ငေးသူ
  ငေးသူ     ညီမလေး ဘာအတွက် ညစ်နေမလဲ  ဒီညထဲ ကောင်းကောင်း အိပ်စက်လေ။  ကိုယ်တစ်ခါမှ မမ်မိုရီစတစ် ၀ယ်မသုံးဖူး   ကိုယ်တစ်ခါမှ ရှုးဖိနပ်မ၀ယ်ဖူး  ကိုယ်တစ်ခါမှလည်း  စတိတ်ရှိုးမကြည့်ဖူး ဘူး ကွယ်။  ညီမဘေး ဘာအတွက် စိတ်ညစ်နေမလဲ။  မင်းဖုန်းထဲက ဆိုရှယ်နက်ဝဒ်မှာ ကိုယ်ရှိတယ်။  မင်းပိုင်တဲ့ ဂျင်းဂျက်ကက်ထဲ..  မင်းမုန့်ဖိုး ရှိသလောက်ထည့်  အိမ်ရှေ့  ထွက် မတ်တပ်ရပ်  သက်ရှုလှည့်။  ဘာအတွက် စိတ်ညစ်နေမလဲ။  ကိုယ်တစ်ခါမှ မြူးဇစ် အယ်လ်ဘမ် မာစတာ မရှိဖူး။  ကိုယ်တစ်ခါမှ အီလက်ထရစ် ဂစ်တာ မစမ်းဖူး။  ကိုယ်တစ်ခါမှ နုတ်စ်တွေ မသင်ဖူး။  မင်း အိုင်ပေါ့ထဲက နေရာတစ်ခုမှာ  ကိုယ့်သီချင်းရှိတယ်။  နံရံဆီ ကြက်ဥတွေ ပစ်ပေါက်လိုက်ပါ  သောက်လက်စ ကော်ဖီတွေ ကင်းဗတ်ပေါ်  ပက် ပစ်လိုက်ပါ။  တည်ငြိမ်တဲ့ မျက်လုံးနဲ့ကြည့်  အဲဒီမှာ စကားလုံးတွေ ရှိတယ်။  အနက်ရောင်ဆံပင် နဲ့  အဖြူရောင်သွား  နို့နှစ်ရောင် အသား နဲ့  လေးထောင့် မျက်နှာထား  ညီမလေး ဘာအတွက်ကြောင့်  အားငယ်နေမလဲ။   ကျော်ညိုသွေး