ကြည်နူးရိပ်(၂)


ကြည်နူးရိပ်(၂)


မေ့အချစ်တွေကို မောင်ကလေ လက်လှမ်း
မပျက်ပန်းအကြင်နာတွေ ပိုက်ထွေး
အကြိုက်သွေးတူသမို့ပါလေ
တို့ကမ္ဘာလေ လန်းဆန်း
အနမ်း ပန်းဖြာဝေ။

ပန်းလမ်းခင်းမယ်ကွယ်
အနမ်းပန်းချင်း ဖလှယ်လို့
အလွမ်းတမ်းချင်းပြယ်လျှော့တဲ့ အခါမယ်
ဘာသာငယ် အဆွေးရက်ပြုန်းလို့
အခါခါကွယ် ကလေးမက်မဆုံးနဲ့
သက်ဆုံးတာ အမျှင်တန်းဖို့
ရင်ခွင်လမ်း တန်းပါစေ။

ဖြေမပြေ မေတ္တာ ကြိုးတွေ နှောင်တည်း
ဆောင်မြဲထားသစ္စာတွေ တိုးကာ
အမျိုးသဟာအဆွေတွေကြား
မညှိုးပါငွေတွေပွား
အနေအထား ပြောင်ယောင်
အခြေတအားနောင်ကြီးစေမပေါ့
အကောင်ကြီးစီးပွားတွေဝေဖြိုး
ရွှေမိုးတွေရွာ။

ဝေဖြာပေါ့အပျော်တွေ
နွေမလာတော့ အမော်တွေနဲ့
မေရဲ့အနားမှာ
ခြွေတဲ့စကားဟာ နူးညံ့ခြင်းတွေနဲ့
ဒူးနန့်ရင်း ဖူးသန့်သန့်နှုတ်ခမ်းလွှာကို
အနမ်းကဗျာ အသံမဲ့တေးတွေကြား
ထွေးထားမယ့်အခါ။

ကျော်ညိုသွေး





Comments

Welcome said…
အားကျတော်မူပါ၏ ..

ကဗျာလေး နှစ်၂သက်၂ ဖတ်သွားပါတယ်။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး