Posts

Showing posts from 2008

အဲ့ဒီ့မြို့လေးမှာ

အဲဒီမြို့လေးမှာ ကျွန်မချစ်သူရှိနေတယ် ဆောင်းရာသီမှာ ရေခဲမတတ်အေးပြီး နွေရာသီမှာတော့ အလွန်တရာ အပန်းဖြေလို့ကောင်းတဲ့ မြို့လေးပါ မြို့လေးကို ရောက်ဖို့ရာ မြွေလိမ်မြွေကောက် လမ်းလေးကို ဖြတ်သန်းလာရတယ်ချယ်ရီပန်းတွေအဆုပ်လိုက်ပွင့်တတ်တယ်။ တခါတလေ ကုန်တင်ကားကြီးတွေ ဖြတ်သွားချိန်ကလွဲလို့ မြို့ငယ်လေးက အေးဆေးငြိမ်သက် နေတတ်တယ် မြို့အနှံ့အပြားနွားနို့ဆိုင်လေးတွေ ရှိတတ်တယ်။ ရှမ်းထမင်း ရှမ်းဟင်း ပူပူနွေးနွေး ရောင်းတတ်တဲ့ ဆိုင်သေးသေးလေးတွေ လည်းအများကြီးရှိတယ်။ မြို့ကိုဝင်ဝင်ချင်း တောင်ပေါ်လေးမှာ ဘုရားတစူရှိပြီး မြို့ကို အပေါ်စီးကနေ မြင်ရတယ် တချိန်က စက်ဘီးနဲ့ သွားလာတတ်ပေမယ့် ခုချိန်မှာတော့ ဆိုင်ကယ်သံတ၀ီဝီနဲ့ မြို့လေးက အသက်ဝင်နေတယ်။ ချစ်သူနဲ့ အတူတူ လက်တွဲလျှောက်ခဲ့ဖူးတဲ့ လမ်းလေးမှာ ချစ်ရနံ့တွေသင်းပျံနေတယ် ဟိုးအဝေးကို မျှော်ကြည့်လိုက်ရင် မြုမှုန်ဆန်ဆန်နှင်းတွေ ပိတ်ဆို့နေပေမယ့် နှင်းထုနောက်မှာတော့ သာယာတဲ့ ချစ်သူနှစ်ယောက်ရဲ့အနာဂတ်ရှိနေတယ် ပြာလွင်နေတဲ့ ကောင်းကင်ကြီးအောက်မှာ အတူတူရှိခဲ့ဖူးသလို မိုးမှောင်ကျနေတဲ့ ညနေစောင်းတွေမှာလည်း တယောက်လက်တယောက် မဖြုတ်ခဲ့ကြဘူး။ ကယ်ရီယာ မပါတဲ့စက်ဘီးလေးမှာ ဘားတန်းမှာထိုင်ပြီး လေအေးတေ

ပုံပြောမကောင်းတဲ့သူ

သူ နှင့်ကိုယ် ချစ်သူတွေဖြစ်ခဲ့ကြသည်မှာ ကိုယ်အတွက် ပျော်ရွှင်မှု့များ ပေးစွမ်းနိုင်ခဲ့သည် ဟု ကိုယ်တိုင် ယုံကြည်ခဲ့ရသည်။ သူ့ဂရုစိုက်မှု့တွေနှင့် ကိုယ်ပျော်ရွှင်ခဲ့ရသလိုသူသ၀န်တိုမှု လေးများ ကြောင့်လည်း ကိုယ်ကြည်နူးခဲ့ရသည် မှာ ကျိန်တွယ်၍ ပြောစရာမလို သူရယ် ကိုယ်ရယ် ကို သိပ်ချစ်ရသူတွေဟု အများကလည်း လက်ခံ ယုံကြည်နေကြသော အခါ ကိုယ်တို့နှစ်ယောက်ဧ။် အနာဂတ်သည် လှပနေပြီး တစ်နေ့သောအခါ နှစ်ဦးသားအနေဖြင့် ပန်းတိုင်သို့ ရောက်ရှိချိန်တွင် သူ့အတွက် ကိုယ်ကပန်းပွင့်လေး ဖြစ်သောအခါ သူက ပျားပိးတုန်းလေး ၊ သူကမ်းစပ်လေး ဖြစ်သောအခါ ကိုယ်ကရေလှိုင်းလေး ၊ သူကထက်မြက်သော ဓားတစ်စင်းအဖြစ် ခံငြားသော အခါ သူ့ကို ငုံထားမည့် ဓားအိမ်ကလေး ဖြစ်လိမ့်မည်ဟု တဖက်သက် အတွေးဖြင့် အိပ်မက်ကလေးတွေ နူးညံ့ခဲ့ဖူးသည်။ ကိုယ်မတွက်တတ်သည့် ပုစ္ဆာတွေ သူပေးခဲ့ လိမ့်မည်ဟု ကိုယ်မထင်ခဲ့သည့် ကြားမှ ခါးသက်သည့် ၀ိုင်တစ်ခွက်ကို သူဖန်ဆင်းခဲ့သည်။ လေပြင်းများခြွေပြီး တိမ်ညိုများ အရည်ပျော်စေခဲ့ သည်။ အိမ်ထဲတွင် ရွာသောမိုးတို့ သည်းစေခဲ့သည်။ ကိုယ်သည် လက်ကိုင်ကိုင်း ကျိုးနေသော ကော်ဖီခွက်ကလေး ပမာ တင့်တယ်မှုတို့ ပျက်သုဉ်းခဲ့ပေပြီ။ မကြာမီ ထိုမိုးများ တိတ

စာရေး၊စာဖတ် နှင့် ဘာဘာညာညာများ

Image
အလုပ်ထဲမှာ စာရေးရင်လည်း computer နဲ့ရေးလိုက်တာပဲ။ မှတ်စရာရှိရင်လည်း ဒီလိုပဲ Drive တစ်ခုခုထဲမှာ ထည့် သိမ်းထားလိုက်တာပဲ ပေါ့။ လိုအပ်မှPrint ထုတ်စရာတွေကို ထုတ်ရသလို စာအုပ်တွေ၊ွမှင်တံတွေနဲ့ဝေး ခဲ့ရတာကြာပေါ့၊ အလုပ်ထဲမှာကျတော့ စာဖတ်ချိန်လည်းမရှိဘူး စားရေးဖို့ကျတော့လည်း လူတွေကြားထဲမှာမို့လွတ်လွတ်လပ်လပ် မတွေးနိုင်မရေးနိုင်၊ စာလေးဖတ်ဖို့ ပိုက်ဆံမကုန်သော်လည်း အလကားမရတရဖြစ်နေတဲ့ အင်တာနက်က အစ်ကိုအစ်မတွေရဲ့ စာတွေဖတ်ဖို့ စိတ်အေးလက်အေး မဖြစ်ပြန်ဆိုတော့ အခက်သား၊ ဘလော့ဂ်တစ်ခုက စာတစ်ပုဒ်ကို နောက်ဆံမတင်းဘဲနဲ့ဖတ်ဖို့သီးခြား အင်တာနက်ကဖေး တစ်ခုကိုသွားဖို့ပဲ ရှိတယ်၊ စာဖတ်ပြီဆိုမှတော့ တစ်နာရီလည်း ကြာချင်ကြာမယ် နှစ်နာရီလည်း ကြာချင်ကြာမယ် စိတ်သွားတိုင်း င၀ိုင်းက မပါဆိုသလိုပေါ့ အကောင်းဆုံးကတော့ ဖတ်ချင်တာ၊ ဖတ်ချင်စရာတွေကို Print ထုတ်ပြီး အိမ်မှာ အေးအေးဆေးဆေး ဖတ်ဖို့ပဲစိတ်ကူးမိတယ်။ တစ်ချို့ဘလော့ဂ်က ဖတ်ချင်တာတွေ ဖတ်ချင်စရာတွေ ရမ်းသရူးဖတ်ရတာလည်း အားမလိုအားမရ ဖြစ်မိတယ်။ ဒါပေမဲ့လည်း တစ်နည်းနည်းနဲ့ ဖြေရတာပေါ့။ အင်တာနက်မှာဆို စာအုပ်ဆိုင်လိုတော့ပင်းပန်းစရာ မ လို ကိုယ်ဖတ်ချင်စရာရှိတဲ့ဘလောဂ့်ကို Book mark လုပ်ထားပြီး

Centuries

Image

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

အချိန်က ညနေစောင်း၊ ၁၂၄ ကားကိုစီးရင်း ကျွန်တော်မျက်ရည်ဝဲနေမိသည်။ ဖြစ်ရလေဟု ကိုယ့်ကိုယ်ကို ယူကြုံးမရ ။ ကြိုစားထားတာတွေ၊ ချွေးပြန်ခဲ့တာတွေ၊ လေထဲလွင့်မျောတော့မှာလား။ စိုးရိမ်စိတ်တွေနဲ့အတူ ချစ်သော၊ ခင်သော မောင်နှမရင်းချာများကဲ့သို့ ကျွန်တော့်အပေါ် နွေးထွေးခဲ့သော သူငယ်ချင်းများနှင့် ဝေးရမည်ကို တွေးမိပြီး မျက်ဝန်းအိမ်မှ မျက်ရည်များ လျှံတက် နေမိသည်။ ……………………………………………………………………………………………………………………………………. လွန်ခဲ့သောတစ်လလောက်က စ၍ သူငယ်ချင်းခုနှစ်ယောက် တိုင်ပင်၍ အားနည်းသော ဘာသာရပ်အတွက် ကျူရှင်တက်နေလျှက် စာအသင်အပြကောင်းသော ဆရာမ အရင်းတစ်ယောက်ကိုဂျီကျကာ ထိုဘာသာရပ်အတွက် သူငယ်ချင်းတစ်ယောက်အိမ်တွင် ၀ိုင်းသင်ပေးဖို့ပြောခဲ့သည်။အရင်နှစ်တွေက တစ်ပည့်ဟောင်းများဖြစ်သည်က တစ်ကြောင်း၊ ကျွန်တော်တို့ဧ။် အခက်အခဲများကိုသိမြင်ကာ ကိုယ်ချင်းစာနာ၍ ဆရာမက စေတနာထားသည်က တစ်ကြောင်းကြောင့် သူငယ်ချင်းဧ။် အိမ်တွင် ကျွန်တော်တို့ဝိုင်းသင်ဖြစ်ခဲ့သည်။ အထူးပြုဘာသာရပ်တွင် ကျွမ်းကျင်သော ဆရာမဧ။် သင်ကြားပြသပေးမှု့များသည် စာသင်ကြားမှု့ကိုရသမြောက်စေခဲ့သည်သာမက ကျွန်တော်တို့ကို ထိုဘာသာရပ်အတွက် ယုံကြည်မှု့များရလာအောင် ဖြစ်စေခဲ့ရသည်။ စာမေးပွဲကြီးစလြေ

Gtalk အရှုပ်များ

ခုတစ်လော အနီးနားတစ်ဝိုက်(ကျွန်တော်ထိတွေ့ပတ်သက် ဆက်ဆံရတဲ့ပတ်ဝန်းကျင်) မှာ ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေ ပေမဲ့ မြင်ပြင်းကပ်စရာ ဖြစ်လာတာလေးတွေ သိနေကြားနေရတယ်။ တစ်ခြားတော့မဟုတ်ဘူးဗျ။ Gmail , Gtalk နဲ့ပတ်သက်တာတွေပါပဲ။ ဒီမှာကလည်း ဒီကိစ္စပဲ ဖြစ်စရာရှိနေလားမသိဘူး။ ခဏခဏဆိုသလိုတော့ ကြားနေရတာပါပဲ။ အများစုက မနက်မိုးလင်းတာနဲ့ Google ကိုအားပေးကြရတာဆိုတော့ အချင်းချင်း တွေ့လို့ နှုတ်ဆက်ရင်တောင် Google Morning, Google afternoon, Google evening ဆိုပြီးတော့တောင် နှုတ်ခွန်းဆက်ရမယ့် ပုံပဲ။ ထားတော့။ ပြောချင်တာက အဲ့ဒါမဟုတ် User တွေအကြောင်းပဲ။ အများစုက လူငယ်တွေကြားမှာ ကြားရတာ။ ၁၇၊ ၁၈ ကနေ ၂၀ကျော်တွေထိ ဒါမျိုးတွေက တစ်ချို့တစ်လေမှာ ဖြစ်နေကြ။ ဘာတွေအရူးထကြမှန်းမသိ မလိုအပ်ပဲ သမီးရည်းစားအချင်းချင်း Gmail Password အပြန်အလှန်ပေးတဲ့ ကိစ္စပါပဲ။ တစ်ချို့ ကြတော့လည်း ကောင်းလေးတွေက ချစ်ချစ်လေးတွေကို မျက်နှာသာရအောင် password ပေးထားကြတတ်သေးတယ်။ ကောင်လေးတွေတင်ပဲမထင်နဲ့နော်။ တစ်ချို့ကောင်မလေးတွေ ကလည်း အဲ့ဒီ့လိုမျိုး လုပ်တတ်သေးရဲ့။ ရိုးသားတယ်ပေါ့။ မဟုတ်တာဘာမှ မလုပ်ဘူးပေါ့။ မင်းမှမင်းပဲပေါ့၊ မင်းတစ်ယောက်သာပေါ့ ( သီချင်းခေါင်းစဉ်ရွတ်ပြတာ မဟ

နှင်းကဗျာ

. နှင်းတွေဝေလွှမ်း၊ နှင်းလမ်းမမှာ နှင်းပန်းပွင့်ခိုက်၊ နှင်းလှိုက်မောဖွယ် နှင်းတောလျှောက်စဉ်၊ နှင်းချင်ဘ၀ နှင်းလ၀ယ်ဖွား၊ နှင်းကညာအား နှင်းကဗျာငယ်၊ နှင်းချင်သော်ငြား နှင်းပြင်ကြားမှာ၊ နှင်းသာတိုးဝေ နှင်းလေတိုးတိုက်၊ နှင်းများခိုက်ကာ နှင်းခိုက်တုန်ချမ်း၊ နှင်းလမ်းကလည်း နှင်းထဲလွမ်းဖို့၊ နှင်းကြမ်းခဲ့သည် နှင်းလွမ်းပန်းချီ၊ နှင်းပန်ချီတည့်။ ။ ကိုဂစ်တာ

အကြည်ဓါတ်လေး

. အဆိုတော် ထူးအိမ်သင် ရှိတုန်းက သူ့အင်တာဗျူးတစ်ခုမှာ ပြောတာလေး တစ်ခုကို ပြန်လည် အမှတ်ရနေမိပါတယ်။ သူပြောတာလေးက တစ်ကယ်လက်တွေ့ ဖြစ်မှ ပိုမိုမှန်နေတာကို သတိပြုမိပါတယ်။ “သီချင်းပဲရေးရေး ကဗျာပဲရေးရေး အကြည်ဓါတ်လေး တစ်ခုရှိနေမှ ” တဲ့လေ။ သူဆိုလိုချင်တာကို အဲ့ဒိတုန်းကတော့ ယောင်ယောင်လေးပဲ သိလိုက်တာ။ သူပြောတာက တစ်ကယ် ဟုတ်မှန်း ခုတစ်လောမှာ မှ တစ်ကယ် သဘောပေါက်တော့တယ်။ အဲ့ဒီ့ အကြည်ဓါတ်ဆိုတာကိုလည်း ဘာကိုဆိုလိုချင်မှန်း တိတိပပ သိရတော့တယ်။ ခုတစ်လော ညဘက်တွေ ဆိုရင် အေးအေးချမ်းချမ်းနဲ့ စာရေးမယ့် သူတွေအတွက်တော့ တစ်ကယ့်ကို အချိန်ကောင်းပဲ ဒီဇင်ဘာ ရောက်ပြီဆိုပေမယ့် သိပ်လည်းခိုက်ခိုက်တုန်အောင် ချမ်းနေတာမျိုးမရှိဘူး။ တစ်ကယ့် နေထိုင်ကောင်းတဲ့ ရာသီဥတုပဲ။ စိတ်ထဲမှာ တွေးမိတာလေးတွေ ၊ ရေးချင်တာလေးတွေ ရှိနေပေမယ့်လည်း တစ်ကယ်တမ်း ချရေးမိတော့ ပထမ တစ်ပိုဒ် နှစ်ပိုဒ် မှာတင်ပဲ ဖီလင် က အောက်သွားတယ်။ ဆက်မရေးချင်တော့ဘူး။ ဆက်ရေးချင် လောက်အောင်ကို စိတ်က မသွားတော့ဘူး ဖြစ်ဖြစ်နေမိတာပေါ့။ အရင်တုန်းက စာအုပ်တွေထဲမှာ ဆရာ့ဆရာတွေ ပြောစကား အရ စာရေး တတ်ချင်ရင် စာရေးနေမှဖြစ်မယ်။ ဘာပဲဖြစ်ဖြစ်၊ ဘယ်အကြောင်းအရာပဲဖြစ်ဖြစ်

ဆင်ခြင်ပါ။

. စိတ်ဓါတ်က ချိတ်အပ်လောက်နဲ့ အိတ်ကပ်ထဲ မာနပြည့်လျှံ ပကာသနအထိပ် မာန်တက်လို့ လန်ထွက်နေပြန်။ ရန်ဖက်တွေ နှံသမို့လည်း ဟန်မပျက် လေထန်ဆဲပေါ့ ဟေ… အကြံရဲလှတယ်… အဖေပြန်လည်း တိုင်မတဲ့ဟ…။ မသွေအမှန်ပဲ မချေမငံနဲ့ ဝေ… အသံလည်း အန်ထွက်စရာတွန်တယ်။ ရွံတယ်လေ့ ကွယ်…..။ ဟင်…မစွံတယ် ဟေ့ နင်ဓလေ့ မလည်သေးရင်လည်း သွန်သင်မယ် ဟေ့ လာခဲ့ပါကွယ်…။ တွေ့လာတဲ့ တစ်လျှောက်လုံးလည်း ခလောက်ထုံးနဲ့ မူယာကြွယ်… လူတစ်ကာရယ် မနှေးတွန့်တယ် ခလေး…ဟွန့် …ဆိုးတယ် ဘလက်ဒီဖူးလ်း။ ဆက်ဆီ ရူးနေလိုက်တာကွယ်… မသတီဘူး ဟေ့ အမိုက်နှာ ထပါဘိ လိုက်နာကြည့် အသိမှာ တစ်ခါပြောမယ်… မြန်မာရော ဟုတ်ပါရဲ့လား။ ငါသဘော ပြောမယ် အဟုတ်နာကွယ့် ကြား မရှုပ်ပါနဲ့ အလုပ်မှာလည်း လှပါစေ.. ထုတ်ကာတဲ့ မာနလည်းပြရင် ဟာ…ခဏပဲတရအောင်သာ ဟာသ ပဲ လှောင်ရအောင်ပေါ့။ မောင်က ပျော့မယ် ကြံပေမယ့် ရှောင်မရတော့ လှန်မိတာပေါ့ အကြံမပိရိရင် ဒါဏ်အပြည့် ငြိမယ် သံမဏိရိုးသားမှု့ ဆက်လှမ်းပါကွယ်။ အခက်ကြမ်းကြမ်း အတတ်တွေနဲ့ ရှက်ရမ်း ရမ်းတာ ပဲခက်တယ် အဟက်… အရမ်းလည်း အပြတ်သာ မနပ်သေးပဲ ဗြူး။ အဲ…မနူးမနပ်နဲ့ ဘီလူးဇာတ် ခင်းချင်သပ ဆိုလည်း ဗြူးဗျတ်နဲ့ မရ။ အရူးမှတ်ရင်တော့ နဖူးတော့ ပလာစတာအသစ် ရောက်မယ် Do not proud. Lit

ဂျနီဖာအက်နက်စတန် ဂွီလာမိုးမြင့်သူ သို့...ပေးစာ

ဒီးရားဖရန့်စ် ဂျနီဖာအက်နက်စတန် ဂွီလာမိုးမြင့်သူ အိုင် သတိတရနဲ့စာရေးလိုက်ပါတယ်နော်။ ဒီလို ဒက်ဇန်ဘာ မနက်ခင်းမှာ ဟိုးအတိတ်က မင်းနဲ့အတူ မနက်ခင်းတွေ လမ်းလျှောက်ရင်း ပျော်ခဲ့ကြတာတွေကို သတိရမိတယ်။ အိုင်ခန်နဲဗား ဖော်ဂတ်ယူ ဂျနီဖာာ ….။ မင်းဆီငါစာရေးသာရေးရတာ အိုင်ဒုန်းနိုး ၀ှတ်ထူထဲလ်ယူ ပါပဲ။ နာ့ဒ်သင်းစပါ့ရှာယ် ထူဆေးယူ ပါကွာ။ ငါ့အကြောင်းနည်းနည်းပါးပါပဲ ပြောတော့မယ်။ တူဒေးမောနင်း မှာ ဘရိက်ဖတ်စ် အတွက် မြန်မာထရိတ်ဒီရှင်နော်ယ်ဖုဒ်ထ် ဖြစ်တဲ့ မုန့်ပျားသလက်နဲ့ မုန့်စိမ်းပေါင်း စားဖို့ အိုင် တို့ ဖန်မလေီ က ဒရောအတန်းရှင်းန် လုပ်ထားတာပေါ့။ ဘတ်တ် ဒါပေမယ့်လေ… အန်ဖော်ကျူနိတ်တလီး ပါပဲ။ တူဒေးမောနင်း ကျမှ မုန့်စိမ်းပေါင်းသယ်ရော။ မုန့်ပျားသလက်သယ်ရောက မထွက်ဘူး။ အဲ့ဒါနဲ့ပဲ ဘရိက်ဖတ်စ် အတွက် ဘာစားကြမလဲ စဉ်းစားကြရင်းက မစားတာ အတော်လေးကြာပြီဖြစ်တဲ့။ နူဒယ်ဆာလက် ကို စားကြဖို့ဆုံးဖြတ်လိုက်တယ်လေ။ ဒါနဲ့ အိမ်နားက ဈေးမှာရောင်းတဲ့ မစ်(စ်)မူမူ ရဲ့ ဆိုင်ကနေပဲ ၀ယ်ပြီးတော့ တစ်အိမ်လုံးစားဖြစ်တယ်။ သူ့လက်ရာကတော့ တစ်ကယ့်ကို အိတ်ဆဲလဲန့် ပဲ။ အရောင်းအာဝါ၀

" ဟေ...? "

တော်လိုက်တာကလည်း အရမ်းပဲ ဂေါ်လိုက်တာကလည်း လန်းတ ယ် အတော်ဖိုက်တာပဲ ဆော်လိုက်တဲ့တော်ကီနဲ့ တော်ပြီတဲ့ ကိုယ့်ဘ၀ နဲ့ကိုယ်ဆိုပါလား တို့နှမအခိုက် ဆိုစကားက မိုက်တယ် ဟိုက်!!! အော်... ဘယ်လိုများတော်နေတာလဲကွယ်။ အတော်လေတာလည်း ရှက်စရာတဲ့ ညှော်နေတာလည်း မဆက်ပါနဲ့တဲ့ ဂေါ်နေတာပဲ သက်တ ယ်ပေါ့လေ ရှက်တယ်ပေါ့လေ အင်တာနေရှင်နယ် အမြင်ဆက်လို့ အကြင်နာတွေအစဉ်ပျက် မမြင်တာတွေကျဉ်လျှက်သာပဲ နင်ဟာလေ အင်ဖ က်ပါပဲကွ ယ်။ ဟင် ...ခက်တာပဲဟယ် ရင်အယှက်အနွယ်တွေအရှုပ်အထွေးမမြင်သူ အစဉ်ကိုသင်တဟူတည်း ဟင် ...သူပဲ ရင်ပူသလားပြော ဂျင်အဖြူပေါ် ထုံးသုတ် တာလောက်ပဲရှိပါတယ်။ သိသာအောင် ငပိဆာေ လာင်တယ်လို့အော် မချိသာသယောင် အတိသာအမှောင်ကျနေလို့လား ဟေ?။ ဘ၀တွေ ဆိုစကားတွေ အလှေ တွ ငိုထားလို့ကြွေ နှမရေ ပို သလားလို့လေ...။ PS-(ဤကဗျာမှ အနီရောင်ချယ် ထားသော နေရာမှ စာလုံးမျာကို J-me သံနှင့် အသံထွက်၍ဖတ်ပါ)

ပျစ်ပျစ်နှစ်နှစ်

Image
ဒီမှာဂစ်တာ မင်းအကြောင်းပြောရမှာ ငါသိပ်ရှက်တယ်။ မင်းလိုပိန်းတိန်းတိန်း ဖြစ်နေတဲ့ကောင်မျိုးကတော့ ဒီလောကမှာတော်တော်ရှားမှရှားလို့ပြောလို့ရတယ်။ မင်းပြောလိုက်ရင်လည်း အရည်မရအဖတ်မရနဲ့၊ လုပ်လိုက်တော့လည်းသောက်တစ်လွဲ ပေါတောတောအလုပ်တွေချည်းပဲ။ တစ်ခုခုဆိုရင် အူတူတူနဲ့ ဘာမှကို အက်တစ်ဖ် မဖြစ်ဘူး။ ဘာသိလဲဆိုတော့လည်းဘာမှသိတာမဟုတ်ဘူး။ ဒါတောင်မှ တစ်ခါတစ်ခါ ထပြီး ကြောင်တောင်တောင်လုပ်သေးတယ်။ တစ်ကယ်တော့ မင်းက ဘာမှအနာဂတ်ရှိမယ့်ကောင်မဟုတ်ဘူး။ မင်းကိုယ်မင်းစဉ်းစားဟေ့ကောင် မင်းကိုယ်မင်းသိဖို့လိုပြီ။ မင်းမှာဘာအစွမ်းအစရှိလဲ၊ပြောလေ။ ဘာမှကြီးကြီးကျယ်ကျယ်မလုပ်နဲ့ဦး။ မင်းကိုယ်မင်းပဲ၊ လူရည်လည်အောင်လုပ်ပါဦး။အထာနပ်အောင်လုပ်ပါဦး မောင်ဂစ်တာရယ်။ မင်းကမင်းကိုယ်မင်းသိပ်ဟုတ်လှပြီထင်နေလား။ ဟားဟား..ရယ်ရတယ် ဂစ်တာ။အနည်းဆုံးမင်းက သူများနဲ့ရန်ဖြစ်တာတောင် အမြဲခံနေရတဲ့ကောင်။ အဲ့ဒါနဲ့များမင်းဘယ်သူ့ကို စိုးမိုးနိုင်လိမ့်မလဲ။ မင်းသိဖို့က မင်းကိုယ်မင်းဝမ်းစာပြည့်အောင်မလုပ်ရင် မင်းဘ၀က ဒေါင်းမှာပဲ။ အဲ့ဒါမသေမချင်းမှတ်ထား။ မင်းကတော့လေ တစ်ကယ့်ကို ငပေါပဲ။ မင်းကဘာသိသေးလို့လဲ အချစ်ဆိုတာကိုမင်းက ကိုးကွယ်ချင်လို့လား။ နိုးပဲ။ တစ်ကယ်တော့ ဘယ်သူမှအ

ထိုင်ခုံလေး

Image
. ထိုင်ခုံလေး က ရေကန်လေးရဲ့ အနီးအနားမှာ ရှိတယ်။ ရေအိုင်လေးကလည်း မကြီးမသေး အရွယ်တော်… ကန်စပ်မှာ တစ်ခါတစ်ခါ တက်တက်လာတတ်တဲ့ ခရုပေါက်ကလေးတွေ က ဟိုနားဒီနား…။ ရေအိုင်လေး ထဲမှာက ကြာဖြူ၊ ကြာနီလေးတွေ မရှိပေမယ့် ကြည့်လင်တဲ့ရေပြင်ကို ရေအိုင်လေးက ပိုင်ဆိုင်ထားမယ်။ ရေပြင်ထဲမှာ လှိုင်တွန့်ကလေးတွေနဲ့ လေပြေလေးများ လျှပ်ပြေးလို့။ “လေပြည်လေး” မှာက သဘာဝရဲ့လတ်ဆတ်တဲ့ အင်အားတွေပါတယ် မြို့ပြယဉ်ကျေးမှု့ရဲ့ ရှားပါး တဲ့ ဖြူစင်မှု့ပါတယ်။ ဖြူစင်တဲ့လေပြေ၊ ရှင်သန်ခြင်းလေပြေ…။ လူလစ်တုန်း သွေးခွဲမယ့် လေပြေတော့ မဟုတ်ခဲ့ဘူး။ လေပြေလေးက လျှပ်ပြေးလို့ လှိုင်းတွန့်ကလေးတွေ တွန့်လူးကာ ကမ်းစပ်ကို အပြေးကလေးသွားရင် ကမ်းစပ်က ထိုင်ခုံကလေးက အမြဲတမ်းငေးနေကြ။ ဒါက နိစ္စဒူဝပေါ့။ တစ်ခါတစ်လေ ကမ်းစပ်ပေါ်တက်လာတဲ့ ခရုငယ်လေးတွေက ထိုင်ခုံလေးရဲ့ခြေထောက်ကိုလာပြီးဖက်တွယ် ထားတတ်သေးရဲ့။ ထိုင်ခုံကလေးကတော့ သွားပါလည်းမပြော လာပါလည်းမပြော ငြိမ်နေတာပဲလေ…။ ဒီရေကန်လေး၊ ရေပြင်နဲ့၊ ထိုင်ခုံလေးနားမှာ ဖြူ၊နီ၊ပြာ၊၀ါ ရောင်စုံတဲ့ ပုံပြင်လေးတွေလည်း ရှိချင်ရှိခဲ့မယ်။ထိုင်ခုံလေးက ဘယ်လိုပုံစံလေးလဲ အဖြူလေးလား၊ အပြာလွင်လွင်လေးလား၊ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ထိုင်ခုံလေးက တစ်ယောက

"အလွမ်းပန်းဖြူ"

. အချစ်မှာအပြစ်ရှာပြောတတ်ရင် ပေါပါဘိသနဲ့ ကြည့်မရအပြစ်မြင်ကာ ချစ်ချင်တာတောင်မှ အပြစ်ဆင်ကာဖုံး လုံးလုံးမုန်းလိုက်မယ်။ အပြုံးတစ်သိုက်နဲ့ မသုံးထိုက်တဲ့အမုန်းတွေကို သုံးနေဖို့မလိုတဲ့အခါ ငိုမဲ့အရာတွေကိုတောင် ယောင်လို့ပြုံးမိတယ်။ သုံးမိတဲ့အပြုံးတွေနဲ့ အဆုံးလေရှာမတွေ့တဲ့အခါ နုံးနေငါမချိတဲ့အဖြစ်ကွယ့် အချစ်နဲ့တစ်နေ့မှာတွေ့မလား မမေ့အားတဲ့ဘ၀မှာ ညဟာလည်းအမြဲပဲမှောင်နေလေရဲ့ ရှောင်ပေမဲ့တားမရခဲ့ များလှတဲ့ဒါဏ်ချက်တွေမှာ အခါခါလဲကျ ငါသာပဲဘ၀ဟာခါးသလားကွယ်။ ဒါဟာလည်းအမှားပါပဲ.. သကြားမပါတဲ့ ကော်ဖီတောင်မှ အလှဆိုတာရှိရဲ့ ငါမသိတဲ့အပျော်တွေဟာ တော်ရာမှာပုန်းရော့ထင်...။ အဆုံးမဲ့တဲ့မျှော်လင့်ခြင်းတွေနဲ့ အတော်အသင့်တော့ရင့်ကျက်ခဲ့ပါပြီ။ သင့်အတွက်မနက်ဖြန် ဆက်ရန်ရှိသေးသည်လို့ ကိုယ့်ကိုယ်ကို အားပေး စကားလေးတွေပြောနေမိတယ် သတိရယ်မပြတ်ပဲ ထပ်တလဲ လဲမကျစေဖို့ ဝေလို့ပွင့်လာတဲ့ ဇီဇ၀ါအဖြူတွေနားမှာ ရနံ့ရှိုက် အခိုက်အတန့် အလွမ်းတွေကို ပန်းလိုသဘောထား ဘုရားမှာလှုလိုက်ပါတယ်။ ။

The Gril Who Called "Seng"

. I do. I understand what the meaning of my Beats is. In that instant, I had been met the some things that I had never been meet. Strawberry lips? No! Angel? Not! But everything I had been wanted are beside her. No one is noticed. She was already signing in on my heart.

It makes me please

. During last couple of weeks I have happened to think that it’ll be nice if I add the classic poem that I like and printed on my heart on the side bar of my blog. So, everyday I recalled my memories to remember a poem. I am sure that I can rap the whole poem perfectly. But, you know? I don’t remember the title of it. It’s actually not a problem. Yeah! Coz I can add the body of poem on the side bar. But don’t wanna do like that without title. One day, @ night, I was being turned the pages of book-2006-07 issue of Yangon University. Being turned, I have noticed an article written by English version. But when I went on to second page, I have been happy and pleased too much. Coz I have found something that the poem I was being searched. Do you know how happy I am? The name of Poem is “Rose Flower”. It expresses the love and adoration of a farmer upon his beloved girl friend. And it also show his broad mind and not only good nature but also his consideration for his honey. This poem is w

အစ်ကိုသို့ ပေးစာ

. အစ်ကို... သတိတရနဲ့စာရေးလိုက်ပါတယ်။ အစ်ကို ကျန်းမာရဲ့လား။ အခုရက်ပိုင်းမှာ ရာသီဥတုကလည်းအပြောင်းအလဲလေး ဖြစ်တော့ ကျွန်တော်တောင် ကျန်းမာရေးကို အထူးဂရုစိုက်နေရတယ်။ ဆောင်းဝင်လာပြီဆိုတော့ ညနေပိုင်းဆို ဆောင်းလေကလေးက အေးပါဘိနဲ့။ အနွေးထည်ထူထူလေးတွေဝတ်ပြီး လမ်းလျှောက်နေကြတဲ့ လူကြီးလူငယ်တွေကလည်း အများသားလား။ ဒီအချိန်ဆိုရင် အတွေးတွေကလည်း ဘာရယ်မသိ။ ဟိုကို သတိရသလို ဒီကိုသတိရသလို နဲ့ အတွေးတွေကလည်း ဟိုသည် ပျံဝဲနေတတ်တာပေါ့ အစ်ကိုရယ်။ မနေ့ကပေါ့။ ညနေပိုင်း အိမ်ရှေ့မှာ ထိုင်ငေးနေရင်းနဲ့ ဒီလိုဆောင်းတွင်းက အကြောင်းလေးတစ်ခုကို ပြန်ပြီး သတိရမိတယ်။ ကျွန်တော်တို့မြို့ရဲ့ အထင်ကရ ဈေး တစ်ခုမှာပေါ့။ အဲ့ဒီ့တုန်းက ကျွန်တော် အထက်တန်းကျောင်းသား ပဲရှိဦးမယ်။ ကျွန်တော်ရယ်၊ သူငယ်ချင်းတစ်ယောက်ရယ် ညနေပိုင်းလျှောက်လည်ကြရင်း နဲ့ အဲ့ဒီ့ဈေးက ဆိုင်တစ်ဆိုင်မှာ အင်္ကျီ တွေလျှောက်ကြည့်ဖြစ်တယ်။ အဲ့ဒီ့ဆိုင်ထဲက အင်္ကျီတစ်ထည်ဟာ ကျွန်တော့်ကိုအတော်လေး အကြိုက်တွေ့ စေတယ်လေ။ လိုတော့ လိုချင်တာပေါ့။ ၀ယ်လည်းဝယ်ချင်ပါတယ်။ ဒါပေမယ့် ပိုက်ဆံက အဲ့ဒီ့အင်္ကျီဖိုးလောက်တော့မပါဘူး။ ရောင်းတဲ့ မိန်းမကလည်း ရွှန်းရွှန်းဝေနေအောင် ပြောတယ်။ သို့သော်လ

အိုး ဋီကာ

. အိုးဆရာတဲ့ဗျ အိုးတစ်ကာကို မရိုးသာအောင် သတယ် အိုးတွေက လှတယ်လေ နှမငယ်ရေ ပြချင်တယ် ဟ…ဘ၀င်မယ်ကျစေမှာပဲ…။ မလှချင်လည်း လှရမှာပဲပေါ့ ဘ၀အစဉ်သာ အိုးတွေကြားထဲ ရိုးလေမသွားပဲ အိုးတွေများ အမြဲထိုင် သလို့ရယ် ဆွဲကိုင်ထား ရွှံ့စေးရယ်နဲ့ မတွန့်သေးပါ တောင်မြေ ကို စပ်ပါလို့ ပါးစပ်က တေးကိုနှော့ ပျော့ပါတဲ့ အိုးလည်း မာရမယ်။ ချော့ကာတဲ့ သတယ် မမှားရအောင် လက်ဝါးလေး ဆ” ကာ ဆ” ကာနဲ့ လှလာတဲ့ အိုးကလေးက အသက်ဝင်တယ် လက်ဝင်တယ် အမျိုးမျိုးနဲ့ အိုးဒီဇိုင်း မဆိုင်းပဲထုတ်ပါတယ်။ အဟုတ်ပါကွယ် အိုးအစိုလေးကို လ နေရောင်မခံမိစေရ တဲ့ သဘာဝအတိုင်း ခြောက်စေတယ် နောက်..လေကွယ် အိုးအရိုင်းကို တစ်မျိုးတစ်ဆိုင်း ထပ်တိုးကာ မညှိုးပါ အိုးမှာနီစွေးလို့ အဟုတ်လှအောင် ဖုတ်ရတယ်ကို။ ဟုတ်ပါ့ကွယ်…အဖုတ်ကောင်းလှချည်ရဲ့ တုတ်ချောင်းများ ထည့်ကာခေါက်ရင် လွင်ပါတဲ့ အသံချိုလေးဆောင်တယ်…. အို… ဒေါင်ဒေါင် ရယ်မြည်။ Ps- ညဖက်အလုပ်ကအပြန် MRTV4 ကြည့်နေရင်း အိုးလုပ်ငန်းအကြောင်း အစီအစဉ်လာတာနဲ့ ရေးဖြစ်သွားတာလေးပါ။

နိဗ္ဗာန်ဈေး

. လွန်ခဲ့တဲ့ ၁ လ အလိုလောက်ကတည်းက သူငယ်ချင်းနှစ်ယောက် တိုင်ပင်နေခဲ့တာ…နိဗ္ဗာန်ဈေးပွဲတော်လေး ကျင်းပနိုင်ဖို့ပေါ့။ မနှစ်က ဒီအချိန်တုန်းက ရပ်ကွက်ထဲမှာ မထင်မှတ်လောက်အောင်ကို လူတွေများပြားလိုက်တာ… ကျွန်တော်တို့တစ်မြို့လုံးမှာ ကျွန်တော်တို့လမ်းမကြီးမှာ လူအများဆုံးလို့ထင်မိတယ်။ အဲ့ဒီ့တုန်းက အဖေက သူ့ရုံးက အဖွဲ့တွေနဲ့ ကျိုက်ထီးရိုးသွားတာ ပြန်ရောက်တဲ့နေ့မှာ က ပွဲတော်လုပ်နေပြီ လမ်းထဲလည်းဝင်ရော လူတွေအများကြီးတွေ့တော့ ဘာဖြစ်တာလဲဆိုပြီး လန့်သွားသေးတယ် လို့ပြောလို့ ကျွန်တော်တို့တွေရယ်ခဲ့ရသေးတယ်။ အဲဒီတုန်းက စည်တာများ အံတောင်သြယူရတယ်။ စည်မှစည်။ များမှ များ။ လူတွေ လူတွေ ဘယ်က ရောက်လာမှန်းတောင်မသိဘူး။ အနောင်ဆာက လော်နဲ့အော်လို့အော်။ ဂိတ်ပေါက်ဝက လက်မှတ်ပေးတဲ့သူကလည်း သူ့လက်မှတ်အိတ်ထဲ နှိုက်မသွားအောင် ထိန်းလို့ထိန်း၊ လူတန်းကြီးထဲမှာလည်း ကလေး၊ လူကြီး၊စုံလို့ပဲ။ ပိစိကွေးတွေရော၊ မကြီးမငယ်တွေရော၊ လူပျိုပေါက်တွေရော၊ ကောင်မလေးတွေရော၊ အဒေါ်ကြီး၊ ဦးလေးကြီးတွေရော တန်းစီနေကြတာ ဆူညံလို့ရယ်။ လက်မှတ်ဝေတဲ့ လူနားကိုရောက်ဖို့က တော်တော်နဲ့မရောက်နိုင်ဘူး အလယ်မှာ လူနှစ်ယောက်တွဲ သုံးနေရာလောက်ကိုဖြတ်ရသေးတာ။ တစ်ဆိုင်းတစ်ဆ

ချစ်သူ အလှဖွဲ့

Image
ကျေးဇူးပြု၍ အသက်ပြင်းပြင်းလေးတောင် မရှူပါနဲ့…. အများတစ်ကာတွေကြားမှာ ဟားစရာတွေကြားရင်တောင် မမြင် မကြားချင်ယောင် ဆောင် ယောင်လို့တောင် မရယ်မပြုံးပါနဲ့ ကြယ်အလုံးပေါင်း မရေနိုင်တော့တာမို့ လုံလောက်ပါပြီကွယ်။ နှုတ်ခမ်းနီကို အညိုရောင်ဆိုးနော် သနပ်ခါးကိုလည်း ဘဲကြားလိမ်းပါ ရက်ပ်ပါတွေလိုပဲ ၀တ်ပြီး ဖြစ်နိုင်ရင်.. ပြေးပြေးလွှားလွှားလည်း မလုပ်မိပါစေနဲ့နော် ရင်ခုန်သံတွေ ချွဲပစ် ရင်ထဲမှာစစ်တိုက်နေတာ ငါပဲဖြစ်ပါရစေ…။

အဖေ ရက်စက်တယ်...

. အဖေ့ရဲ့အိမ်တွင် ကျွန်တော်တို့မောင်နှမတစ်သိုက် နေခဲ့ရသည်မှာ ကျွန်တော့်တစ်သက် အနှစ်နှစ်ဆယ်ပင်ကျော်ခဲ့လေပြီ။ အဖေ့အိမ်တွင် အဖေ့ တစ်ချက်လွှတ်အမိန်များ နှင့် ကျွန်တော်တို့မောင်နှမများသည် အဖေ့ကို ချစ်၊ ကြောက်ရိုသေစွာဖြင့် သိုသိုသိပ်သိပ်နေခဲ့ သည်မှာ အဖေ့ကို ချစ်၍လည်းကောင်း၊ ကြောက်၍လည်းကောင်း၊ အဖေ့အလိုအရ လိုက်နာသမှု ပြုလုပ်ထားရသော်လည်း ဤသည်မှာ အကောင်းထက်အဆိုးကိုသာ ရည်ရွယ်သလိုဖြစ်နေရပါသည်။ ကျွန်တော်တို့မောင်နှမများ ထဲတွင် ကျွန်တော်အပါအ၀င် နှစ်ယောက်သုံးယောက်သည်ပင် တက္ကသိုလ်ကျောင်းသားကျောင်းသူများ ဖြစ်နေသည့်တိုင် အဖေသည် အလွန်ပင် ချုပ်ချယ်လွန်းရာကျသည်ဟု ကျွန်တော်ဆိုချင်ပါသည်။ ကျွန်တော်တို့သည် ကျောင်းမှအပြန် ဆိုက်ဘာကဖေးတစ်ခု တွင် အဝေးရောက်သူငယ်ချင်းများနှင့် တွေ့ချင်၍အင်တာနက်ဝင်သုံးနေကြောင်းအဖေ သိသည့်အခါ အဖေက မင်းတို့ ပိုက်ဆံနဲ့အချိန်တွေသိပ်ဖြုန်းတာပဲ ဘာမှလည်းဟုတ်တာမဟုတ်ဘဲနဲ့ဟု အော်ငေါက်ဖူးပါသည်။ အိမ်တွင် အားလပ်ရက်များတွင် ဟစ်ဟော့ပ်တေးသီချင်းများ ဖွင်၍နားထောင်ရာတွင်လည်း အဖေ့ရဲ့လက်ညှိုးသည် Stop ခလုတ်ပေါ် သို့အကြိမ်ကြိမ် ရောက်ခဲ့ဖူးပါသည်။ လူငယ်ဆိုသည်မှာ လွတ်လပ်မှု့ကိုမြတ်နိုးပြီး မြင်မြင်ရာကို စူးစမ်းချ

Consumers' Obsession

. လူတစ်ယောက်ကို အခုအချိန် Super ၀ယ်ခဲ့စမ်းပါဆိုရင်။ ၀ယ်ခဲ့ပါလိမ့်မယ် Super Coffee Mix တစ်ထုပ်ကို။ သူခင်ဗျားကို ဘာမှပြန်မေးမယ်လို့ မထင်ဘူး။ Super Lemon Tea လား၊ Super Coffee & Me လား၊ Super ကွေကာလား တစ်ခုမှပြန်မေးမှာ မဟုတ်တာသေချာပါတယ်။ လေဆာ ၀ယ်ခဲ့ ပါလို့ဆိုရင်လည်း ၀ယ်ခဲ့ပါလိမ့်မယ် သွားတိုက်ဆေးတစ်ဗူး။ ဘာလေဆာလဲလို့ ဘယ်သူကမေးမှာလဲ။ လေဆာဆိုတာသွားတိုက်ဆေးပဲ။ သွားတိုက်ဆေးဆိုတာ လေဆာပဲ။ အခုမှလာပြီး လေဆာပန်းရောင်အိပ်မက်တွေ၊ သစ်ရိုင်းလေပွေတွေ ဘာတွေလာလုပ်လည်း No ပါ။ ဘယ်လောက်ပဲ ဇိမ်ခံပါ ပြောနေလည်း မထူးပြီ။ လေဆာကို စားသုံးသူက သွားတိုက်ဆေး ဟုတံဆိပ်ခတ်နှိပ်လိုက်ကြပြီ။ ထို့အတူ စားသုံးသူဧ။်စိတ်ထဲတွင် မည်သို့မျှ ပြောင်းလဲ၍မရအောင်ဖြစ်ရသည်က ဖူဂျီဆပ်ပြာခရင်မ် ပင်။ ဖူဂျီဆပ်ပြာခရင်မ်သည် စားသုံးသူဧ။်လိုအပ်ချက်ကို အပြည့်အ၀နီးပါး ဖြည့်ဆည်းပေးနိုင်သော ကုန်စည်တစ်ခုပင်။ စားသုံးသူဧ။် ကျေနပ်နှစ်သိမ့်မှု့ကို ကောင်းကောင်းရယူနိုင်ခဲ့သောကြောင့် ဖူဂျီဆိုသည်မှာ အ၀တ်အစားများကို ချေးညှော်များ၊ ဖားဥများအတွက်လွန်စွာအားကိုးရသော Powerful cream ဟုထင်မှတ်စွဲယူခဲ့ကြသည်။ ဖူဂျီကို ကလေးသူငယ်၊ လူကြီးလူငယ်များအားလုံးက သိထားကြသည်မှာ

နေမထွက်ခင်

Image
. အဖေလည်း အတ္တတွေနဲ့လုံးထွေး ကျွန်တော်လည်းအတ္တတွေနဲ့လုံးထွေး ဟော့ဒီ့ ကျွန်တော်တို့ရဲ့အိမ်ကလေး စိတ်ကူးယဉ် အိပ်မက်တွေနဲ့ ဖွေးဖွေးလှုပ်နေခဲ့တယ်။ တစ်ကယ်တမ်းတော့ အဖေ့ရဲ့ဖြူစင်တဲ့အတ္တတွေကိုကြော်လှော်ပြီး ရလာတဲ့အာဟာရတွေနဲ့ ကျွန်တော်တို့ အိပ်မက်တွေဆက်မက်ခွင့် ရခဲ့တယ် မဖြစ်နိုင်တာတွေ မဖြစ်သေးခင်မှာ ဖြစ်ချင်တာတွေ ဖြစ်နိုင်တာတွေ ဆက်တိုက်ပွင့်လန်းလို့ မနက်ငါးနာရီလောက်ဆိုအဖေထွက်သွားခဲ့တယ်။ အဲ့ဒီလိုပါပဲ… တိမ်တိုက်တွေလို ကျွန်တော်တို့ လွင့်နေတဲ့ မျောနေတဲ့ ညတစ်ညဟာ မကျေနပ်တာတွေကိုပဲ ကျေနပ်ပြုံးပြနေရတဲ့ ဇတ်ခုံ ပါပဲအဖေ။ ဗလာရောင်တောက်နေတဲ့ ပုလင်းလွတ်လိုအပိုင်းအခြားမှာ ကျွန်တော်ပွဲဈေးတန်းတွေ မလျှောက်ရဲဘူး စုစည်းထားတဲ့ အိပ်မက်တွေ ကြွေမွသွားမှာ ကျွန်တော်ကြောက်တယ်။

Q

. ကြူကြူမွှေးတဲ့ခွါညိုပါ xxxxx လေယူရာတိမ်းယိမ်းနွဲ့ရှာ( အမည်မသိသီချင်း) ကျူကျူ ပါအောင်ငို (မြန်မာစကားမှ အသုံးအနှုန်းတစ်ခု) ကြူကြူမွှေးတဲ့ခွာညိုပါ။ မြန်မာဘာသာစကားတွင် ကြူ ဆိုသည်မှာ သာယာဖွယ်၊ နှစ်သက်စွဲလမ်းဖွယ် ဟူသော အဓိပ္ပါယ်ကိုယူနိုင်ပါသည်။ ကြူသည် မည်သည့်ခေတ်ကာကစတင်သုံးစွဲသည်ဟူ၍မသိရှိ သော်လည်း။ ကြူဧ။်အဓိပ္ပါယ်မှာထိုအတိုင်းပင်ဖြစ်သည်။ ခွာညိုပန်းဧ။်မွှေးထုံပုံလွန်ကဲပုံကို ကြူကြူဟူ၍သုံးနှုန်းလိုက်ခြင်းပင်။ ငိုသောအခါ အသားကုန်။မျက်ရည်ရွှဲရွှဲ နှာရည်ရွှဲရွှဲ ဖြင့် တစ်အီအီဖြစ်လျှက် အသံထွက်ကာ ရှိုက်ကြီးတစ်ငင်အဆက်မပြတ် ငိုကြွေးသည်ကိုလည်း ကျူကျူပါအောင်ငိုဟု ဆိုလိုက်ခြင်းအားဖြင့် အသည်းအသန်ဖြစ်မှု့ကိုပေါ်လွင်လာစေပါသည်။ ထို့ကြောင့် ကျူသည် မရပ်မနား အသည်းအသန်ဖြစ်မှုကို ဖေါ်ပြခြင်းဖြစ်ပြီး၊ ကြူ ဆိုသည်ကား နှစ်သက်စွဲလမ်းဖွယ် ကိုဖေါ်ပြလိုခြင်းဖြစ်ပါသည်။ ခေတ်ပေါ်မြန်မာစကား တွင် Q ဟုသုံးနှုန်းသည်ကို မကြာခဏတွေ့ မြင် ကြား သိ ရပါသည်။ ထို Q ကို မြန်မာစာလုံးဖြင့် ကျူ(သို့မဟုတ်) ကြူဟုရေးသည်ကို တွေ့ရပါသည်။ အမှန်မှာ ကျူ ဟုပင်ရေးရမည်ဖြစ်ပြီး။ ကြူ ဟုရေးလျှင် နှစ်သက်စွဲလမ်းဖွယ်ကောင်း သည်ဟု ယူဆရမည်ဖြစ်သည်။ အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း က

လန့်နိုးခဲ့သော ၀ိုင်အိပ်မက်

. ချစ်တယ်... ချစ်တယ် လို့ငါမင်းကိုအခါခါ ပြောခဲ့တယ်...မင်းကိုမြတ်နိုးလွန်းလို့ မင်းနဲ့ ပတ်သက်တာတွေ မင်းအကြောင်းတွေကို ငါသိချင်ခဲ့တယ်။ မင်းကို ငါချစ်မိနေပြီလို့ သိလိုက်တဲ့အချိန်မှာ ငါဟာမင်းအတွက်ပဲ ဖြစ်ရမယ့်လို့ ဆုံးဖြတ်ချက်ကိုချပြီးနေခဲ့ပြီ။ မင်းရဲ့ထပ်ခါတစ်လဲလဲ ခါးခါးသီးသီး ငြင်းဆိုမှု့တွေလည်း ငါမှု့ခဲ့ဘူး။ မင်းအတွက်သီချင်း၊ မင်းအတွက် ကဗျာ၊နဲ့ မင်းအတွက်ဆိုတဲ့...ခေါင်းစဉ်အောက်မှာ ငါဟာ အရာရာ မင်းစိတ်နဲ့ ကိုယ့်ကိုယ်ဖြစ်ခဲ့တယ်။။ နွေရာသီရက်တွေထဲမှာ မင်းမျက်နှာလေးဟာ ငါ့အတွက်တော့ ရေတစ်ပေါက်လို့အမောတွေပြေစေတယ်လေ...။ တန်ခူးလရဲ့ နွေပူပူမှာ သင်္ကြန်ပွဲတော်ကြီးက Techno Beats တွေနဲ့ မြူးကြွလို့ လူတွေပျော်နေတဲ့ သင်္ကြန်ဟာ ငါနဲ့ဘာမှမဆိုင်သလိုပါလားကွယ်။ ငါတွေ့ချင်တာ မင်းမျက်နှာ....။ မင်းမျက်နှာကို တွေ့ချင်လွန်းလို့ နေပူကျဲတဲမှာ မင်းနေတဲ့ရပ်ကွက်ကို လာခဲ့တာတွေ ရော မင်းမှတ်မိသေးရဲ့လားကွယ်။ မကြာပါဘူး သင်္ကြန်ပြီးပြီဆိုတာနဲ့ တစ်နိုင်ငံလုံး ဖရိုဖရဲ ဖြစ်သွားစေတဲ့ မုန်တိုင်းက၀င်ရောက်လာတော့တယ်။ အဲ့ဒီ့ညပေါ့... 12 နာရီလောက်မှာကိုယ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလိုက်တာ။ 2နာရီလောက်မှာ လေသံမိုးသံတွေနဲ့ ကိုယ်လန့်အနိုး မုန

အနှစ်နှစ်ဆယ်

. လွန်ခဲ့တဲ့...နှစ်ပေါင်း ၂၀ တုန်းက... ဒီနေ့ဟာ အင်္ဂါနေ့ဖြစ်ခဲ့တယ်... သင်ယုံရဲ့လား.....။ ငိုသံတစ်ခုကြောင့် လူနှစ်ယောက်ပျော်ခဲ့ ငိုသံတစ်ခုကြောင့် လူနှစ်ယောက် ကြည်နူးခဲ့ ငိုသံတစ်ခုကြောင့် လူနှစ်ယောက် တက်ကြွခဲ့ ရင်ခုန်သံအမြန်ဆုံး "ချစ်တယ်" ဆိုတာကြောင့် သူတို့ရဲ့ အလှဆုံးပန်းတစ်ပွင့် ပွင့်ခဲ့တယ်... လွန်ခဲ့သော အနှစ်နှစ်ဆယ်။ ။

TAG-SAY

Image
. ခေါင်ခေါင်က တက်ဂ်မယ်ဆိုတုန်းကသာ တက်ဂ် လို့ပြောလိုက်တာ။ တစ်ခါမှကို အတက်ဂ်မခံဖူးဘူးတော့ တစ်မျိုးပဲဗျ။ တစ်ကယ်တမ်းပြောရရင် ဘယ်ကနေဘယ်လို စရေးရမှန်းကိုမသိဘူး တက်ဂ်အကြောင်းလည်း ဂဃနဏ သိပ်သိတာမဟုတ်။ ဒါပေမယ့်မရေးလို့လည်းမရဘူးဗျ။ ကိုယ့်ဘလော့ဂ်ထဲဝင်ကြည့်တော့ အပေါ်ဆုံးမှာ လာအော်သွားတာက ခပ်တင်းတင်းနဲ့ လန့်တောင်လန့်သွားတယ်။ "တက်ဂ်ထားတယ် ကိုဂစ်တာ ရေးပေးပါ" တဲ့ ။ ခပ်ပြတ်ပြတ်ပဲ။ ကြောက်လိုက်တာဗျာတို့ရယ်။ ဒီရက်ပိုင်းထဲအလုပ်သိပ်ရှုပ်လိုက်တာလည်းမပြောနဲ့တော့။ ပိုက်ဆံရတဲ့အလုပ်တော့မဟုတ်ဘူး။ ယောင် ခြောက်ဆယ်အလုပ်တွေရှုပ်နေတာ…။ ဒါနဲ့ သူတက်ဂ်ထားတာတွေ Print ဆွဲပြီး အိမ်ကျမှသေသေချာချာပြန်ဖတ်ရတယ်။ ခေါင်ခေါင်နဲ့ ခင်တာကတော့ အင်း… သိပ်တော့မကြာသေးဘူးဗျ။ ဒါပေမယ့် ခင်ပါတယ်။ သူနဲ့ကျွန်တော်နဲ့က တစ်ကယ်မောင်နှမတွေလိုပဲ။ သူလည်းကျွန်တော်လိုပဲ ရှိလိမ့်မယ် လို့ထင်တာပဲ။ တစ်ခါတစ်လေ စရင်းနောက်ရင်းနဲ့ သူနဲ့ကျွန်တော် ရန်ဖြစ်ချင်ဖြစ်နေတာ။ အစ်ကိုတစ်ယောက်ကိုရင်းရင်းနှီးနှီးပြောသလို သူစကားပြောတာလေးက ချစ်စရာလေးပါ။ တစ်ခါတစ်လေလည်း ဂျစ်ကန်ကန်နဲ့။ အနီးအနားသာရှိရင်တော့ ပိတ်ထုပစ်မှာပဲ။း) သူနဲ့ပတ်သက်ပြီး အမှတ်တရတစ်ခုရှိတယ်ဗျ။ အဲ့ဒါက သူရေ

နှုတ်ဆက်ခဲ့တယ် (၂)

Image
. ကဗျာလေးဆုံးတော့ ခဏလေး ညီမလေးပြုံးမယ် သုံးတတ်လိုက်တာရယ်လို့ အဆုံးသတ်တော့လည်းကွာ ငါ့ကဗျာ တစ်ပုဒ်လုံး စာအုပ်အဖုံးကြားထဲညှပ် ငါထုတ်သုံးခဲ့ရတဲ့ စကားတွေ အထပ်ထပ်လည်း တအားလေထဲ လွင့်ခဲ့တယ်။ ကြေကွဲခွင့်တွေကျ လိုင်စင်ကရလွန်းတယ် ဆိုင်ချင်လှလည်း ယိုင်အစဉ်ငါ့အချစ်ကို ပိုင်ရှင်မ မလုပ်ချင်တဲ့မင်း အဟုတ်ရင်ထဲ အထုတ်မကျဉ်ပဲချစ် မဆုတ်မနစ် မနှုတ်မထွက် ခက်ပါတယ်။ လုပ်ရက်တယ်ဟာ... အဟုတ်အခက်တွေကြားထဲက ချစ်တောင် အများတကာ တအားမညှာလှောင်ရယ် အနားမှာနေချင်လည်း သွေအစဉ်ပဲ ရှောင်ဖယ်တော့ကွယ်။ ယောင်လည်လည်ငါ့တစ်ယောက်တည်း မြေ့မြေ့ လျှောက်ဆဲပေါ့ ခြောက်သွေ့ဆဲရင်မှာပူ ကြင်နာသူ နှစ်ယောက်တွဲတွေ ကြားထဲ နောက်ဆဲပေါ့ စိတ်အစဉ် ချိုမရွင်ပါ ငိုချင်တာ မင်းမသိပါလား။ အတင်း၊ အရိ နဲ့ မင်းမသိတဲ့ စကားတွေခါးလှတယ် အများကရယ် အပီလေဖေါက်ကာ အရယ်တွေနောက်မှာ လာလာစူး မညှာတာဘူးပြောတဲ့စကားမှာ ငါ...မယားထာရူး သာဖြစ်ခဲ့တယ်။ မသာယာဘူးကွယ် ရှက်ဖွယ်ငါအရူး ကဗျာတွေနူးညံ့တာလည်း ပျောက်ပျက်ကွယ် နှောက်ယှက်တယ်လို့ အချစ်ကိုထင်ရင် ရင်ခွင်လည်းကြေကွဲ နေလည်းမဖြေသာသမို့ သေရွာတို့သွားပြီကွယ်။

ငါ့မှာလေ

တော်ကီကလေးတွေက အတော်မွှတ်လို့ ဂေါ်လီဆော်ကလေးတွေက လွှတ်သေးသကို ဇွတ်ကလေးကို တွတ်တီတာနဲ့ ပလွတ်ရွှတ် အီတာပဲကွယ်။ ဒီကအသည်းရယ် နုတယ်အမှတ် သူ့အရွယ် တတ်သလောက်လေးနဲ့ ဖြတ်လျှောက်ကလေးလည်း ပါသေးတယ်။ ခါသေးတယ် အသာလေးလှုပ် ငါအတွေးထဲ ရှုပ်စေမလားလို့ ကြာကလေးနဲ့ အဟုတ်ထပ်ကာ လုပ်ရပ်က နှာသံလေးဖေါ်လို့ အော်...တို့ကို လာကြံသေးတယ်။ ငါပြန်ပြေးမယ် ကြောက်လို့ ဖောက်ဖို့ မလွယ်တဲ့ သစ္စာနဲ့ ချစ်တာက သူ့တစ်ယောက်တည်း တုမလောက်ပဲကွာ လျှောက်မြဲသာဆက်ကာ လျှောက်မယ် အသက်သာပျောက်မယ် မခြောက်တဲ့ ရင်မှာ အခါခါပေါ် သာနာပျော်အသံလေးတွေနဲ့ အတန်လေးအသားကျပြီမို့ အနားကမခွာချင် ငါသာလျှင် သူ့အတွက် ယခုအသက် ဒီကမ္ဘာမှာ မဖြည်သာမေတ္တာ ကြိုးတွေက ရိုးမြေကျ သစ္စာ။ ကျော်ညိုသွေး

Sex N Love

Image
By Kyaw Nyo Thaway My Own Creation. Using Adobe Photoshop Effects.

နှစ်ပင်လိမ်

. ခရေတွေ... ခြေရင်းကြွေမှ နှင်းဆီတွေဝေ...။ သည်ဖေလေ ခရေကြားမှာ နှင်းဆီဖျား' ဖျား။

ပိုကောင်းတဲ့မနက်ဖြန်

Image
. ပိုကောင်းတဲ့ မနက်ဖြန်ရှိလိမ့်ဦးမယ်လို့ ဘယ်တုန်းကမှ မသိခဲ့ဘူး ထူးခြားစွာ ငါ့အဆွေးတွေ အဝေးကိုဖယ်ထုတ်ခဲ့ပေါ့ တစ်ကယ်အဟုတ်ကို မင်းရောက်လာတော့ကွယ်။ ခုတော့ကွာ ငါ့ကမ္ဘာမှာလှမ်းကြည့်ရင် ၀မ်းနည်းဆွေးမြေ့မှု့အတိတ်နေ့ကလေးတွေဟာေ၀၀ါး သေးမွှား ဝေးသွားခဲ့ ရှာမှလေရှား ငါတွေ့ထားတဲ့ နောက်ဆုံးသော အချစ်စစ်ကြောင့်ပါ။ လှစ်ဟာခဲ့ မေတ္တာနဲ့ဝေးတဲ့နေ့တွေ ဆွေ့ဆွေ့ခုန် ထွက်ပြေး ရက်ကလေးတွေစိုပြေ လိုနေဆဲ အသည်းကွက်လပ်ဖြည့်ဆည်း မေ့ - ကြီးမြတ်တဲ့ မေတ္တာ။ သစ္စာတံခါးတွေ အဖွင့် အချစ်ဟာ ပျားရည်လိုချို မလစ်ပါ ငါ့ခံစားချက်တွေ လင်းစေဖို့ မင်းလေတို့ကိုအလင်းတွေ တို့ပေး တို့အသွေးတွေ ထွန်းလင်းတောက်ပရစ်မယ် ဆက်ကာပေါ့ တစ်ယောက်နှမအချစ်ကို မပစ်ပယ် ချစ်မယ် မပျက်ကာပေါ့ကွယ်။ ကိုဂစ်တာ ကဗျာမူရင်း- A Better Tomorrow I never knew there would be a better tomorrow But you've come into my life and taken away all my sorrow My days of sadness are a thing of the past Because I have found true love at last My days of emptiness are gone for good Because you fill a void in my heart that you should You've opened a window You've shwn me the l