ဗီလိန်


ဗီလိန်


မင်းလျှောလျှောရှုရှု ဖြစ်နေခဲ့မလား...
အဲဒီ ကျူပင် မြက်ရိုင်းတောကလေး
ငါတိုးခဲ့ဖူးတယ်။

အေးဆေးသာ အိပ်ပါ သူငယ်ချင်း
ငါက လမ်းပေါ်ရောက်နေပြီ။
ငါကတော့ ငှက်ပျောသီး စားချင်လို့
ငှက်ပျောပင် ခုတ်ပစ်ခဲ့တယ်။
မြက်ယားတွေထဲ မင်းလက်ခတ်နဲ့
သီချင်းတွေ လွင်ပါစေ။
စတော်ဘယ်ရီ ခင်းတွေထဲ ဘယ်တော့မှ မတုံးတဲ့
စတော်ဘယ်ရီ သီးတွေ ပေါမှပေါ။
မင်းလည်း စိတ်အလိုမလိုက်ရင်
ပျော်ရမှာ။
မင်းရောက်နေတဲ့ တောအုပ်ကလေးက
ထူးဆန်းတဲ့ မှော်ဝင်ကြိုးတွေနဲ့ ရစ်ပတ်ထားပေါ့။
ငါတောင် လွမ်းမိတာ ပ ။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး