မမှု့ဘူးဟေ့


ရေးထားတဲ့ ငါ့ကဗျာတွေ အကုန်ပျောက်လည်း
သွေးမခြားခဲ့ ငါလေကွာ ဘုံမပျောက်ပဲ
အတွေးများနဲ့ ငါလေ အာရုံမနောက်ခဲ့။

ဘာတွေ အစုံနှောက်လည်း
ငါလေ ဖြုံမကြောက်ပဲ
ဟော့ဒီငါ့ရင်ဘတ်ထဲမှာ
ငါရဲ့ကဗျာတွေ အပုံထောက်ဆဲ။

လက်ဖျောက်တီးတာနဲ့ ကာရံတွေထွက်သမို့
တစ်ချက်လောက်ညည်းတာနဲ့ ကဗျာအမှန်တွေဆက်မယ်။
နှလုံးတွေခုန်နေသရွှေ့တော့ ကဗျာ ဥာဏ်တွေ မပျက်ပြယ်
မုန့်လက်ဆောင်းကို ရွှေရင်အေး အသွင်ပြောင်းတဲ့
ကဗျာအလန်တွေအတွက်ပေါ့ ငါကြံနေလျက်ကွယ်။

ကျော်ညိုသွေး


မနေ့တစ်နေ့က Memory Stick ကလေးပျက်သွားတယ်။ အထဲမှာ အီးဘုတ်တွေ ၊ ဆော့ဖ်ဝဲလ်တွေ ၊ ကိုယ့်ဓါတ်ပုံတွေ နဲ့ ကဗျာတွေ နည်းနည်းပါသွားတယ်။ Data Recovery လုပ်လို့လည်း မရဆိုတော့ မစားနိုင်မသောက်နိုင် ရူးသွားတယ်။ အပေါ်ကကဗျာက ဂေါက်သွားလို့ ရေးလိုက်တဲ့ ကဗျာပါ။

Comments

noblemoe said…
လက်ဖျောက်တီးတာနဲ့ ကာရံတွေထွက်သမို့ တစ်ချက်လောက်ညည်းတာနဲ့ ကဗျာအမှန်တွေဆက်မယ်။နှလုံးတွေခုန်နေသရွှေ့တော့ ကဗျာတွေရေးနိုင်အုံးမှာပါ ။
Memory Stick ပျောက်သွားတဲ့စိတ်မကောင်းပါဖူး။
သာယာချမ်းမြေ့ပါစေနော်
မိုး
Anonymous said…
ဟလို ကိုကျော်ညိုသွေး..

ကဗျာ အလန်ကလေးကို

သိပ်မလန်းတဲ့ ဗေဒါမ တယောက်

ဦးနှောက်တွေကို ရိုက်ပုတ်ပြီး

ဒုန်းမစိုင်းပဲ တဖြေးဖြေးခံစားလိုက်တော့

နားလည်လိုက်တာက မနဲပါ့..။

မဗေဒါ
နှမြောစရာကြီးဗျာ .. ကဗျာတွေ ပျောက်သွားတယ်ဆိုလို့လေ ...

ကျွန်တော်ဆီကို လာသွားကတည်းက ပြန်လာချင်ခဲ့တာ ...
ထားသွားတဲ့ လင့်ကမရတော့ ကိုဂစ်တာပဲ သိလိုက်တယ် ..
ခုတော့ ကိုကျော်ညိုထွေးလို့ သိသွားလို့ ခြေရာခံ လိုက်တာတယ်ဗျ...

ကဗျာတွေစုဝေးရာနေရာတိုင်းဟာ ကျွန်တော်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ကမ္ဘာလေးတွေပါပဲ ...

ခင်မင်လေးစားလျက်
ညလင်းအိမ်
ဆော်ရီး ကိုကျော်ညိုသွေးကို ကိုကျော်ညိုထွေးလို့ မှားရေးလိုက်မိတယ် ...း))

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး