်မလည်း အိမ်အောက် ဆင်းပြီး စာအိတ်ကလေးကို ယူကြည့်လိုက်တဲ့အခါ ကျွန်မရဲ့ နာမည် ယူဂျင် လို့ တပ်ထားပြီး ကျွန်မတို့ အိမ်လိပ်စာနဲ့ပေါ့။ စာအိတ်ကို ဖွင့်ကြည့်လိုက်တဲ့အခါ တွေ့ရတာက စီဒီပြားတစ်ချပ်နဲ့ စာရွက်တစ်ရွက်၊ အဲဒီစာရွက်ပေါ်မှာတော့ ကွန်ပျူတာစာလုံးတွေနဲ့ ရေးထားတဲ့ သီချင်းစာသား အပါအ၀င် ကော့ဒ်တွေ ၊ ပြီးတော့ စီဒီချပ်က မီနီစီဒီအသေးလေး ၊ ပလေယာထဲကို ထည့်ပြီးဖွင့်ကြည့်လိုက်တဲ့အခါ ကျွန်မရဲ့ တီဗွီမှာ ပွင့်တဲ့ အသံတွေက သီချင်းစာရွက်ထဲက စာသားတွေကို လိုက်ရွတ်လို့နေခဲ့တယ်။ ကျွန်မဟာ အလျင်စလိုပဲ ၀ရန်တာကို ထွက်လိုက်မိတယ်။ ကျွန်မရဲ့ ရှေ့တည့်တည့် ကောင်းကင်ကြီးကို ကြည့်

ဘာသာပြန်ကဗျာ

ဘာသာပြန်ကဗျာ ငါ့အလုပ်နေရာက စတိုထဲမှာ တိုလီမုတ်စတွေ ရှင်းလင်းတဲ့အခါ အပိုပစ္စည်းတွေ ထိန်းသိမ်းထားတဲ့ ခြင်းတောင်းလေးထဲက အတိုအစတွေ အသုံးပြုမယ့် သူကို ငံ့လင့်နေသလိုမျိုး မင်းကို သတိရနေတယ်ပေါ့… လူတွေကလည်းကွယ်… ကမ္ဘာဦးကတည်းက အသံတစ်သံကို ကြားပြီးတဲ့နောက် အဲဒီအသံကို မျှော်လင့်ရင်း အတုဖန်တီးတာတွေ များလာကြတာ…။ ငါဟာသစ်ရွက်တွေ ထဲမှာ သိမ်ငယ်နေတတ်တဲ့ ဘယ်သူမှ မမြင်တဲ့ သစ်သီးလေးတွေလိုမျိုး မတွေ့နိုင်တဲ့ လူတွေ တွေ့ပါစေ ဆုတောင်းနေသလိုမျိုးပေါ့… ဆာလောင်မှုနဲ့ ပြင်းထန်နေတဲ့ ငတ်မွတ်ကလေးငယ်ရဲ့ မျက်လုံးမျိုးနဲ့ “အစားအစာဆိုတာ နတ်တွေရဲ့ ကောင်းချီးပေးသလိုများ လား” လို့ တွေးသလိုမျိုး မည်းကြုတ်နေတဲ့ အရေတွန့် လက်ကလေးနဲ့ သဲပြင်ပေါ်မှာ “ပေါင်မုန့်… ပေါင်မုန့်… ပေါင်မုန့်…” လို့ ဆာလောင်မှုတွေ ရပ်တန့် မေ့လျော့သွားချိန်အထိ ရေးခြစ်မိနေသလိုမျိုး မင်းနာမည်ကို အော်ခေါ်နေသံ ဘယ်ဆီကမှန်းမသိကြားတယ်… ခုနှစ်ထပ် မြောက်ဟိုတယ် အလွှာရဲ့ ပူအိုက်တဲ့ စတိုခန်း ဘေးပြတင်းပေါက်တွေကနေ လှမ်းမျှော်ရင်း မြင်ကွင်းတွေ ကို ကြည့်တဲ့အခါ ထီးဆောင်းသွားတဲ့ လူတစ်ယောက်ကို တွေ့တော့ ဘတ်စ်ကားမှတ်တိုင်ကနေ လွယ်အိတ်လွယ်ရင်းကားပေါ်က ဆင်းလာတဲ့ ငါ့က

မျောက်တွေလက်ထဲက ပန်းသီး

မျောက်တွေလက်ထဲက ပန်းသီး အဲဒီစိမ်းပြာရောင် အထည်ကလေးကို မင်းဝတ်တိုင်း ရင်နာနေရတုန်းပါပဲ။ ရိုးသားတဲ့ ၀ယ်လိုအားတစ်ခုအတွက် အရောင်ပါတဲ့ ရောင်းလိုအားတွေနဲ့ မျှခြေမရှိတဲ့ အဖြစ်က ဘ၀တွေကို ကိုင်လှုပ်ခဲ့တယ်။ မင်းရဲ့ ရွှေဝါရောင် လည်တိုင်ထက်က ဆနွင်းမကင်းပုံ ဆွဲသီးလေးကို မြင်တိုင်း ဒီခေတ်ကြီးမှာ.. နည်းပညာတွေ တိုးတက်လာခြင်းရဲ့ သင်္ချာကို အဖြေထွက်အောင် မတွက်တတ်တော့ဘူး။ သေချာတယ်… ကိုယ်ရတဲ့ အဖြေက မျက်ဝန်းရှေ့မှာတင်ပြယ်လွင့်ခဲ့တာပေါ့ကွယ်…။ မင်းကတော့… စိတ်ရှင်းရှင်းနဲ့ အရာရာဟာ လှပလို့ မင်းကတော့… ဟောဒီနွေရာသီကို အပူချိန် 16ံ C ထားလို့ မင်းကတော့… အလုပ်ထွက်သွားတဲ့ ၀န်ထမ်းကို မေ့ပစ်လို့ ကိုယ်ထင်တယ်… မေလမှာ ပွင့်တဲ့ စိန်ပန်းနီနီတွေက မင်းအတွက် တိတ်ဆိတ်နေကြမယ်ပေါ့။ ကိုယ်သာ မင်းနဲ့ တစ်စုံတစ်ရာ မပတ်သက်ခဲ့ဘူးဆိုရင် သေချာတယ် မင်းကို မေ့သွားခဲ့မှာပါပဲ…။ မင်းအတွက် ကိုယ်လုပ်ပေးနိုင်တာ မရှိခဲ့ဘူး။ ကိုယ့်ကိုယ်ကို တောင် အရောင်လက်အောင် ကြိုးစားနေရချိန်ကွယ်…။ Nude Art တွေကို ကိုယ်ချစ်တယ်။ ဒါပေမယ့်… အနုပညာဆိုတာ လုပ်ယူထားတဲ့ အရောင်လည်းမဟုတ် ကိုယ်ပိုင်တဲ့ ကိုယ့်အလှ ဘယ်သူမှ ခိုးယူ ခံစားလို့ မရ

ပန်းဆိုးတန်း သတင်းထောက်

ပန်းဆိုးတန်း သတင်းထောက် ဟိုတုန်းက ပန်းဆိုးတန်းမှာ သတင်းထောက်တစ်ယောက်ရှိခဲ့တယ်။ ဟိုးတုန်းကတည်းက သူ့မှာ လိုက်နေ တဲ့ သတင်း အစအန တစ်ခု ရှိခဲ့တာ အခုထိ လက်ထဲက ရိုက်လိုက်တဲ့ ကင်မရာက ဖိုးကပ်စ်တွေ မပြတ်သားဘူး ဖွာလိုက်တဲ့ ငါးဆယ်တန် စီးကရက်က မီးခိုးတွေလိုပဲ မျက်စိတ၀ိုက်မှာ ရုပ်လုံးပေါ်လာတဲ့ သတင်းတွေ မျက်စိရှေ့မှာတင် ပျောက်ကွယ် သတင်းတွေ သတင်းတွေ လေထုနဲ့ အတူ ဘယ်ဆီမှာလဲမသိ အိမ်ပြန်ရင် မီးမှိတ် အိပ်ရမယ်မှန်းသိလို့ လေထုတွေ ကြားထဲမှာ အရက်ဆိုင်ထိုင်လား ထိုင်ရဲ့ ကစားပွဲရုံသွားလား သွားရဲ့ အပြာမယ်လေးနဲ့ တွတ်ထိုးလား တွတ်ထိုးရဲ့ ဆေးသမားတွေရဲ့ ဆေးထိုးအပ်တွေကိုင်လား ကိုင်ကြည့်ရဲ့ အဓိပ္ပါယ်မသိတဲ့ စာသားတွေထက် အဓိပ္ပါယ်ရှိတဲ့ သံစဉ်တွေကို ဖမ်းဆုပ်နိုင်မလား ကောင်းကင်ဟာ အပြာက အပြာပဲလေ တစ်ယောက်တည်း အချိန်းအချက်နဲ့ ပျော်ပွဲစားရုံနားက တံခါးချပ်ကိုမှီလို့ မတ်တပ်ရပ်နေခဲ့တယ်။ ဘေးလွယ်အိတ်ထဲက အပေါစား ကဗျာစာအုပ်မှာ ကော်ဖီစက်တွေ စွန်းထင်လို့ တင်းကုပ်ထဲက လွတ်သွားတဲ့ နွားတစ်ကောင်လို ရှိတဲ့ အရပ်ကနေ မရှိတဲ့ အရပ်ကို ခဏခဏ လွတ်နေတယ်ပေါ့ စာအုပ်ကို အသာပိတ်ပြီး ပြန်လာတော့ လည်း ပျော်ပွဲစားရုံထဲက ပျော်ရွှင်စွာ အော

ဟလို

ဟလို ဒီခေါင်းစဉ်ကို ရေးပြီးတာနဲ့ပဲ ဟလိုဆိုတဲ့ အသံကို ကြားလိုက်ရတယ်။ ဆိုတော့က… ဘယ်လိုသွားထိသလဲ ဘယ်ကို သွားထိသလဲ မသိတော့… ကြားလိုက်တဲ့အတိုင်းပဲ ထားလိုက်တော့တယ်။ စိတ်မပါပါဘူးကွာ ကိုယ့် အရွေ့နဲ့ သူ့အရွေ့နဲ့ မတူတဲ့အခါ ဟလို…ဟလို ကြားလား …ကြားလား ကြားလား = ကျားလား ကိုယ်က ကျားလား သူက ကြားလား သူက ကြားလား သူက ကျားလား ဟလိုဟလို ဒီလိုနဲ့… တစ်နေ့ တစ်နေ့ ဟလိုဟလို ဘယ်လို…ဘယ်လို ဟ…လို။ ကျော်ညိုသွေး

ချက်ချင်းတပ် ချက်ချင်းဖြုတ်

ချက်ချင်းတပ် ချက်ချင်းဖြုတ် သူမ လုပ်သလို အက်ရှင်မျိုးနဲ့ အချစ် အချစ် အချစ် အား...ဆေးပြားတွေ တက်ပလက်တွေ အား...ဆံပင်ရေစိုတွေ မိုးရွာထဲ လှမ်းတဲ့ ခြေလှမ်းတွေ အား...ရူးသလို ရွဲနေသလို မျက်လုံးမျိုး နဲ့ မျက်မှန်လည်း မိုးရေထဲမှာ အဖျားတက်တုန်း အိုက်စ်ခရင် နဲ့ ရောစားမိတဲ့ မျက်ရည်။ အား...ရူးသွပ်လို့ ကောင်းလိုက်တာ အား..။ အား...ဘီယာတွေ အပျိုရည်မပျက်အောင် မူးတဲ့ အမူးတွေ ရူးရူးမူးမူး ပေးကမ်းစွန့်ကြဲလိုက်ပေမယ့် ခွင့်လွှတ်ချင်စရာ အထာတွေ မျက်လုံးထဲ ပြာခနဲဝေသွားစေမယ့် သူမနှုတ်ခမ်းက ထွက်ကျလာတဲ့ ကွမ်း တံထွေး ကျဲကျဲတွေ ထွေးလိုက်ပုံ စင်နောက်မှာ ခွေခွေလေး အား...။ ရီဝေ တဲ့ အက်ရှင်က ရူးလောက်ရဲ့ သေလောက်ရဲ့ ဝေသန္တရာကြီး ပြန်ရှင်လာလောက်ရဲ့ စကားလုံးရှာရင်းနဲ့ နှစ်တရာခရီးသည်ဖြစ်လောက်ရဲ့ ခွင့်မလွှတ်ပါနဲ့ ဒီတက်ပလက်တွေ သဲတွေထဲ ကျသွား ပြန်မရတော့ တဲ့အခါ အရူးတပိုင်း အော်ဟစ်ရင်း အချစ်အချစ်အချစ် သူမ လက်ထဲမှာ တက်ပလက်တွေ မိုဘိုင်းတွေ အင်တာနက်တွေ ဖေ့စ်ဘုတ်တွေ၊ ဆိုရှယ် နက်ဝဒ်ထဲက ကားရန့်စတေးတပ်စ်တွေ ပျားရည်လို ချိုတဲ့ ဒုက္ခတွေဆိုတာ ပျားရည်။ ချွင်ချွင်ချွင်ချွင် လှေကားရင်းက အိပ်ဆေးတွေ တက်လာပုံ ကုန်းကုန်းကွ

ရူးလွယ် ကောင်းလွယ်

ရူးလွယ် ကောင်းလွယ် ကျင့်ဝတ်ဖောက်ဖျက်မိမှာ စိုးလို့ ကျွန်တော် ဘယ်သူပေးတဲ့ လက်ဆောင်မှလည်း မယူဘူး။ ဘယ်သူတိုက်တဲ့ ကော်ဖီမှလည်း မသောက်ဘူး။ ဘယ်သူတိုက်တဲ့ ရေတစ်ခွက်မှလည်း မသောက်ဘူး။ ဘယ်သူတွေ ရဲ့ ပိုင်နက်ထဲက လေကိုမှလည်း မရှူ ဘူး။ သူများပိုင်နက်ထဲ ရောက်သွားရင် ကျွန်တော် အသက်အောင့်ထားတယ်။ ဒါမှမဟုတ် ကျွန်တော် အောက်စီဂျင် ဗူး တစ်ဗူးကို အမြဲတမ်းလွယ်ထားတယ် ဟို အမ်တီဗွီထဲကလိုပေါ့။ လူတွေကို သူ့ကို အရူးလို အထူးအဆန်းလိုကြည့်ကြတယ်။ သူကတော့ အေးဆေးပဲ။ အခုတလော ဆေးထိုး ဆေးသောက် သိပ်ကြောက်နေတယ်ဗျာ တဲ့။ ခွင့်မတောင်းပဲ တံခါးဖွင့်လို့ ကို မရဘူး မန်းဒေးဆို ဖုန်းမဆက်ဘူး။ ဟလို အစ်ကို ဘာတွေ ပြောနေတာလဲတဲ့။ ဟုတ်ကဲ့ ကျွန်တော်က x x x x x x ပါ။ အဲဒါနဲ့ ပတ်သက်ပြီး...ပြီး ဘယ်သူပေးတဲ့ ဘောလ်ပင်မှလည်း မယူပါဘူး ဘယ်သူမှလည်း ကျွန်တော့်ကို ဘာအကြောင်းမှ လာမပြောနဲ့ ကျွန်တော် ဆီမှာ လွတ်လပ်ခြင်းတွေ ပဲ ရှိတယ်။ ဆိုတော့က... ကျွန်တော် မိုးပေါ် ပျံနေတယ်။ ကျွန်တော် အာကာသထဲမှာနေတယ်။ ကျွန်တော် လမ်းပေါ်မှာနေတယ်။ ကျွန်တော်ဟာ လွတ်လပ်တယ် အမှီအခိုကင်းတယ် ကျွန်တော်ဟာ လေဟာနယ်ထဲက သစ်တစ်ပင်ဖြစ်တယ်။ ငှက်တစ်သောင်း နားချင် နား

သူငယ်ချင်းနှစ်ယောက်

သူငယ်ချင်းနှစ်ယောက် A-    Facebook က တစ်ကယ်တမ်း တော့ လက်ဖက်ရည်မပါတဲ့ လေထန်ကုန်းပဲကွ။ B-    ကောင်းတယ်ကွ ပိုက်ဆံမကုန်တော့ဘူးပေါ့ကွာ A-    ဘယ်ကလာ မင်းကလဲ...ဒီမှာ က အရူးတွေ များတယ်ကွ B-    အာ..ဘယ်ကလာ မင်းကလည်း နိုင်ငံကြီးသားတွေပါကွ၊ ဖေ့စ်ဘုတ်သုံးပြီး နိုင်ငံတော်ကြီးမှာ ရှိနေတဲ့ အားနည်းချက်တွေကို ပြုပြင်ဖို့ လုပ်နေတာ၊ လွှတ်တော်ထဲက အမတ်တွေထက်တောင် ပြောရဲဆိုရဲ ရှိကြသေးတယ်။ A-    ဒါပေမယ့် မင့် ဟာ တွေ က ပြောတာ ဘယ်သူက စာတမ်းပြုစုပြီး၊ ဘယ်သူတွေကို တင်ပြနေလို့လဲ။ ဒီလိုပဲ အိုးဒါးပို့စ် ဖြစ်သွားတာ။ B-    ဒါတော့ ဒါပေါ့ ကွာ...ဒါပေမယ့် ဒီလိုရှိတယ် သူငယ်ချင်းရ အဲဒါက ဒီလိုပေမယ့် ဒီလောက်လေးနဲ့လည်း ဟိုဒင်းတော့ပြုနိုင်ပါတယ်ကွ... A-    ဟာကွာ...မင်းဥစ္စာကလည်း ဘာမှန်းကို မသိဘူး။ ဒါဒါ ဒီဒီ နဲ့ပြီးနေတာပဲ။ မင်း ကြေးနန်းရိုက်တောလား။ B-    အာ...ငါပြောတာက ဖေ့စ်ဘုတ်မှာပေမယ့် တနိုင်ငံလုံးကို သိရှိစေတယ်လေကွာ။ တွမ်တီဝမ်း ဆန်ကျူရီ မှာဆိုရင် အားလုံးက အိုင်တီဆန်...အဲ့လေ...အိုင်တီဇန် တွေ ဖြစ်ကုန်ပြီဆိုတော့ အကုန်လုံး နည်းပညာတွေနဲ့ ကူးလူးယှက်နွယ် သက်လှယ်...အဲ့လေ...ကူးလူးယှက်နွယ်ပြီး လက်မလည်အောင်ဖြစ်နေ

ဂျတ်ဇ်တေးသွားတွေ ဆွေးသွားမယ့်အကြောင်းတရား

ဂျတ်ဇ်တေးသွားတွေ ဆွေးသွားမယ့်အကြောင်းတရား ကိုယ်က ဖုန်းမဆက်ရင်၊ မက်ဆေ့ခ်ျလေးတစ်ကြောင်းတောင် မပို့ရင် ငါ့စိတ်တွေကိုသူ့အပေါ် နည်းနည်းလေးမှမကိုင်းရင် သူ့ စိတ်ဆိုးမာန်ဆိုးအပြုအမူတွေကို အသိအမှတ်မပြုရင် သူ့လက်ဆောင် ကဗျာလေးကို တို့ထိမကြည့်ရင် အီးလ်မေးလ်ထဲ စကားလုံးလေးတစ်လုံးမှ ပေးကမ်းမစွန့်ကြဲရင် သူ့ကို စိတ်ဆိုးနေကြောင်းမပြတော့ရင် သူပေးခဲ့တဲ့ ဒစ်ဂျစ်တယ်လ် အိမ်မက်လေးတွေ ပြန်မပြောတော့ရင် သီချင်းရယ် ၊ ပန်းရယ်  အဲဒီနေ့က အသံလှိုင်းလေးတွေရယ် သူ ညလုံးပေါက် မအိပ်ရသေးတဲ့အကြောင်း ပြန်ပြောပုံရယ် သူ့ကို သနားမိတဲ့ ကျောင်းပိတ်ရက်ကလေးရယ် နေကြာပန်းတွေလို သူမျှော်နေပုံကို သူပြန်မေ့သွားရင် သူ့ရဲ့ ရည်းစားဟောင်းတွေ ကြောင့် စိတ်ညစ်ရတာကို ပေါက်ကွဲမပြတော့ရင် အမိန့်ပေးစေခိုင်းပုံမျိုးနဲ့ အနိုင်မကျင့်တော့ရင် သူ့လက်မှာပေါက်တဲ့ ကြွက်နို့အကြောင်း မပြောတော့ရင် ကိုယ့်ဆီ ဖုန်းဆက်ဖို့ သူ သိပ်ရှက်ရွံ့ နေခဲ့ရင် အိုင်ဖုန်း တွေ အသစ်ပေါ်ခဲ့ရင် အိုင်ဖုန်း ကလုန်းနဲ့ အိုင်ဖုန်း အော် တို့ ခွဲခြားရခဲ့ရင် (ခွဲခြားရကြောင်း သတင်းတစ်ခုပါလာရင်) တစ်ချို့ ပင်လယ်ကူးသင်္ဘောတွေ ကမ်းဆိုက်ခဲ့ရင် အိပ်တန်းပြန်ငှက်တို့ အသိုက်ကို ရှ

စကောလား ရှစ်

စကောလား ရှစ် အွန်လိုင်းလည်း မသုံးတတ်တဲ့လူတွေအတွက် ဆိုက်ဒ်အက်ဖက်တွေ ရှိတယ်။ နည်းပညာဆိုတာလည်း ခေတ်မှီရင်ပြီးရော သုံးဖြစ်အောင်သုံးလိုက်တယ်။ ကျော်ဝင်း စာအုပ်တွေလည်း ဖတ်တယ်။ ပေါ်လတီကယ် ဆိုင်းယမ့်စ် ကိုလည်း တီးမိခေါက်မိတယ်။ ၃၈ဖြာမင်္ဂလာကိုလည်း အလွတ်ရတယ်။ ကမ္ဘာကြီး ပြားတယ်ဆိုတာကနေ ပြန်လုံးသွားတဲ့အကြောင်းလည်း သူအရင်သိတယ်။ အခုနေ ကော်ဖီသောက်တာ နှလုံးရောဂါပျောက်တယ် ကော်ဖီသောက်တာ နှလုံးရောဂါ ဖြစ်နိုင်ချေပိုများတယ်။ အကင်စားရင် ကင်ဆာ မဖြစ်တော့ပါ။ အကင်စားရင် ကင်ဆာ ဖြစ်နိုင်ခြေရှိသေးတယ် အကင်နံ့ရရင် ဗိုက်ဆာတယ်။ ဖြစ်နိုင်ချေအားလုံး သိတယ်။ ရှပ်အင်္ကျီ ၀တ်ရင် ရွှေကြယ်သီးလေးပါ တပ် တတ်တယ်။ ခါးပတ်ပတ်ရင် ဂျန်းတဲလ်မန်း အဆင်နဲ့ ကာကီရောင်လေး မှာ မဟော်ဂနီလေးတွဲ စတိုင်လ်ပန်ထဲ ၀င်နေတဲ့ ရှပ် ခါးအနားကိုလည်း ခါးပတ်နား ၀ဲနေအောင် ဆွဲချထားတယ်။ သားရည် ဘုဒ် ကလည်း ခွေးရုပ် ပေါ်နေတယ်။ နှုတ်ခမ်းမွှေး အသေရိတ်တယ်။ မုတ်ဆိတ်စစ ထားတယ်။ ခေတ်ပေါ်ဖက်ရှင် အနေနဲ့ စာရေးတယ်။ ကဗျာ သေပြီပြောတယ်။ ရသစာပေတွေ ဖော်ထုတ်တဲ့အနေနဲ့ မာဆတ်မှာ ဘ၀သရုပ်ဖော်တွေ လေ့လာတယ်။ ရသခေတ်ကုန်ဆုံးတော့မလား တစ်ယောက်တည်း စိုးရိမ်ကြီးနေတယ်။ အင်ဖော်မေးရှင်

ကမ္ဘာလဆန်း ၁ ရက် နေ့ (၁)

ကမ္ဘာလဆန်း ၁ ရက် နေ့  (၁) လူတွေစကားမပြောတဲ့တဲ့ ခေတ်တွေ၊ လူတွေ ဘာဘာညာညာမသိတဲ့ အသံနဲ့ ဆက်သွယ်တဲ့ခေတ်တွေ ၊ စကားတွေ နဲ့ဆက်သွယ်တဲ့ ခေတ်တွေ ၊ အသံတွေကို မိုင်ထောင်ချီ ကွာဝေးနေတောင် ကြားနိုင်တဲ့ခေတ်တွေ ၊ လူတွေ စကားသံတွေအစား အပြုအမူတွေ နဲ့ ဆက်သွယ်တဲ့ခေတ်တွေ ၊ ကုန်စည်နဲ့ ၀န်ဆောင်မှု တိုက်ရိုက်ဖလှယ်တဲ့ အလေ့အကျင့် ၊ သွယ်ဝိုက် ဖလှယ်တဲ့ခေတ်၊ အဖိုးတန်သတ္တုတွေနဲ့ ကြားခံဖလှယ်တဲ့ခေတ်၊ ဘာမှမရှိတဲ့ ကိန်းဂဏန်းတွေနဲ့ ဖလှယ်နိုင်တဲ့ခေတ်၊ အ၀တ် မ၀တ်တဲ့ ခေတ်၊၀တ်တဲ့ ခေတ် ၊လုံခြုံစွာဝတ်တဲ့ခေတ်၊ နည်းနည်းဖော်တဲ့ ခေတ် ၊ ဇီးရိုးကွာတားနဲ့ ဘရာစီယာခေတ်၊ အသီးအရွက်စားတဲ့ခေတ်၊သားစိမ်းစားတဲ့ခေတ်၊မီးကင်စားတဲ့ ခေတ်၊ ပြုတ်စား/ချက်စားတဲ့ခေတ်၊ ပြုတ်တာပြန်စားတဲ့ခေတ်၊ ကင်တာပြန်စားတဲ့ခေတ် ၊ အသားစိမ်းပြန်စားတဲ့ခေတ် ဟိုဟိုဒီဒီခေါက်ပြီး  တီးတဲ့ ဆိုသံမပါတဲ့သီချင်း ၊ ဟေးဟား  အော်တဲ့သီချင်း ၊ စကားပြောသံတွေနဲ့ချည်း ဆိုတဲ့သီချင်း မယ်လိုဒီနည်းနည်းပါတဲ့သီချင်း ၊ အသံစုံတီးဝိုင်းတွေနဲ့ အော်တဲ့ သီချင်း ၊ နွဲ့နှောင်းစွာ ဆိုတဲ့သီချင်း ၊ ကြမ်းတမ်းခက်ထန်တဲ့ သီချင်း ၊ မပီမသ အော်တဲ့ သီချင်း ၊ စကားသံတွေ ချည်းပဲ ဆိုတဲ့သီချင်း၊ဟိုဟိုဒီဒီခေါက်

မယ့် အချစ် စန်း

မယ့် အချစ် စန်း ကံအကြောင်းမလှတာက သံချောင်း တမျှကို ခံ ပေါင်း သမျှ ကြွေ လှန် ထောင်း မရ လေတဲ့ မေ။ အကြံကောင်း တချက်မို့ အမှန် ပေါင်းဖက်ဖို့ ရယ်ကွယ် သူကြွယ်လင် အ၀င်ချောစေဖို့ တစ်ကယ်ပင် လင်အမော ပြေစေစွမ်းသော်လည်း အခြေနေ မသွေ ဂွမ်း တာကြောင့် မေ   စန်းချော်လဲ။ သြော်..ကဲ ..နှစ်လင်ကွာ အပြီးမှာပဲ ပျော်ဆဲ အကြင်နာသည် မီး မငြိမ်းလေတော့ ရင်မှာအတည် အသီးဖူးပွင့် ဝေေ၀ရယ်နဲ့ မင်္ဂလာစည်တီး ကျူးရင့်လေတယ်။ အရူးပွင့်တွေ လေထဲအလွင့်မှာ အရူးရင့်နေလေလည်း မလင့်သာပဲ ခင့်မှာလည်း ကိုယ်ဝန် (တယ်) တည်။ ဟိုအရင်မယ် ကွယ်ကာ လျှိုးကာနဲ့ ကိုရင်ငယ် တကယ်ပါ ဆိုးပါသကွယ့် ကွယ်။ ကျိုးပါမယ့် ကျုပ် အရိုးတွေ ရယ် အဟုတ်ဆိုးနေတယ် (ကွယ်) တွယ်ကာ ပိုးတာကြောင့် ကျုပ်အဘိုးတွေ ရယ် (ဟယ်) တစ်ကယ်ပါ   တ မိပါ့ အိုး….လပြည့်ည ဇာတ်လမ်း။ Oh…Shit ကွယ်…ခဏတွေ့ရ အရှိန် မသေလေတော့ ခိုး…အချစ်ရယ်…လပြည့်ည ရင် နှစ်ဖြာပါကင်ထုပ်လို့ရယ် ကြင်မကွာ မင်္ဂလာ အပါ သိမ်းတော့တာ နှစ်လင်ကွာ ခင်ကညာ သုံးခါဟိန်း တဲ့ စည် အုန်းအုန်း ဂျိန်းဂျိန်း ရယ် မြည်။ ဒိန်းတလိန်းအစုံ ပတ်မ နှံလေတော့ ရှိန်းရှိန်းခုန် ဓါတ်

နားမလည်ဘူး

နားမလည်ဘူး ရှေးရှေးတုန်းက အရူးဖြစ်သွားပုံတွေများ ဆန်းကျယ် ဘယ်လိုတေးသွားမျိုးကြောင့် ဒီလို အပွင့်တွေ ပွင့်ခဲ့ကြသလဲ အချစ်တံဆိပ်တပ် ကော်ဖီနဲ့ အနုပညာတံဆိပ်တပ် အဖျော်ယမကာများ အစွန်းနှစ်ဘက်ရောက်အောင် မူးဝေစေပုံတဲ့။ ကော်ဖီ ဆိုတာ ဘာရယ် နားမလည် တဲ့ လူအများနဲ့ ယမကာ ဆိုတာ ဘယ်လိုမှန်း နားမ၀င်တဲ့ ပုဂ္ဂိုလ်တွေ ကြား ကိုယ့် အမှန်တရား နဲ့ ကိုယ် မွန်းကျပ်စေပေါ့။ အဆိပ်အတောက် ဖြစ်စေတဲ့ ခွန်အားတွေနဲ့ ခွန်အားဖြစ်စေ တဲ့ အဆိပ်အတောက်တွေလည်း ကိုယ့်ဖက်ရှင် ကိုယ်ထွင်လို့ မတတ်ကြဘူး။ ပန်းသီး Cup လေးထဲက ၀ိုင်တွေကို ဘယ်လို နှလုံးသားနဲ့ နွားတွေက အရသာခံတတ်ပါ့မလဲ။ ဖိုခနောက် ဆိုင် သုံးခု ပေါ်က ရေနွေးအိုးလည်း တဖြည်းဖြည်း ဆူလာခြေပြီ။ နေထွက် နဲ့ နေ၀င်ဟာ ဂီတ သံ ကို မုန်းသတဲ့လေ။ ရှေးရှေးတုန်းကဆို… အရူးဖြစ်သွားပုံတွေ များ သိပ်ကို ဆန်းကျယ်။ ကျော်ညိုသွေး ကဗျာဖြစ်ပေါ်လာပုံ အနုပညာရှင် တွေ နဲ့ အနုပညာမှာ ပျော်မွေ့တတ်သူ ၊ ရင်ခုန်ခံစား ဘ၀ နဲ့ အတူတူယှဉ် တွဲပြီး နေတတ်တဲ့ သူများဟာ ဘယ်လို နက္ခတ်မျိုးခြံရံ ပြီး မွေးဖွားလာတဲ့ပုဂ္ဂိုလ်တွေပါလိမ့်လို့ တွေးတောနေမိခဲ့ပါတယ်။ အနုပညာရှင် နဲ့ အနုပညာခုံမင

ဖီးနစ်ငှက်များ

ဖီးနစ်ငှက်များ အချစ်ရေ တက်နေကျ ဓါတ်လှေကားအတိုင်း ကိုယ်တို့တက်သွားရင် ဓါတ်လှေကားခြေရင်းမှာ ညခရေ နှစ်ပွင့်တော့ အလှတွေ ၀င့်လို့ စေ့စေ့ စပ်စပ် လှမ်းမကြည့်လည်း သူတို့ ဘယ်လို ဆင်မြန်းထားလည်း မောင်သိတာပေါ့ ဇီးရိုးကွာတား နဲ့လည် ဟုတ်တယ်။ ဂျီစရင်းန် နဲ့လည်း ဟုတ်တယ်။ တက်ခ်ျစခရင် ကလည်း သူတို့အတွက် ဖက်ရှင်တစ်ခုပဲပေါ့။ မရိုးပေမယ့် မဆန်းတဲ့စိတ်နဲ့ ဝေ့ကြည့်တယ်။ အရာရာတိုင်းမှာ ပင်ကိုစိတ်ကို ဖုံးမရတဲ့ တံခါးပေါက်တွေနဲ့ အပေါ်ယံတွေကြားက သူတို့ရဲ့ သိမ်ငယ်တဲ့ စိတ် နဲ့ မူးစေတဲ့ ဆူးတွေကြားက ရူးနေတဲ့ ဆိုက်ကိုတွေ ကို တွေ့တယ်။ မောင့်လို့ အောက်ခြေ၀န်ထမ်းတစ်ယောက်အတွက် တော့ တစ်ကယ်ကို ရင်နာစရာပါပဲ ဓါတ်လှေကား တံခါးအပွင့်မှာ ရုတ်တရက် မော့လာကြတဲ့ မျက်နှာတွေ မောင်မကြည့်ဝံ့ဘူး ကိုယ့်ကိစ္စအတွက် ဓါတ်လှေကား တံခါး ခလုတ်အနှိပ် ထိုင်နေတဲ့ ခုံပေါ်က မတ်တပ်ထရပ်ကြပုံက ရင်နာစရာ မောင်ဟာ ဟုတ်ဟုတ်မြည်နေတဲ့ ဒီဟော်တယ် ကြီး ထဲက ဘာမှမဟုတ်တဲ့ ၀န်ထမ်းတစ်ယောက်သာ သူတို့ အတွက်မှာက သစ်ပင် ထက်က ကိုင်းဖျား ကိုင်းနား အပွင့်အခေါက် ဘယ်လောက်များများအတွက် အတန်းရှင်းန် လုပ်နေရသလဲ မတွေးတတ်ဘူး။ အခုတလော စိတ်ညစ်လို့ထားတ