ကမ္ဘာ့ပထမဆုံးဘီယာ ကုမ္ပဏီ


ကမ္ဘာ့ပထမဆုံးဘီယာ ကုမ္ပဏီ



ဘီယာဆိုတာ ယနေ့ခေတ်မှာ  လူကြီး ၊ လူငယ်မရွေး သောက်သုံးနေကြပြီဖြစ်တဲ့ အယ်လ်ကိုဟော အနည်းငယ်ပါဝင်တဲ့ အဖျော်ယမကာအမျိုးအနွယ်ဝင်ပဲဖြစ်ပါတယ်။ ပထမဆုံးဘီယာကို ဘယ်သူတွေစပြီး သောာက်သုံးခဲ့တယ်ဆိုတာကိုတော့ သမိုင်းမှတ်တမ်းတွေရေရေရာရာမရှိခဲ့ပါဘူး။
ဘီယာ ကို အကြမ်းအဖျဉ်းအားဖြင့် နှံစားပင်ဖြစ်တဲ့ ဂျုံ ၊ စပါး စတဲ့ သီးနှံပင်တွေက ရတဲ့ အစေ့အဆံတွေနဲ့ ရေကို အခြေခံပြီး ထုတ်လုပ်ကြတာပဲဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ပေါင်မုန့်ကို  ဂျုံကနေထုတ်လုပ်ဖို့ လူတွေ မစဉ်းစားမိခင်အချိန်ကတည်းက ဂျုံကနေ ဘီယာကို ထုတ်လုပ်လာကြတာပဲဖြစ်ပါတယ်။
ဒါပေမယ့်  ဘီယာကို ချက်လုပ်ရာမှာ အသုံးပြုတဲ့ အခြေခံကုန်ကြမ်းပစ္စည်း ကွဲပြားမှုပေါ်မူတည်ပြီးတော့ ချက်လုပ်တဲ့ နည်းစနစ်တွေလည်း ကွဲပြားကြပါတယ်။ ဘီယာချက်လုပ်ရာမှာ တစ်နေရာနဲ့ တစ်နေရာ အသုံးပြုတဲ့ နည်းစနစ် မတူညီကြသလို၊ အသုံးပြုတဲ့ အခြေခံကုန်ကြမ်းတွေဟာလည်း မတူညီကြပါဘူး။
ဘီယာချက်လုပ်တဲ့ နေရာအလိုက် အသုံးပြုတဲ့ ကုန်ကြမ်းတွေမတူညီတဲ့နေရာမှာ ဘီယာချက်လုပ်ဖို့ အတွက် အာဖရိက လူမျိုးများက လူး၊ ဆပ် ၊ နှံစားပြောင်း ၊ ပီလောပီနံ စတာတွေကို အသုံးပြုကြပြီးတော့ ၊ တရုတ်လူမျိုးများကတော့ ဂံျုကိုအသုံးပြုကြပါတယ်။ ဂျပန်လူမျိုးတွေကတော့ သူတို့ ချက်လုပ်တဲ့ ဘီယာကို ဆန်ကိုအခြေခံပြီးအသုံးပြုကြပါတယ်။ (ဂျပန်လူမျိုးတွေအနေနဲ့ကတော့ ဘီယာသာမကဘဲ အရက်ချက်လုပ်ရာမှာလည်း ဆန်နဲ့ချက်လုပ်တဲ့ အရက်တွေကို ထုတ်လုပ်ကြတာမျိုးရှိပါတယ်။)
ယနေ့ခေတ်မှာဆိုရင် ဘီယာအမျိုးအစားပေါင်းစုံကို ကမ္ဘာပေါ်မှာ တွင်တွင်ကျယ်ကျယ် ထုတ်လုပ်နေတဲ့အခါ တံဆိပ်အမျိုအစားပေါင်းစုံရှိနေကြပြီး အနံ့အရသာ နဲ့ ဘီယာရဲ့ အယ်လ်ကိုဟော ပါဝင်နှုန်း  အမျိုးမျိုးနဲ့ ထုတ်လုပ်ကြပြီး ဘီယာမှာပါဝင်တဲ့ အနည်းဆုံး အယ်လ်ကိုဟောပါဝင်နှုန်းကတော့ ၄  ရာခိုင်နှုန်း ဖြစ်ပြီး အများဆုံးကတော့ ၇ ရာခိုင်နှုန်း အထိပါဝင်ထည့်သွင်းကြပါတယ်။ ဒါပေမယ့်လည်း တချို့သော ဘီယာအပြင်းစားတွေမှာတော့ ဒီထက် အနည်းငယ်ပိုတဲ့ အယ်လ်ကိုဟော ပါဝင်နှုန်းနဲ့လည်း ထုတ်လုပ်ကြတာမျိုးရှိကြပါတယ်။

========================================

ဘီယာကို ပထမဆုံးဘယ်သူက စတင်တွေ့ရှိတယ်ဆိုတာ နဲ့ ဘယ်သူက စပြီးသောက်ခဲ့တယ်ဆိုတာကို မသိကြပေမယ့်လည်း ခန့်မှန်းရတာကတော့ ခရစ်တော်မပေါ်မီ နှစ် ၁၀၀၀ ဝန်းကျင်ကတည်းက စတင်တွေ့ရှိခဲ့ရတယ်လို့ယူဆရပါတယ်။

ကမ္ဘာပေါ်မှာ ဘီယာကို ထုတ်ကုန်တစ်ခုအဖြစ် စတင်ထုတ်လုပ်ရောင်းချခဲ့တာကတော့ Gottfried Kruger Brewing ကုမ္ပဏီက ဖြစ်ပြီးတော့ ထုတ်လုပ်တဲ့ ဘီယာအမှတ်တံဆိပ်ကတော့ Kruger Cream Ale ပဲဖြစ်ပါတယ်။ Gottfried Kruger Brewing ကုမ္ပဏီကို တည်ထောင်တဲ့သူတွေကတော့ Gottfried Kruger နဲ့ အတူ သူ့ရဲ့ ဦးလေးဖြစ်သူ John Laible တို့ဖြစ်ပြီး ကုမ္ပဏီကို ၁၈၅၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ Gottfried Kruger Brewing အနေနဲ့ ဘီယာကို ထုတ်လုပ်တဲ့ နေရာမှာ စည်တွေနဲ့ ထုတ်လုပ်တာကနေ တစ်ဦးချင်းသောက်သုံးဖို့အတွက် Can လို့ခေါ်တဲ့ သတ္တုဘူးတွေနဲ့ ထည့်သွင်းထားတဲ့ ဘီယာဘူးတွေကို ဇန်နဝါရီ ၂၄ ရက်နေ့ ၁၉၃၅ ခုနှစ်မှာ စတင်ဈေးကွက်တင်ခဲ့တယ်။ ဒါကြောင့်လည်း Gottfried Kruger Brewing အနေနဲ့ ပထမဆုံး Canned Beer တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ အပြင် Kruger Cream Ale ဟာလည်း ပထမဆုံး Canned Beer ဖြစ်လာခဲ့တယ်။

၁၈၅၄ ခုနှစ် ၊ Gottfried အနေနဲ့ သူနေထိုင်ရာ US ကနေ ထွက်ခွာလာခဲ့တဲ့ အချိန်ဟာ သူ့အနေနဲ့ သူ့ဦးလေးဖြစ်သူ  ရဲ့ ဘီယာချက်လုပ်ငန်းမှာ ပူးပေါင်းကူညီဆောင်ရွက်ဖို့ ပေါ့။ အဲဒီလိုသူ့ဦးလေးရဲ့ ဘီယာချက်လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ခဲ့တာဟာ ဘယ်သူမှ တွေးမထားလောက်တဲ့ အောင်မြင်မှုတစ်ခုက သူ့ဆီရောက်လာစေတဲ့ အေကြောင်းအရင်းပဲဖြစ်တယ်။ အစီအစဉ်ကောင်းမှု ၊ လိမ္မာပါးနပ်မှု ၊ စိတ်ကူးစိတ်သန်းကောင်းမွန်မှု ၊ ကြံရည်ဖန်ရည်ကောင်းမွန်မှုစတဲ့ အရည်အချင်းတွေနဲ့ အတူ Gottifried ဟာ အဖျော်ယမကာ ထုတ်လုပ်မှုတွေရဲ့ရှေ့ဆောင်လမ်းပြ တစ်ခုအဖြစ် ဖန်တီးမှု ၊ တီထွင်ဆန်းသစ်စွာထိုးဖောက်မှုတွေကို ဆောင်ရွက်နိုင်ခဲ့တယ်။ ၆၆ နှစ်တိုင်အောင်ပဲ Gottfried ရဲ့ လုပ်ငန်းကနေ ထုတ်လုပ်တဲ့ Krueger’s Finest ဆိုတဲ့ နာမည်နဲ့ ဘီယာဟာ လူသိများပြီး အောင်မြင်မှုအလံကို လွှင့်ထူနိုင်ခဲ့တယ်။ အဲဒီလို အောင်မြင်ပြီးတဲ့ နောက်ပိုင်း အမေရိကမှာ  အရက်ချက်လုပ်ခြင်း ၊ အရက်ရောင်းချခြင်း နဲ့ အရက်သောက်ခြင်း စတဲ ပြုမူဆောင်ရွက်မှုတွေကို အစိုးရက ဥပဒေနဲ့ တားမြစ်ထားတဲ့ Prohibition အချိန်ကာလ စတင်ခဲ့တယ်။ Gottfried အနေနဲ့ အဲဒီလို စိတ်ညစ်စရာကောင်းတဲ့ အချိန်ကာရဲ့ အစကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရပေမယ့် အဲဒီအခြေအနေတွေကနေ ကင်းလွတ် အဆုံးသတ်သွားတာကိုတော့ မကြုံတွေ့မခံစားလိုက်ရဘူး။ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ ၁၉၂၆ ခုနှစ်မှာတော့ သူကွယ်လွန်သွားခဲ့တယ်။ သူကွယ်လွန်ချိန်မှာ Gottfried ရဲ့သားတွေအနေနဲ့ သူကွယ်လွန်ပြီးချိန်မှာ သူ့ရဲ့ လုပ်ငန်းကို လွှဲပြောင်းယူခဲ့ပြီး အဲဒီနောက် အချိန်တစ်ခုအတွင်းမှာပဲ အောင်မြင်အောင်ဆက်လက်လုပ်ဆောင်နိုင်ခဲ့တဲ့အပြင် ဘီယာတွေကို Can တွေနဲ့ ထည့်ပြီးရောင်းချတဲ့ ကုမ္ပဏီအနေနဲ့ဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာ Gottfried ရဲ့ ကုမ္ပဏီကနေ ဘီယာအပြင် အခြားအဖျော်ယမကာတွေကိုပါ ထုတ်လုပ်လာခဲ့တယ်။

==============================================================

Timeline Of Gottfried Kruger Brewing
---------------------------------------------------

၁၈၅၈ ခုနှစ် Gottfried Kruger Brewing ကိုစတည်တည်ထောင်တဲ့ အချိန်မှာ တူဝရီး ၂ ယောက်ပေါင်းပြီး စတင်တည်ထောင်ခဲ့ပေမယ့်လည်း ၁၈၇၅ ခုနှစ်မှာတော့ Kruger ရဲ့ ဦးလေး ဖြစ်တဲ့ Laible ကွယ်လွန်ခဲ့တယ်။ အဲဒါနဲ့ Kruger လည်း ဘီယာကုမ္ပဏီကို သူတစ်ဦးတည်းပိုင် အဖြစ်ပြောင်းလဲခဲ့တယ်။ 1900 ပြည့်နှစ်မှာသူ့ရဲ့ ကုမ္ပဏီကနေ  တစ်နှစ်ကို ဘီယာစည်ပေါင်း ၁၈၂၀၀၀ စည် ထုတ်လုပ်လာနိုင်တဲ့ အခြေအနေကို ရောက်ခဲ့တော့တယ်။



 ၁၉၀၈ ခုနှစ်မှာတော့ Gottfried Kruger ဟာ တခြားဘီယာချက်စက်ရုံတွေဖြစ်တဲ့ Anton Hupfel နဲ့ Peter Hauck တို့နဲ့ လုပ်ငန်းချင်းပူးပေါင်းခဲ့တယ်။ အကြောင်းကတော့ အသစ်ဖွဲ့စည်းမယ့် ဘီယာကုမ္ပဏီဖြစ်တဲ့ United States Brewing Company ဖြစ်လာဖို့ အတွက်ပေါ့။

ဒUnited States Brewing ကုမ္ပဏီဟာ ဖွဲ့စည်းပြီး လုပ်ငန်းတွေပူးပေါင်းမှုတွေ ဖြစ်ပေါ်နေရာကနေ အကြောင်းကြောင်းကြောင့် ပြိုကွဲမှုဖြစ်ပေါ်ခဲ့တယ်။ ဒါပေမယ့် အဲဒီအခြေအနေဖြစ်သွားတဲ့အခါမှာတော့ မူလစတင်ဖွဲ့စည်းရာ Gottfried Krueger ကုမ္ပဏီဟာ နယူးဝါ့မှာရှိတဲ့ အရက်ချက်စက်ရုံတွေဖြစ်တဲ့ Trefz Brewers, The Home Brewing Co., Union Brewing Co., and Lyons & Sons Brewery တို့ရဲ့ စက်ပစ္စည်းကိရိယာတွေကို ပိုင်ဆိုင်သွားတဲ့ အခြေအနေကို ရောက်ခဲ့တော့တယ်။ ၁၉၂၀ ခုနှစ်၊ အရက်ချက်လုပ်ရောင်းချ သောက်သုံးခြင်း ဥပဒေကြောင့် Brewing လုပ်ငန်းတွေ ကျဆုံးပျောက်ကွယ်သွားပေမယ့်လည်း Gottfried Kreuer ကတော့ ရပ်တည်မြဲကျန်နေခဲ့တယ်။ 
၁၉၂၆ ခုနှစ် မှာ Gottfried Kruger ကွယ်လွန်ပြီးတဲ့အခါ မှာ တော့ အရက်ချက်လုပ်ရောင်းချသောက်သုံးမှု တားမြစ်တဲ့ ဥပဒေလည်း ရပ်တန့်ပြီးဆုံးသွားခဲ့တယ်။ Kruger’s Beer တွေဟာ ၁၉၃၅ နှစ်ကိုရောက်တဲ့အခါ တစ်နှစ်ကို စည်ပေါင်း တစ်သန်းအထိအောင်ကို ထုတ်လုပ်လာနိုင်ခဲ့တော့တယ်။

Gottfried Kruger ကုမ္ပဏီအနေနဲ့ Can ဘူးတွေကို စတင်ဈေးကွက်ထွင်ရောင်းချခဲ့တဲ့ ဘီယာကုမ္ပဏီအဖြစ် နှစ်တရာတိုင်တိုင် ရပ်တည်နိုင်ခဲ့တဲ့ အပြင် တခြားအဖျော်ယမကာ တွေကိုလည်းထုတ်လုပ်ရောင်းချပြီး ဈေးကွက်ကိုတင်သွင်းခဲ့တယ်။ 1958 ခုနှစ်မှာတော့ Gottfried Kruger ရဲ့ တည်ထောင်ခြင်း နှစ်တစ်ရာပြည့် အထိမ်းအမှတ်ပြုလုပ်ကျင်းပခဲ့တယ်။
Gottfried Kruger ဘီယာကုမ္ပဏီအနေနဲ့ နှစ်ပေါင်းတစ်ရာတိုင်တိုင် အောင်မြင်မှုရခဲ့ပြီးတဲ့နောက်မှာတော့ အလှည့်အပြောင်းတစ်ခုဟာ အသင့်စောင့်ကြိုနေခဲ့တယ်။ အဲဒါကတော့ Falstaff Brewing ဆိုတဲ့ ကုမ္ပဏီဟာ Gottfried Kruger ကို  ဝယ်ယူသွားခဲ့ခြင်းကနေ Gottfried Kruger ရဲ့ အခန်းကဏ္ဍဟာ အဆုံးသတ်သွားတော့တယ်။

ကမ္ဘာ့ပထမဆုံး ဘီယာဗူးများ
-------------------------------
ကမ္ဘာ့ပထမဆုံး  ဘီယာမဟုတ်ပေမယ့် ဈေးကွက်ကို Can နဲ့ ထုပ်ပိုးပြီး ရောင်းချတဲ့ ဘီယာကတော့ Krueger ဘီယာတွေဖြစ်ပြီး အခုခေတ်မြင်တွေ့နေရတဲ့ ဘီယာဘူးခွံတွေလို မဟုတ်ဘဲ အဲဒီအချိန်က ဘီယာဘူးခွံတွေဟာ အခုခေတ်မှာ လူတိုင်းနီးပါးသိတဲ့ ငါးသေတ္တာဘူးခွံလို ရှည်ရှည်မျောမျော စလင်ဒါပုံစံဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဘီယာဘူးခွံတစ်ခုရဲ့ပုံစံကို အပြင်က ဒီဇိုင်းသွင်ပြင်တွေ မပါဘဲနဲ့ ဆိုရင် အခုခေတ်မှာ ငါးသေတ္တာ(သို့) အသားဘူးလို့တောင်ထင်ရမှာပဲဖြစ်ပါတယ်။



ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး